7th NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေး လာမဲ့လှိုင်းတွေအတွက် ပါဝင်ကူညီကြဖို့ ပညာရေး ဒုဝန်ကြီးပြော

📌 ၂။ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သွားရောက်ပြီး နေရပ်ပြန်လာအောင် ဆွဲဆောင်မှုများလုပ်ဆောင်နေ

📌 ၃။ ကောလင်းမြို့ကို NUG အစိုးရက အပြည့်အဝထိန်းချုပ်ထားပြီး စစ်ဘေးရှောင် ငါးသောင်းခန့်အား  မြို့နယ်ပအဖမှ ထိန်းသိမ်းစောင့်ရှောက်ထား

📌 ၄။ ရေဦးမြို့တွင် Sagaing Federal Wings နှင့် ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှုတွင် သံချပ်ကာတစီးကို ပျက်စီးစေခဲ့

📌 ၅။ နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုစခန်းချနေသော စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့အား PSLF/TNLA က အပြီးသတ်ရှင်းလင်း

📌 ၆။ မုံကိုးဒေသက ပြည်သူများကို ကိုးကန့် MNDAA က ဆန်နှင့် ဆီများ ထောက်ပံ့

📌 ၇။ ငွေကြေးတတ်နိုင်တဲ့ လူပုဂ္ဂိုလ်များအနေနဲ့  EOD အစီအစဉ်တွေကို များများ အားပေး ဝယ်ယူကြဖို့ ဒေါက်တာတေဇာဆန်း တိုက်တွန်း

📌 ၈။ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်ကောင်စီသင်္ဘော () စင်း သိမ်းဆည်းရရှိ

📌 ၉။ ရွှေဘိုမြို့က စက်သုံးဆီဆိုင် () ဆိုင်ကို ဓားပြတိုက်ခဲ့သော ပျူစောထီးများကို PDF များ ဖမ်းဆီး

📌 ၁၀။ မတူပီ-ဟားခါးလမ်းတွင် အင်အား (၆၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ

📌 ၁၁။ SDB Token တခုကို 0.001 USD နဲ့ ရောင်းချပေးမယ်

📌 ၁၂။ ထိုင်းနဲ့ မြန်မာ နယ်စပ် သောင်ရင်းမြစ်ကို ကူးဖြတ်လာခဲ့ရတဲ့ အနုပညာရှင်များရဲ့ဖျော်ဖြေပွဲကို အွန်လိုင်းမှ ကျင်းပသွားမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေး လာမဲ့လှိုင်းတွေအတွက် ပါဝင်ကူညီကြဖို့ ပညာရေး ဒုဝန်ကြီးပြော


နိုဝင်ဘာလ () ရက်နေ့မှာ အမျိုသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဂျာထွယ်ပန်က ဆိုရှယ်မီဒီယာကတစ်ဆင့် အခုလိုပြောပါတယ်။

"မဖြစ်နိုင်ဘူး၊ မစွမ်းနိုင်လောက်ဘူး၊ မနိုင်နိုင်ဘူးလို့ ထင်နေတုန်းပဲလား။ ဆက်လက်ပြီး အောင်ပွဲတွေအတူရယူဖို့ အချိန်ရှိသေးတယ်။ အမြန်နိုးထပြီး လာမဲ့လှိုင်းတွေအတွက် ပါဝင်ကူညီကြပါ" လို့ သူမက ဆိုပါတယ်။

အမှတ် () စစ်ဒေသ၊ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၏မြို့တော် ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သွားရောက်ပြီး နေရပ်ပြန်လာအောင် ဆွဲဆောင်မှုများလုပ်ဆောင်နေ


ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သွားရောက်ကာ စစ်ကောင်စီအစီအစဉ်နဲ့ နေရပ်ပြန်လာအောင် ဆွဲဆောင်မှုများလုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက နိုဝင်ဘာ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

"အကြမ်းဖက်စစ်တပ်ကနေ ရိုဟင်ဂျာတွေကို သတ်ဖြတ်၊ ဖမ်းဆီး၊ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ဖိအားပေး မောင်းထုတ်ခဲ့လို့ မွေးရပ်ဇာတိမြေကို စွန့်ခွာထွက်ပြေးပြီး တဖက်နိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်နေကြရတဲ့ ဒုက္ခသည်ရိုဟင်ဂျာတွေကို မူလနေထိုင်ရာ နေရာဒေသမှာ ပြန်လည်နေရာချထားပေးဖို့က လုပ်ကို လုပ်ရမယ့် ကိစ္စပါ။ ဒါပေမယ့် အကြမ်းဖက်စစ်တပ်က တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကို ခုတုံးလုပ်ပြီး နိုင်ငံရေးအရ အကျိုးအမြတ်ရှာနေတယ်ဆိုတာ အားလုံးလည်း သိနေမြင်နေပါတယ်။ ဒုက္ခသည် ရိုဟင်ဂျာတွေရှိတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လတ်တလော ခပ်စိပ်စိပ်လာနေတယ်။ မက်လုံးတချို့ပေးပြီး စစ်ကောင်စီအစီအစဉ်နဲ့ နေရပ်ပြန်လာအောင် ဆွဲဆောင်နေတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။

၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က နယ်မြေရှင်းလင်းပစ်ခတ်ခဲ့၍ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ ရိုဟင်ဂျာ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြရပါတယ်။

"ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဗမာ (မြန်မာ) စကားတတ်ကျွမ်းသူတွေ သိန်းနဲ့ချီရှိနေတယ်။ ထောင်နဲ့သောင်းနဲ့ချီရှိနေတဲ့ ရိုဟင်ဂျာကျောင်းသားလူငယ်တွေရှိတယ်။ ကျောင်းဆရာ/ဆရာမတွေ ရှိနေတယ်။ 'ပညာတတ်ရိုဟင်ဂျာလူငယ်တွေ ရှေ့ထွက်ဦးဆောင်ပါ။' မိခင်ဘာသာစကားပြောတာ ကောင်းပေမယ့် အကြမ်းဖက်စစ်တပ်နဲ့ ပြောဆိုမှုတွေကို မြန်မာပြည်တဝှမ်းက ပြည်သူတွေအနေနဲ့လည်း တိုက်ရိုက်နားလည်နိုင်ဖို့ရာ ဗမာ (မြန်မာ) စကားနဲ့ ပြောဆိုဖို့လိုတယ်။ ရှေ့ရှည်တည်တံ့ခိုင်မြဲမှုမရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မက်လုံးတွေအကြောင်းကို ဒုက္ခသည်ရိုဟင်ဂျာပြည်သူတွေကို သိနားလည်အောင် ရှင်းပြပြောဆိုဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်" လို့ ဒုဝန်ကြီးက ထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၃။ ကောလင်းမြို့ကို NUG အစိုးရက အပြည့်အဝထိန်းချုပ်ထားပြီး စစ်ဘေးရှောင် ငါးသောင်းခန့်အား  မြို့နယ်ပအဖမှ ထိန်းသိမ်းစောင့်ရှောက်ထား


ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အပြည့်အဝထိန်းချုပ်ထားပြီး စစ်ဘေးရှောင် ငါးသောင်းခန့်အား  မြို့နယ်ပအဖအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ နိုဝင်ဘာလ () ရက်နေ့မှာ လတ်တလောအခြေအနေများနှင့် ပတ်သက်ပြီး ကောလင်း KR-Teams ကအတည်ပြုဆိုပါတယ်။

"နိုဝင်ဘာ () ရက်၊ ကောလင်းမြို့အား NUG အစိုးရမှ အပြည့်အဝ ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီး မြို့အား လတ်တလောစစ်ရေးအခြေအနေ၊ လေကြောင်းအန္တရာယ်အရ ပြည်သူများအား မြို့တွင်းသို့ ပြန်လည်နေထိုင်ခွင့်မပြုသေးပဲ မြို့နယ်အတွင်းရှိ ပအဖနှင့် ကာကွယ်ရေးတပ်များမှ စောင့်ရှောက်ထားပါတယ်။ စစ်ရှောင် ငါးသောင်းခန့်အား မြို့နယ်ပအဖအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်နေရပြီး ဆက်သွယ်ရေး လမ်းပိတ်ဆို့မှုကြောင့် စားသုံးဆီ စက်သုံးဆီ၊ ဆေးဝါး နှင့် ခြုံစောင်များ အခြေခံစားသောက်ကုန်များ လိုအပ်နေတယ်" လို့ ဆိုပါတယ်။

လက်ရှိတွင် ကောလင်းမြို့တွင်းမှ ပြည်သူ အကုန်နီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ဝန်းသို ၁၂၀ တပ်ရင်းမှ ပစ်သော ဟောင်ဝှစ်ဇာ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် ပြည်သူ အနည်းဆုံး (၁၀) ဦးခန့် ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ရေဦးမြို့တွင် Sagaing Federal Wings နှင့် ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှုတွင် သံချပ်ကာတစီးကို ပျက်စီးစေခဲ့


စစ်ဒေသ () ရဲ့ တောင်းဆိုမှုနှင့်အတူ Sagaing Federal Wings အဖွဲ့ဟာ စစ်ကိုင်းခရိုင်တွင်းမှ ထွက်ခွါလာပြီး ရေဦးနှင့် ကန့်ဘလူနယ်များတွင် တိုက်ပွဲများ စတင်ဖော်ဆောင်နေပြီလို့  သတင်းရင်းမြစ်တဦးထံမှ သိရပါတယ်။ 

နိုဝင်ဘာလ () ရက်နေ့တွင် ကောလင်းမြို့ကို စစ်ကောင်စီထံမှ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့ပြီးနောက် ကောလင်းကို အကာအကွယ်ပေးနိုင်ရေးတွက် ခုလိုလက်ဦးမှု ရယူတိုက်ခိုက်နိုင်ရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

ရွှေဘိုခရိုင်၊ ရေဦးမြို့အတွင်း တိုင်းရင်းဆေးရုံ၌ လက်နက်ကြီးများနှင့် ခဲယမ်းမျိုးစုံ သံချပ်ကာကားများ သိုလှောင်သိမ်းဆည်းကာ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီအုပ်စုအား မနေ့က နိုဝင်ဘာလ () ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၄ မိနစ်အချိန်မှ စတင်၍ ဒရုန်းအကြီး () စင်း၊ fixed wing ဒရုန်း () စင်းဖြင့် ဗုံးသီး (၁၂) လုံး ကြဲချတိုက်ခိုက်နိုင်ခဲ့ပါသည်။ 

အဆိုပါ တိုက်ခိုက်မှုသည် လက်နက်များ သိုလှောင်ရာနေရာ၊ စခအကောင်ကြီးများရှိနေရာ အဆောက်အအုံ၊ သံချပ်ကာကားများ ထားရာနေရာ၊ 120 MM လက်နက်ကြီးရှိရာနေရာ နှင့် အရေးပါသော အဆောက်အဦးများအပေါ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

ထိုတိုက်ခိုက်မှုကို Sagaing Federal Wings စစ်ကိုင်းခရိုင်အမှတ် () တပ်ရင်း (MRA) GTR (MMU) ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်းနှင့် ရေဦး PDFတို့မှ ပူးပေါင်းဆင်နွှဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အသုံးပြုခဲ့သော ဒရုန်းဗုံးသီးများ အားလုံးကို ထုတ်လုပ်ရေးစခန်း SDP2 မှ ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။ 

ထိုသို့ လက်ဦးမှုယူပြီး နေရာကောင်းများကို အတိအကျတိုက်ခိုက်နိုင်မှုကြောင့် စစ်ကောင်စီတပ်မှ စခ () ဦး သေဆုံးပြီး (၁၄) ဦး ဒဏ်ရာရကာ သံချပ်ကာကား တစ်စီး နှင့် ၁၂၀ မမ လက်နက်ကြီးလည်း လုံးဝပျက်စီးသွားကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၅။ နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုစခန်းချနေသော စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့အား PSLF/TNLA က အပြီးသတ်ရှင်းလင်း


နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုစခန်းချနေသော စစ်ကောင်စီ - ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့အား ယနေ့ နံနက်ပိုင်း (၅း၄၅) အချိန်တွင် အပြီးသတ်ရှင်းလင်းခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က နိုဝင်ဘာလ () ရက်နေ့မှာ စစ်ရေးသတင်းကို အသိပေးထုတ်ပြန်ပါတယ်။

"တအာင်းပြည်နယ်၊ တပ်မဟာ () စစ်ဒေသ၊ နမ့်ခမ်းမြို့တွင် နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုစခန်းချနေသော စစ်ကောင်စီ + .. ပူးပေါင်းတပ်ဖွဲ့တို့အား တအာင်းတပ်မတော် PSLF/TNLA က ယမန်နေ့ညမှ စတင်တိုက်ခိုက်ကာ ယနေ့ နံနက်ပိုင်း (၅း၄၅)နာရီ အချိန်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပါတယ်" လို့ ဆိုထားပါတယ်။

အဆိုပါ တိုက်ခိုက်ခဲ့ရာမှာ ပစ္စတိုသေနတ် တလက်အပါအဝင် လက်နက်မျိုးစုံ ၂၈ လက်နဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။ 

စစ်ဆင်ရေး ၁ဝ၂၇ တွင် ပါဝင်နေသော TNLA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ နမ်းခမ်း မြို့မရဲစခန်း၊ မန်တုံမြို့မရဲစခန်းနှင့် နမ့်ခမ်းမြို့နယ်တရားရုံးတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး ဖြစ်ပါတယ်။


========================


📌📌 ၆။ မုံကိုးဒေသက ပြည်သူများကို ကိုးကန့် MNDAA က ဆန်နှင့် ဆီများ ထောက်ပံ့


ကိုးကန့် အထူးဒေသ () မုံးကိုးဒေသက ပြည်သူတွေကို ဆန်နှင့် ဆီများ ထောက်ပံ့ပေးထားတယ်လို့ ကိုးကန့် MNDAA ထံကနေ သိရပါတယ်။

MNDAA အနေနဲ့ ၁ဝ၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်စခန်း တစ်ရာကျော် သိမ်းယူနိုင်ခဲ့ရာတွင် အထူးဒေသ () မုံးကိုးခရိုင်၊ မုံးကိုးဒေသ၊ ဖောင်ဆိုင်ကျေးရွာအုပ်စုမှာရှိတဲ့ ဖောင်းဆိုင်၊ ရှိကျိကျ တောင်တန်းနဲ့ မန်ယန်ပေါက်ပေါက် စတဲ့ဒေသတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီဒေသတွေက ပြည်သူတွေ နေရပ်ပြန်လာပြီး နေထိုင်နေကြပြီဖြစ်တဲ့အတွက် ဒေသခံတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာ မဝယ်နိုင်သေးတဲ့အတွက် ၎င်းတို့ရဲ့စားသောက်နေထိုင်ရေး အဆင်ပြေစေဖို့ တစ်အိမ်ထောင်လျှင် ဆန် တစ်အိတ်နဲ့ ဆီ ပေါင်စီ ထုတ်ဝေပေးထားတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။ 

ဖောင်းဆိုင်ကျေးရွာအုပ်စုကို ကိုးကန့် MNDAA က ပြန်လည်သိမ်းယူထားပြီးဖြစ်တဲ့အတွက် အဝေးရောက်နေသူတွေ ပြန်လာနိုင်ပြီဖြစ်ကြောင်းနဲ့ စားသောက်နေထိုင်ရေးအတွက် အခက်အခဲရှိပါက ဒေသအုပ်ချုပ်ရေးအဖွဲ့ထံမှာ အကူအညီ တောင်းခံနိုင်တယ်လို့လည်း မုံးကိုးဒေသ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ 

ဒေသအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည်းဆည်းပေးသွားမယ်လို့ ဆိုထားပါတယ်။

မိမိတို့ဒေသကို ပြန်လည်လာရောက်နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အိမ်တိုင်းအိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားဖို့လည်း MNDAA က တိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ ငွေကြေးတတ်နိုင်တဲ့ လူပုဂ္ဂိုလ်များအနေနဲ့  EOD အစီအစဉ်တွေကို များများ အားပေး ဝယ်ယူကြဖို့ ဒေါက်တာတေဇာဆန်း တိုက်တွန်း


ငွေကြေးတတ်နိုင်တဲ့ လူပုဂ္ဂိုလ်များအနေနဲ့ NUG အစိုးရရဲ့EOD အစီအစဉ်တွေကို များများ အားပေး၊ ဝယ်ယူကြဖို့ မန္တလေး လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက နိုဝင်ဘာလ () ရက်နေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

"အခုချိန်မှာ ငွေကြေးတတ်နိုင်တဲ့ လူပုဂ္ဂိုလ်များအနေနဲ့ NUG အစိုးရရဲ့ ဒီ EOD အစီအစဉ်တွေကို များများ အားပေး၊ ဝယ်ယူကြစေချင်တယ်ဗျာ။ သေချာပေါက် မြတ်မယ်ဆိုတာကို  သိနေကြတာပဲ။ နောက်ပြီး အခုချိန်မှာ နိုင်မြင်းက ဘာလဲဆိုတာကိုလည်း အားလုံး သိလောက်ပါပြီ။ နိုင်မြင်းကို ပုံအောပြီးသာ လောင်းလိုက်ကြပါစို့လား" လို့ ဆိုပါတယ်။

လက်ရှိမှာ ပြင်ဦးလွင်ရှိ ဖက်ဒရယ်စမ်းရေ မြေကွက်များကို end of dictatorship ကိုယ်စားလှယ်များက ရောင်းချပေးလျက်ရှိပြီး အဆိုပါရောင်းချရတဲ့ ငွေကြေးများကို တော်လှန်ရေးအတွက် ပြန်လည်စီးဆင်းသွားစေမှာလည်း ဖြစ်ပါတယ်။


========================


📌📌 ၈။ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်ကောင်စီသင်္ဘော () စင်း သိမ်းဆည်းရရှိ


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် အကြမ်းဖက် စစ်ကောင်စီ သင်္ဘော () စင်းကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သား (၂ဝ) ကျော် သေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာထံကနေ သိရပါတယ်။

နိုဝင်ဘာလ () ရက်နေ့ (၁ဝ) နာရီခန့်အချိန်က ချင်းတွင်းမြစ်အတွင်းမှာ သောင်တင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ထောက်ပို့ရေယာဉ် () စင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲကြာချိန် တစ်နာရီအတွင်း ဆိတ်၊ မြင်းနဲ့ နွား အကောင် (၂ဝ) ခန့်တင်ထားတဲ့ သင်္ဘော () စင်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် မြင်း () ကောင်သာ အရှင်ရရှိခဲ့ကာ ကျန်တဲ့ မြင်းတွေ၊ ဆိတ်တွေနဲ့ နွားတွေ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အခြားရေယာဉ် () စီးမှာ တိုက်ပွဲဖြစ်ရာနေရာနှင့် ကိုက် ၃ဝဝ ခန့်သာ ကွာဝေးသောကြောင့် ဆိတ်၊ မြင်းနဲ့ နွားတွေ တင်ဆောင်ထားတဲ့ သင်္ဘောပေါ်မှ စစ်သားများ သင်္ဘော () စင်းပေါ် ထွက်ပြေးသွားတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက အသိပေးထားပါတယ်။  

ချင်းတွင်းမြစ်အတွင်းမှာ သောင်တင်နေတဲ့ သင်္ဘောဝမ်းဗိုက်များအတွင်းမှာ ပုန်းအောင်းနေတဲ့စစ်သားတွေ အပြင်ကိုထွက်ပြီး လေညှင်းခံချိန် နိုဝင်ဘာ () ရက်နဲ့ () ရက်နေ့တွေမှာလည်း စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်သား (၂ဝ) ခန့် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုတွေကို ယင်းမာပင်ခရိုင် တပ်ရင်း (၂၁) တပ်ရင်း (၂၂) တပ်ရင်း (၂၃) KLG PDF ယင်းမာပင်ခရိုင် တပ်မဟာ၊ BLDF နဲ့ ဒေသခံ ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


📌📌 ၉။ ရွှေဘိုမြို့က စက်သုံးဆီဆိုင် () ဆိုင်ကို ဓားပြတိုက်ခဲ့သော ပျူစောထီးများကို PDF များ ဖမ်းဆီး


စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်မှာရှိတဲ့ စက်သုံးဆီဆိုင် () ဆိုင်ကို ဓားပြတိုက်သွားတဲ့ ပျူစောထီး () ဦးကို ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။  

၎င်းတို့ () ဦးဟာ နိုဝင်ဘာလ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်အချိန်မှာ ရွှေဘို-ဆိပ်ခွန် ကားလမ်းဘေးမှာရှိတဲ့ စက်သုံးဆီဆိုင် () ဆိုင်ကို ဓားပြတိုက်ပြီး ကျပ်သိန်း ၁ဝဝ ကျော် လုယူသွားတာလို့ သိရပါတယ်။ 

ပျူစောထီး ဦး ဓားပြတိုက်သွားတယ်လို့ သိရတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းစုံစမ်းပြီး နိုဝင်ဘာလ () ရက်နေ့ မနက် (၁ဝ) နာရီခွဲခန့်တွင် ရွှေဘိုမြို့ပေါ်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ War Lord Defence Force က အသိပေးထားပါတယ်။

ဖမ်းဆီးချိန်မှာ ပျူစောထီးတွေက လက်ပစ်ဗုံးတွေနဲ့ ပြန်လည်ခုခံတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လုံးထွေး ဖမ်းဆီးခဲ့ရတယ်လို့လည်း သိရပါတယ်။ 

ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေဟာ ဇီးကုန်းလေးရွာက ဖြစ်ပြီး အသက် (၅ဝ) အရွယ် တစ်ဦးနဲ့ (၃၄) နှစ်အရွယ် တစ်ဦးဖြစ်ပြီး ၎င်းတို့ထံကနေ လက်ပစ်ဗုံး () လုံးနဲ့ ငွေအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ပျူစောထီး () ဦးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့ထံ အပ်နှံထားပြီးဖြစ်တယ်လို့ လည်း သိရပါတယ်။  

အဆိုပါ ဖမ်းဆီးမှုကို War Lord Defence Force Guardian Force SBDF B- 4 C-1 ရွှေဘိုမြို့ပြ ပြောက်ကျား UG အဖွဲ့၊ ဗိုလ်မိကျောင်းအဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလူးညီနောင် နယ်မြေခံပကဖတို့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီအဖွဲ့တွေနဲ့ ပျူစောထီးတွေအနေနဲ့ မိဘပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတာတွေ ရပ်တန်းကရပ်ဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။


========================


📌📌 ၁၀။ မတူပီ-ဟားခါးလမ်းတွင် အင်အား (၆၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ


အင်အား (၆၀) ခန့် ဖြင့် စစ်ကြောင်းထိုးလာတဲ့စကစတပ်များကို နိုဝင်ဘာလ () ရက်နေ့၊ ညနေပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီက အတည်ပြုဆိုပါတယ်။

"နိုဝင်ဘာလ () ရက်နေ့ ညနေ ၅နာရီခန့်တွင် မတူပီ-ဟားခါးလမ်း စကစအင်အား (၆၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာစဥ် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစဘက်မှ () ဦးသေ၊ () ဦး ဒဏ်ရာရရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။

အဲ့ဒီနောက် စကစများဘက်က လက်နက်ကြီးများ တောက်လျောက်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီ တပ်ဖွဲ့ဝင်များ ကောင်းမွန်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၁၁။ SDB Token တခုကို 0.001 USD နဲ့ ရောင်းချပေးမယ်


နွေဦးဘဏ်ရှယ်ယာ တိုကင် (SDB Token) တခုကို 0.001 USD နဲ့ ရောင်းချပေးမယ်လို့ နိုဝင်ဘာလ () ရက်နေ့မှာ နွေဦးဖွံဖြိုးရေးဘဏ်ကတရားဝင် အသိပေးထုတ်ပြန်ပါတယ်။

"နွေဦးဘဏ်ရဲ့ ICO seed round လို့ ခေါ်တဲ့ အကြိုရှယ်ယာဝယ်ယူခွင့်ကာလမှာ နွေဦးဘဏ်ရှယ်ယာများကို ရောင်းချမယ့် အစီအစဥ် စောင့်မျှော်နေကြတဲ့အတိုင်း ရောက်ရှိလို့လာပါပြီ။ နွေဦးဘဏ်ရှယ်ယာ တိုကင် (SDB Token) တခုကို 0.001 USD နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ အနည်းဆုံးပမဏအဖြစ် အမေရိကန်ဒေါ်လာ 10 $ မှ စတင် ရင်းနှီးမြှုပ်နှံနိုင်ပါတယ်" လို့ ဆိုပါတယ်။

SDB token များကို နိုဝင်ဘာလ (၁၇) မှ (၂၇) ရက်များတွင် ဝယ်ယူစာရင်းပေးနိုင်မှာဖြစ်ပြီးတော့ အကြိုကာလမှာ SDB tokens များကို ရင်းနှီးမြှုပ်နှံထားကြမယ်ဆိုရင် သတ်မှတ်ထားတဲ့ နောက်ထပ် လာမည့် () ကာလအတွင်း နာမည်ကျော် crypto exchange စျေးကွက်တစ်ခုမှာ SDB ရဲ့ ICO Round A ကို ဆောင်ရွက်သွားမယ့်အချိန် ရှယ်ယာတိုကင် တန်ဖိုးမြှင့်မားလာပြီး အကျိုးအမြတ် ရရှိနိုင်မယ့် အခွင့်အရေးကို သေချာပေါက် ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ 


========================


📌📌 ၁၂။ ထိုင်းနဲ့ မြန်မာ နယ်စပ် သောင်ရင်းမြစ်ကို ကူးဖြတ်လာခဲ့ရတဲ့ အနုပညာရှင်များရဲ့ဖျော်ဖြေပွဲကို အွန်လိုင်းမှ ကျင်းပသွားမယ်


ထိုင်းနဲ့ မြန်မာ နယ်စပ် သောင်ရင်းမြစ်ကို ကူးဖြတ်လာခဲ့ရတဲ့ အနုပညာရှင်များရဲ့ဖျော်ဖြေပွဲကို နိုဝင်ဘာလ (၁၈) ရက်နေ့မှာ အွန်လိုင်းကတစ်ဆင့် ကျင်းပသွားမယ်လို့  ချက်သမ္မတနိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်က နိုဝင်ဘာလ () ရက်နေ့မှာ အသိပေးဆိုထားပါတယ်။

"နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းဖို့ ကြိုးစားခဲ့မှုကြောင့် ထိုင်းနဲ့ မြန်မာ နယ်စပ် သောင်ရင်းမြစ်ကို ကူးဖြတ်လာခဲ့ရတဲ့ အနုပညာရှင်များရဲ့ မြန်မာမှု တေးဂီတ၊ အဆို၊ အက ဖျော်ဖြေပွဲကို အခု နိုဝင်ဘာလ (၁၈) ရက်နေ့မှာ အွန်လိုင်းက ကျင်းပသွားဖို့ ရှိပါတယ်။ အခုကာလဟာ မြေပြင်မှာ စစ်ဆင်ရေး ၁၀၂၇ နဲ့အတူ အောင်ပွဲတွေ ဆင့်ဆင့် ယူနေချိန်လည်း ဖြစ်သလို မြေပြင် ရဲဘော်တွေအတွက် ရံပုံငွေဆိုတာလည်း အထူး ပိုလိုအပ်နေချိန်လည်း ဖြစ်တယ်ဆိုတာ အားလုံး သိနားလည်ပြီးသားဖြစ်မှာပါ။ ဒီအတွက် အခု ပိုစတာဓာတ်ပုံထဲမှာပါတဲ့ တော်လှန်သော အနုပညာရှင်တွေက လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ ရံပုံငွေပဲ တခုလုပ်ဖို့ စီစဉ်တာပါ" လို့ သူက ဆိုပါတယ်။

ပွဲလက်မှတ်တစ်စောင်ကို မြန်မာ ဒစ်ဂျစ်တယ် ကျပ်ငွေ သုံးသောင်း ( ၃၀၀၀၀ ကျပ်) နဲ့ အားဖြည့်ဝယ်ယူပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို ရေဒီယိုသတင်းအဖွဲ့သားတွေဖြစ်ကြတဲ့ မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က စုစည်းပေးပို့တာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment