3rd NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးနိုင်မည့် စနစ်များ၊ ယန္တရားများကို ယခုကတည်းက တွေးဆဖော်ဆောင်ထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးသို့ NUGဝန်ကြီးများတက်ရောက်

📌 ၃။ ကနေဒါ Ottawa မြို့က မြန်မာကနေဒီယန်များနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်များတွေ့ဆုံ

📌 ၄။ စစ်တပ်မှ အကျိုးခံစားလျက်ရှိသော ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် ရပ်တန့်ရန် အထူးလိုအပ်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၅။ ကန့်ဘလူခရိုင်၊ ငှက်ပျောတိုင်းရွာနှင့်လျှော်ဖြုကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ စတုတ္ထအကြိမ်မီးရှို့၍ နေအိမ်အလုံး ၃၀ ကျော်မီးလောင်ပျက်စီး

📌 ၆။ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သား ()ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းထံအလင်းဝင်

📌 ၇။ ကွတ်ခိုင်မြို့နယ်ကာလိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ဗုံး()လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ()ဦး ပွဲချင်းပြီး သေဆုံးခဲ့

📌 ၈။ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စကစတပ်ရဲ့ သံပြားကာကားများ၂ရက်ဆက်တိုက်မိုင်းထိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးနိုင်မည့် စနစ်များ၊ ယန္တရားများကို ယခုကတည်းက တွေးဆဖော်ဆောင်ထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


နိုဝင်ဘာ၂ရက်

ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးနိုင်မည့် စနစ်များ၊ ယန္တရားများကို ယခုကတည်းက တွေးဆဖော်ဆောင်ထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိုဝင်ဘာ၁ရက်မှာ ပြုလုပ်တဲ့ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၃)မှာ ပြောကြားလိုက်ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၏ ခိုင်မာအားကောင်းသော တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ကဏ္ဍတစ်ခုဖြစ်လာစေရန် ကြားကာလပြည်သူ့ တရားစီရင်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့သည် စစ်ရေးအောင်ပွဲများပိုမိုရရှိလာသဖြင့် ထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေး စွမ်းဆောင်ရည်နှင့် တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်မှုစွမ်းဆောင်ရည်ကို ပြည်သူနှင့် နိုင်ငံတကာက အကဲဖြတ်နေကြချိန်ဖြစ်ကြောင်း၊ မိမိတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းပြီး တိုင်းပြည် ပြန်လည်တည်ဆောက်ကြရမည် ဖြစ်သောကြောင့် ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးနိုင်မည့် စနစ်များ၊ ယန္တရားများကို ယခုကတည်းက တွေးဆဖော်ဆောင်ထားကြရန်လည်း လိုအပ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ () – CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒုတိယဥက္ကဋ္ဌ () -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဥပဒေပညာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးသို့ NUGဝန်ကြီးများတက်ရောက်


နိုဝင်ဘာလ    ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၄/၂၀၂၃) ကို နိုဝင်ဘာ၂ရက်နေ့ကကျင်းပခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဒု-ဥက္ကဋ္ဌ()၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၃/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ကနေဒါ Ottawa မြို့က မြန်မာကနေဒီယန်များနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်များတွေ့ဆုံ


နိုဝင်ဘာ၂ရက်

ကနေဒါ Ottawa မြို့က မြန်မာကနေဒီယန်များနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်များတွေ့ဆုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ အသိပေးဆိုပါတယ်။


အဆိုပါတွေ့ဆုံပွဲကို အောက်တိုဘာ၃၁ရက်က ကျင်းပခဲ့ပြီး NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့တက်ရောက်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်များဟာ ကနေဒါနိုင်ငံကို အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေပြီး ကနေဒါလွှတ်တော်အမတ်အပါအဝင် ကနေဒါနိုင်ငံခြားရေးဒုဝန်ကြီးနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၄။ စစ်တပ်မှ အကျိုးခံစားလျက်ရှိသော ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် ရပ်တန့်ရန် အထူးလိုအပ်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


နိုဝင်ဘာ၂ရက်

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောလိုက်တာဖြစ်ပါတယ်။


"မြန်မာနိုင်ငံအရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး၏ တောင်းဆိုချက်ကို အလေးအနက်ထား ဂရုပြုစေလိုပါကြောင်း၊ ယခုအခါ စစ်တပ်မှ အကျိုးခံစားလျက်ရှိသော ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် ရပ်တန့်ရန် အထူးလိုအပ်ကြောင်း၊ ထို့နည်းတူ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးတို့အား ပြန်လည်အသက်သွင်းရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အဖြစ်ဆိုးများ ချုပ်ငြိမ်းစေရေးအတွက် အတွေးအခေါ်အသစ်များ ချမှတ်ရန်လည်း တောင်းဆိုခဲ့ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် စစ်တပ်မှ ပြည်သူများအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ အပါအဝင် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ အတွက် စုဆောင်းရယူထားသည့် ခိုင်လုံသော သက်သေအထောက်အထားများကို အလဟဿ မဖြစ်စေသင့်ကြောင်းကိုလည်းသံအမတ်ကြီးကပြောဆိုထားပါတယ်။


ဆက်လက်ပြီး စစ်တပ်ဟာ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များကို တရားလက်လွတ် ဖျက်သိမ်းခဲ့သဖြင့် ၎င်းတို့သည် နိုင်ငံမဲ့ခြင်း အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ဆိုပါတယ်။


 "အထူးသဖြင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသည့် အချို့မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များအား သက်တမ်းတိုးရန် အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ အချို့သော ဖြစ်စဉ်များတွင် လူမဆန်သည့် စစ်တပ်က မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များကို တရားလက်လွတ် ဖျက်သိမ်းခဲ့သဖြင့် ၎င်းတို့သည် နိုင်ငံမဲ့ခြင်း အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်း၊ UNHCR အိမ်နီးချင်းနိုင်ငံများထံမှ လုံလောက်သော အကူအညီများနှင့် အကာအကွယ်ပေးမှုများ လိုအပ်သည်မှာ ထင်ရှားကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


သို့ဖြစ်ပါ၍ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ၊ အထူးအားဖြင့် UNHCR တို့အနေဖြင့် အကူအညီ အမှန်တကယ်လိုအပ်နေသည့် မြန်မာပြည်သူများအား အချိန်မီ ထိရောက်သော အကူအညီများနှင့် ကာကွယ်မှုများ ပေးအပ်ပေးပါရန် တောင်းဆို လိုပါကြောင်းသံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၅။ ကန့်ဘလူခရိုင်၊ ငှက်ပျောတိုင်းရွာနှင့်လျှော်ဖြုကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ စတုတ္ထအကြိမ်မီးရှို့၍ နေအိမ်အလုံး ၃၀ ကျော်မီးလောင်ပျက်စီး


နိုဝင်ဘာ၂ရက်

ကန့်ဘလူခရိုင်၊ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြုကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ စတုတ္ထအကြိမ်မီးရှို့၍ နေအိမ်အလုံး ၃၀ ကျော်မီးလောင်ပျက်စီးခဲ့ နိုဝင်ဘာ၂ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။


"အောက်တိုဘာလ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ငှက်ပျောတိုင်းရွာနှင့် ကိုးတောင်ဘို့တိုက်နယ် လျှော်ဖြူကုန်းရွာတို့အား စစ်ကောင်စီတပ်များမှ တစ်ရက်တည်းမီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်စုစုပေါင်း ၃၅ လုံး မီးလောင်ပျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


အောက်တိုဘာလ ၃၁ ရက်နေ့မနက် နာရီ ၄၅ မိနစ်ခန့်တွင် ဇီးကုန်းတိုက်နယ်အတွင်းရှိ ငှက်ပျောတိုင်းဓာတ်အား‌ပေးရုံ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မီးရုံးမြောက်ဘက်ရှိ အပြစ်မဲ့ပြည်သူပိုင်နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် လုံး မီးလောင်ပျက်ဆီးခဲ့ပါတယ်။


ထိုစစ်ကောင်စီတပ်နှင့်ပျူစောထီးစစ်ကြောင်းသည် ငှက်ပျောတိုင်းရွာမီးရုံး၌ အထိုင်ချတပ်စွဲထားသည်မှာ တစ်လခွဲခန့်ရှိနေပြီဖြစ်ပြီး ငှက်ပျောတိုင်းကျေးရွာ၊ ခအုံးတာနှင့် ပေကြီးရွာတို့မှ  ပြည်သူများမှာလည်း စစ်ဘေးရှောင်နေရသည်မှာ နှစ်လနီးပါးခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။


၎င်းနည်းတူ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ နာရီတွင် ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ လျှော်ဖြူကုန်းရွာအား ကိုးတောင်ဘို့အထိုင် ခြေမြန်တပ်ရင်း-၃၆၃နှင့် ပျူစောထီးစုပေါင်းအင်အား ၈၀ ခန့်မှ စတုတ္ထအကြိမ်မြောက် အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ ပြည်သူပိုင်နေအိမ် အလုံး ၃၀ မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၆။ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သား ()ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းထံအလင်းဝင်


နိုဝင်ဘာ၂ရက်

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သား ()ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းထံအလင်းဝင်ခဲ့တယ်လို့ နိုဝင်ဘာ၂ရက်မှာ တနင်္သာရီတိုင်း_ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကအသိပေးပါတယ်။


တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သား ()ဦးသည်အောက်တိုဘာ(၃၁)ရက်နေ့က ၎င်းတို့၏ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း() တပ်ခွဲ() ပူးပေါင်းစစ်ကြောင်းထံ နိုဝင်ဘာ()ရက်နေ့တွင် လာရောက်အလင်းဝင်ခဲ့တယ်လို့ဆိုပါတယ်။


တပ်သား ထွန်းလင်းပိုင်နှင့် တပ်သား ထက်မြတ်သူတို့သည် တပ်ရင်းမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး တပ်တွင်း မတရားဖိနှိပ်ခံရခြင်းအပြင် ပြည်သူများအပေါ် စစ်သည်တော်ကျင့်ဝတ်များဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပူးပေါင်းစစ်ကြောင်းထံ လာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုကြပါတယ်။


အလင်းဝင်ရောက်လာသည့် ရဲဘော်နှစ်ဦးအား ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်နှင့်ချိတ်ဆက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်းကူညီဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ကွတ်ခိုင်မြို့နယ်ကာလိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ဗုံး()လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ()ဦး ပွဲချင်းပြီး သေဆုံးခဲ့


နိုဝင်ဘာ၂ရက်

ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ဗုံး()လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ()ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။


နိုဝင်ဘာ၂ရက် မွန်းလွဲပိုင်း (၂း၂၅)နာရီ အချိန်မှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ TNLAကအတည်ပြုဆိုထားပါတယ်။


နိုဝင်ဘာ၂ရက်မွန်းလွဲပိုင်း  (၂း၂၅)နာရီ အချိန် တပ်မဟာ()စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ/ မည့်သည်လက်နက်ကိုင်မှမရှိဘဲ၊ ကာလိုင်ကျေးရွာတွင် စစ်ကောင်စီတပ်သည်ဂျက်ဖိုက်တာဖြင့် ဗုံး()လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ()ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီးသေဆုံးသည့်အပြင်၊ နေအိမ် ()လုံးပျက်စီးပြီး ကာလိုင်စျေးလည်း  ထိမှန်ပျက်ဆီးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စကစတပ်ရဲ့ သံပြားကာကားများ၂ရက်ဆက်တိုက်မိုင်းထိ


နိုဝင်ဘာ၂ရက်

ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စကစတပ်ရဲ့ သံပြားကာကားများ၂ရက်ဆက်တိုက်မိုင်းထိခဲ့တယ်လို့ နိုဝင်ဘာ၂ရက်မှာ -စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုပါတယ်။


"စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့လေ့ကျင့်ရေး()မှ သံပြားကာကား ()စီးသည် နိုဝင်ဘာ၁ရက်နေ့ နံနက်()နာရီ(၅၀)မိနစ်အချိန်တွင် ရွှေဘိုမြို့မှ ရွှေဘို-မန္တလေးလမ်းအတိုင်း လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် လမ်းဘေးဝဲယာအား ရမ်းသမ်းပစ်ခတ်ပြီး တောင်ဘက်သို့ မောင်းနှင်လာရာလမ်းတစ်လျှောက်တွင် ဘုန်းဘွဲ့နှင့် စိုင်နိုင်လေးရွာကြားတွင် ပဒေသာမိုင်း()လုံးပွိုင့်()ပွိုင့်၊ စိုင်နိုင်လေးနှင့် စိုင်နိုင်ကြီးရွာကြားတွင် ပဒေသာမိုင်း()လုံးပွိုင့်()ပွိုင့် ပဒေသာမိုင်း()လုံးပွိုင့်()ပွိုင့်​​ဖြင့် မိုင်းဆွဲတိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီ သံပြားကာကားထိမှန်ကာ စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


ဆက်လက်၍ ရွှေဘိုမြို့လေ့ကျင့်ရေး()မှ သံပြားကာကား()စီးသည် ညနေ()နာရီ(၁၀)မိနစ်အချိန်တွင် ရွှေဘိုမြို့မှ ရွှေဘို-မန္တလေးလမ်းအတိုင်း တောင်ဘက်သို့မောင်းလာရာလမ်းတစ်လျှောက် စိုင်နိုင်လေးနှင့်စိုင်နိုင်ကြီးရွာကြားအရောက်တွင်  ပဒေသာမိုင်း ()လုံးပွိုင့်()ပွိုင့်၊ရှေ့ထွက်မိုင်း()လုံးပွိုင့်()ပွိုင့် တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသံပြားကာကားထိမှန်ကာ သံပြားကာကားဘေးကာပြုတ်ကျခဲ့တယ်လို့သိရပါတယ်။


နိုဝင်ဘာ၂ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာသို့ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ် သံပြားကာကား()စီးသည် ရွှေဘို-မန္တလေးလမ်းအတိုင်း ရွှေဘိုမြို့ဘက်သို့မောင်းနှင်လာရာလမ်းတစ်လျှောက် မောက်ကြိုးနှင့်သားနားကျေးရွာကြားအရောက် ပဒေသာမိုင်း(၁၂)လုံးပွိုင့်()ပွိုင့်၊ ()လုံးပွိုင့်()ပွိုင့်၊သားနားနှင့် စိုင်နိုင်ကွေ့ကြားတွင်ပဒေသာမိုင်း(၁၀)လုံးပွိုင့်()ပွိုင့်၊ ()လုံးပွိုင့်()ပွိုင့်ဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုများကို စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့အပါအဝင်မဟာမိတ်၁၅ဖွဲ့ကပူးပေါင်းခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment