9th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေး အင်အားစုတွေအကြား သဘောတူညီထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူတွေဟာ စာရွက်ပေါ်မှာတင် ရပ်တန့်မနေဘဲ လက်တွေ့ အသက်ဝင်အောင် အစွမ်းကုန် ကြိုးစားကြရမယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုး၊ အမြစ်ဖြတ်ချေမှုန်းရာမှာအပေါ်ယံအဆောက်အအုံသာမက အခြေခံအဆောက်အအုံတွေကိုပါ တူးထုတ်ဖြိုလှဲပစ်မှသာဖြစ်မယ်လို့  စီမံ၊ဘဏ္ဍာ ဝန်ကြီးဝန်ကြီးပြောကြား

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သယံဇာတ စီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များတွေ့ဆုံ

📌 ၄။ The Way ရုပ်ရှင် မဲလ်ဘုန်းမြို့တွင်ပြသ၊ လူ့အခွင့်အရေး ဒုတိယဝန်ကြီး တက်ရောက် အမှာစကားပြောကြား

📌 ၅။ ဖက်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်း ပထမနေ့တွင်ပင် ကန်ဒေါ်လာ ၂ဒသမ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့

📌 ၆။ ဆန်ဖရန်ဘေးဧရိယာ နွေဦးလဘက်ရည်ဝိုင်းမိသားစုမှ နွေဦးတော်လှန်ရေးရန်ပုံငွေဒေါ်လာ (15,000)ကျော် လက်ခံရရှိ 



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေး အင်အားစုတွေအကြား သဘောတူညီထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူတွေဟာ စာရွက်ပေါ်မှာတင် ရပ်တန့်မနေဘဲ လက်တွေ့ အသက်ဝင်အောင် အစွမ်းကုန် ကြိုးစားကြရမယ်လို့ ယာယီသမ္မတပြောကြား


အောက်တိုဘာ ၉။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ အောက်တိုဘာ () ရက် 

နေ့တွင် လူမှုကွန်ယက် စာမျက်နှာမှတဆင့် ပြည်သူများထံသို့ သတင်းစကားပါးဆိုရာမှာ အောက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအကြား သဘောတူညီထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူတွေဟာ စာရွက်ပေါ်မှာတင် ရပ်တန့်မနေဘဲ လက်တွေ့ အသက်ဝင်အောင် အစွမ်းကုန် ကြိုးစားကြရမယ်လို့ ယာယီသမ္မတကြီက ဆိုထားပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှမ်းလျက်ရှိပြီး စစ်ရေး၊ နိူင်ငံရေးများကို တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။


========================


📌📌 ၂။ အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုး၊ အမြစ်ဖြတ်ချေမှုန်းရာမှာအပေါ်ယံအဆောက်အအုံသာမက အခြေခံအဆောက်အအုံတွေကိုပါ တူးထုတ်ဖြိုလှဲပစ်မှသာဖြစ်မယ်လို့  စီမံ၊ဘဏ္ဍာ ဝန်ကြီးဝန်ကြီးပြောကြား


အောက်တိုဘာ၈ရက်


အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုး၊ အမြစ်ဖြတ်ချေမှုန်းရာမှာ အပေါ်ယံ အဆောက်အအုံသာမက အခြေခံ အဆောက်အအုံတွေကိုပါ တူးထုတ်ဖြိုလှဲပစ်မှသာ ဖြစ်မယ်လို့  စီမံ၊ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိူင်က ပြောဆိုလိုက်ပါတယ်။


အောက်တိုဘာ ရက်နေ့က "စစ်အာဏာရှင်စနစ်ဟာ ဒီတိုင်းပြည်ရဲ့ နာတာရှည်ရောဂါဆိုရင် အဲဒီရောဂါရဲ့ အဓိကဇစ်မြစ်အနေနဲ့ စစ်အာဏာရှင်အီလစ်တွေ မွေးဖွားထုတ်လုပ်ပေးနေတဲ့ အခြေခံအဆောက်အအုံတွေကိုလည်း မေ့ထားလို့ မရပါဘူး..လို့ လူမှုကွန်ယက် စာမျက်နှာမှာ ဝန်ကြီးက ပြောဆိုထားတာပါ။ 


၁၉၈၈ အတွေ့အကြုံအရ အရပ်သား အင်ဂျင်နီယာတွေ၊ အရပ်သား ဆရာဝန်တွေဟာ အရေးအကြောင်းဆို သူတို့အလိုကျ စိတ်ကြိုက်ထိန်းချုပ် စေခိုင်းလို့မရဘူးဆိုတာ ကောင်းကောင်း သဘောပေါက်သွားတဲ့ စစ်အာဏာရှင်တွေဟာ ကိုယ်ပိုင် စစ်အင်ဂျင်နီယာ တက္ကသိုလ်၊ စစ်ဆေး တက္ကသိုလ်တွေကို ရည်မှန်းချက်ရှိရှိ ဖွင့်လှစ်တည်ထောင်ခဲ့ကြတာဖြစ်ပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရာမှာသူတို့ရဲ့ အပေါ်ယံအဆောက်အအုံသာမက အခြေခံအဆောက်အအုံတွေကိုပါ တူးထုတ်ဖြိုလှဲပစ်မှသာ သူတို့နောက်တကြိမ်ခေါင်းမထောင်နိုင်မှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။


အဆိုပါ မဟာဗျူဟာစဉ်းစားချက်အရ Spring PyinOoLwin စီမံကိန်းရဲ့ ပထမခြေလှမ်းအဖြစ် စစ်အင်ဂျင်နီယာတက္ကသိုလ် (DSTA) မြေနေရာကို တော်လှန်ရေးအောင်စိတ်နဲ့ ရောင်းချဖို့ ရွေးချယ်ဆုံးဖြတ် ဆောင်ရွက်ခဲ့တာလို့ ဝန်ကြီးက ဆိုပါတယ်။


နွေဦးပြင်ဦးလွင် (Spring PyinOoLwin) စီမံကိန်းဟာ အောက်တိုဘာလ ၇ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး စီမံကိန်းစတင်တဲ့ ပထမနေ့မှာပဲ အမေရိကန်ဒေါ်လာ . သန်းဖိုး ရောင်းချခဲ့ရ တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သယံဇာတ စီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သယံဇာတ စီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံတဲ့အစည်းအဝေးကို အောက်တိုဘာလ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ဒုဝန်ကြီး ခွန်းစောဖူးတို့က အဖွင့်နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင် ၁ဝ ခုမှာ ရှိတဲ့ မြို့နယ် ၂၆ မြို့နယ်က ခရိုင်သယံဇာတတာဝန်ခံတွေနဲ့ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တွေက တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

တက်ရောက်လာတဲ့ ခရိုင်သယံဇာတတာဝန်ခံတွေနဲ့ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တွေက သိရှိလိုတာ တွေ မေးမြန်းခဲ့ပြီး မြေပြင်လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကိုလည်း ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးခဲ့ကို ပြည်ထောင်စုဝန်ကြီးနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူတွေ က ဖြေကြားပေးခဲ့တဲ့အပြင် စုပေါင်းဆွေးနွေး အဖြေရှာခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ The Way ရုပ်ရှင် မဲလ်ဘုန်းမြို့တွင်ပြသ၊ လူ့အခွင့်အရေး ဒုတိယဝန်ကြီး တက်ရောက် အမှာစကားပြောကြား


အောက်တိုဘာ ၈။


သြစတျေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ဒါရိုက်တာ၊ အဆိုတော် လင်းလင်းရိုက်ကူးထားသည့် The Way ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့တယ်လို့ သိရပါတယ်။ 


၎င်းရုပ်ရှင်ကို အောက်တိုဘာ () ရက် နေ့က ပြသခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။


တော်လှန်ရေးမှာ အခုလို အနုပညာရှင်တွေ ပါဝင်ပြီး ပြည်သူနဲ့ တစ်သားတည်းရပ်တည်ကာ တတ်နိုင်တဲ့ အနုပညာနဲ့ ပါဝင်ပံ့ပိုးပြီး တော်လှန်ရေးမှာ ပါဝင်ပေးနေကြတာကို အရမ်းကို လေးစားပါတယ်။ အများကြီးလည်း အားအင်ဖြစ်ရပါတယ်။ ဒီအနုပညာရှင်တွေက ပြည်သူတွေ အားပေးရတဲ့ အနုပညာရှင်ဖြစ်ရုံမက ပြည်သူတွေ လေးစားချစ်ခင်ရတဲ့ သူတွေဖြစ်ပါတယ်။လို့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဆိုပါတယ်။


ပြည်တွင်းပြည်ပက ပြည်သူလူထုရဲ့ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်မှုကြောင့်  တော်လှန်ရေး နှစ်တာ ကာလမှာ  ခံစစ်အနေနဲ့ ရှိနေရာမှ ထိုးစစ်အသွင်အဖြစ် တဆင့်ပြီးတဆင့် တိုးတက်လုပ်ဆောင် နိုင်ခဲ့တယ်လို့ ဒုဝန်ကြီးက ဆက်ပြောပါတယ်။

ဆက်လက်ပြီး ဒီတော်လှန်ရေးမှာ စစ်အာဏာရှင် ပြုတ်ကျပြီး တော်လှန်ရေးအောင်သည်အထိ ပြည်တွင်းပြည်ပမှ မိဘပြည်သူတွေက ဆက်လက်ဝန်းရံ အားပေးထောက်ပံ့ပေးကြပါ လို့လည်း တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ ဖက်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်း ပထမနေ့တွင်ပင် ကန်ဒေါ်လာ ၂ဒသမ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့


နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်မှုရစေရေးအတွက်ဖော်ဆောင်နေသော ဖက်ဒရယ်စမ်းရေ အိမ်ရာ စီမံကိန်း ပထမနေ့တွင်ပင် အမေရိကန်ဒေါ်လာ ၂ဒသမ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။

ဒီအိမ်ရာစီမံကိန်းရှိအိမ်ရာတွေကို အောက်တိုဘာလ ရက်နေ့မှာ စတင်ရောင်းချခဲ့တာမှာ စတင်ကြော်ငြာ ချိန်မှာပဲ ကြိုတင်စာရင်းပေးသွင်းမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ဒသမ သန်းကျော်ဖိုးရှိခဲ့တယ်လို့ ဆိုပါတယ်။

စီမံကိန်းစတဲ့ ပထမနေ့မှာပဲ အမေရိကန်ဒေါ်လာ ၂ဒသမ သန်းဖိုး ဝယ်ယူအားဖြည့်လိုက်ပါခဲ့တာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အားလုံး ပန်းတိုင်ရောက်တဲ့အထိ မဆုတ်မနစ်၊ ဇွဲနဘဲသန်စွာနဲ့ ချီတက် နေတယ်ဆိုတာ အကောင်းဆုံးသက်သေပါလို့ စီမံကိန်းတာဝန်ရှိသူက ဆိုပါတယ်။ 

တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ရှေ့တန်းကနေမပါဝင်နိုင်ပေမယ့် တော်လှန်ရေးလုပ်ငန်းအတွက် အရေးပါ တဲ့ ဘဏ္ဍာငွေရှာဖွေရေးပိုင်းမှာ ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံသားတဦးထမ်းဆောင်ရမယ့်တာဝန်ကို ထမ်းဆောင်ပြီးသားဖြစ်မှာပါလို့လည်း NUG က အသိပေးပါတယ်။

ဖက်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်းကရတဲ့ငွေတွေကို တော်လှန်ရေးလိုအပ်ချက်ကို လွှမ်းခြုံမျှဝေ အားဖြည့် သုံးစွဲသွားမှာမို့ စွမ်းအားရှိသူတွေ ဝယ်ယူထောက်ပို့ကြဖို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းထားပါတယ်။

ပြင်ဦးလွင်မြို့ရဲ့ မူလသဘာဝတန်ဖိုးတွေကိုဖော်ဆောင်ရင်း ပြည်သူလည်းအကျိုးရှိ၊ တော်လှန်ရေးအတွက် လည်းထောက်ပို့နိုင်မယ့် ဖက်ဒရယ်စမ်းရေစီမံကိန်းဟာ အရှိန်အဟုန်နဲ့ချီတက်နေတာလဲဖြစ်ပါတယ်။


========================


📌📌 ၆။ ဆန်ဖရန်ဘေးဧရိယာ နွေဦးလဘက်ရည်ဝိုင်းမိသားစုမှ နွေဦးတော်လှန်ရေးရန်ပုံငွေဒေါ်လာ (15,000)ကျော် လက်ခံရရှိ 


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများက လစဉ် ဟင်းချက်ပြုတ်ရောင်းချပြီး နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေအလှု ရှာဖွေကြရာမှာ ဒီလမှာလဲ  (15,405)ဒေါ်လာ ရှာဖွေနိုင်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။


မြန်မာစား‌သောက်ဖွယ် ဟင်းလျာမျိုးစုံကို ချက်ပြုတ်လှူဒါန်းသူများ၊ ငွေသားသက်သက် လာရောက်လှူဒါန်းသူများ၊ နေအိမ်ခြံဝင်းအလှဆင်ဖို့ စားပင်စိုက်ပင်များ ပျိုးထောင် ရောင်းချ လှူဒါန်းပေးသူများ၊ ခြံထွက်အသီးအနှံများ လှူဒါန်းပေးသူများနဲ့ အားပေးကူညီကြသော စားသုံးသူအလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း နွေဦးလဘက်ရည်ဝိုင်းမိသားစုက ရေးသားထားပါတယ်။


နွေဦးလဘက်ရည်ဝိုင်းမိသားစုက ၎င်းတို့ဟင်းလျာ စားဖွယ်များကို လစဉ်ပထမပတ်၏ တနင်္ဂနွေနေ့မှာ ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားများ စုဝေးနေထိုင်ရာ မြို့နယ် မြို့မှာ စုရပ် ဆုံရပ်ထားပြီး ရန်ပုံငွေ ရှာဖွေကြတာ ဖြစ်ပါတယ်။ လစဉ်အလှူငွေများအားလုံးကို မြန်မာအညာဒေသ နဲ့ တိုင်းရင်းသားဒေသများက လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းများထံ တိုက်ရိုက်ပေးပို့ လှူဒါန်းကြတာ ဖြစ်ပါတယ်။ အဲသည်အဖွဲ့အစည်းများက လက်ခံရရှိကြောင်း မှတ်တမ်းများအပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလက်မှတ်များကို အလှုရှင်များကို အသိပေးထုတ်ပြန်ပေးတယ်လို့ သိရပါတယ်။ လစဉ်အဖွဲ့ ၂၀ ကျော် ၃၀ ကို မျှဝေထောက်ပို့မှု ပြုလုပ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment