3rd OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်သို့ အကြမ်းဖက်စစ်အုပ်စုမှ ပါဝင်တက်ရောက်မည့်အပေါ်  နိုင်ငံခြားရေးရာ ဝန်ကြီးဌာနမှ သဘောထားထုတ်ပြန်

📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၃။ NUGတရားရေးဝန်ကြီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေး

📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် KNU ဥက္ကဋ္ဌဟောင်း ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံမှု မဟာမိတ်အင်အားစုများကြား နာလည်မှုလွဲမှားစေရန်လုပ်ဆောင်မှုသာဖြစ်တယ်လို့ KNU ဗဟိုဌာနချုပ် ကြေညာ

📌 ၅။ မင်းတပ် CDF ကို နိုင်ငံတကာရောက် အလှူရှင်တွေက AK 47 သေနက် အလက် ၄ဝ နဲ့ ကျည် တသောင်း၂ထောင်ထောက်ပံ့

📌 ၆။ စစ်ကောင်စီလက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာနသို့ အတားအဆီးမရှိ ဝင်ထွက်ခွင့် ရနေသော လက်နက်ပွဲစား ဉာဏ်လွင်အောင် ကို ပစ်ခတ်ရှင်းလင်းခံရ

📌 ၇။ မြန်မာလူဦးရေ သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင် နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်သို့ အကြမ်းဖက်စစ်အုပ်စုမှ ပါဝင်တက်ရောက်မည့်အပေါ်  နိုင်ငံခြားရေးရာ ဝန်ကြီးဌာနမှ သဘောထားထုတ်ပြန်


အောက်တိုဘာ ၃။


၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်သို့ အကြမ်းဖက် စစ်အုပ်စုမှ ပါဝင်တက်ရောက်မည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနမှ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို အောက်တိုဘာလ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။


ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့မှ စတင်၍ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့် ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်သို့ တရားမဝင် အကြမ်းဖက်စစ်အုပ်စုမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထားသည့်အတွက် မိမိတို့ အနေဖြင့် အလွန်ပင်စိုးရိမ်ပူပန်မိပါကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။


မြန်မာပြည်သူလူထုအပေါ် လူမဆန်သည့် ကြမ်းတမ်းရက်စက်မှုများ ကျူးလွန်လျက်ရှိပြီး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသားအရွယ် ကလေးသူငယ်များပါမကျန် သတ်ဖြတ်လျက်ရှိကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် တရားမဝင် အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်များ တက်ရောက်ခွင့်ရရှိနေခြင်းကို ထောက်ပြထာပြီး အလွန်ပင် အံ့ဩတုန်လှုပ်ရပါသည် ဟုလည်း ဆိုထားပါတယ်။


ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ အနေဖြင့် စစ်မှန်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ရာတွင် မြန်မာပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်များဖြင့်သာ ကျင်းပပြုလုပ်ပါရန် ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


အောက်တိုဘာလ ၃။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၉/၂၀၂၃) ကို အောက်တိုဘာလ နေ့လယ် နာရီ အချိန်တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်း‌ဖေ () နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်း‌ဖေ () နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ နာရီ ၄၅ မိနစ် အချိန်တွင်‌ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ NUGတရားရေးဝန်ကြီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေး


အောက်တိုဘာလ ၃။


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် ဥပဒေတာဝန်ခံများ တွေ့ဆုံ ဆွေးနွေးခြင်း အစည်းအဝေး အမှတ်စဥ် (၁၃/၂၀၂၃) စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီတွင် ကျင်းပခဲ့ပါတယ်။


၎င်းအစည်းအဝေးကို တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဥပဒေ တာဝန်ခံများ တက်ရောက်ခဲ့ကြပြီး တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြောကြားကာ အစည်းအဝေး စတင်ခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူ နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်တို့မှ တရားရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာကိစ္စများ၊ ဘဏ္ဍာငွေသုံးစွဲပုံ အဆင့်ဆင့်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ဥပဒေတာဝန်ခံများ သိရှိနားလည်စေရန်အတွက် ရှင်းလင်းဆွေးနွေး ခဲ့ကြပါတယ်။


တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်းမှ လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေတာဝန်ခံများ၏ ကြိုတင်မေးမြန်းချက်များ အပေါ် သက်ဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည် ဖြေကြားခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါတယ်။


ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် နာရီ ၁၅ မိနစ် အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ် လို့ သိရပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် KNU ဥက္ကဋ္ဌဟောင်း ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံမှု မဟာမိတ်အင်အားစုများကြား နာလည်မှုလွဲမှားစေရန်လုပ်ဆောင်မှုသာဖြစ်တယ်လို့ KNU ဗဟိုဌာနချုပ် ကြေညာ


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌဟောင်း ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံမှုသည် ကရင်အမျိုးသားအစည်းအရုံးအတွင်း ရှုပ်ထွေးမှုဖြစ်စေရန်နဲ့ မဟာမိတ်အင်အားစုများကြား နာလည်မှုလွဲမှားစေရန် လုပ်ဆောင်မှုသာဖြစ်တယ်လို့ KNU ဗဟိုဌာနချုပ်က ကြေညာလိုက်ပါတယ်။

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖော၊ KNU CEC ဟောင်း ပဒိုစောရောဂျာခင်နဲ့ ဒူးပလာခရိုင်ဥက္ကဋ္ဌ တာဝန်ကနေ ပဒိုစောရွှေမောင်တို့ စက်တင်ဘာလ ၃ဝ ရက်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သတ်ပြီး အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။  

ဒီတွေ့ဆုံမှုဟာ ကရင်အမျိုးသားအစည်းအရုံးအတွင်း ရှုပ်ထွေးမှုဖြစ်စေဖို့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မဟာမိတ်အင်အားစုများကြား နားလည်မှုလွဲမှားစေ လုပ်ဆောင်တဲ့ စစ်တပ်ရဲ့ အစီအစဉ်သာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ တရားဝင်စစ်တပ်မဟုတ်တဲ့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ ဒီနှစ် ဩဂုတ်လ ၁ဝ ရက်နေ့ကပဲ အတိအလင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် KNU အနေနဲ့ နိုင်ငံရေးရည်မှန်းချက်အောင်မြင်ရေးအတွက် ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ မားမားမတ်မတ်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း KNU ဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ မင်းတပ် CDF ကို နိုင်ငံတကာရောက် အလှူရှင်တွေက AK 47 သေနက် အလက် ၄ဝ နဲ့ ကျည် တသောင်း၂ထောင်ထောက်ပံ့


ချင်းကားကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ မင်းတပ် CDF ကို နိုင်ငံတကာရောက် ချင်းတိုင်းရင်းသားအဖွဲ့တွေနဲ့ အလှူရှင်တွေက AK 47 သေနက် အလက် ၄ဝ၊ ကျည်အတောင့် တသောင်း၂ထောင်နဲ့ စစ်သုံးပစ္စည်းတွေ ထောက်ပံ့ခဲ့ပါတယ်။

International Mindat K’Cho Organization (IMCO) Heal the World CEA (Norway) ဆိုတဲ့အဖွဲ့ ဖွဲ့ ပူးပေါင်းဝယ်ယူထားတဲ့ AK 47 သေနက် အလက် ၄ဝ၊ ကျည်အတောင့် တသောင်း၂ထောင်နဲ့ ကျည်အိမ် ၁၂ဝ ခု ထောက်ပံ့ခဲ့တာပါ။

အဲဒီထောက်ပံ့မှုကို စက်တင်ဘာလ ၂၈ ရက်နေ့က ထောက်ပံ့ခဲ့တာဖြစ်ပေမယ့် ဒီနေ့မနက်အစောပိုင်းမှာမှ International Mindat K’Cho Organization (IMCO) က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

International Mindat K’Cho Organization (IMCO) အနေနဲ့ ချင်းကားကွယ်ရေးတပ်ဖွဲ့ မင်းတပ်အတွက် AK 47 သေနက် အလက် ၅ဝ ဝယ်ယူတပ်ဆင်ပေးဖို့ ပရောဂျက်တခုကို ၂ဝ၂၂ ခုနှစ် ဇွန်လကတည်းက စတင်ခဲ့ တာပါ။

ဒီပရေးဂျက်ကရတဲ့ငွေတွေအပါအဝင် Heal the World နဲ့ CEA (Norway) အဖွဲ့တို့ ပူးပေါင်းအားဖြည့်ခဲ့တာ IMCO အဖွဲ့ဝင်တွေဆီကရတဲ့ လစဉ်အလှူငွေတွေနဲ့ ဝယ်ယူခဲ့တာလို့လည်း သိရပါတယ်။ 

CDF မင်းတပ်အတွက် AK 47 သေနက် အလက် ၅ဝ၊ ကျည် တသောင်းခွဲ ကျည်အိမ်အခု ၁၅ဝ ဝယ်ယူနိုင်ဖို့ စီစဉ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအရေးပေါ်လိုအပ်နေတဲ့ စာနပ်ရိက္ခာအတွက် ဖြည့်ဆည်းပေးခဲ့ရ တာကြောင့် သေနတ် ၁ဝ လက်နဲ့ ကျည်အထောင် ၃ထောင်နဲ့ ကျည်အိမ် ၃ဝ ခု ဆက်လက်ထောက်ပံ့ဖို့ ကျန် နေသေးတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်ဒေသတဝိုက်ဟာ စစ်ရေးတင်းမာနေတဲ့ဒေသတခုဖြစ်တာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီလက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာနသို့ အတားအဆီးမရှိ ဝင်ထွက်ခွင့် ရနေသော လက်နက်ပွဲစား ဉာဏ်လွင်အောင် ကို ပစ်ခတ်ရှင်းလင်းခံရ


စစ်ကောင်စီလက်အောက်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို အတားအဆီးမရှိ ဝင်ထွက် ခွင့်ရနေတဲ့ ခရိုနီလက်သစ် လက်နက်ပွဲစား ဉာဏ်လွင်အောင်နဲ့ ၎င်း၏ကိုယ်ရံတော်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Urban Owls မြို့ပြ ပြောက်ကျားအဖွဲ့က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

မနေ့ အောက်တိုဘာလ ရက် ၁ဝ နာရီခန့်အချိန်က ရန်ကုန်တိုင်း လသာမြို့နယ် အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ် မှာ ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

စစ်တပ်အသိုင်းအဝိုင်းမှာ ကိုဉာဏ် လို့ လူသိများတဲ့ ခရိုနီလက်သစ် ဉာဏ်လွင်အောင်ဟာ ကာကွယ်ရေးဝန်ကြီးဌာန အတွက် နာမည်ခံကာ ပစ္စည်းများဝယ်ယူပေးခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပေါင်းကာ ပြည်သူများအပေါ် ဖိနှိပ်ရန် ရည်ရွယ်ဆောင်ရွက်နေတဲ့ Fical Recognition ပါ CCTV များကို တင်သွင်း တပ်ဆင်ပေးနေသူဖြစ်တယ်လို့ Urban Owls မြို့ပြ ပြောက်ကျားအဖွဲ့က အသိပေးထားပါတယ်။ 

ဉာဏ်လွင်အောင်ဟာ မိမိကိုယ်ကိုယ် တပ်မတော်မိသားစုလုပ်ငန်းရှင်ဟု ခံယူထားပြီး စစ်တပ်ကအာဏာသိမ်းခြင်းကို အပြည့်အဝထောက်ခံယုံသာမက ၎င်းပိုင်ကုမ္မဏီက ဝန်ထမ်းတွေကိုလည်း မနက်တိုင်း စစ်ကောင်စီ၏ သစ္စာအဓိဌာန် ချက်ကို ရွတ်ဆိုခိုင်းသူဖြစ်တယ်လို့လည်း သိရပါတယ်။

 ၎င်းဟာ စစ်တပ်ကိုယ်တွေနဲ့အတူ ရုရှားနိုင်ငံကို ခရီးသွားလေ့ရှိပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့ လည်း ရင်းနှီးသူဖြစ်တယ်လို့ ထပ်သိရပါတယ်။


========================


📌📌 ၇။ မြန်မာလူဦးရေ သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင် နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA ထုတ်ပြန်


အောက်တိုဘာ ၃။


မြန်မာလူဦးရေ သန်းနီးပါးဟာ ဖြစ်ပွားဆဲပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင် နေကြရပြီး လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မှ အောက်တိုဘာလ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။


အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ ပြီးတော့ မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးရွား စေတယ်လို့လည်း ဆိုထားပါတယ်။


ထို့အပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းတွေရဲ့ အရပ်သားတွေအပေါ်ခြိမ်းခြောက်မှုက ပျံ့နှံ့လာနေပြီး အချက်အလက်တွေအရ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နေပြည်တော်ကလွဲပြီး ပြည်နယ်နဲ့တိုင်း အားလုံးမှာ ဖြစ်ပေါ်နေတယ်လို့ UNOCHA က ဆိုပါတယ်။


နိုင်ငံတကာနဲ့ ပြည်တွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း များပြားလာတဲ့ အကူအညီ လိုအပ်ချက်တွေကို ကူညီနိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်နေကြပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း လူဦးရေ ဒသမ သန်းကျော်ကို အကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 


ဒါပေမဲ့ ဝင်ရောက်ကူညီခွင့်ဆိုင်ရာနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အကန့်အသတ်တွေကြောင့် ကယ်ဆယ်ရေးအကူအညီ ပေးဖို့အတွက် စီစဉ်ကြိုးစားထားတာတွေကို ကြာမြင့်စွာနှောင့်နှေးစေတာ၊ ဒါမှမဟုတ် ရွှေ့ဆိုင်းရတာတွေ ဖြစ်ပေါ်စေပြီး ဘေးဒဏ်ခံရသူတွေနဲ့ နေရပ်စွန့်ခွာရသူတွေကို ပိုမိုထိခိုက် ခံစားရစေတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ 


စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားခဲ့တဲ့ နှစ်ခွဲ ကာလ အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။


အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်စီးတာ နဲ့ အရပ်သား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သားပြည်သူ သန်းနဲ့ချီ ရှိနေတာလည်း ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment