13th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက ဟိန္ဒူဘာသာဝင်များထံ သဝဏ်လွှာပေးပို့

📌 ၂။ ကရင်နီတိုက်ပွဲတွင်ပျက်ကျခဲ့သော စစ်တပ်တိုက်လေယာဉ် တွေ့ရှိဟု NUG ထုတ်ပြန်

📌 ၃။ ကရင်နီနယ်ရှိ စစ်ကောင်စီ၏ နန်းစံခမ်းစခန်းကို တော်လှန်ရေးအဖွဲ့ သိမ်းပိုက်ရရှိ

📌 ၄။ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စစ်ဘေးရှောင်စခန်းတွေကို သွာရောက် ထောက်ပံ့

📌 ၅။ ကွမ်လုံမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု MNDAA က ရုပ်သံနှင့်တကွ အသိပေး 

📌 ၆။ သီပေါမြို့နယ် ဘော်ကြိုအနီးရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားဟု TNLA ထုတ်ပြန်

📌 ၇။ ဗန်မောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော PDF များနှင့်စစ်ကောင်စီတပ်တို့ ဖြစ်ခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်မှ အရာရှိအပါအဝင် ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

📌 ၈။ သပိတ်ကျင်းမြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက ဟိန္ဒူဘာသာဝင်များထံ သဝဏ်လွှာပေးပို့


နိုဝင်ဘာလ ၁၂ရက်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှာကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဒိဝါလီ (ဒီပါဝလီ) နေ့အခမ်းအနားများသို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုး NUG က သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 

ဟိန္ဒူဘာသာဝင်များထူးမြတ်သော ဒီပါဝလီနေ့ထူးနေ့မြတ်ဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားများ အတူတကွတည်ရှိပြီး ရှင်သန်နေထိုင်ခြင်းကို ထင်ရှားပြသနေသည့် အမှတ်လက္ခဏာဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယခုအချိန်သည် အာဏာသိမ်းစစ်အုပ်စုကြောင့် မြန်မာနိုင်ငံသူ မြန်မာနိုငံငံသားအပေါင်း လုံခြုံငြိမ်းချမ်းမှု ပျောက်ဆုံးကင်းမဲ့ခဲ့ရကာ မျိုးစုံသော အဆိုးအညံ့များဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲစွာဖြင့် ညှိုးငယ်စွာ နေထိုင်ကြရသည့် ကာလဖြစ်ကာ မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်မျှော်လင့်ချက်အိပ်မက်များ မှေးမှိန် ပျောက်ကွယ်ခဲ့ရသည်ဟုလည်းပါဝင်သည်။ 

ဒီပါဝလီနေ့မှစတင်ကာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးလက်လွှတ်ဆုံးရှုံးခဲ့ရသော လုံခြုံငြိမ်းချမ်းမှုများနှင့် အနာဂတ်အတွက် ကောင်းမြတ်သည့်မျှော်လင့်ချက်များ ပြန်လည်ရှင်သန်နိုးထနိုင်ပါစေကြောင်းနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တော်လှန်တိုက်ပွဲဆင်နွှဲနေသော တိုင်းရင်းသားပြည်သူတရပ်လုံး အောင်မြင်မှုများရရှိပါစေကြောင်းဟူ၍ NUG သဝဏ်လွှာတွင် ပါရှိသည်။    

နိုဝင်ဘာလ ၁၂ ရက်နေ့သည် အမှောင်ထုအပေါ် အလင်း၊ အဓမ္မအပေါ် ဓမ္မ၊ အတ္တအပေါ် အသိဉာဏ် ပညာ၊ အဆိုးအပေါ် အကောင်းက အနိုင်ရခြင်းအား ကိုယ်စားပြုသော ဟိန္ဒူဘာသာ၀င်များ၏ အထွဋ် အမြတ်ထားရာ ဆီမီးထွန်းပွဲ‌တော် ဒီပါ၀လီနေ့မြတ်ဖြစ်သည်ဟု ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့က အသိပေးထားသည်။

ဖြစ်တည်မှုခပ်သိမ်း၌ ဓမ္မသာတည်၍ အခက်အခဲဆုံး အမှောင်မိုက်ဆုံးအချိန်ကာလတွင်ပင် ဘုရားမြတ်တို့၏ ဘုန်းတော်အရောင်အဝါကြောင့် အလင်းကိုတွေ့၍ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အကောင်းဆုံးဖြတ်ကျော်နိုင်ပါစေဟုလည်း ယင်းအဖွဲ့က ဆုမွန်ကောင်းများပေးပို့ထားသည်။ 


ဒီပါ၀လီသည် အမှန်တွင် ရက်တိတိကျင်းပရသော ပွဲတော်ဖြစ်သော်လည်း ယခုနှစ်တွင် သိထိထပ်၍ ရက်ပိုကာ နို၀င်ဘာလ ၁၀ ရက်မှ နို၀င်ဘာလ ၁၅ ရက်နေ့အထိ ကျရောက်မှာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ကရင်နီတိုက်ပွဲတွင်ပျက်ကျခဲ့သော စစ်တပ်တိုက်လေယာဉ် တွေ့ရှိဟု NUG ထုတ်ပြန်


နိုဝင်ဘာလ ၁၂ ရက်။

ကရင်နီတပ်ပေါင်းစုမှ ပစ်ခတ်ခဲ့သောကြောင့် ပျက်ကျသွားခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ် အပျက်အစီးတွေ ရှာတွေ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။ 

သံတောင်ကြီးမြို့နယ် ကမာဒီပိုလီနှင့်မရောပိုလီရွာကြား တောင်ယာတဲအနီးမှာ စစ်ကောင်စီ တိုက်လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိတာဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားတာပါ။


နိုဝင်ဘာ ၁၁ရက်က ပြုလုပ်ခဲ့တဲ့ ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် တိုက်လေယာဉ်တစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုက အသိပေးထားတာရှိပါတယ်။


တိုက်လေယာဉ်ပစ်ခတ်ခံရမှု ဖြစ်စဉ်တွင်လေယာဉ်မှူး ၂ဦး လေထီးနဲ့ ထွက်ပြေးသွားတာကြောင့် အဲဒီလေယာဉ်မှူး ဦးကို တော်လှန်ရေးတပ်များကသာမက စစ်ကောင်စီဘက်ကပါ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ 

လေထီးနဲ့ထွက်‌ပြေးသွားတဲ့ စစ်ကောင်စီလေသူရဲ ဦးအနက် လေယာဉ်မှူးတဦးကို ဖမ်းဆီးရမိထားတယ်လို့ TNLA ဘက်က ထုတ်ပြန်ထားတာရှိပေမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ နာရီအထိတော့ အတည်မပြုနိုင်သေးပါဘူး။


========================


📌📌 ၃။ ကရင်နီနယ်ရှိ စစ်ကောင်စီ၏ နန်းစံခမ်းစခန်းကို တော်လှန်ရေးအဖွဲ့ သိမ်းပိုက်ရရှိ


နိုဝင်ဘာလ ၁၂ ရက်။

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နန်းစံခမ်းတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

ဒီမောဆိုမြို့နယ် နန်းစံခမ်းစခန်းသိမ်းပိုက်စဉ် ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက်ရရှိသောလက်နက်များနှင့် စစ်သုံ့ပန်းများဆိုပြီး ထုတ်ပြန်ခဲ့တာပါ။

ကရင်နီပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) ကိုစတင်ခဲ့တာမှာ စစ်ဆင်ရေး စတင်တဲ့ ပထမနေ့မှာပဲ ဒီးမော့ဆို၊ မိုးဗြဲနဲ့လွိုင်ကော်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်များ ကာလကြာမြင့်စွာ အထိုင်ချ တပ်စွဲထားသော စစ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ 

၁၁.၁၁ စစ်ဆင်ရေးမှာ KA KNDF KNPLF DMO- Local PDF မြို့ပြပျောက်ကြားတပ်တို့နှင့်အတူ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုက်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆိုနဲ့ရှမ်းတောင် PDF တပ်ရင်းများ ပူးပေါင်းဆင်နွှဲနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အသိပေးထားပါတယ်။


========================


📌📌 ၄။ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စစ်ဘေးရှောင်စခန်းတွေကို သွာရောက် ထောက်ပံ့


နိုဝင်ဘာလ ၁၂ ရက်။

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေမှာဖွင့်ထားတဲ့ စစ်ဘေးရှောင် စခန်းကို သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ 


နိုဝင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး စစ်ဘေးရှောင်တွေကိုထောက်ပံ့ပေးခဲ့တာလို့ စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့်လူမှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ မွန်းလွဲပိုင်းမှာလည်း ကျေးရွာချင်းဆက်လမ်းပိုင်းတွေပြုပြင်ပြီးစီးမှု အခြေအနေတွေကိုလည်း ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။


အလားတူ ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ် လူသားစာနာတာဝန်ခံနဲ့မြို့နယ်ဆက်သွယ်ရေးတာဝန်ခံတို့ကလည်း ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်တွေက စစ်ဘေးရှောင်များကို ထားရှိတဲ့ စခန်းတွေကိုသွားရောက်ပြီး အခြေခံစားသောက်ကုန်တွေထောက်ပံ့ပေးခဲ့ပြီး နှစ်သိမ့် အားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။


ဒါ့အပြင် တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်ရင်းသေဆုံးခဲ့ရတဲ့အမျိုးသမီးရဲ့မိသားစုကိုလည်း မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့က ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ကွမ်လုံမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု MNDAA က ရုပ်သံနှင့်တကွ အသိပေး 


နိုဝင်ဘာလ ၁၂ ရက်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကွမ်လုံမြို့ကို အပြီးအပိုင်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ရုပ်သံနှင့်တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။  

ရှမ်းမြောက်ဒေသက ကွမ်လုံမြို့ကို ပြီးခဲ့သောရက်ပိုင်းက သိမ်းပိုက်ထားနိုင်ခြင်းဖြစ်ပေမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှသာ အပြီးအပိုင်သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

 နိုဝင်ဘာလ ၁ဝ ရက်နေ့က ကွမ်လုံမှာကျန်နေတဲ့ ဗျူဟာကုန်းနဲ့လက်နက်ကြီးကုန်းကို MNDAA က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ကွမ်လုံမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ပြောထားတဲ့ ရုပ်သံမှတ်တမ်းမှာ MNDAA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ စစ်ကောင်စီဌာနချုပ်နေရာကို ဝင်ရောက်ခဲ့မှု၊ အဲဒီနေရာက တင့်ကား ၂စီး၊ စစ်ကားများနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့မှု ကွမ်လုံရဲစခန်းကို သိမ်းပိုက်နိုင်မှု၊ မြို့ပေါ်ထိန်းချုပ်ထားနိုင်မှုအပါအဝင် အခြားနေရာက သိမ်းယူနိုင်ခဲ့တဲ့ တင်ကားတစီးတို့ကို ဖော်ပြထားတာတွေ့ရပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို ရှင်းထုတ်လိုက်ပြီဖြစ်တယ်လို့ MNDAA ဘက်က အသိပေးထားပါတယ်။ 

ကိုးကန့်တပ်အပါအဝင် ညီနောင်မဟာမိတ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေဆီကနေ သံချပ်ကာ ကား ၁၁ စီးအထိ သိမ်းပိုက်ရရှိထားနိုင်ခဲ့ပြီဖြစ်တယ်လို့ ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

MNDAA နဲ့ မဟာမိတ်တပ်တွေဟာ ၁ဝ၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ခန်း ၁၇ဝ ကျော်နဲ့ လေယာဉ်ပစ်လက်နက်ကြီးတွေ၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ အခြားလက်နက်ကြီးတွေအပါအဝင် စက်သေနက်တွေနဲ့ ခဲယမ်းများစွာ သိမ်းပိုက်ထားပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ မဟာမိတ်တပ်ဖွဲ့များနှင့်ပူးတွဲပြီး ကိုးကန့် မုံးကိုး မူပန်(သိန္နီ)စသည့်နေရာရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော် မုံးကိုး နှင့် ကွမ်လုံစသည့် မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ - သမိုင်းဝင်အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီဖြစ်တယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညမှာ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ သီပေါမြို့နယ် ဘော်ကြိုအနီးရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားဟု TNLA ထုတ်ပြန်


နိုဝင်ဘာလ ၁၂ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဘောကြိုအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကျင်တီတံတားတပ်စခန်းကို နိုဝင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်လိုက်ပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု စတဲ့အခြေအနေတွေကိုတော့ ဖော်ပြထားတာမရှိသေးပါဘူး။ 

လက်ရှိမှာ ကျောက်မဲနဲ့သီပေါမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး TNLA က ကျင်တီတံတားတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် တံတားပျက်စီးသွားတာကြောင့် သီပေါ-ကျောက်မဲလမ်း ဘော်ကြိုသကြားစက်အနီးက စတင်ကာ လမ်းပိတ်ထားတယ်လို့ သိရပါတယ်။ 

တအာင်းတပ်မတော် TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအချိန်အထိ ၁၇ ရက်အတွင်း စစ်ကောင်စီ တပ်စခန်း ၃၃ ခုထက်မနည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

စစ်ရေးအရ ရှုံးနိမ့်မှုများနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆုံးရှုံးသွားတဲ့ မြို့နဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လုပ်ဆောင်လာတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ဖြစ်တဲ့ MNDAA TNLA နဲ့ AA တို့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ဗန်မောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော PDF များနှင့်စစ်ကောင်စီတပ်တို့ ဖြစ်ခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်မှ အရာရှိအပါအဝင် ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


နိုဝင်ဘာလ ၁၂ ရက်။

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်မောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေး PDF များနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၂ပွင့်ဗိုလ်အပါအဝင် ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF စစ်ရုံးချုပ်က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

အမှတ် စစ်ဒေသဖြစ်တဲ့ ဗန်မောက်မြို့နယ် မြစ်သေးချင်းရွာတောင်ဘက်နဲ့ ဆင်ကန်ရွာအနောက်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကသာခရိုင် အမှတ် တပ်ရင်းကရဲဘော်တွေ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်မှာ အင်အား ၅ဝ ခန့်ရှိတဲ့ စစ်ကောင်စီရဲ့ တပ်မ ၇၇ လက်အောက်ခံ ခမရ- က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၄ဝ မှာဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ကသာခရိုင် အမှတ် တပ်ရင်းနဲ့ ဗန်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ က စစ်ကူပေးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ပွင့်ဗိုလ်တဦး၊ တပ်ကြပ်တဦးနဲ့တပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိသွားတယ်လို့ PDF စစ်ရုံးချုပ်က အသိပေးထားပါတယ်။

ဒါ့အပြင်အကြမ်ဖက်စစ်ကောင်စီတပ်ထံကနေ MA-1 တလက်၊ MA-2 တလက် MA-4 ၂လက်၊MA-5 ၂လက်၊  5 ပွိုင့် 56 ကျည် ၆၂၆ တောင့်၊ ငါးကျဉ်းမြီးကျည် ၁ဝတောင့်၊ မမ ကျည် ၁၂ တောင့်၊ ၄၀ မမ ကျည် ၁၈ လုံး၊ MA ကျည်ဘောက် ၂၀ ခု၊ MA 2 ကျည်ဘောက်တခု၊ စကားပြောစက် ၆လုံး၊ ကျည်ကာ ၃ခု၊ ခါးပတ် ၅ခု၊ ဘေးလွယ်အိတ် ခု၊ နာရီ လုံး၊ လက်ကိုင်ဖုန်း ၂လုံး၊ အထိုင်ဖုန်းတလုံး၊ ကီးပက်ဖုန်းတလုံး၊ ပါဝါဘန့်တလုံး၊ ရေဘူးတဘူး၊ စစ်ဦးထုတ်တလုံး၊ ကတ်သီးတခု သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။


========================


📌📌 ၈။ သပိတ်ကျင်းမြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


နိုဝင်ဘာလ ၁၂ ရက်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားတဲ့ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာမှာ စစ်သား ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ TBK တောဆင်ရိုင်းအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။ 

နိုဝင်ဘာလ ရက်နေ့မနက် နာရီအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အခိုင်အမာ အထိုင်တပ်စွဲထားတဲ့ သပိတ်ကျင်း မြို့နယ် ဇရပ်ကွင်းကျေးရွာ ထွေအုပ်ရုံးကို အနီးကပ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဇရပ်ကွင်းကျေးရွာ ထွေအုပ်ရုံးအနီး မီတာ ၃ဝ အကွာကနေ ဒရုန်းတွေနဲ့ ဗုံးသီး လုံးချတိုက်ခိုက်နေချိန်မှာမြေပြင်အဖွဲ့တွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တပြိုင်နက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ရုံးထဲအထိဝင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တိုက်ပွဲအချိန် မလုံလောက်တာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်သား ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရသွားတဲ့အပြင် စစ်ကောင်စီရဲ့ ကား၂စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့၊ ဗိုလ်ကင်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်(ပကဖ) တောဆင်ရိုင်းတပ်ဖွဲ့နှင့် Northern Tiger Group (NTG) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment