6th NOV 2023 - Evening Daily News by Radio NUG



၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမှတ်() စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့်  ကောလင်းမြို့ သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားရရှိ 

📌 ၂။ ကောလင်းမြို့နယ်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကို တော်လှန်ရေးအဖွဲ့များ ကယ်ထုတ်နိုင်ခဲ့

📌 ၃။ ဆွီဒင် နိုင်ငံ ယထောဘောရီ မြို့ မှာ ကျင်းပခဲ့ တဲ့ မြန်မာလူမှုအသိုင်းအဝန်းနဲ့ တွေ့ဆုံပွဲမှာ NUGဝန်ကြီးများတက်ရောက်

📌 ၄။ ကနေဒါနိူင်ငံ Vancouver မြို့က မြန်မာနွယ်ဖွား ပြည်ထောင်စုသားများနဲ့ တွေ့ဆုံပွဲတွင် နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ လူ့အခွင့်ရေးဝန်ကြီး ရှင်းလင်းဖြေကြား

📌 ၅။ တရုတ်နိူင်ငံသာ စစ်ရေးအရကူညီခဲ့ပါက နေပြည်တော်ကိုသိမ်းပစ်လိုက်မယ်လို့ AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိူင်ပြောကြား

📌 ၆။ မုံရွာ- မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး စိန်းပြောင်းအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရှရှိ

📌 ၇။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဘေးဧရိယာရှိ နွေဦးလက်ဖက်ရည်ဝိုင်းမှ နိူဝင်ဘာလအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅,၄၀၀ ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမှတ်() စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့်  ကောလင်းမြို့ သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားရရှိ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (စစ်ရုံးချုပ်) ၏ကနဦး စစ်ရေးသတင်း ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် အမှတ်() စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊ ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့သည်။ 


ကောလင်းမြို့ရှိ ရန်သူ့တပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဖေါ်ပြထားပါတယ်။


ယမန်နေ့ညနေထိ လက်နက် မျိုးစုံ (၅၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားပါမည်။ 


========================


📌📌 ၂။ ကောလင်းမြို့နယ်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကို တော်လှန်ရေးအဖွဲ့များ ကယ်ထုတ်နိုင်ခဲ့


စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ စစ်ကောင်စီစခန်းတွေနဲ့ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တပြိုင်တည်း တိုက်ခိုက်ခဲ့ရမှာ "မိမိတို့ ရဲဘော်များက ကောလင်းရစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီ။ နိုင်ငံရေးအကျဉ်းသားများအား မိမိတို့ရဲဘော် များက အန္တရာယ်ကင်းစွာခေါ်ထုတ်နိုင်ခဲ့ပြီး လုံခြု့သောနေရာမှာထားရှိကြောင်းနဲ့ မြို့ထဲ၌ကျန်ရှိနေသော မိဘပြည်သူ များအား တတ်နိုင်သမျှခေါ်ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးလိုက်ရပါသည်ခင်ဗျ" လို့ Kawlin Revolution ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ကောလင်းမြို့နယ်ရဲစခန်းကို တော်လှန်ရေးအဖွဲ့များကတိုက်ခိုက်ခဲ့တဲ့ နိုဝင်ဘာလ ရက်နဲ့ ရက်နေ့တွေမှာ အကြမ်း ဖက်စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ကူတွေအသုံးပြုခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ နောက်မဆုတ်ဘဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။


နိုဝင်ဘာ ရက်နဲ့ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂ဝ ကျော်လုပ်ခဲ့ပြီး ဝန်းသိုရှိ စစ်ကောင်စီ တပ်ကလည်း ဟောင်ဝစ်ဇာဖြင့် ကြိမ် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုးများရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ဦး ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူ ၅ဝဝဝ ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ Kawlin Info ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ဆွီဒင် နိုင်ငံ ယထောဘောရီ မြို့ မှာ ကျင်းပခဲ့ တဲ့ မြန်မာလူမှုအသိုင်းအဝန်းနဲ့ တွေ့ဆုံပွဲမှာ NUGဝန်ကြီးများတက်ရောက်


ဆွီဒင် နိုင်ငံ ယထောဘောရီ မြို့ မှာ  ကျင်းပခဲ့ တဲ့ မြန်မာလူမှုအသိုင်းအဝန်းနဲ့ တွေ့ဆုံပွဲမှာ NUGဝန်ကြီးများတက်ရောက်ခဲ့တယ်လို့ နိူဝင်ဘာ၅ရက်မှာ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကအသိပေးဆိုပါတယ်။


"ဆွီဒင် နိုင်ငံ ယထောဘောရီ မြို့ မှာ မနေ့က ကျင်းပခဲ့ တဲ့ မြန်မာလူမှုအသိုင်းအဝန်းနဲ့ တွေ့ဆုံပွဲ မှာ The way ရုပ်ရှင် ကိုလည်း အတူတကွကြည့်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


လူထုတွေ့ဆုံဆွေးနွေးပွဲ မှာလူအများ မေးတဲ့ မေးခွန်း တွေကို နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပွင့်ပွင့်လင်းလင်းဖြေကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


"ဒဲ့တိုး မေးတာများသလို ဖြေကြားပေးတဲ့ နိုင်ငံခြားရေးဝန်ကြီး အမ ဇင်မာအောင် ကလည်း ဒဲ့ပဲ ဖြေကြားပေးလို့ အားရဝမ်းသာ ရပါတယ်"လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုထားပါတယ်။


========================


📌📌 ၄။ ကနေဒါနိူင်ငံ Vancouver မြို့က မြန်မာနွယ်ဖွား ပြည်ထောင်စုသားများနဲ့ တွေ့ဆုံပွဲတွင် နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ လူ့အခွင့်ရေးဝန်ကြီး ရှင်းလင်းဖြေကြား


နိူဝင်ဘာ၆ရက်


ကနေဒါနိူင်ငံ Vancouver မြို့က မြန်မာနွယ်ဖွား ပြည်ထောင်စုသားများနဲ့ တွေ့ဆုံပွဲတွင် နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကရှင်းလင်းဖြေကြားခဲ့ပါတယ်။


"Vancouver မြို့က မိသားစုများနဲ့ တွေ့ဆုံမှုသိချင်တာတွေဖြေ အကြံပြုတာတွေ နားထောင်ပြီးအင်အားစုတွေ စုံစုံညီညီ စုဆုံတဲ့ပွဲ၊ခွန်အားတွေ ဖြည့်ကြတဲ့ပွဲ၊လက်ချင်းပိုမိုဆုပ်ကိုင်မိတဲ့ပွဲ"လို့ဝန်ကြီးကဆိုပါတယ်။


NUGအစိုးရကိုယ်စားပြု၍ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး အပါအဝင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ဟာ ကနေဒါနိူင်ငံကိုအလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေခြင်းဖြစ်ပါတယ်။


ဒါ့အပြင် ကနေဒါနိူင်ငံ Vancouverမြို့က The way movie show ပွဲသို့လည်း NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှ တက်ရောက်ခဲ့ပါတယ်။


"Vancouverမြို့က The way movie show မှာ ချစ်ခင်လေးစားရတဲ့ တော်လှန်အနုပညာရှင်များနဲ့ တော်လှန်ရေးအင်အားစုများကို လေးစားစွာ စကားပြောကြားခဲ့ပါတယ်။ကားထဲမှာ Chit Thu Wai က ဘာသာမတူလူမျိုးမတူပေမယ့် မေတ္တာထားကြမယ်တဲ့။ ဒီစကားလေးလိုဘဲ ဘာသာမတူ လူမျိုးမတူကြပေမယ့် အာဏာရှင်ကို ရောက်တဲ့နေရာက တွန်းလှန်ချင်တဲ့စိတ်ဓါတ်တူကြဖိုဘဲ လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


The wayရုပ်ရှင်ဇာတ်ကားဟာ နိူင်ငံတကာမှာလက်ရှိအချိန်အထိပြသအောင်မြင်လျက်ရှိပါတယ်။


========================


📌📌 ၅။ တရုတ်နိူင်ငံသာ စစ်ရေးအရကူညီခဲ့ပါက နေပြည်တော်ကိုသိမ်းပစ်လိုက်မယ်လို့ AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိူင်ပြောကြား


နိူဝင်ဘာ၆ရက်


တရုတ်နိူင်ငံသာ စစ်ရေးအရကူညီခဲ့ပါက နေပြည်တော်ကိုသိမ်းပစ်လိုက်မယ်လို့ AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိူင်မှ နိူဝင်ဘာလအတွင်း CCNချန်နယ်နဲ့မေးမြန်းခန်းမှာ ၄င်းကဆိုခဲ့ပါတယ်။


"တရုတ်ကသာကျနော်တို့ကိုကူညီခဲ့မယ်ဆိုရင်နေပြည်တော်တောင် သိမ်းပစ်လိုက်ပြီဗျ။ ကျနော် ကတော့ဒါမျိုးရရင်ဝင်ပြီးတိုက်ပစ်လိုက်မှာပဲ။သိမ်းပစ်လိုက်ပြီးမှ မြန်မာနိူင်ငံမှာ အဖိနှိပ်ခံလူတွေနဲ့တိုင်းရင်းသားတွေ လွတ်မြောက်အောင်ကျနော်ကြိုးစားသွားမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ တရုတ်နိူင်ငံရဲ့အကူအညီအနေနဲ့ ၁၀၂၇စစ်ဆင်ရေးအား ကျည်ဆံတစ်တောင့်ပင်အကူအညီ မရဖူးသေးကြောင်းကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိူင်ကဆိုပါတယ်။


ရက္ခိုင့်တပ်တော် (AA) သည် ညီနောင်မဟာမိတ်များနှင့် မဟာမိတ်နယ်မြေများရှိ ရက္ခိုင့်တပ်တော် စစ်ကြောင်း လှုပ်ရှားရာ နယ်မြေများတွင် ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိကာ လက်ရှိအချိန်တွင် ရက္ခိုင်ဒေသအတွင်း၌ လောလောဆယ် တိုက်ပွဲများမဖြစ်ပွားသေးသော်လည်း ရန်သူ့စစ်ရေး လှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ကို တွေ့ရှိနေရပါတယ်။


========================


📌📌 ၆။ မုံရွာ- မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး စိန်းပြောင်းအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရှရှိ


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့တာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးပြီး စိန်ပြောင်းအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အမှတ် ၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်က ဗိုလ်ကြီးတဦးအပါအဝင် ရဲ၊စစ်သားနဲ့ ကန့်ဘလူနယ်က ပျူစောထီးတွေ ပါတဲ့ စုစုပေါင်း အင်အား ၃၅ ဦးရှိတဲ့ မြပုလဲစစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ နိုဝင်ဘာ   ရက်နေ့ မနက် နာရီကျော်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။


စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး၏ ရုပ်အလောင်းများနှင့်အတူ ၆ဝ မမ ကွန်မန်ဒို စိန်ပြောင်းတလက်နှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ် လို့ သိရပါတယ်။ 


အဲဒီတိုက်ပွဲမှာ မုံရွာခရိုင် တပ်ရင်း က ရဲဘော် ဦး၊ချောင်းဦးမြို့နယ် ပကဖ (CHUPDF) မှ ရဲဘော် ဦးနဲ့ ဆေးတပ်ဖွဲ့က ရဲဘော်တဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ 


အဲဒီမြပုလဲစစ်ကောင်စီစခန်းကို မုံရွာခရိုင် အမှတ် တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖ (CHUPDF) KG (II) Immortal Guerill Force (IGF-Monywa) မုံရွာခရိုင်ဒရုန်းအဖွဲ့၊မြင်းခြံခရိုင်ဒရုန်းအဖွဲ့၊ BGF Peace Takers Tast Force (PTTF) တို့က အင်အား ၈ဝ ခန့်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


========================


📌📌 ၇။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဘေးဧရိယာရှိ နွေဦးလက်ဖက်ရည်ဝိုင်းမှ နိူဝင်ဘာလအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅,၄၀၀ ရရှိ


နိူဝင်ဘာ၆ရက်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဘေးဧရိယာရှိ နွေဦးလက်ဖက်ရည်ဝိုင်းမှ နိူဝင်ဘာလအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ၁၅၄၀၀ ရရှိခဲ့တယ်လို့ နိူဝင်ဘာ၆ရက်မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကတရားဝင် သတင်းထုတ်ပြန်ပါတယ်။


"လက်ရှိ မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအပေါ် ဂုဏ်ယူဝမ်းသာကြသလို စစ်ကိုင်း မကွေးရှိ တိုက်ပွဲဝင် ပီဒီအက်ဖ်များ၏ တိုးမြှင့် တိုက်ပွဲဖော်ဆောင်လာမှုများအတွက် ကြိုးစားပြီး ထောက်ပို့လျက်ရှိတယ်"လို့ အလှူရှင်များ ကလည်း ပြောကြားလိုက်ပါတယ်။


နိူဝင်ဘာလမှာ အစားအစာ၆၃မျိုးကိုအောင်မြင်စွာရောင်းချနိူင်ခဲ့ပြီး စျေးရောင်းရငွေနဲ့အလှူငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ၁၅၄၀၀ကို ရရှိခဲ့တာဖြစ်ပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လစဥ်မပြတ် အစားအသောက်များချက်ပြုတ်ရောင်းချကာ ရှာဖွေပေးနေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment