3rd NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ထံသို့ လက်နက် တင်သွင်း ဖြန့်ဖြူးပေးသူများနှင့် ငွေကြေးထောက်ပံ့နေသူများအားဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရကြိုဆို

📌 ၂။ ကနေဒါနိုင်ငံ ဘုရင်ခံချုပ်နှင့် NUG ကိုယ်စားလှယ်များတွေ့ဆုံ

📌 ၃။ အောင်လံလွှင့်ချီနွေဦးထီကို မမေ့မလျော့ထိုးပေးခြင်းက CDMများကို ကူညီရာရောက်တယ်လို့ပြောကြား

📌 ၄။ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းအပါအဝင်စစ်ကောင်စီ၏အခြားစခန်းများကို တအာင်းတပ်မတော်မှ  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

📌 ၅။ ရန်ကုန်တိုင်းတွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေတဲ့စစ်တပ်ရဲ့ ကင်းလှည့်ရေယာဉ်ပါတိုက်ခိုက်ခံရပြီး ရေယာဥ်ထိခိုက်ပျက်စီးမှုရှိနိူင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ထံသို့ လက်နက် တင်သွင်း ဖြန့်ဖြူးပေးသူများနှင့် ငွေကြေးထောက်ပံ့နေသူများအားဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရကြိုဆို


နိူဝင်ဘာ၃ရက်


အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်စစ်တပ်လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းအား ငွေကြေးဝန်ဆောင်မှုဆိုင်ရာတားမြစ်ချက် ထုတ်ပြန်ခဲ့မှုနှင့် အမေရိကန် ပြည်ထောင်စု၊ ကနေဒါနိုင်ငံတို့နှင့်အတူ ယူကေနိုင်ငံက အကြမ်းဖက်စစ်တပ်ထံသို့ လက်နက် တင်သွင်း ဖြန့်ဖြူးပေးသူများနှင့် ငွေကြေးထောက်ပံ့နေသူများအားဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုကြောင်း ထုတ်ပြန်ချက်ကို နိုဝင်ဘာလ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖော်ပြထားပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ ဒဏ်ခတ်ပိတ်ဆို့ မှုများသည် 

 အရေးပါသည့်ခြေလှမ်းတရပ် အကောင်အထည် ပေါ်ပေါက်လာခြင်းဖြစ်သလို အမေရိကန်ပြည်ထောင်စု နှင့် အခြားမိတ်ဖက်နိုင်ငံများအား ကမ္ဘာတဝန်းက မြန်မာ့အရေးတက်ကြွ လှုပ်ရှားသူများ၊ အဖွဲ့အစည်းများက အတူတကွပူးပေါင်း၍ ကြိုးစားတိုက်တွန်းခဲ့မှုကြောင့်ဖြစ်ပါတယ်လို့ဆိုပါတယ်။


အဆိုပါမိတ်ဆွေနိုင်ငံများနည်းတူ နိုင်ငံတကာအသိုင်းအဝိုင်းရှိ အခြားမိတ်ဆွေ နိုင်ငံများ သည်လည်း အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများ၏ အဓိက ဘဏ္ဍာရေး အထောက်အပံ့ဖြစ်နေသည့် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူခြင်း၊ အကြမ်းဖက်စစ်တပ်သို့လေယာဉ်ဆီရောင်းချမှုအား တားဆီးပိတ်ပင်ခြင်း အပါအဝင် ပိုမိုကျယ်ပြန့်သည့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို အတူတကွပူးပေါင်း လုပ်ဆောင်သွားရန် တိုက်တွန်းအပ်ပါတယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ၂။ ကနေဒါနိုင်ငံ ဘုရင်ခံချုပ်နှင့် NUG ကိုယ်စားလှယ်များတွေ့ဆုံ


 နိုဝင်ဘာ ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သမ္မတရုံးအကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည် နိုဝင်ဘာ ရက်နေ့တွင် ကနေဒါနိုင်ငံရဲ့  ၂၆ ကြိမ်မြောက် ဘုရင်ခံချုပ် The Right Honourable Adrienne  Clarkson PEN International နိုင်ငံတကာ ဥက္ကဌ John Ralston Saul တို့နှင့် တွေ့ဆုံခဲ့ပါတယ်။


ထိုသို့တွေ့ဆုံရာတွင် ကနေဒါနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ပံ့ပိုးပေးနိုင်ရန်၊ ရိုဟင်ဂျာများနေရပ် ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ ကနေဒါရောက် ရိုဟင်ဂျာများ၏အရေး၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်များနှင့် ရိုဟင်ဂျာများအတွက်တရားမျှတမှုလုပ်ငန်းစဉ် အကြောင်း အရာများကို ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အောင်လံလွှင့်ချီနွေဦးထီကို မမေ့မလျော့ထိုးပေးခြင်းက CDMများကို ကူညီရာရောက်တယ်လို့ပြောကြား


နိူဝင်ဘာ၃ရက်


နိူဝင်ဘာလအတွင်းမှာ နွေဦးထီနဲ့ပတ်သက်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကအခုလိုဆိုလိုက်ပါတယ်။


"နွေဦးထီ လေး မမေ့ မလျော့ ထိုးကျပါ။စီဒီအမ် တွေကို ကူရာရောက်သလို၊ ထီထိုးချင်တဲ့ အာသီသ လည်း ပြေမယ်"လို့ဆိုထားပါတယ်။


၂၀၂၃ ခုနှစ် ဇူလိုင်လ တွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း လေးဆယ့်ကိုးသိန်းငါးသောင်းကျပ် တိတိကို ကျန်းမာရေး CDM ဝန်ထမ်း  ၉၉ယောက် မှ မျှဝေ ရရှိခဲ့ပါတယ်။ 


လက်ရှိမှာလည်း CDMတစ်ဦးနွေဦးထီတစ်စောင်ကမ်ပိန်းကို လုပ်ဆောင်ပြီး CDMဝန်ထမ်းများအတွက် နွေဦးထီလက်မှတ်ကိုထောက်ပို့ပေးအပ်နိူင်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းအပါအဝင်စစ်ကောင်စီ၏အခြားစခန်းများကို တအာင်းတပ်မတော်မှ  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့


နိူဝင်ဘာ၃ရက်


နိူဝင်ဘာ၃ရက်မှာ စစ်ရေးသတင်းများကို TNLAကအခုလိုအတည်ပြုထားပါတယ်။


"၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ တပ်မဟာ ()စစ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်မှ ယနေ့ နံနက်ပိုင်း (၆း၅၅)နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


 တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက် ()လက်၊ 60MM ဗုံးသီး(၃၀)လုံး၊ RPG အသီး ()လုံး၊ လက်ပစ်ဗုံး(၅၀)လုံး၊ ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။


 စစ်ကောင်စီတပ်စခန်းကို  တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ()ကြိမ် လာရောက်ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။


အလားတူ တပ်မဟာ ()စစ်ဒေသ၊ မန်တုံမြို့တွင် စစ်ကောင်စီ+ .. စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ယနေ့ နံနက်( ၅း၀၀)နာရီ အချိန်ခန့်တွင် တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA မှအတည်ပြုပါတယ်။


 ထို့အတူတပ်မဟာ()စစ်ဒေသ နောင်ချိုမြို့နယ်ရှိ၊ စစ်ကောင်စီ၏ ကွန်ခါတပ်စခန်းကို နိုဝင်ဘာလ ၃ရက်နေ့ နံနက်ပိုင်း (၄း၀၀)နာရီအချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA မှ သွားရောက်ရှင်းလင်း သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။


 တပ်မဟာ()စစ်ဒေသ နောင်ချိုမြို့နယ်ရှိ၊ ဟိုခိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ/ မည့်သည်လက်နက်ကိုင်မှ မရှိဘဲ စစ်ကောင်စီတပ်သည်လေယာဥ်နှင့်ပေါင် (၅၀၀) ဗုံးအား ညဥ့်နက်သန်းခေါင် (၁၂း၃၀)နာရီ အချိန်တွင်  လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ()လုံး ပျက်စီးခဲ့ပါတယ်။


 တပ်မဟာ()စစ်ဒေသ နမ့်ခမ်းမြို့နယ်ရှိ၊ လွယ်အင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ/ မည့်သည်လက်နက်ကိုင်မှ မရှိဘဲ စစ်ကောင်စီတပ်သည် ယနေ့ နံနက်အစောပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ()ဦး ထိမှန်ပြီး၊ ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်ဆီးခဲ့တယ်လို့PSLF/TNLAကအတည်ပြုပါတယ်။


========================


📌📌 ၅။ ရန်ကုန်တိုင်းတွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေတဲ့စစ်တပ်ရဲ့ ကင်းလှည့်ရေယာဉ်ပါတိုက်ခိုက်ခံရပြီး ရေယာဥ်ထိခိုက်ပျက်စီးမှုရှိနိူင်


နိူဝင်ဘာ၃ရက်


ရန်ကုန်တိုင်းတွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေတဲ့စစ်တပ်ရဲ့ ကင်းလှည့်ရေယာဉ်ပါတိုက်ခိုက်ခံရပြီး ရေယာဥ်ထိခိုက်ပျက်စီးမှုရှိနိူင်တယ်လို့သတင်းရရှိပါတယ်။


နိူဝင်ဘာ၄ရက်မနက် နာရီခွဲဝန်းကျင်မှာ စကစရဲ့ကင်းလှည့်ရေယာဥ်ကို ကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


"မဟာမိတ် နောင်တော်တွေ ရဲ့ စစ်ဆင်ရေးပါခင်ဗျ။စကစဘက်ကလူထိ ထိ မထိကတော့ အတည်ပြုတုန်းပါ။တဖြည်းဖြည်းချင်း အားစမ်းကြည့်နေတဲ့ သဘောပါ။ရေယာဥ်တော့ ထိခိုက်ပျက်ဆီးမှု ရှိပါတယ်"လို့ PDFတွံတေး ၊တောကြီးတန်းသွေးရဲဘော်တစ်ဦးကအတည်ပြုပြောပါတယ်။


တွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းလှည့်ရေယာဥ်ကို တွံတေးမြို့နယ် ပကဖရဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က  ၄၀ မမ ဗုံးသီး၊မောင်းပြန်သေနတ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်တို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment