4th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ရှိန်တွေမြှင့်ဖို့၊ တိုက်ပွဲအရှိန်တွေမြှင့်နိုင်ဖို့နဲ့ မဟာမိတ်ဆက်ဆံရေးတွေ အားကောင်းနိုင်ဖို့လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးသတင်းစကားပါး

📌 ၂။ စစ်အာဏာရှင် ချုပ်ငြိမ်းရေး နေရာတိုင်း၊ ဒေသတိုင်း၊ ပြည်သူတိုင်းကပါဝင်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

📌 ၃။ စစ်ပွဲအတွင်းရှောင်ရန်/ဆောင်ရန်အချက်များဖြင့် လမ်းညွှန်မှုပေးထားတဲ့ အချက်များကို NUGထုတ်ပြန်

📌 ၄။ တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီ၏ ခွန်ခါတပ်စခန်းကိုသိမ်းပိုက်ရရှိ

📌 ၅။ (၁၀၂၇) စစ်ဆင်ရေး()ရက်မြောက်တွင်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသ သာရွှေထန်ရွာအုပ်စု ချောက်ပါးကျိုင့်တပ်စခန်းများကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူခဲ့

📌 ၆။ ပခုက္ကူမြို့မှ မြိုင်မြို့ဘက်သို့ ထွက်ခွာလာခဲ့တဲ့ စကစယာဥ်တန်းအားပေပါမိုင်းများနှင့်တိုက်ခိုက်

📌 ၇။ မီးလောင်ချောင်း ကြာအင်းဆိပ်ကြီးမြို့ ဗျူဟာကုန်း ခမရ (၁၄၃) အားကာကွယ်ရေးတပ်များက  Missile (ဒုံးကျည်)၆လုံးပစ်ခတ်ရာ၄လုံး ရန်သူ့အနီး ကျရောက်ပေါက်ကွဲခဲ့

📌 ၈။ ဆိပ်ကြီးမြို့အတွင်းသို့ စကစလက်နက်ကြီးပစ်ခတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ဦး ထိခိုက်သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

📌 ၉။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်နယ်တွေမှာ နေရပ်စွန့်ခွာရသူ လူဦးရေနှစ်သောင်းကျော်ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ရှိန်တွေမြှင့်ဖို့၊ တိုက်ပွဲအရှိန်တွေမြှင့်နိုင်ဖို့နဲ့ မဟာမိတ်ဆက်ဆံရေးတွေ အားကောင်းနိုင်ဖို့လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးသတင်းစကားပါး


နိုဝင်ဘာလ ၃ရက်။

စစ်ရှိန်တွေမြှင့်ဖို့၊ တိုက်ပွဲအရှိန်တွေမြှင့်နိုင်ဖို့နဲ့ မဟာမိတ်ဆက်ဆံရေးတွေ အားကောင်းနိုင်ဖို့လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးရဲဘော်များသို့ သတင်းစကားပါးဆိုရာမှာ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ပြောကြားခဲ့ပါတယ်။

"ကာကွယ်ရေးဝန်ကြီးရော၊ ဌာနကရော ကျွန်တော်တို့ရောအားလုံးက ရဲဘော်တွေနဲ့အတူတူ မြေပြင်မှာရှိနေတယ်။ တာဝန်ယူရတဲ့နေရာမှာသာ ကွဲနေကြပေမယ့် ဒီတော်လှန်ရေးအောင်မြင်ဖို့အတွက် ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ဒီတော၊ ဒီတောင်၊ ဒီနေရာတွေမှာ စစ်ရှိန်တွေမြှင့်ဖို့၊ တိုက်ပွဲအရှိန်တွေမြှင့်နိုင်ဖို့၊ မဟာမိတ်ဆက်ဆံရေးတွေ အားကောင်းနိုင်ဖို့လုပ်ဆောင်နေတယ်။ ရဲဘော်တွေဘက်က ရွပ်ရွပ်ချွံချွံအောင်ပွဲရသည့်အထိတိုက်ဖို့လိုအပ်သလို ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ဝန်ကြီးတွေ၊ ဝန်ကြီးရုံးတွေထမ်းဆောင်ရမယ့်တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နေတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရှိန်မြှင့်ဖို့လုပ်ဆောင်နေလျက်ရှိပြီးတော့ သံတမာန်ရေးရာအရလည်း စကစကို ထိုးနှက်လျက်ရှိပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင် ချုပ်ငြိမ်းရေး နေရာတိုင်း၊ ဒေသတိုင်း၊ ပြည်သူတိုင်းကပါဝင်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း


နိုဝင်ဘာလ ၃ရက်။

စစ်အာဏာရှင် ချုပ်ငြိမ်းရေး နေရာတိုင်း၊ ဒေသတိုင်း၊ ပြည်သူတိုင်းက ပါဝင်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်ပါတယ်။

"မဟာမိတ်တပ်ပေါင်းစုကြီးတိုက်ပွဲဝင်နေပြီ။ လူထုတိုက်ပွဲနှင့်ပေါင်းစပ်ကြ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်။ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်း မိမိနိုင်ရာ၊ မိမိပိုင်ရာ၊ မိမိစွမ်းရာ လက်နက်နှင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး နေရာတိုင်း၊ ဒေသတိုင်း၊ ပြည်သူတိုင်းကပါဝင်ကြ"လို့ဆိုထားပါတယ်။

၂၀၂၁ခု နှစ်စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပြီး လက်ရှိ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်အဖြစ် စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပါတယ်။


========================


📌📌 ၃။ စစ်ပွဲအတွင်းရှောင်ရန်/ဆောင်ရန်အချက်များဖြင့် လမ်းညွှန်မှုပေးထားတဲ့ အချက်များကို NUGထုတ်ပြန်


နိုဝင်ဘာလ ၃ရက်။

စစ်ပွဲအတွင်းရှောင်ရန်/ဆောင်ရန်အချက်များဖြင့် လမ်းညွှန်မှုပေးထားတဲ့ အချက်များကို NUGက ထုတ်ပြန်လိုက်ပါတယ်။


နိုဝင်ဘာလ ၂ရက်မှာ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆိုရှယ်မီဒီယာမှတဆင့် ဖော်ပြလိုက်တာဖြစ်ပါတယ်။


၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ဘောင်ကျယ်လာသည်နှင့်အမျှ Guerrilla warfare ကနေ Urban warfare အဆင့်ဖြစ်သော မြို့သိမ်းတိုက်ပွဲအဆင့်ကို ရောက်လာတော့မည်ဖြစ်ပြီး စစ်ရဲ့သဘောသဘာဝအရ ပြည်သူတွေထိခိုက်မှုရှိလာနိုင်ပါတယ်လို့ဆိုပါတယ်။


ပြည်သူ့အစိုးရဖြစ်သော NUG အစိုးရအနေနဲ့ ပြည်သူများအသက်၊ အိုးအိမ်၊ စည်းစိမ်ထိခိုက်ပျက်စီးမှု(collateral damages)နည်းနိုင်သမျှနည်းအောင် မဟာဗျူဟာများချမှတ်ကျင့်သုံးလျှက်ရှိတယ်လို့ဆိုပါတယ်။


Collateral damages နည်းနိုင်သမျှနည်းအောင် ဖေါ်ဆောင်ရာတွင် အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးနှင့်ထောက်ပံ့ရေးတပ်ဖွဲ့တို့က" ပြည်သူ့အတွက်တောင်ပံများ"ဟူသော စစ်ပွဲအတွင်းရှောင်ရန်/ဆောင်ရန်အချက်များဖြင့် လမ်းညွှန်မှုပေးထားပြီး ဖေါ်ပြပါလမ်းညွှန်မှုများကိုလိုက်နာခြင်းဖြင့် မိမိတို့မိသားစုကိုအထိုက်အလျှောက်ကာကွယ်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။


အသေးစိတ်အချက်အလက်များကို အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။


========================


📌📌 ၄။ တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီ၏ ခွန်ခါတပ်စခန်းကိုသိမ်းပိုက်ရရှိ


နိုဝင်ဘာလ ၃ရက်။

တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီ၏ ခွန်ခါတပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာ၃ရက်မှာ PSLF/TNLAကစစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။


" ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီ၏ ခွန်ခါတပ်စခန်းကို နိုဝင်ဘာလ ၃ရက်နေ့ နံနက်ပိုင်း (၄း၀၀)နာရီအချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA မှ သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအတွင်း စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရခဲ့မိပါတယ်။


အလားတူတပ်မဟာ()စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းတွင် စစ်ကောင်စီတပ်မှ ထောက်ပို့လေယာဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း  တအာင်းတပ်မတော် PSLF/TNLA မှ ခဲယမ်း ()သေတ္တာ ပစ်ခတ်ဖြတ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ (၁၀၂၇) စစ်ဆင်ရေး()ရက်မြောက်တွင်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသ သာရွှေထန်ရွာအုပ်စု ချောက်ပါးကျိုင့်တပ်စခန်းများကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူခဲ့


နိုဝင်ဘာလ ၃ရက်။

(၁၀၂၇) စစ်ဆင်ရေး()ရက်မြောက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသ သာရွှေထန်ရွာအုပ်စု ချောက်ပါးကျိုင့်တပ်စခန်းများကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာ() ရက်နေ့ နံနက် ()နာရီခန့်တွင် ကိုးကန့်(MNDAA)သည် ကိုးကန့်ခရိုင်၊ ချောက်ပါးကျိုင့်နေရာရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်း ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၈း၃၀)နာရီခန့်တွင် အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါတယ်။


ထို့ပြင် ကိုးကန့် (MNDAA) သည် ကိုးကန့်ခရိုင်ရှိ ဝမ့်နင်ကျွမ် ရှီမိန်ခိုင်နှင့် ကျန်ကြားလယ်ကွင်းတပ်စခန်း()ခု ကို နံနက် (၇း၃၃)နာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး ()နာရီအချိန်တွင်  အပြီးပြတ် သိမ်းယူနိုင်ခဲ့ပါတယ်။


နိုဝင်ဘာလ( ) ရက်နေ့ (၁၂း၂၂)နာရီတွင် မူပန်(သိန္နီ)ခရိုင်၊ မေဟန်ကျေးရွာအနီးရှိ စစ်‌ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ကိုးကန့်(MNDAA )မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


လက်ရှိအချိန်အထိ MNDAA မှ  စစ်ကောင်စီ၏ အကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း (၉၇) ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ပခုက္ကူမြို့မှ မြိုင်မြို့ဘက်သို့ ထွက်ခွာလာခဲ့တဲ့ စကစယာဥ်တန်းအားပေပါမိုင်းများနှင့်တိုက်ခိုက်


နိုဝင်ဘာလ ၃ရက်။

ပခုက္ကူမြို့မှ မြိုင်မြို့ဘက်သို့ ထွက်ခွာလာခဲ့တဲ့ စကစယာဥ်တန်းအားပေပါမိုင်းများနှင့်တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ၃ရက်မှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။


နိုဝင်ဘာလ () ရက်နေ့၊ ၁၀ နာရီခန့်တွင် အင်အား (၁၀၀) ဝန်းကျင်ပါသည့်  ခွေးကား() စီးသည် ပခုက္ကူမြို့မှ မြိုင်မြို့ဘက်သို့ ထွက်ခွာလာခဲ့ပြီး အဆိုပါ စကစကားတန်းအား ကျောက်ဆောက်ကျေးရွာနှင့် ထန်ငယ်တောရွာကြားတွင် ဗိုလ်မြွေဆိုးအဖွဲ့မှ (၁၂)နာရီ မိနစ် (၄၀) ခန့်၌ ပဒေသာအတွဲ()ပွိုင့်၊ ပေပါမိုင်း.()ပွိုင့် ဖြင့်လည်းကောင်း၊ နလုံးလှလူမိုက်အဖွဲ့မှ ပဒေသာအတွဲ()ပွိုင့်၊ Mဒေါင်းနီးအဖွဲ့မှ ပေပါမိုင်း.()ပွိုင့် တို့ဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုစစ်ကြောင်းသည် အထိနာကာ စီလောင် ကျေးရွာသို့ ဝင်ရောက်ပြီး နေအိမ် လုံးမီးရှို့ပြီး အသက် ၇၀ကျော် အမေအိုတစ်ယောက်အား မီးရှို့ သတ်ဖြတ်သွားခဲ့ပါတယ်။


 စကစများအထိနာသွားသည်ဟု သိရှိရပြီး မြိုင် မြို့မ ဆေးရုံထဲသို့ စကစလူနာများ လာရောက် ပို့ဆောင်သွားခဲ့ပါတယ်။


========================


📌📌 ၇။ မီးလောင်ချောင်း ကြာအင်းဆိပ်ကြီးမြို့ ဗျူဟာကုန်း ခမရ (၁၄၃) အားကာကွယ်ရေးတပ်များက  Missile (ဒုံးကျည်)၆လုံးပစ်ခတ်ရာ၄လုံး ရန်သူ့အနီး ကျရောက်ပေါက်ကွဲခဲ့


နိုဝင်ဘာလ ၃ရက်။

နိုဝင်ဘာလ ရက်နေ့၊ မနက်၇နာရီမှစ၍ ကရင်ပြည်နယ် မီးလောင်ချောင်း ကြာအင်းဆိပ်ကြီးမြို့ ဗျူဟာကုန်း ခမရ (၁၄၃) အား ကာကွယ်ရေးတပ်များက  Missile (ဒုံးကျည်)၆လုံး ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့တယ်လို့ saw dragon drone forceကအတည်ပြုပါတယ်။


စစ်ဆင်ရေးတွင် SDDFတပ်ဖွဲ့မှ missile (ဒုံးကျည်)၆လုံးပစ်ကာ ၄လုံး ရန်သူ့အနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


ရန်သူ့ဘက်မှ လက်နက်ကြီးများ၊ MI 35 ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်မှုရှိခြင်းကြောင့် တော်လှန်ရေးအင်အားစုဘက်မှ အထိအခိုက်အကျဆုံးများလည်းရှိခဲ့ပါတယ်။


ရန်သူ့အထိအခိုက်အကျဆုံးစာရင်းအားစုံစမ်းလျက်ရှိပြီး မကြာခင်ထုတ်ပြန်မယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ဆိပ်ကြီးမြို့အတွင်းသို့ စကစလက်နက်ကြီးပစ်ခတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ဦး ထိခိုက်သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့


နိုဝင်ဘာလ ၃ရက်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များသည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။


တုံ့ပြန်တိုက်ခိုက်သည့်အနေဖြင့် စစ်ကောင်စီတပ်သားများသည် ဆိပ်ကြီးမြို့အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့ပါတယ်။


 စစ်ကောင်စီတပ်သားများ၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အရပ်သား ဦး ထိခိုက်သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာတိုက်ခိုက်မှုများကြောင့် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။


========================


📌📌 ၉။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်နယ်တွေမှာ နေရပ်စွန့်ခွာရသူ လူဦးရေနှစ်သောင်းကျော်ရှိလာ


နိုဝင်ဘာလ ၃ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်နယ်တွေမှာ နေရပ်စွန့်ခွာရသူ လူဦးရေနှစ်သောင်းကျော်ရှိလာတယ်လို့ UN OCHA Myanmarကအသိပေးထုတ်ပြန်ပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လတ်တလော ပြင်းထန်လာတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကနဦးအစီရင်ခံစာအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်နယ်တွေမှာ နေရပ်စွန့်ခွာရသူ ၂၆,၀၀၀ နီးပါး ရှိလာပြီ ဖြစ်တယ်လို့ဆိုပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့နယ် ၂၂မြို့နယ်ရှိသည့်အနက် မြို့နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာရသူအသစ်တွေ တိုးပွားလာပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့အစီရင်ခံစာကဆိုပါတယ်။


ထို့အတူကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းရှိ မြို့နယ် ၃မြို့နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment