8th NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တရားမဝင်အာဏာသိမ်းမှုအဆုံးသတ်ရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားမိတ်ဖက်တော်လှန်ရေးအင်းအအားစုများနှင့်အတူ ကြိုပမ်းသွားမည်ဟု CRPH ဆို

📌 ၂။ ကရင်နီပြည်တွင် Operation 1107 စတင်သည့်နေ့တွင် စစ်ကောင်စီစခန်း ခု သိမ်းပိုက်နိုင်ခဲ့

📌 ၃။ နတ်မောက် စိုင်ကောင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

📌 ၄။ တနင်္သာရီမြို့နယ်အတွင်း ရိက္ခာလာပို့သော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး

📌 ၅။ တမူး-ကလေး အာရှလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို တမူး PDF တိုက်ခိုက်ဖျက်ဆီး

📌 ၆။ အရပ်သားထိခိုက်မှုလျော့ချရေးနှင့်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးပညာလုပ်ငန်းများ ဆောင်ရွက်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားမဝင်အာဏာသိမ်းမှုအဆုံးသတ်ရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားမိတ်ဖက်တော်လှန်ရေးအင်းအအားစုများနှင့်အတူ ကြိုပမ်းသွားမည်ဟု CRPH ဆို


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ စတင်ဖွဲ့စည်းတည်ထောင်ချိန်ကတည်းက ချမှတ်ထားတဲ့ နိုင်ငံရေးဦးတည်ချက်တွေအတိုင်း တရားမဝင် အာဏာသိမ်းမှု အဆုံးသတ်ရေး၊ ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအတွက် တာဝန်ရှိစစ်တပ်ခေါင်းဆောင်များနှင့် ပူးပေါင်းပါဝင်သူများကို အပြစ်ပေးအရေးယူနိုင်ရေးနှင့် အားလုံးပါဝင်နိုင်မည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးတို့အတွက် ဒီမိုကရေစီအင်အားစု များ၊ တိုင်းရင်းသား မိတ်ဖက် တော်လှန်ရေးအင်အားစုများနဲ့အတူ ဆက်လက်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမှာြဖစ် တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်လိုက်ပါတယ်။


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း နှစ်ပြည့်တဲ့ နိုဝင်ဘာလ ရက်နေ့မှာ CRPH က ထုတ်ပြန်လိုက်တာပါ။

မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ကျစိုးမိုးချယ်လှယ်လို့တဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့မျှော်မှန်းထားတဲ့ရလဒ်ဖြစ်မလာတဲ့ အတွက် ပြည်သူလူထုဆန္ဒကိုဆန့်ကျင်ပြီး တည်ဆဲအရပ်သားအစိုးရထံကနေ ၂ဝ၂၁ ခုနှစ်မှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့အတွက် ပြည်သူလုထုက လက်ရှိအချိန်အထိ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ၎င်းတို့ရင်ဆိုင်နေရတဲ့လက်ရှိအခြေအနေကို ဖြေရှင်းဖိုးနဲ့ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူအပြစ်ပေးခံရခြင်းကနေ ရှောင်လွှဲနိုင်ဖို့ အတုအယောင်ရွေးကောက်ပွဲဖန်တီပြီး နို်ငင့တကာကိုလှည့်ဖြားဖို့ကြိုစားနေတာဟာ နိုင်ငံရေးပြသနာကို ဖြေရှင်းနိုင်မျာမဟုတ်ဘဲ ပဋိပက္ခတွေသာ တိုးပွား လာစေမှာဖြစ်တယ်လို့ CRPH က အသိပေးထားပါတယ်။


မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ပုံဖော်နိုင်ရေးအတွက် နိုင်ငံတကာအနေနဲ့ မှန်ကန်တဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေ လွန်စွာအရေးကြီးတာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအရင်းအမြစ်များနဲ့အခြေအနေမှန်များ ကို ကောင်းစွာနားလည်သဘောပေါက်ပြီး မှန်ကန်သောနည်းလမ်းများဖြင့် လက်တွေ့ကျပြီး ထိရောက်တဲ့ အကူအညီတွေပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း CRPH ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ကရင်နီပြည်တွင် Operation 1107 စတင်သည့်နေ့တွင် စစ်ကောင်စီစခန်း ခု သိမ်းပိုက်နိုင်ခဲ့


ကရင်နီ (ကယား) ပြည်နယ်မှာ Operation 1107 စတင်တဲ့ နိုဝင်ဘာလ ရက်နေ့မှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မယ်စဲ့မြို့နယ် ပန်တိန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်း ခုကို စစ်ဆင်ရေး ၁၁ဝ၇ စတင်တဲ့နေမှာပဲ သိမ်းပိုက်နိုင်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့အစည်းတွေကဆိုပါတယ်။ 

စစ်ဆင်ရေး ၁၁ဝ၇ ရဲ ပွဲဦးထွက်အဖြစ် မယ်စဲ့မြို့နယ်ထဲမှာစခန်းထိုင်ထားတဲ့ အမှတ် ၁၀၀၄ ပန်တိန်းစခန်းမှာ ရှိတဲ့ စခန်းကုန်း ခုကို တိုက်ခိုက်ခဲ့တာပါ။ 

အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် လတ်တလောမှာ အရေအတွက်ကိုပြောမထားဘဲ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေး သတင်း ရင်းမြစ်တွေကဆိုပါတယ်။ 

ဒီစစ်ဆင်ရေးမှာ ကရင်နီ လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးအဖွဲ့ KNDF အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပါဝင်တယ်လို့ သိရပါတယ်။ 

အမှတ် ၁၀၀၄ ပန်တိန်းစခန်းဟာ ကရင်နီနယ်ခြားစောင့်တပ် (BGF) တွေရဲ့ တပ်စခန်းတခုဖြစ်ပြီး ယင်းစခန်း ကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ 

ဒီစစ်ဆင်ရေးဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ဖော်ဆောင်နေတဲ့ ၁ဝ၂၇ စစ်ဆင်ရေးကို ကြိုဆိုတဲ့ အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁၁ လပိုင်း ရက်နေ့မှာ ဖော်ဆောင်တဲ့အတွက် Operation 1107 လို့ အမည်ပေးခဲ့တာလို့လည်း သိရပါတယ်။


========================


📌📌 ၃။ နတ်မောက် စိုင်ကောင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်


မကွေးတိုင်း နတ်မောက်မြို့မှာရှိတဲ့ စိုင်ကောင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အဖိနှိပ်ခံ တော်လှန်ရေးအင်အားစု OPRF-PLA က ပြောပါတယ်။

နိုဝင်ဘာလ ရက်နေ့ မွန်းလွဲပိုင်းမှာ အဖိနှိပ်ခံ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ဖွဲ့က ဆင်နွှဲနေတဲ့ Operation 1027 စစ်ဆင်ရေးအပါအဝင် နိုင်ငံအဝှမ်း အမည်နာမမျိုးစုံနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေသော တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြောင်း အဖိနှိပ်ခံတော်လှန်ရေး အင်အားစု OPRF-PLA က ပြောဆိုထားပါတယ်။  

အဖိနှိပ်ခံတော်လှန်ရေးအင်အားစု OPRF-PLA ကတပ်ဖွဲ့ဝင်တွေ အောက်တိုဘာလ ၂၆ ရက်နေ့တုန်းကလည်း နတ်မောက်မြို့နယ် သမှုန်ကုန်းကြီးကျေးရွာ ကားလမ်းထိပ်မှာရှိတဲ့စစ်ကောင်စီဂိတ်စခန်းကို အနီးကပ်တိုက်ခဲ့ တာမှာ စစ်သား ၂ဦး သေဆုံးခဲ့ပါတယ်။


========================


📌📌 ၄။ တနင်္သာရီမြို့နယ်အတွင်း ရိက္ခာလာပို့သော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


တနင်္သာရီမြို့နယ်အတွင်း ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်‌ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်သား ဦးသေဆုံးပြီး ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ကပြောပါတယ်။

တနင်္သာရီမြို့နယ်မှာအခြေစိုက်တဲ့ ခမရ-၅၆၁ တပ်က အင်အား ၈ဝ ခန့်ရှိတဲ့ စစ်ကောင်စီအဖွဲ့ သိန္ဓောစခန်းကို ခြေလျင် ခရီးနဲ့ရိက္ခာတွေလာပို့တာကို မြိတ်ခရိုင် တပ်ရင်း တပ်ခွဲ - နဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဘန်ကျုတ်ရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ အကြမ်းဖက်စစ်ကောင်စီဘက်က တဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတာကြောင့် ဘန်ကျုတ်ရွာအနီးမှာ ပိတ်မိနေခဲ့ပြီး နိုဝင်ဘာလ ရက်နေ့မှသာ ခရီးဆက်နိုင်ခဲ့တယ်လို့လည်း တိုက်ပွဲဝင်ဝင်ရဲဘော်တွေအဆိုအရ သိရပါတယ်။

ဘန်ကျုတ်ရွာအနီးမှာ ပိတ်မိနေရာကနေ ထွက်လာနိုင်တဲ့ ရိက္ခာပို့စစ်ကြောင်းနဲ့ မြိတ်ခရိုင် တပ်ရင်း တပ်ခွဲ -၁၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာလ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ တနင်္သာရီ မြို့နယ် သကျတ်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းရွာနဲ့ ဂဏန်းကွင်းရွာကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဒီထိတွေ့တိုက်ပွဲဟာ အချိန် နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ရဲဘော် ၃ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း က အသိပေးထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းထံကနေ ၆ဝ မမ ဗုံးသီး ၇လုံးနဲ့ MA-1 ကျည်အိမ်တခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအနေ နဲ့ သတိနဲ့သွားလာနေထိုင်ကြဖို့ မိဘပြည်သူများ၏လုံခြုံရေးကိုရှေးရှုပြီး တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံ ထားပါတယ်။


========================


📌📌 ၅။ တမူး-ကလေး အာရှလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို တမူး PDF တိုက်ခိုက်ဖျက်ဆီး


စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲက တမူး- ကလေးအာရှလမ်းမကြီးပေါ်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တမူး PDF က တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

တမူး- ကလေးအာရှလမ်းမကြီးဘေး မန်မော်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တမူး PDF တပ်ရင်း က နိုဝင်ဘာလ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ ဆူရ်းဘုန်တိုင်းမ်မှာ ဖော်ပြထားပါတယ်။

မန်မော်စခန်းက တမူးနဲ့ မိုင်လောက်ပဲဝေးပါတယ်။ စစ်ကောင်စီစခန်းထဲကို ကားနဲ့ဝင်ပြီးကို တရစပ်ပစ်တာ။ အကုန်ထွက်ပြေးသွားတယ်။ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ် လို့ တမူး PDF တပ်ရင်း မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီတပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး စုစုပေါင်း ၂ဝ ခန့် တပ်စွဲထားကြောင်းသိရပြီး စီနင်းတိုက်ခိုက်အတွင်း ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

စီနင်းတိုက်ခိုက်မှုပြီးဆုံးချိန်မှာ တမူး PDF တပ်ရင်း က PDF တွေချီလာပြီ။ မိဘပြည်သူများ ဘေးကင်းလုံခြုံ‌ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ကလေး-တမူးအာရှအဝေးပြေးလမ်းပိုင်းမှာရှိတဲ့ ခမ်းပတ်မြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးအင်အားစုတွေ နိုဝင်ဘာလ ရက်ကစပြီ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် နိုဝင်ဘာလ ရက်နေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ အရပ်သားထိခိုက်မှုလျော့ချရေးနှင့်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးပညာလုပ်ငန်းများ ဆောင်ရွက်နေ


အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ အရပ်သားထိခိုက်မှုလျော့ချရေးနှင့်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးပညာ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ရေးအရှိန်မြင့်လာတာကြောင့် အရပ်သားထိခိုက်မှုလျော့ချရေးနှင့်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အရေးပေါ်တုံ့ပြန်ရေးသင်တန်း၊ လေကြောင်းရန်နဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသင်တန်း၊ မြေမြှုပ်မိုင်းနဲ့စစ်လက်နက်ပစ္စည်းအန္တရာယ် အသိပညာပေးခြင်း၊ စိတ်ခွန်အားပေးအစီအစဉ်နဲ့ Safety of Humanitarians စတဲ့သင်တန်းတွေကို ကြားကာလပြည်သူ့အုပ်ချုပ် ရေး ဖော်ဆောင်နေတဲ့မြို့နယ်တွေက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ လူသားစာနာတာဝန်ခံတွေကို သင်ကြားပေးနေတာလို့ သိရပါတယ်။

စစ်ရေးအရှိန်မြင့်လာတဲ့လက်ရှိကာလမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေ‌ကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ပစ်ခတ်ခံရနိုင်တဲ့ဒေသတွေမှာရှိတဲ့ အရပ်သားပြည်သူတွေအတွက် ကြိုတင်ပြင်ဆင်ထားရန်နဲ့ ဆောင်ရန် ရှောင်ရန်အချက်များ၊ အသိပညာဖြန့်ဝေပေးခြင်းနဲ့ သတင်းအချက်အလက်မျှဝေခြင်း၊ အရေးပေါ်လူများ ရွှေ့ပြောင်းရာတွင် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို တိုးမြင့်လုပ်ဆောင်နေတယ်လို့ လူသားစာနာ ဝန်ကြီးဌာက အသိပေးထားပါတယ်။

ဒါ့အပြင် ကြိုတင်တူးဖော်ထားတဲ့ ဗုံးခိုကျင်း၊ကတုတ်ကျင်းများ၊ ပုန်းခိုစရာနေရာတွေ အရေးပေါ်ကာလမှာ အသုံးပြုနိုင်အောင် ပြင်ဆင်ခြင်း၊ လေကြောင်းရန်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် ပစ္စည်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းစဉ်တွေကို လူသားစာနတာဝန်ခံတွေက ဒေသခံပြည်သူလူထုနဲ့ပူးပေါင်းပြီး ထပ်ဆင့် အသိပညာပေးတာတွေလဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဒါ့ကြောင့် ဆက်စပ်အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့တွေနဲ့ပြည်သူလူထုဘက်က ပိုမိုပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

လူသားစာနာ ဝန်ကြီးဌာနက လေကြောင်းရန်နဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးသင်တန်းတွေ လုပ်ဆောင်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ဒေသခံပြည်သူတွေ ကို လေကြောင်းရန်နဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ အသိ ပညာပေး ဆွေးနွေတာတွေ လုပ်ဆောင်ပေးနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment