2nd NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနားသို့ MOD ဂုဏ်ပြုသဝဏ်လွှာပေးပို့

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး 

📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၄။ စစ်ကောင်စီ အကြမ်းဖက် ဖြိုခွဲဖိနှိပ်လေ ပိုကြီးမားတဲ့ ပြန်လည်အုံကြွ တော်လှန်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ဒီနေ့စစ်ရေးက လက်တွေ့ဥပမာပဲလို့ ABSDF ဥက္ကဋ္ဌ ဆို 

📌 ၅။ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် အဖွဲ့လိုက် အလင်းဝင်လာဟု MNDAA အသိပေး

📌 ၆။ စစ်ရေးဆိုင်ရာနယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မည်ဟု UWSA အသိပေး

📌 ၇။ ရေတာရှည်မြို့နယ်အတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဦးအပါအဝင် ၈ဝ ဦး ထက်မနည်း သေဆုံး

📌 ၈။ နောင်ချိုမြို့သို့ စစ်ကူလာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး သေနတ် လက် သိမ်းဆည်းရရှိ

📌 ၉။ အာဏာသိမ်းကာလ ရက်တစ်ထောင်အတွင်း ပြည်သူလေးထောင်ကျော်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနားသို့ MOD ဂုဏ်ပြုသဝဏ်လွှာပေးပို့


နိုဝင်ဘာလ ၁။

၈၈၈၈ လူထုအရေးတော်ပုံကြီးမှ ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် တည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန MOD က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ခေတ်အဆက်ဆက် ဒီမိုကရေစီလှုပ်ရှားမှုများတွင် အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် ကျောင်းသားလူငယ်များ၊ ပြည်သူများ၊ ရဲဘော်များအားလုံးကို မမေ့မလျော့ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။

ယနေ့အချိန်ထိ အာဏာသိမ်းစစ်တပ်နှင့် စစ်အာဏာရှင်စနစ်ကို ဆက်လက်ခုခံတွန်းလှန် တိုက်ပွဲဝင်နေတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) မှ ခေါင်းဆောင်များနှင့်တကွ ရဲဘော်တစ်ဦး တစ်ယောက်ချင်းစီတိုင်းကိုလည်း လေးစားဂုဏ်ယူပါကြောင်းလည်းပါရှိပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇွန်လဆန်းမှာစတင်ခဲ့တဲ့ ကချင်ပြည်နယ်၊ လိုင်ဇာဌာနချုပ်တွင် စစ်ကောင်စီ၏ ဝိုင်းပတ်ချေမှုန်း ထိုးစစ်ကို ကချင်လွတ်လပ်ရေးတပ်မတော်၏ ဦးဆောင်မှုအောက်တွင် ပြည်သူ့ကာကွယ် ရေးတပ်မတော်အနေဖြင့် ကျောင်းသားတပ်မတော်အပါအဝင် အခြားသော မဟာမိတ်များနှင့် ပူးပေါင်းလက်တွဲ၍ ခုခံတိုက်ပွဲဝင်ခဲ့ရသည့်အတွက်လည်း များစွာဂုဏ်ယူမိပါတယ်လို့ MOD က ပြောပါတယ်။ 

နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အဆုံးသတ်တိုက်ပွဲဖြစ်သည့်အားလျော်စွာ ဘုံရန်သူ အကြမ်းဖက်စစ်တပ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဟာဗျူဟာ ထိုးစစ်ဆင်နွှဲနိုင်ရန် အခြားသော မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်တွဲညီညွတ် စုပေါင်းအားဖြင့် ဘုံပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်တစ်ရပ် ထူထောင်နိုင်သည်အထိ အပြန်အလှန် ဖေးမရုန်းကန် ကြိုးစားချီတက်ကြပါစို့ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD က တိုက်တွန်းထားပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အခမ်းအနားသို့ KIO ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ချင်းအမျိုးသားတပ်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC) တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး 


နိုဝင်ဘာလ ၁။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းရှိ ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ် (၄၃/၂၀၂၃) ကို အောက်တိုဘာလ ၃၁ ရက်နေ့ ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားနဲ့ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တွဲဖက်အတွင်းဝန်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲချုပ်တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။


ပြီးနောက် တက်ရောက်လာကြတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာ သိရှိလိုတဲ့အချက်များ၊ မြေပြင်အခြေအနေ အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။


အစည်းအဝေးကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ အရာရှိကြီးများနဲ့ စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး နေ့လည် ၁၂ နာရီ အချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


နိုဝင်ဘာလ ၁။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၁/၂၀၂၃) ကို အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လယ် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်စကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်ပြီး သိရှိလိုတဲ့ အချက်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


ထို့နောက် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ နိဂုံးချုပ်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် နာရီ အချိန်မှာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီ အကြမ်းဖက် ဖြိုခွဲဖိနှိပ်လေ ပိုကြီးမားတဲ့ ပြန်လည်အုံကြွ တော်လှန်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ဒီနေ့စစ်ရေးက လက်တွေ့ဥပမာပဲလို့ ABSDF ဥက္ကဋ္ဌ ဆို 


နိုဝင်ဘာလ ၁။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ အကြမ်းဖက် ဖြိုခွဲဖိနှိပ်လေ ပိုကြီးမားတဲ့ ပြန်လည်အုံကြွ တော်လှန်မှုတွေနဲ့ ရင်ဆိုင်ရလေလေ ဖြစ်တယ်ဆိုတာ ဒီနေ့ မြင်နေရတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ တန်ပြန်တိုက်ခိုက် ခြေမှုန်းမှုတွေက လက်တွေ့ ဥပမာဖြစ်တယ်လို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၃၅ နှစ်ပြည့် အခမ်းအနားကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။


လက်ရှိခေတ် ကာလမှာ လက်နက်ကိုင် အနိုင်ကျင့်ပြီး နိုင်ငံအာဏာကို မတရားရယူထားတဲ့ စစ်အာဏာရှင်များအနေဖြင့် ပြည်တွင်းသာမက နိုင်ငံတကာ မျက်နှာစာများတွင်ပါ ဘက်ပေါင်းစုံ ဆန့်ကျင်မှုများနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သဝဏ်လွှာမှာ ပြောထားပါတယ်။


ထို့အပြင် အာဏာသိမ်းကာလ အချိန် နှစ်နီးပါး ကြာလာခဲ့ပေမယ့် ပြည်သူလူထုရဲ့ ဆန့်ကျင် တော်လှန်မှုတွေက တစ်ရက်မှ ရပ်တန့်ခဲ့တာ မရှိဘဲ အကြမ်းမဖက် လှုပ်ရှားမှုကနေ ရရာလက်နက် စွဲကိုင်တော်လှန်တဲ့အထိ ပုံစံမျိုးစုံနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ 


စစ်ကောင်စီက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး စကားဝိုင်းတွေနဲ့ ပတ်သက်ပြီး ရဲဘော်သံခဲကစစ်အာဏာရှင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး စကားပြောပွဲဆိုတာ လူထုလိုလားတဲ့ နိုင်ငံရေး အဖြေထုတ်ဖို့ မဟုတ်ဘူး။ အဓိပ္ပါယ်ပြည့်၀တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မဟုတ်လို့ လူထုကလည်း အယုံအကြည် မရှိဘူး။ ဒီနေ့ကာလမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်မယ့် အင်အားစု အသစ်တွေ ပေါ်လာတာနဲ့အတူ မဟာမိတ်အဖွဲ့တွေအဖြစ် ညီညီညွတ်ညွတ် လက်တွဲ တိုက်ပွဲဝင်ရေးဟာ သမိုင်းရဲ့ တောင်းဆိုချက် ဖြစ်တယ်လို့ အသိပေးထားပါတယ်။


ABSDF ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်စနစ် ပေါ်ထွန်းရေး စတဲ့ နိုင်ငံရေး ဦးတည်ချက် ရပ် အရ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်းများဖြင့် တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


လက်ရှိမှာတော့ ABSDF အနေနဲ့ ကချင်၊ စစ်ကိုင်း၊ ကရင်နဲ့ မွန်ဒေသများတွင် တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် အဖွဲ့လိုက် အလင်းဝင်လာဟု MNDAA အသိပေး


နိုဝင်ဘာလ ၁။

စစ်ကောင်စီလက်အောက်တွင်ရှိနေသော ကိုးကန့်ရုပ်သေးအဖွဲ့မှ ပြည်သူ့စစ်အဖွဲ့ဝင်များ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ကိုးကန့်တပ်မတော် MNDAA က နိုဝင်ဘာလ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။

ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် ၁၅ ဦးဟာ သေနတ် ၁၆ လက်နဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ MNDAA က တရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့တာပါ။

မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ ၁ဝ၂၇ စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့တာမှာ အောင်မြင်မှုတွေဆက်တိုက် ရရှိနေသလို တစ်ဖက်မှာလည်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့တပ်မတော်သားတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအလင်းဝင်လာဖို့ တိုက်တွန်းခဲ့တာတွေကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်လာတာလို့ သိရပါတယ်။


အောက်တိုဘာ ၃ဝ ရက်နေ့ကလည်း ကွမ်လုံမြို့နယ်တောင်ပိုင်း ကာမိုင်းဒေသမှာအခြေချနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ခလရ ၁၄၃ က ဒုတပ်ရင်းမှူးနဲ့တပ်ခွဲမှူးအဆင့်ရှိသူ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦး မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ထံ လက်နက်ချအလင်းဝင်ခဲ့တာရှိပါတယ်။ 

လက်ရှိအချိန်မှာ စစ်ကောင်စီလက်အောက်မှာရှိတဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော်ရဲ့အခြေအနေတွေကို ပိုမိုသိရှိလာပြီး စစ်ကောင်စီအတွက် အသက်စွန့်ရန်မလိုလားတော့တဲ့အပြင် စစ်ကောင်စီကထိပ်သီးခေါင်းဆောင် အချို့အတွက် အကျိုးဆောင်နေရတယ်ဆိုတာကိုလည်း ပိုမိုသိရှိလာကြပြီလို့ MNDAA က အသိပေးထုတ်ပြန်ထား ပါတယ်။


========================


📌📌 ၆။ စစ်ရေးဆိုင်ရာနယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မည်ဟု UWSA အသိပေး


နိုဝင်ဘာလ ၁။

ကိုယ့်ဒေသ ကိုယ့်ပြည်သူတွေအပေါ်ချွင်းချက်မရှိကာကွယ်စောင့်ရှောက်ခွင့်ကို ကျင့်သုံနေတဲ့ပြည် သွေးစည်းညီညွတ်ရေးပါတီ/ “ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA အနေနဲ့ စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်လာမှုတွေရှိလာရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ နိုဝင်ဘာလ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ရှမ်းမြောက်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ UWSP/UWSA က အချက် ချက်ပါတဲ့ ၎င်းတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

UWSA အနေနဲ့ ကိုယ့်ဒေသနဲ့ ကိုယ့်ပြည်သူတွေအပေါ်မှာ ချွင်းချက်မရှိ ကာကွယ်စောင့်ရှောက်ခွင့်ရှိတဲ့တွက် လေကြောင်း၊ ကြည်းကြောင်းကနေ နယ်ကျော်လာတဲ့ စစ်ရေးမှန်သမျှကို တိုက်ထုတ်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 


ဒီအချက်ဟာ စစ်ကောင်စီတပ်ကို ရည်ညွှန်းတာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။ 

 တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကိုကျင့်သုံးနေတာဖြစ်တဲ့အတွက် ကိုးကန့်ဒေသမှာဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ မည်သည့်ဘက်ကမှ ပါဝင်တိုက်မှာမဟုတ်ကြောင်းနဲ့ စစ်ပွဲတွေရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့တိုက်တွန်းထားပါတယ်။ 

ရှမ်းမြောက်ဒေသမှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်ဒေသအတွင်းကိုရောက်ရှိလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုတော့ အခမဲ့ ကူညီစောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့ ၎င်းတို့ရဲ့သဘောထားကို ထုတ်ဖော် ပြောဆိုထားပါတယ်။


========================


📌📌 ၇။ ရေတာရှည်မြို့နယ်အတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဦးအပါအဝင် ၈ဝ ဦး ထက်မနည်း သေဆုံး


နိုဝင်ဘာလ ၁။ 

ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်မြို့နယ်အတွင်းမှာ ပြည့်သူ့ကာကွယ်ရေးတတပ်မတော် PDF ပုဝါနီ စစ်ကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အောက်တိုဘာလအတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က စစ်ကြောင်းမှူး ဦးအပါအဝင် ၈ဝ ဦးထက်မနည်း သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD က ထုတ်ပြန်ထားပါတယ်။


ပုဝါနီစစ်ကြောင်းဟာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်ထဲက ကျေးရွာတွေမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။

အဲဒီတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများခဲ့သလို ပုဝါနီစစ်ကြောင်းနဲ့ ပူးပေါင်း တပ်တွေဘက်ကလည်း ၂ဦးကျဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူတပ်တွေဆီကနေ RPG နဲ့ ၆ဝ မမ ဗုံးသီးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ MOD က အသိပေးထားပါတယ်။

တိုက်ပွဲတွေဖြစ်ခဲ့ချိန်မှာ ရန်သူတပ် (စစ်တပ်) က လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အပစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး နေအိမ် လုံး ပျက်စီးပြီး ဒေသခံပြည်သူ ၅၅ဝ ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ နောင်ချိုမြို့သို့ စစ်ကူလာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး သေနတ် လက် သိမ်းဆည်းရရှိ


နိုဝင်ဘာလ ၁။

ရှမ်းပြည်နယ်မြောက်ပိုင်းကို တက်လာတဲ့ စစ်ယာဉ်တန်းနဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး သေနတ် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Mandalay People’s Defence Force -Mandalay PDF က နိုဝင်ဘာလ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

နိုဝင် ဘာလ ရက်နေ့ မနက် နာရီခွဲခန့်အချိန်က နောင်ချိုမြို့ဘက်ကို ဦးတည်ထွက်လာတဲ့ သံချပ်ကာယာဉ် စီးအပါအဝင် စစ်ကားအစီး ၃ဝ ခန့်နဲ့ အင်အား ၁၅ဝ ပါ စစ်ကြောင်းကို Mandalay PDF က အုမ္မသီး-အုမ္မခါးလမ်းခွဲအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 Mandalay PDF ရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံလိုက်ရတဲ့ အဲဒီစစ်ကြောင်းက အကြမ်းဖက်စစ်သားတွေ အသုံးပြုတဲ့ MA 1 တစ်လက်၊ MA 2 လက်၊ MA 3 လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မနက် ၁၁ နာရီနဲ့ မွန်းလွဲ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် တိုက်ပွဲဖြစ်နေချိန်မှာလည်း တိုက်လေယာဉ်နဲ့ ၁၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ Mandalay PDF တပ်တွေ နိုဝင်ဘာလ ရက်နေ့ နာရီဝန်းကျင်အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ရန်သူ (စစ်တပ်) ယာဉ်တန်းလည်း ရှေ့ဆက်မတိုးနိုင်ဘဲရှိနေတယ်လို့ Mandalay PDF က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၉။ အာဏာသိမ်းကာလ ရက်တစ်ထောင်အတွင်း ပြည်သူလေးထောင်ကျော်သေဆုံး


နိုဝင်ဘာလ ၁။

စစ်တပ်အာဏာသိမ်းထားတဲ့ ရက်ပေါင်း တစ်ထောင်ကျော်မှာ သေဆုံးရတဲ့ အရပ်သားပြည်သူလေးထောင်ကျော် ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်တဲ့ စာရင်းအရ သိရပါတယ်။


အဲဒီစာရင်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက် အထိ AAPP မှ ကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။


စာရင်းအရ သေဆုံးခဲ့ရတဲ့ ပြည်သူလေးထောင်ကျော်မှာ အမျိုးသမီး ၆၃၀ ဦး နဲ့ ကလေးသူငယ် ၄၇၆ ဦး အထိ ပါဝင်တယ်လို့ သိရပါတယ်။


ထို့အပြင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံခဲ့ရသူ ဦးရေ ,၅၀၇ ဦး ရှိတယ်လို့ AAPP ကဆိုပါတယ်။


စစ်အာဏာသိမ်း ကာလအတွင်း အရပ်သားသေဆုံးမှု အများဆုံး ဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ပြည်သူနှစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။


AAPP ရဲ့ စာရင်းအရ မန္တလေး မကွေး၊ ရန်ကုန်၊ ပဲခူး တိုင်းတို့ဟာလည်း စစ်တပ်လက်ချက်နဲ့ အရပ်သား သေဆုံးမှုနှုန်း မြင့်မားတဲ့ ဒေသတွေ ဖြစ်တယ်။


ဖော်ပြပါ အချက်အလက်များမှာ AAPP က ကောက်ယူရရှိထားတဲ့ ဒေတာများအပေါ်မှာ အခြေခံထားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေက မြေပြင်မှာ ဒီထက်ပိုများ နိုင်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment