9th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ပွဲများအတွင်း ပြည်သူများ ဆောင်ရန်ရှောင်ရန် လမ်းညွှန်ချက်များကို NUG ထုတ်ပြန်

📌 ၂။ စစ်အာဏာရှင်စနစ်နှင့် ရက်စက်ကြမ်းကြုပ်သောလုပ်ရပ်များ ချုပ်ငြိမ်းရေး ထိရှလွယ်သောအုပ်စုများ အကာအကွယ် ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်တိုက်တွန်း

📌 ၃။ မကွေးတိုင်းအတွင်းက CDM ကျောင်းသားများ ပညာသင်ကြားခွင့်မဆုံးရှုံးစေရန် English Speaking Pre-intermediate Class ဖွင့်လှစ်သင်ကြားပေးမည်

📌 ၄။ မုံးကိုးမြို့နယ်တွင် စစ်စခန်းများမရှိတော့သည့်အတွက် မြို့နယ်ထိန်းချုပ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများစတင်

📌 ၅။ မူဆယ်မြို့နယ် မန့်ဖာကျေးရွာ၌ TNLA နှင့် SSPP/SSA တို့ဖြစ်ခဲ့သောတိုက်ပွဲနှင့်ပတ်သက်၍ မဟာမိတ်ရေးရာရုံးမှတဆင့် အပြန်အလှန်ဆက်သွယ်ဖြေရှင်းသွားမယ်လို့ TNLA ထုတ်ပြန်

📌 ၆။ ယင်းမာပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်

📌 ၇။ တိုက်ပွဲဖြစ်ရာလမ်းကြောင်းများကိုအသုံးမပြုရန် ဟုမ္မလင်း PDF သတိပေး

📌 ၈။ ဖယ်ခုံအခြေစိုက် ခမရ ၄၂၂ တပ်က တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖယ်ခုံ PDF ထံ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ပွဲများအတွင်း ပြည်သူများ ဆောင်ရန်ရှောင်ရန် လမ်းညွှန်ချက်များကို NUG ထုတ်ပြန်


နိုဝင်ဘာလ ၉ရက်။

မြန်မာပြည်အနှံ့ စစ်ပွဲတွေဖြစ်လာတာကြောင့် စစ်ပွဲများအတွင်း ပြည်သူများ ဆောင်ရန်ရှောင်ရန် လမ်းညွှန်ချက်တွေကို NUG ထုတ်ပြန်လိုက်ပါတယ်။

မြောက်ပိုင်းညီနောင် ဖွဲ့ဖော်ဆောင်နေတဲ့ ၁ဝ၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် စစ်ဘောင်ကျယ်လာတာနဲ့အမျှ Guerrilla Warfare ကနေ Urban Warfare အဆင့်ဖြစ်တဲ့ မြို့သိမ်းတိုက်ပွဲတွေဆီကို ရောက်ရှိလာပြီး စစ်ရဲ့သဘောသဘာဝအရ ပြည်သူတွေထိခိုက်မှုရှိလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့အစိုးရဖြစ်တာနဲ့အညီ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးမှု (Collateral Damages) နည်းနိုင်သမျှနည်းအောင် မဟာဗျူဟာများချမှတ်ပြီး ကျင့်သုံးနေတယ်လို့ အသိပေးထားပါတယ်။ 

 အခုအစီအစဉ်ကို ပြည်သူ့အတွက်တောင်ပံများ ဟူသော စစ်အတွင်း ပြည်သူများ ဆောင်ရန်၊ရှောင်ရန် လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှနည်းစေဖို့ အမျိုးသားညီညွတ်ရေး အစိုးရ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကာကွယ်ရေးနှင့်ထောက်ပံ့ရေးတပ်ဖွဲ့တို့ ပူးပေါင်းထုတ်ဝေခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်စနစ်နှင့် ရက်စက်ကြမ်းကြုပ်သောလုပ်ရပ်များ ချုပ်ငြိမ်းရေး ထိရှလွယ်သောအုပ်စုများ အကာအကွယ် ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်တိုက်တွန်း


နိုဝင်ဘာလ ရက်။

စစ်အာဏာရှင်စနစ်နှင့် ရက်စက်ကြမ်းကြုပ်သောလုပ်ရပ်များ ချုပ်ငြိမ်းရေး ထိရှလွယ်သောအုပ်စုများ အကာအကွယ် ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ တရားရုံးအစီရင်ခံစာကို ဆွေးနွေးခဲ့ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးထံသို့ အမှုများ လွှဲပြောင်း တင်သွင်းခြင်းနှင့် အကြံပြုချက်များတောင်းခံခြင်းဖြင့် တရားရုံးအား ပိုမိုအသုံးချရန်လည်း အခြားနိုင်ငံများနှင့် အတူ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

မိမိတို့အားလုံး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များကို ကတိပြုထားသည့်အတိုင်း လိုက်နာဆောင်ရွက်ပြီး ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အချိန်မီချမှတ်နိုင်မှသာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။

အဆိုပါကတိကဝတ်များအား ပြန်လည်အသက်သွင်းရေး၊ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ချုပ်ငြိမ်းစေရေးနှင့် ထိရှလွယ်သောအုပ်စုများကို အကာအကွယ်ပေးရေးအတွက် အတူတကွပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူမှုများ လုပ်ဆောင်ပေးစေလိုကြောင်းလည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမှုတွဲတွေ မြင့်တက်လာသည့်တိုင် အောင်မြင်စွာဆောင်ရွက်နိုင်မှုများအတွက် တရားရုံးကိုကျေးဇူးတင်ရှိကြောင်းနဲ့ အစီရင်ခံစာတင်သွင်းတဲ့ကာလအတွင်း တရားရုံးအနေနဲ့ ကမ္ဘာတလွှားက ရှုပ်ထွေးတဲ့ ပြဿနာတွေကို အလေးထားလေ့လာပြီး အမိန့်များနှင့် စီရင်ချက်များ ချမှတ်ပေးနိုင်ခဲ့တာကို သိရှိရတဲ့အတွက် အားရကျေနပ်ကြောင်းလည်း ဆွေးနွေးပြာကြားခဲ့ပါတယ်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းရန် နိုင်ငံတကာတရားရေးစနစ်ဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတဲ့တွက် တစ်နိုင်ငံ၊ သို့မဟုတ် ဒေသတစ်ခု မတည်ငြိမ်မှုဟာ တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှု ဖြစ်ကြောင်း၊ မိမိတို့အားလုံး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များကို ကတိပြုထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ပြီး ထိရောက်တဲ့အရေးယူဆောင်ရွက်ချက်များကို အချိန်မီချမှတ်နိုင်မှသာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မကွေးတိုင်းအတွင်းက CDM ကျောင်းသားများ ပညာသင်ကြားခွင့်မဆုံးရှုံးစေရန် English Speaking Pre-intermediate Class ဖွင့်လှစ်သင်ကြားပေးမည်


နိုဝင်ဘာလ ရက်။

မကွေးတက္ကသိုလ်မှာပညာသင်ကြားခဲ့ပြီး CDM လုပ်နေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ CDM ကျောင်းသားကျောင်းသူများ ပညာသင်ကြားခွင့်မဆုံးရှုံးစေဖို့ ကြားကာလပညာသင်ကြားရေး Certificate Course အဖြစ် English Speaking Pre-intermediate Class ဖွင့်လှစ်သင်ကြားပေးမယ်လို့ မကွေးတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာလ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ MGUIAC English Speaking (Pre-Intermediate Class)  https://docs.google.com/.../1FAIpQLSetyL25ftF.../viewform... ဖောင်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ မတိုင်မီ ဖြည့်စွက်ပေးပို့ကြဖို့ အသိပေးထားပါတယ်။

နည်းပညာအခက်အခဲအရ သင်တန်းသားဦးရေ ၅ဝ သာ လက်ခံပေးမှာဖြစ်တာကြောင့် အမြန်ဆုံးလျှောက်ထားကြဖို့ လိုမှာဖြစ်ပါတယ်။ 

အဲဒီသင်တန်းကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာစတင်မှာဖြစ်ပြီး သင်တန်းကာလ ကြာမြင့်မည်ဖြစ်ကာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ စနေနေ့တွေမှာ Zoom Platform ကနေ တစ်ပတ်ကို ရက်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းကာလပြီးဆုံးသွားရင် သင်တန်းပြီးမြောက်တဲ့အထိ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေကို Qualification test စစ်ဆေးပြီး Certificate (လက်မှတ်) ထုတ်ပေးမှာဖြစ်တယ်လို့ မကွေးတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မုံးကိုးမြို့နယ်တွင် စစ်စခန်းများမရှိတော့သည့်အတွက် မြို့နယ်ထိန်းချုပ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများစတင်


နိုဝင်ဘာလ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မုံးကိုးမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့တဲ့အတွက် အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ MNDAA ရဲ့ ပြန်ကြားရေး တာဝန်ကိုယူထားတဲ့ The Kokang က နိုဝင်ဘာလ ရက်နေ့ ညပိုင်းမှာထုတ်ပြန်လိုက်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး ၁၂ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ရက်နေ့မှာ ညီနောင်မဟာမိတ် ဖွဲ့က ကိုးကန့်၊ မုံးကိုးနဲ့ကွတ်ခိုင်စတဲ့ နေရာတွေက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် မုံးကိုးမြို့နယ် အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး မူလကရှိခဲ့ပြီးဖြစ်တဲ့ အထူးဒေသ နယ်မြေကို ပြန်လည် ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာလ ရက်နေ့မှာ တာရွှေထန်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၁ စခန်းကို ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် စစ်နည်းပရိယာယ်အရ ပြန်လည်ဆုတ်ခွာပေးထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါပေမဲ့ ကိုးကန့်တုန်ရှမ်းဒေသ ပန်ဝါစခန်း၊ ဟုတ်ရှင်း (မော်ထိုက်) ဒေသမှာရှိတဲ့ တပ်စခန်းတွေနဲ့ ရှီရှမ်းဒေသမှာရှိတဲ့ ပန်လုံတောင်စခန်းတွေအားလုံးကို တိုက်ခိုက်သိမ်းယူထားပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်း ရရှိထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒေသခံပြည်သူစစ်တွေလည်း ထွက်ပြေးသွားကြပြီဖြစ်တာကြောင့် မုံးကိုးဒေသလုံခြုံရေးအဖွဲ့က မြို့နယ် အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပြန်လည်ထူထောင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မူဆယ်မြို့နယ် မန့်ဖာကျေးရွာ၌ TNLA နှင့် SSPP/SSA တို့ဖြစ်ခဲ့သောတိုက်ပွဲနှင့်ပတ်သက်၍ မဟာမိတ်ရေးရာရုံးမှတဆင့် အပြန်အလှန်ဆက်သွယ်ဖြေရှင်းသွားမယ်လို့ TNLA ထုတ်ပြန်


နိုဝင်ဘာလ ရက်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့ကြားရှိ မန့်ဖာကျေးရွာတွင် ၁ဝ၂၇ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ TNLA နဲ့ SSPP/SSA တို့ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ TNLA တပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြာက်ရေးတပ်ဦး PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာလ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ရက်နေ့က ၁ဝ၂၇ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ PSLF/TNLA တပ်စုတစ်စုကို တပ်ဖွဲ့ဝင် ၁ဝ ဦးပါတဲ့ SSPP/SSA က လက်နက်အပြည်အစုံနဲ့ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလိုအပြန်အလှန်ပစ်ခတ်ခဲ့တာကြောင့် PSLF/TNLA တပ်စုမှ တပ်ဖွဲ့ဝင် ၄ဦးသေဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့သလို SSPP/SSA ဘက်ကလည်း ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

အခုလိုတိုက်ပွဲမဖြစ်မီ နိုဝင်ဘာလ ရက်နေ့မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းမှာ တာဝန်ယူနေတဲ့ TNLA ရဲ့ မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာနဲ့ မန်ဖာရွာလုံခြုံရေးကင်းစခန်းတွေကို SSPP ဘက်က မနက်ပိုင်းမှာ ကြိမ်၊ ညနေပိုင်းမှာ ကြိမ် လာရောက်နှောင့်ယှက်ခဲ့ပြီး ဓာတ်ပုံမှတ်တမ်းယူတာတွေ ပြုလုပ်ခဲ့တဲ့အတွက် TNLA တပ်ဖွဲ့ဝင်တွေက ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဖျက်ခိုင်းခဲ့ပြီး နောက်ထပ်မလုပ်ဖို့ သတိပေးပြီး ပြန်လွှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုဝင်ဘာလ ရက်နေ့မနက်ပိုင်းမှာလည်း SSPP ဘက်က တိုက်နယ်မှူး စိုင်းမောင်အောင် TNLA လုံခြုံရေးစခန်းအနီး ရောက်ရှိလာခဲ့ပြီး တပ်နေရာချထားမှုကို ဓာတ်ပုံမှတ်တမ်းရိုက်ခဲ့တဲ့အတွက် TNLA ဘက်က စိုင်းမောင်အောင်ကို ခဏာတာခေါ်ယူ စစ်ဆေးနေချိန်မှာ SSPP ဘက်က အရာရှိ စိုင်းလင်းနဲ့အဖွဲ့ရောက်လာပြီး စတင်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ရပြီး နှစ်ဘက်တပ်ဖွဲ့ဝင်တွေအသက်ဆုံးရှုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 

ပြဿနာကြီးမလာစေဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ ထိန်းညှိထိန်းသိမ်းသွားမှာဖြစ်ပြီး လက်ရှိပြသနာကိုလည်း မဟာမိတ်ရေးရာရုံးအချင်းချင် အပြန်အလှန်ဆက်သွယ် ဖြေရှင်းသွားမှာဖြစ်တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အခုဖြစ်ခဲ့တဲ့ပြဿနာကိုအချိန်မီဖြေရှင်းနိုင်ဖို့အတွက် စိုင်းမောင်အောင်ကို ရပ်မိရပ်ဖတွေထံ အပ်နှံထားပြီး ဖြစ်တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


========================


📌📌 ၆။ ယင်းမာပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်


နိုဝင်ဘာလ ရက်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်တပ်ဘက် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ Chindwin Toe Na yar PDF က နိုဝင်ဘာ ရက်နေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ရက်နေ့ မနက်ပိုင်းက ယင်းမာပင်မြို့နယ် လည်ငေါက်ရွာတောင်ဘက်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဉ်တန်းကို  ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Chindwin Toe Na yar PDF ဒေါင်းနက်၊ ဘာမရှောင်၊ ကျောင်းသားသမဂ္ဂ စတဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တဖက်ပွင့် မိုင်းများ၊ အန်စာတုံးမိုင်းများ၊ လက်နက်ငယ်များ၊ ၆ဝ မမ၊ ၈ဝ မမ၊ ၉ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနိုင်ပြီး ပြည်သူကာကွယ်ရေးရဲဘော်များ ထိခိုက်မှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကား ၂စီးနဲ့အတူ အင်အား ၇ဝ ကျော်ပါတဲ့ အဆိုပါအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာလ ရက်နေ့ ကတည်းက ပုလဲနယ်ဘက်ကနေ ယင်းမာပင်နယ်ဘက်ကို စစ်ကြောင်းထိုးလာပြီး လမ်းတလျာက်မှာရှိတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် တော်လှန်ရေးရဲဘော်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ 

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ပုလဲနဲ့ယင်းမာပင်ကြောမှာရှိတဲ့ ကျေးရွာ ၁ဝ ရွာကျော်က ဒေသခံတွေ စစ်ဘေးရှောင် နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။


========================


📌📌 ၇။ တိုက်ပွဲဖြစ်ရာလမ်းကြောင်းများကိုအသုံးမပြုရန် ဟုမ္မလင်း PDF သတိပေး


နိုဝင်ဘာလ ရက်။

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်တိုက်နယ်အတွင်းက လွှစင်ကုန်း ကျေးရွာအနီး တဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်းနေဆဲ ဖြစ်တာကြောင့် နောင်ပိုအောင်-လွှစင်ကုန်း-အောင်ပင်လယ်လမ်းပိုင်းနဲ့ နောင်ပိုအောင်-အထက်အော်သော်- ခုံတန်း လမ်းပိုင်းကို လုံးဝအသုံးမပြုကြဖို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ H-PDF က သတိပေး ထုတ်ပြန်ထားပါတယ်။

အဲဒီလမ်းပိုင်းကို နိုဝင်ဘာလ ၇ရက်နေ့ကစပြီး ၁၃ ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့ မိဘပြည်သူ တွေအနေနဲ့ ခရီးသွားလာရာမှာ စစ်ရေးသတိ အမြဲထားရှိဖို့ ဟုမ္မလင်း PDF က တိုက်တွန်းထားပါတယ်။

အဆိုပါတားမြစ်ချက်ကို ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေတဲ့ ခရီးသွားပြည်သူတွေသိအောင် လက်ဆင့်ကမ်း မျှဝေပေးကြဖို့နဲ့ တားမြစ်ချက်ကို တိတိကျကျလိုက်နာကြဖို့လည်း အသိပေးထားပါတယ်။  

ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၎င်းတို့လက်အောက်ခံ SNA (ရှမ်းနီ) တပ်ဖွဲ့ကို ခန္တီးခရိုင် အမှတ် တပ်ရင်း၊ H-PDF- မိုးကြိုးတပ်ဖွဲ့၊ ဟုမ္မလင်းမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ (ဟုမ္မလင်း ပလဖ) တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ရက်နေ့စတင်ပြီးတိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ရာလမ်းကြောင်းတွေကိုအသုံးမပြုကြဖို့ သတိပေးထုတ်ပြန်ထားတာပါ။

ဒါ့အပြင် HPDF -124 ကပြုလုပ်နေတဲ့ မြို့သိမ်းချီတက် ဒို့စက်လက်ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့ပေးဖို့လည်း H-PDFက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၈။ ဖယ်ခုံအခြေစိုက် ခမရ ၄၂၂ တပ်က တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖယ်ခုံ PDF ထံ အလင်းဝင် 


နိုဝင်ဘာလ ရက်။

ကရင်နီပြည် ဖယ်ခံမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PEKHON PDF-2 (B1006) က ထုတ်ပြန်ထားပါတယ်။ 

နိုဝင်ဘာလ ရက်နေ့မွန်းလွဲပိုင်းမှာ ခမရ ၄၂၂ တပ်ရင်းက တပ်သားတစ်ဦးဟာ လုံခြုံရေးတာဝန်ကျနေစဉ်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး B1006 ဗိုလ်တထောင်တပ်ခွဲထံ အလင်းဝင်လာတာလို့ဆိုပါတယ်။

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်မျက်နှာ ပို့ဆောင်နိုင်ရေးအတွက် လမ်းကင်းလုံခြုံရေးဆောင်ရွက်နေစဉ် ထွက်ပြေးလာတာလို့ သိရပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ဗိုလ်တထောင်တပ်ခွဲက ဆုငွေပေးအပ်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့လည်းသိရပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းတုန်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး PEKHON PDF-2 (B1006) ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment