9th NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လစ်သူယေးနီးယားနိူင်ငံမှ တာဝန်ရှိသူတို့နှင့် NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံ

📌 ၂။ နိုင်ငံတဝန်းက စစ်ဆင်ရေးတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာဖြစ်လို့ တော်လှန်ရေးရဲ့ ထူးခြားအားသာချက်လို့ ကာကွယ်ရေးဝန်ကြီးအသိပေးဆို

📌 ၃။ စစ်ရှိန်မြှင့်တင်နေသည့်ကာလအတွင်း ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နှင့်လူသားစာနာဝန်ကြီးဌာနညှိနှိုင်းအစည်းအဝေးကျင်းပ

📌 ၄။ မြန်မာ့အရေးစိတ်ဝင်စားသူ နိုင်ငံတကာမိတ်ဆွေများနှင့် ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးတို့ဆွေးနွေး

📌 ၅။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နျူးကလီးယားလုပ်ငန်းအစီအစဉ်အပါအဝင် စစ်တပ် နှင့် မည်သို့သော ပူးပေါင်းဆေင်ရွက်မှုမျှ လုပ်ဆောင်ခြင်းမပြုသင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၆။ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင် သံချပ်ကာကား ()စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား  တအာင်းတပ်မတော် PSLF/TNLA MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာကား ()စီးကိုဖျက်ဆီးနိုင်ခဲ့

📌 ၇။ မြို့ပြစစ်ဆင်ရေးများအတွက် တစ်လုံးကုန်ကျစရိတ်ကျပ်ငါးသောင်းရှိသော လက်လုပ်လက်ပစ်ဗုံးများ ကျောက်ဆည် KRAတီထွင်အောင်မြင်

📌 ၈။ ဖိနှိပ်ခြင်းကင်းဝေးသော ငွေကြေးလွတ်မြောက်မှုကို ပိုင်ဆိုင်ဖို့ နွေဦးဖွံဖြိုးရေးဘဏ်ဖိတ်ခေါ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လစ်သူယေးနီးယားနိူင်ငံမှ တာဝန်ရှိသူတို့နှင့် NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံ


နိူဝင်ဘာ၉ရက်


လစ်သူယေးနီးယားနိူင်ငံမှ တာဝန်ရှိသူတို့နှင့် NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့တယ်လို့ နိူဝင်ဘာ၉ရက် Twitterမှာ လစ်သူယေးနီးယားနိူင်ငံက ကာကွယ်ရေးဒုတိယဝန်ကြီးvilius semeškaကအသိပေးရေးသားထားပါတယ်။


"လစ်သူယေးနီးယားသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မျှော်မှန်းချက်ဖြစ်ပါတယ်။ LRSeimas တွင် အသီးအပွင့် ဆွေးနွေးမှုအတွက် ဝန်ကြီး ဒေါ် ဇင်မာအောင်ကိုကျေးဇူးတင်ပါတယ်"လို့ဆိုထားပါတယ်။


NUGအစိုးရအားလက်ရှိမှာနိူင်ငံတကာရှိအစိုးရအဖွဲ့နှင့်သံတမာန်များမှ လက်ခံတွေ့ဆုံကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အကူအညီပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်တို့ကိုဆွေးနွေးပြောကြားမှုများရှိခဲ့ပါတယ်။


========================


📌📌 ၂။ နိုင်ငံတဝန်းက စစ်ဆင်ရေးတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာဖြစ်လို့ တော်လှန်ရေးရဲ့ ထူးခြားအားသာချက်လို့ ကာကွယ်ရေးဝန်ကြီးအသိပေးဆို


နိူဝင်ဘာ၉ရက်


နိုင်ငံတဝန်းက စစ်ဆင်ရေးတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာဖြစ်လို့ တော်လှန်ရေးရဲ့ ထူးခြားအားသာချက်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်မှ နိူဝင်ဘာ၈ရက်မှာ လူထုကိုအသိပေးဆိုထားပါတယ်။


"နိုင်ငံတဝန်းက စစ်ဆင်ရေးတွေဟာ တခုနဲ့တခု ဆက်စပ်နေတယ်လို့ ပြောရမှာပါ။ တနေရာတည်း တကွက်တည်း တိုက်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာက ဒီတော်လှန်ရေးရဲ့ ထူးခြားချက် ဖြစ်သလို အားသာချက်လည်း ဖြစ်ပါတယ်။ ဒီမဟာဗျူဟာ အကောင်အထည်ဖော်မှုကြောင့်ပဲ တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ ဒေသတိုင်းမှာ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလာသည့် (၁၂) ရက်မြောက်နေ့တွင် ရန်သူစစ်ကောင်စီ၏ စစ်သေနင်္ဂ ဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်များ၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၅၀) ခန့်အား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာလက်နက် ကြီးများဖြစ်သော သံချပ်ကာကားကြီး () စီးနှင့် ဟောင်ဝစ်ဇာလက်နက်ကြီးများကိုပါ သိမ်းဆည်းရရှိခဲ့ပြီးဖြစ်ပါတယ်။



ဒါ့အပြင် ကလေး မြောက်စည်းရဲစခန်း သိမ်းပိုက်စဉ်က ရရှိသော လက်နက်များကို ကာကွယ်ရေးဝန်ကြီးဌာနထုတ်ဖော်ပြသလိုက်ပါတယ်။


နိူဝင်ဘာ၉ရက်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြခဲ့ပြီး စက်လက်သေနတ်အချို့အပါအဝင် မောင်းပြန်သေနတ်များ၊ ကျည်ဘောက်များ၊ ကျည်ဆန်များနှင့်ဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ပါတယ်။


နို၀င်ဘာလ () ရက်နေ့ မနက်ပိုင်း()နာရီ၀န်းကျင်လောက်မှစတင်ကာ ကလေးတောင်ပိုငိးရှိ မြောက်စည်းရဲစခန်းအား ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ခိုက်ခဲ့ပြီး၂၀၂၃ခုနှစ်၊နို၀င်ဘာလ ()ရက်နေ့ မနက်ပိုင်းတွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။


တိုက်ပွဲအတွင်းVAKOK-CNDF မှ ရဲဘော်တစ်ဦး နှင် RKDF မှ ရဲဘော်နှစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် တာ၀န်ကျေပွန်စွာ ပေးဆပ်သွားခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ရှိန်မြှင့်တင်နေသည့်ကာလအတွင်း ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နှင့်လူသားစာနာဝန်ကြီးဌာနညှိနှိုင်းအစည်းအဝေးကျင်းပ


နိူဝင်ဘာ၉ရက်


မြန်မာနိုင်ငံနေရာအနှံ့ စစ်ရှိန်မြှင့်တင်နေသည့်ကာလအတွင်း ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် လူသားချင်းစာနာမှု အကူအညီများပံ့ပိုးပေးနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နှင့်လူသားစာနာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။


ညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ယာယီနေစရာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ရိက္ခာလိုအပ်ချက်အခြေအနေများ၊ လေကြောင်းရန်ကာကွယ်ရေးနှင့် အရေးပေါ်ခိုလှုံရာနေရာများသို့ ရှောင်ရှားနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ဆောင်ရန်၊ ရှောင်ရန်အချက်များကို ချင်းဘာသာစကားဖြင့် ထုတ်ဝေနိုင်ရေး၊ နိုဝင်ဘာလ ()ရက်နေ့က မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့်နေအိမ်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ထောက်ပံ့ပေးရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။


ထို့အပြင် မိုခါမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး အတွေ့အကြုံကို နမူနာယူ၍ အရေးပေါ်ရန်ပုံငွေကြိုတင်ပြင်ဆင်ထားရေး၊ ဒေသတွင်းရိက္ခာဖူလုံမှုရှိစေရန် အစီအမံများဆောင်ရွက်ရေးနှင့် အိန္ဒိယနယ်စပ်သို့ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရေးတို့ကို နှစ်ဘက်အဖွဲ့အစည်းအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးသို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)အလှည့်ကျဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူသားစာနာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ မြန်မာ့အရေးစိတ်ဝင်စားသူ နိုင်ငံတကာမိတ်ဆွေများနှင့် ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးတို့ဆွေးနွေး


နိူဝင်ဘာ၉ရက်


နိူဝင်ဘာ၈ရက်တွင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာ လှလှစိုးမှ ဆိုရှယ်မီဒီယာမှာအခုလို ဆိုထားပါတယ်။


"နိုင်ငံတကာအရေးတွေ ရှုပ်ထွေးလာသည်နှင့်အမျှ မြန်မာ့အရေး ကို ကမ္ဘာကြီးက မမေ့လျော့ရန်လည်းအရေးကြီးပါတယ်။အကြမ်းဖက် စစ်ကောင်စီကျူးလွန်မှုများကြောင့် အမျိုးသမီးနှင့်ကလေးငယ်များ ထိခိုက်နစ်နာမှုများအားမြန်မာ့အရေးစိတ်ဝင်စားသူ နိုင်ငံတကာမိတ်ဆွေများအား တင်ပြ ဆွေးနွေးခဲ့ပါတယ်"လို့ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာ လှလှစိုးမှ ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်ဟာ လူပေါင်းလေးထောင် ကျော်ကိုသတ်ဖြတ်ခဲ့ပြီး ၄င်းတို့ထဲတွင်အမျိုးသမီးနှင့်ကလေးငယ်များပါဝင်ပါတယ်။


========================


📌📌 ၅။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နျူးကလီးယားလုပ်ငန်းအစီအစဉ်အပါအဝင် စစ်တပ် နှင့် မည်သို့သော ပူးပေါင်းဆေင်ရွက်မှုမျှ လုပ်ဆောင်ခြင်းမပြုသင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


နိူဝင်ဘာ၉ရက်


နယူးယောက်မြို့တွင်နိူဝင်ဘာ၈ရက် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် International Atomic Energy Agency အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားခဲ့ပါတယ်။


"စစ်တပ်မှ တာဝန်ယူမှု တာဝန်ခံမှုများမရှိခြင်း၊ စစ်တပ်၏ အပြစ်ဒဏ်ကျခံရခြင်းမှ ကင်းလွတ်နေခြင်း ကြောင့် ၎င်းတို့အနေဖြင့် အပစ်မဲ့အရပ်သားပြည်သူများအပေါ် လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ဆက်လက် လုပ်ဆောင်ခွင့်ပေး နေခြင်း ဖြစ်ပြီး၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပစ်မှုများ၊ စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေခြင်း၊ စစ်တပ်၏ကျူးလွန်မှုများအပေါ် ဒီမိုကရေစီနည်းလမ်းတကျ ကြီးကြပ်ဆောင်ရွက်မှု ကင်းမဲ့နေပြီးသို့ပါ၍ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နျူးကလီးယားလုပ်ငန်းအစီအစဉ်အပါအဝင် စစ်တပ် နှင့် မည်သို့သော ပူးပေါင်းဆေင်ရွက်မှုမျှ လုပ်ဆောင်ခြင်းမပြုသင့်ကြောင်း၊ စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းပြီး၊ ဒီမိုကရေစီ ပြန်လည်ရရှိကာ၊ ဒီမိုကရေစီနည်းလမ်းတကျ ရွှေးကောက်ခံအရပ်သားအစိုးရမှ တစ်ဆင့် ပြည်သူများထံသို့ တိုင်းပြည်အာဏာ ပြန်လည်ရောက်ရှိချိန်မှသာ အဆိုပါပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်သင့်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၈) နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များ က မိန့်ခွန်းပြောကြားမှုများ လုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၆။ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင် သံချပ်ကာကား ()စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား  တအာင်းတပ်မတော် PSLF/TNLA MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာကား ()စီးကိုဖျက်ဆီးနိုင်ခဲ့


နိူဝင်ဘာ၉ရက်


"တပ်မဟာ()စစ်ဒေသ၊ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင် သံချပ်ကာကား ()စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား

နိူဝင်ဘာ၈ရက်ည (၉း၄၅) နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ မှ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ နိူဝင်ဘာ၉ရက် စစ်ရေးသတင်းကို TNLAကအတည်ပြုဆိုပါတယ်။


တိုက်ခိုက်မှုတွင်သံချပ်ကာကား ()စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး၊ ကျန် ()စီးနှင့် စစ်ကူများသည် နောက်ပြန်ဆုတ်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ မြို့ပြစစ်ဆင်ရေးများအတွက် တစ်လုံးကုန်ကျစရိတ်ကျပ်ငါးသောင်းရှိသော လက်လုပ်လက်ပစ်ဗုံးများ ကျောက်ဆည် KRAတီထွင်အောင်မြင်


နိူဝင်ဘာ၉ရက်


မြို့ပြစစ်ဆင်ရေးများအတွက် တစ်လုံးကုန်ကျစရိတ်ကျပ်ငါးသောင်းရှိသော လက်လုပ်လက်ပစ်ဗုံးများ ကျောက်ဆည် KRAတီထွင်အောင်မြင်ခဲ့တယ်လို့ နိူဝင်ဘာ၉ရက်မှာ  Kyaukse Revolution Armyမှ ရဲဘော်တစ်ဦးကပြောပါတယ်။


"နိူဝင်ဘာလထဲမှာပဲ ထုတ်လုပ်အောင်မြင်ပါတယ်။တစ်လုံးကို ကုန်ကျစရိတ်ကျပ်ငါးသောင်းရှိပါတယ်။ ရန်သူနဲ့ ပေ၅၀အတွင်းပေါက်ကွဲရင်တော့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားရနိုင်တယ်။ အဲ့ထက်ပိုနီးရင်တော့ သေစေနိုင်တဲ့အထိ ထိခိုက်နိုင်ပါတယ်"လို့အတည်ပြုပါတယ်။


အဆိုပါလက်လုပ်လက်ပစ်ဗုံးများကို မြို့နယ်အတွင်း ပြည်သူအပေါ်.အကြမ်းဖက် ဖိနှိပ်နေတဲ့ စကစကို တော်လှန်ရာတွင်ရန်သူ့ဘန်ကာများအတွင်း ပစ်သွင်းတိုက်ခိုက်ရန်အတွက်ဖြစ်တယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၈။ ဖိနှိပ်ခြင်းကင်းဝေးသော ငွေကြေးလွတ်မြောက်မှုကို ပိုင်ဆိုင်ဖို့ နွေဦးဖွံဖြိုးရေးဘဏ်ဖိတ်ခေါ်


နိူဝင်ဘာ၉ရက်


နိူဝင်ဘာ၉ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်မှ အခုလိုအသိပေးဆိုထားပါတယ်။


"မြန်မာနိုင်ငံရှိ ၅၅ သန်းသော တိုင်းသူပြည်သား အားလုံးအတွက် တရားမျှတရေး၊ လွတ်လပ်ရေး ပြန်လည် ရယူနိုင်ဖို့ အတွက် အာစီယံဒေသတွင်းမှာ အာမခံချက်အရှိဆုံး ငွေကြေးနည်းပညာလုပ်ငန်းဖြစ်လာမယ့် နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးကို လက်တွေ့ ပိုင်ဆိုင်နိုင်ပါတော့မယ်။ နွေဦးဘဏ် ရှယ်ယာ (SDB Token) များကိုနိူဝင်ဘာ ၁၇ ၊၂၇ ရက်  အတွင်းမှာ ဝယ်ယူစာရင်းပေးနိုင်မှာပါ။

ဖိနှိပ်ခြင်းကင်းဝေးသော ငွေကြေးလွတ်မြောက်မှုကို ပိုင်ဆိုင်ပါ"လို့ဖော်ပြပါတယ်။


နွေဦးဘဏ်ရှယ်ယာ တိုကင် တခုကို $0.001 USD နဲ့ ရောင်းချပေးမှာဖြစ်ပြီး အနည်းဆုံးပမဏ အဖြစ် အမေရိကန်ဒေါ်လာ  $10  မှ စတင် ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။


နွေဦးဘဏ်ဟာ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် အစုံလင်ဆုံး နံပါတ် () ဒစ်ဂျစ်တယ်ဘဏ်ဖြစ်ပြီးတော့လာမည့် အချိန်ကာလ () နှစ် တာ အတွင်း ပြည်သူလူထုရဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာအကျိုးစီးပွားများအတွက် စီမံကိန်းများ ဖော်ဆောင်သွားမယ့် လမ်းပြမြေပုံနှင့်အတူ အသုံးပြုသူ user ပေါင်း သန်းကျော် အတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ နှင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးညီမျှတဲ့ ဘဏ္ဍဓနငွေကြေးများကို စီမံခန့်ခွဲနိုင်ဖို့ အထိ ရည်ရွယ်ထားပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment