2nd NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ လွန်စွာ အင်အားချိနဲ့နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ ကနေဒါ ဆီးနိတ်အမတ်များနဲ့ NUGကိုယ်စားလှယ်များ ဆီးနိတ်လွှတ်တော်မှာ တွေ့ဆုံခဲ့

📌 ၃။ ပြည်သူ့တော်လှန်ရေးအာင်ပွဲအတွက် ဆက်လက်ပြီး အားထည့်ပါဝင်ပေးကြဖို့ ပညာရေးဒုဝန်ကြီးပြော

📌 ၄။ ကနေဒါအစိုးရက NUG အစိုးရရဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်မှုတွေကို အားရကျေနပ်ရှိပြီး လူသားချင်းစာနာမှုအကူအညီနဲ့တရားမျှတဖေါ်ဆောင်ရေးကိစ္စတွေမှာကူညီပေးမယ်လို့ဆို

📌 ၅။ ဂျိန်းဖောလန်းတပ်မတော်၏ အထူးတပ်ရင်း ၁၀၈ နှင့် ကိုးကန့် MNDAA တို့ ဘန်ဆိုင်းတွင် မြန်မာစစ်တပ်စခန်းအား သိမ်းပိုက်ခဲ့

📌 ၆။ တရုတ်နိုင်ငံနယ်စပ် ခြံစည်းရိုးနားသို့ အလံကိုင်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်များကို အမြန်ဆုံးပြန်လည်ထွက်ခွာပေးရန် တရုတ်အာဏာပိုင်များက မောင်းထုတ်တဲ့ ရုပ်သံထွက်ပေါ်လာ

📌 ၇။ အကြမ်းဖက်စစ်တပ်ရဲ့စခန်းတွေဟာ ပိတ်ဆို့ခံထားရပြီးတော့ ခဲယမ်းရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရပြီလို့ ကာကွယ်ရေးဒုအတွင်းဝန်ဆို

📌 ၈။ ပြည်သူပိုင်လှေများကို သိမ်းယူခဲ့သော အကြမ်းဖက်စစ်အုပ်စုကို စီးနင်းတိုက်ခိုက်ခဲ့ပြီး လှေများကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံပေးခဲ့ဟု ဓနု PDF ထုတ်ပြန်

📌 ၉။ စစ်တပ်အထိုင်ချရာ မြောင်ရဲစခန်းနှင့်ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

📌 ၁၀။ စစ်တပ်အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော  မြန်မာနိုင်ငံရှိသတင်းမီဒီယာသမားများအား ပြန်လွှတ်ပေးရန်  ယူ‌ကေအစိုးရက တောင်းဆိုလိုက်

📌 ၁၁။ အောင်လံလွှင့်ချီ နွေဦးထီအပတ်စဉ် (၂၄) တွင် ကျပ် ၁၀၀ သိန်းဆုနှင့် ဆုမဲအများစုကို CDM ဝန်ထမ်းများ ကံထူးရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ လွန်စွာ အင်အားချိနဲ့နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


နိုဝင်ဘာလ () ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (၁၂) ကြိမ်မြောက် ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက -

"ယခုလက်တလော ရှမ်းမြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ Operation 1027 အခြေအနေများနှင့် တကွ တော်လှန်ရေးတလျောက် ဖြစ်ပေါ်ပြောင်းလဲမှုများကို ခြုံငုံကြည့်မယ်ဆိုပါက မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ လွန်စွာ အင်အားချိနဲ့နေတာကို အားလုံးလည်းနားလည်လက်ခံပြီးဖြစ်မယ်ထင်ပါတယ်။ကျွန်တော်တို့ တော်လှန်ရေးစတင်ကတည်းကပြိုင်တူတွန်းရင် ရွေ့နိုင်သည်လို့ ပြည်သူတွေ ကြွေးကြော်ပြောဆိုခဲ့ကြတဲ့အတိုင်း တော်လှန်ရေးအင်အားစုများအားလုံး တပြိုင်တည်း၊ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်မှုဟာ အခုချိန်မှာ အရေးကြီးဆုံးဖြစ်ပါတယ်" လို့ ဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဟာ အောက်တိုဘာ (၂၇) ရက်နေ့တွင် “Operation 1027”ကို စတင်ပြီး စကစတပ်စခန်းများကို သိမ်းပိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ () ရက်နေ့အထိ ညီနောင်မဟာမိတ်() ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ () ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်း (၈၇) ခုကျော်အား အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကနေဒါ ဆီးနိတ်အမတ်များနဲ့ NUGကိုယ်စားလှယ်များ ဆီးနိတ်လွှတ်တော်မှာ တွေ့ဆုံခဲ့


ကနေဒါ ဆီးနိတ်အမတ်တွေဖြစ်တဲ့ Senator Marilou McPhedran Senator Kim Pate တို့နဲ့ NUGကိုယ်စားလှယ်များဆီးနိတ်လွှတ်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း နိုဝင်ဘာ () ရက်နေ့မှာ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ပြန်လိုက်ပါတယ်။

"ကနေဒါ ဆီးနိတ်အမတ်တွေဖြစ်တဲ့ Senator Marilou McPhedran Senator Kim Pate တို့နဲ့ ဆီးနိတ်လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။အမျိုးသမီးအရေးလုပ်ဆောင်နေတဲ့ ဆီးနိတ်အမတ်များဖြစ်တဲ့အတွက် စစ်အုပ်စုရဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအခြေအနေတွေကို အဓိက တင်ပြခဲ့ပါတယ်။  ဂျင်ဒါ လို့ပြောရင် ကျားမသီးသန့်သက်သက်ဘဲ မမြင်တဲ့သူတွေဖြစ်လို့ ပိုမိုကျယ်ပြန့်တဲ့ ဂျင်ဒါအရေးတွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ NUGလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ ပြည်သူ့တော်လှန်ရေးအာင်ပွဲအတွက် ဆက်လက်ပြီး အားထည့်ပါဝင်ပေးကြဖို့ ပညာရေးဒုဝန်ကြီးပြော


နိုဝင်ဘာလ () ရက်နေ့မှာ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်က ပြည်သူ့တော်လှန်ရေးအာင်ပွဲအတွက် ဆက်လက်ပြီး အားထည့်ပါဝင်ပေးကြဖို့ ဆိုရှယ်မီဒီယာကတစ်ဆင့် ပြောကြားလိုက်ပါတယ်။

"အောင်ပွဲခံတာလည်း ခံပါ။ ပွဲက အခုမှ အစပဲရှိသေးတယ်ဆိုတာလည်း သတိရပါ။ တလှိုင်းပြီးတလှိုင်းထပ်လာဖို့၊ ထပ်ပြင်ဆင်ထားဖို့၊ အခက်အခဲတွေကိုတည်ငြိမ်စွာရင်ဆိုင်နိုင်ဖို့ စိတ်ခွန်အားတွေပြင်ဆင်ထားပါ။ တော်လှန်ရေးဆိုတာ ခရီးကြမ်းဖြစ်တယ်ဆိုတာကို မမေ့စေချင်ပါ။ ပြည်သူ့တော်လှန်ရေးအာင်ပွဲအတွက် ဆက်လက်ပြီး အားထည့်ပါဝင်ပေးကြပါ။ ပြည်သူများအထိအခိုက်နည်းစေရေး၊ ခက်ခဲကာလမှာ အရေးပေါ်ကျန်းမာရေးနဲ့ လူသားစာနာအထောက်အပံ့ရရှိနိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါ။ အချင်းချင်းကူညီရိုင်းပင်းကြရင်း ခက်ခဲသောကာလကို အတူ ကျော်လွှားရမှာပါ။ အားလုံးဝိုင်းတွန်းရင် မြန်မြန်ရွေ့မှာပါ။ အောင်ပွဲက ငါတို့ လက်တကမ်းမှာ" လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA က စတင်၍ စကစတပ်နဲ့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ၁၀၂၇ စစ်ဆင်ရေးကို စတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။


========================


📌📌 ၄။ ကနေဒါအစိုးရက NUG အစိုးရရဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်မှုတွေကို အားရကျေနပ်ရှိပြီး လူသားချင်းစာနာမှုအကူအညီနဲ့တရားမျှတဖေါ်ဆောင်ရေးကိစ္စတွေမှာကူညီပေးမယ်လို့ဆို


နိုဝင်ဘာ () ရက်နေ့က ကနေဒါခရီးစဥ်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ NUG လူ့အခွင့်ရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက Radio NUG ကို အခုလို ဖြေကြားပါတယ်။

"ကနေဒါအစိုးရက NUG ရဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်မှုအားရကျေနပ်ရှိပါတယ်။ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကူညီပေးမယ်လို့ပြောတယ်။လူသားချင်းစာနာမှုအကူအညီ၊တရားမျှတဖေါ်ဆောင်ရေးကိစ္စတွေမှာကူညီပေးဖို့ဆွေးနွေးခဲ့ကြတယ်" လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည်  Parliamentarian Friends of Democratic Burma အဖွဲ့၏ လွှတ်တော်အမတ်များအပါအဝင် မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားနေသော ကနေဒါလွှတ်တော်အမတ်များနှင့် အောက်တိုဘာ ၂၅ ရက်နေ့က ပါလီမန်အဆောက်အအုံတွင် တွေ့ဆုံခဲ့ပါတယ်။

အောက်တိုဘာလ (၂၇) ရက်နေ့တွင် ကနေဒါ နိုင်ငံခြားရေးဌာနမှ Assistant Deputy Minister (Indo Pacific) Mr. Weldon Epp အပါအဝင် အဆင့်မြင့်အရာရှိကြီးများနှင့်  Global Affairs Canada, Robertson Room တွင် လည်းကောင်း၊ အဲ့ဒီနောက် ကနေဒါ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. David Morrison နှင့်လည်းကောင်း အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

"ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့နဲ့အတူ ကနေဒါ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. David Morrison နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ ကနေဒါနိုင်ငံအစိုးရရဲ့မြန်မာနိုင်ငံမှာ တရားမျှတမှုဖော်ဆော်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်မှုအပေါ်  မြန်မာပြည်သူများ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး စစ်အာဏာရှင်စစ်ဆန့်ကျင်ရေးနှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ဆထက်ထမ်းပိုး ကူညီလုပ်ဆောင်ပေးဖို့အတွက် ပန်ကြားခဲ့ပါတယ်"လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း တွေ့ဆုံမှုကို အသိပေးဆိုထားပါသေးတယ်။


========================


📌📌 ၅။ ဂျိန်းဖောလန်းတပ်မတော်၏ အထူးတပ်ရင်း ၁၀၈ နှင့် ကိုးကန့် MNDAA တို့ ဘန်ဆိုင်းတွင် မြန်မာစစ်တပ်စခန်းအား သိမ်းပိုက်ခဲ့


ဂျိန်းဖောလန်း တပ်မတော်၏ အထူးတပ်ရင်း ၁၀၈ နှင့် ကိုးကန့် MNDAA တို့သည် မြန်မာစစ်တပ်စခန်းအား သိမ်းပိုက်ခဲ့ကြောင်း နိုဝင်ဘာလ () ရက်နေ့မှာ Kachin National Organization က အတည်ပြုဖော်ပြပါတယ်။

"ဂျိန်းဖောလန်း တပ်မတော်၏ အထူးတပ်ရင်း ၁၀၈ နှင့် ကိုးကန့် MNDAA တို့သည် ရှမ်းပြည်မြောက်ပိုင်း ကချင်နယ် ( Kachin Sub-State) ဘန်ဆိုင်းတွင် မြန်မာစစ်တပ်စခန်းအား သိမ်းပိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

နိုဝင်ဘာလ () ရက်နေ့မှာ 108 အထူးတပ်ရင်းသည် တောတွင်းပြောက်ကျားတွင် ၎င်းတို့၏ ဒေသန္တရ အသိပညာနှင့် ကျွမ်းကျင်မှုဖြင့် အောင်ပွဲရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၆။ တရုတ်နိုင်ငံနယ်စပ် ခြံစည်းရိုးနားသို့ အလံကိုင်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်များကို အမြန်ဆုံးပြန်လည်ထွက်ခွာပေးရန် တရုတ်အာဏာပိုင်များက မောင်းထုတ်တဲ့ ရုပ်သံထွက်ပေါ်လာ


တရုတ်နိုင်ငံနယ်စပ် ခြံစည်းရိုးနားသို့ စစ်ကောင်စီတပ်များ အလံကိုင်ထွက်ပြေးလာ၍ အမြန်ဆုံးပြန်လည်ထွက်ခွာပေးရန် တရုတ်အာဏာပိုင်များက မောင်းထုတ်တဲ့ရုပ်သံကို နိုဝင်ဘာလ () ရက်နေ့မှာ ဝန်ကြီးဒေါက်တာတူးခေါင်က အသိပေးတင်ပြလိုက်ပါတယ်။

"ပြေးစရာမြေမရှိရင် အလင်းဝင်တာ ကောင်းဆုံးပါ" လို့ ဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဟာ အောက်တိုဘာလ (၂၇) ရက်နေ့တွင် “Operation 1027” ကို စတင်ပြီး စကစတပ်စခန်းများကို သိမ်းပိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ () ရက်နေ့အထိ ညီနောင်မဟာမိတ်() ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ () ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တပ်စခန်း (၈၇) ခုကျော်အား အပြီးသတ်သိမ်းပိုက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။


========================


📌📌 ၇။ အကြမ်းဖက်စစ်တပ်ရဲ့စခန်းတွေဟာ ပိတ်ဆို့ခံထားရပြီးတော့ ခဲယမ်းရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရပြီလို့ ကာကွယ်ရေးဒုအတွင်းဝန်ဆို


နိုဝင်ဘာလ () ရက်နေ့က ပြည်သူလူထုထံသို့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ တင်ပြရာမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက အကြမ်းဖက်စစ်တပ်ရဲ့စခန်းတွေဟာ ပိတ်ဆို့ခံထားရပြီးတော့ ခဲယမ်းရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရပြီလို့ အသိပေးပြောကြားလိုက်ပါတယ်။

"ကွက်ပြည့်နင်း ကွပ်စိတ်ခင်း မဟာဗျူဟာအရ တစ်နိုင်ငံလုံးအနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်အင်အားစုတွေက စစ်ဘောင်ချဲ့ပြီးတော့ တိုက်ကွက်ဖော်နေတဲ့အတွက်ကြောင့် အကြမ်းဖက်စစ်တပ်ရဲ့စခန်းတွေဟာ ပိတ်ဆို့ခံထားရပြီးတော့ ခဲယမ်းရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံတွေ့လာရပါတယ်" လို့ ဆိုပါတယ်။

လတ်တလောမှာ စကစတပ်ဖွဲ့တွေဟာ ထောက်ပို့လမ်းကြောင်းဖြတ်တောက်မှုကို ခံထားရတာကြောင့် အခက်အခဲအကြီးအကျယ် တွေ့နေတယ်လို့လည်း သိရပါတယ်။


========================


📌📌 ၈။ ပြည်သူပိုင်လှေများကို သိမ်းယူခဲ့သော အကြမ်းဖက်စစ်အုပ်စုကို စီးနင်းတိုက်ခိုက်ခဲ့ပြီး လှေများကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံပေးခဲ့ဟု ဓနု PDF ထုတ်ပြန်


ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ပန်းလောင်မြစ်ကမ်းဘေးရှိ ပြည်သူပိုင်လှေများကို အကြောင်းမဲ့ သိမ်းယူသွားခဲ့သော အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ကာ လှေများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဓနု PDF ထုတ်ပြန်ထားပါတယ်။

ရွာငံမြို့နယ် ပန်းလောင်မြစ်ကမ်းဘေးမှာရှိတဲ့ ပြည်သူပိုင်လှေတွေကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကိ အောက်တိုဘာလ () ရက်နေ့မှာ သိမ်းယူသွားခဲ့တာလို့ သိရပါတယ်။

သိမ်းယူသွားတဲ့လှေတွေကို ပိုက်ဆံပေးပြီး ပြန်ရွေးရမယ်လို့ အကြမ်းဖက်စစ်ကောင်စီတပ်က ပြောကြားခဲ့ကြောင်း၊ ပြည်သူတွေအနေနဲ့ လှေတွေပြန်ရွေးဖို့ ခက်ခဲနေတဲ့အပြင် လုပ်ငန်းခွင်သွားရမယ့်သူတွေလည်း အခက်အခဲဖြစ်နေကြောင်း သိရတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က စစ်အုပ်စုချရာနေရာတွေ ကို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဓနု PDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁ဝဝ၃ တပ်ရင်းက မှော်ဘုရင်စစ်ကြောင်းနဲ့ CRC-PLA အဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်အထိုင်ချရာ ရွာငံမြို့နယ်က မအူပင် သစ်တောဂိတ်စခန်းနဲ့ ဂဇက်ကြီးသစ်တောစခန်းကို တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီလိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒေသခံများပိုင်တဲ့ လှေတွေကို ပြန်လည်ယူဆောင်လာခဲ့ပြီး ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ခဲ့ကာ စစ်ကောင်စီလက်အောက်ခံ သစ်တောစခန်းတွေကို မီးရှို့ဖျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၉။ စစ်တပ်အထိုင်ချရာ မြောင်ရဲစခန်းနှင့်ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်


စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရဲစခန်းနဲ့ ကျောက်ရစ်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ - MSPDF ထံကနေ သိရပါတယ်။

နိုဝင်ဘာလ () ရက်နေ့ မနက် ၁ဝ နာရီခွဲခန့်အချိန်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ အခြေချနေထိုင်ရာ မြောင်ရဲစခန်းနဲ့ စစ်ဗိုလ်နေထိုင်ရာအိမ်ကို Shar Htoo WAW နည်းပညာသုံး တိုက်ခိုက်ရေး Fixed Wing Drone တွေ အသုံးပြုပြီး Air Bomb လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ကို အချိန်မီခိုလှုံကြဖို့ လက်ကမ်းစာစောင်တွေလည်း ကြဲချခဲ့တယ်လို့ စစ်ကိုင်းခရိုင်အမှတ်- တပ်ရင်းကလည်း ထုတ်ပြန်ထားပါတယ်။ 

အခုလို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာ ရှိတယ်လို့လည်း သိရပါတယ်။ 

မြောင်ရဲစခန်းကို တိုက်ခိုက်ခဲ့ပြီးအပြန် ညနေ နာရီ ၁၅ မိနစ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေချနေတဲ့ ကျောက်ရစ်ရဲစခန်းကိုလည်း စစ်ဗိုလ်နေထိုင်ရာအိမ်ကို Shar Htoo WAW နည်းပညာသုံး တိုက်ခိုက်ရေး Fixed Wing Drone တွေအသုံးပြုပြီး Air Bomb တလုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး လက်ကမ်းစာစောင်တွေလည်း ကြဲချခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က ထိခိုက်ကျဆုံးမှုများနိုင်ကြောင်းသိရပေမယ့် အတိအကျမသိရသေးဘူးလို့လည်း ပါရှိပါတယ်။

အဲဒီ ဒရုန်းမစ်ရှင်ကို စစ်ကိုင်းခရိုင်အမှတ် - တပ်ရင်း MSPDF/ MSDF နဲ့အတူ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် - တပ်ရင်း၊ တပ်ခွဲ - ၁၊ မြေလတ် PDF မြင်းခြံခရိုင် အမှတ် - တပ်ရင်း၊ တပ်ခွဲ-၃၊ 7 PDF မိတ္ထီလာခရိုင် အမှတ် တပ်ရင်း၊ မြင်းခြံ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ မြိုတိုက်နယ် ပကဖ (မြောင်) နဲ့ မြောင်မြို့နယ် ပြည်သူရင်ခွင်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၁၀။ စစ်တပ်အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော  မြန်မာနိုင်ငံရှိသတင်းမီဒီယာသမားများအား ပြန်လွှတ်ပေးရန်  ယူ‌ကေအစိုးရက တောင်းဆိုလိုက်


စစ်တပ်အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော  မြန်မာနိုင်ငံရှိသတင်းမီဒီယာသမားများအား ပြန်လွှတ်ပေးရန်  ယူ‌ကေအစိုးရက တောင်းဆိုလိုက်ကြောင်း UK သံရုံး မြန်မာက နိုဝင်ဘာ () ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

"ယနေ့ ကျရောက်သော နိုင်ငံတကာဆိုင်ရာ သတင်းထောက်များအပေါ် ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့တွင်မြန်မာစစ်တပ်အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော  မြန်မာနိုင်ငံရှိသတင်းမီဒီယာသမားများအား ပြန်လွတ်ပေးရန် နှင့် သတင်းသမားများအား  ဖမ်းဆီးမှု သို့မဟုတ် ခြိမ်းခြောက်ခံရမှုများကိုကြောက်ရွံ့ခြင်းမရှိဘဲ အလုပ်လုပ်ခွင့်ပြုရန် ယူ‌ကေအစိုးရက တောင်းဆိုလိုက်တယ်လို့ဆိုထားပါတယ်။   

ယူကေအစိုးရအနေဖြင့် မီဒီယာလွတ်လပ်ခွင့်အပေါ် ချိုးဖောက်မှုမှန်သမျှအား ရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်အား အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများကို အရေးယူဆောင်ရွက်သွားရမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်ကအာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သတင်းသမား (၁၅၆) ဦးဖမ်းဆီးခံခဲ့ရပြီး အချို့သတင်းသမားများအား သတ်ဖြတ်ခဲ့ပါတယ်။

တရားမဝင်အာဏာသိမ်း စစ်တပ်မှ တင်းကျပ်သည့် စည်းမျဉ်းများ ထုတ်ပြန်ပြီး အွန်လိုင်းပလက်ဖောင်းများ အပါအဝင် သတင်းမီဒီယာများ၏ မှတ်ပုံတင်များကိုရုတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကာ ပြီးခဲ့သည့် လပေါင်း (၃၃) အတွင်း သတင်းဌာန (၁၃) ခု ရုတ်သိမ်းခံခဲ့ရပါတယ်။


========================


📌📌 ၁၁။ အောင်လံလွှင့်ချီ နွေဦးထီအပတ်စဉ် (၂၄) တွင် ကျပ် ၁၀၀ သိန်းဆုနှင့် ဆုမဲအများစုကို CDM ဝန်ထမ်းများ ကံထူးရရှိ


အောင်လံလွှင့်ချီ နွေဦးထီအပတ်စဉ် (၂၄) တွင် ကျပ် ၁၀၀ သိန်းဆုနှင့် ဆုမဲအများစုကို CDM ဝန်ထမ်း (၈၂) ဦးတို့က ကံထူးခဲ့ကြတယ်လို့ သိရှိရပါတယ်။

ကျပ် ၁၀၀ သိန်း ()ဆု နှင့် ကျပ် ၁၅ သိန်း () ဆုကို ပညာရေးဝန်ကြီးဌာနမှ CDM ()ဦး၊ ()သိန်း ကျပ်ဆုများကို ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ CDM ဝန်ထမ်းများက ကံထူးခဲ့ပြီး၊ ကျပ် ()သိန်းဆုများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှုံမှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ CDM ဝန်ထမ်းများက အသီးသီး ကံထူးခဲ့ကြပါတယ်။

CDM တစ်ဦးလျှင် နွေဦးထီတစ်စောင် ချီးမြှင့်သည့်ကမ်ပိန်းကို မည်သူမဆိုပါဝင်နိူင်ပြီး CDM ဝန်ထမ်းများအတွက် ထီလက်မှတ် ဆယ်စောင်နှင့်အထက် ဝယ်ယူပေးသူအား ကော်မတီက လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radiol NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment