23rd DEC 2023 - (Ethnic language program-CHO_DAAI) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - Daai α€’ိုင်α€›် α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၃ α€’ီဇင်α€˜ာα€œ ( ၂၃ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 



πŸ“ŒπŸ“Œ ၁။ α€‘α€š်α€˜ွေးစခန်း α€žိα€™်းပိုα€€်α€€ြောင်း တရားဝင်ထုတ်ပြα€”်၊ မတူပီα€”α€š်ထတွင်း ထိတွေ့ပ၊α€…်ခတ်α€™ှုတွေ ဆက်α€–ြα€…်α€”ိုင်

 

မတူပီα€™ြို့α€”α€š်၊ α€‘α€š်α€˜ွေးစခန်း α€žိα€™်းα€€ြောင်း ချင်းα€œဲα€”်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မတူပီ) α€€ ထုတ်ပြα€”်ပါα€α€š်။

α€’ီဇင်α€˜ာ ၁၈ α€›α€€်ထစောပိုင်းα€€ ထိုးα€…α€…်ဆင်တို၊α€€်ခိုα€€်ခဲ့တာα€–ြα€…်ပြီး တရက်ထကြာα€™ှာ α€…α€…်α€€ောင်α€…ီစခန်းα€€ုα€”်းα€€ို ဝင်α€›ောα€€်α€–ျα€€်ဆီးα€”ိုင်တာα€œို့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

Vui Bawk (ဆင်α€–ြူα€…α€…်α€€ြောင်း) α€‘α€™α€Š်ပေးထားတဲ့ α€’ီα€…α€…်ဆင်α€›ေးα€€ို CDF မတူပီ၊ မင်းတပ်၊ α€œောα€€်တူα€”ဲ့ CNDF ပူးပေါင်းတပ်α€€ ပူးပေါင်းခဲ့တာα€–ြα€…်ပြီး တို၊α€€်ပွဲထတွင်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€›ဲα€˜ော် တဦးα€€ျဆုံးခဲ့ပါα€α€š်။

α€”ောα€€်ထပ် ထိခိုα€€်ဒဏ်α€›ာα€›α€žူ တဦးα€›ှိα€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

စခန်းα€…ွα€”့်ထွα€€်ပြေးα€”ေတဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေα€€ို α€œိုα€€်α€œံα€›ှာα€–ွေα€”ေပြီး မတူပီα€™ြို့α€”α€š်ထတွင်း ထိတွေ့ပ၊α€…်ခတ်α€™ှုတွေ ဆက်α€–ြα€…်α€”ိုင်α€α€š်α€œို့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€€ α€‘α€žိပေးထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α‚။ α€˜ုံဇုံးစခန်းα€žိα€™်းတို၊α€€်ပွဲα€™ှာ α€œ၊α€€်α€”α€€် ၃၀ α€€ျော်α€”ဲ့ α€…α€…်α€žုံ့ပန်း ၆ ဦး α€–α€™်းα€™ိα€Ÿုဆို

 

ချင်းပြα€Š် - α€™α€€ွေးတိုင်းထစပ်၊ α€Ÿားခါးα€™ြို့α€”α€š်ထဲα€€ α€˜ုံဇုံးα€…α€…်α€€ောင်α€…ီတပ်စခန်းα€žိα€™်းတို၊α€€်ပွဲα€™ှာ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့α€›ဲ့ α€œ၊α€€်α€”α€€်α€™ျိုးα€…ုံ ၃၀ α€€ျော်α€”ဲ့ α€…α€…်α€žုံ့ပန်း ၆ ဦးα€€ို ချင်းတော်α€œှα€”်α€›ေးပူးပေါင်းတပ်α€€ α€žိα€™်းα€†α€Š်းα€›α€›ှိခဲ့ပါα€α€š်။

α€˜ုံဇုံးα€…α€…်α€€ောင်α€…ီတပ်စခန်းα€€ို ချင်းထမျိုးα€žားတပ်မတော် (CNA) ချင်းα€€ာα€€ွα€š်α€›ေးတပ် CDF – Hakha CDF - Thantlangα€”ဲ့ CDF - KKG ပူးပေါင်းတပ်α€–ွဲ့α€€ α€’ီဇင်α€˜ာ ααˆα€›α€€်α€€ တို၊α€€်ခိုα€€် α€žိα€™်းပိုα€€်ခဲ့တာပါ။

α€…α€…်ဆင်α€›ေးထတွင်း α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် ၈ ဦး α€žေ၊ဆုံးပြီး α€—ိုα€œ်α€€ြီးတဦးထပါထ၀င် ၆ ဦးα€€ို တော်α€œှα€”်α€›ေး ပူးပေါင်းတပ်α€–ွဲ့α€€ ထရှင်α€–α€™်းα€™ိα€α€š်α€œို့ တို၊α€€်ပွဲα€™ှာပါဝင်α€žူတွေα€€ို α€€ိုးα€€ားပြီး ချင်းဂျာα€”α€š်α€€ α€›ေးα€žားပါα€α€š်။ 

α€˜ုံဇုံးα€…α€…်α€€ောင်α€…ီတပ်စခန်းα€žိα€™်း တို၊α€€်ပွဲα€™ှာ ချင်းတော်α€œှα€”်α€›ေးပူးပေါင်းတပ်α€˜α€€်α€€ ထိခိုα€€်α€€ျဆုံးα€™ှု α€›ှိα€α€š်α€œို့α€œα€Š်း α€žိရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ αƒ။ မင်းတပ်α€™ြို့α€”α€š်α€™ှာ α€œေα€€ြောင်း တို၊α€€်ခိုα€€်ခံα€›၊ ထဆောα€€်ထထုံ ၁၀ α€œုံးα€€ျော် ပျα€€်α€…ီး

 

မင်းတပ်α€™ြို့α€”α€š်၊ တိုα€€်α€”α€š်ထမှတ် ၁ α€›ှိ α€€ျေးα€›ွာထဲα€€ို α€…α€…်α€€ောင်α€…ီα€€ α€œေα€€ြောင်း တို၊α€€်ခိုα€€်α€™ှု ထပ်α€™ံပြုα€œုပ်α€žွားα€α€š်α€œို့ α€žိရပါα€α€š်။

α€’ီဇင်α€˜ာ ၁၇ရက် α€™ွα€”်းα€œွဲပိုင်း ၁၂ α€”ာα€›ီ α€™ိα€”α€…် ၂၀ α€€ျော်α€™ှာ α€™ုံα€›ွာနမခကနေ Mi-35 တိုα€€်ခိုα€€်α€›ေးα€›α€Ÿα€်α€šာဉ် ၁ စင်းα€”ဲ့ တို၊α€€်ခိုα€€်တာပါ။

α€—ုံးα€€ြဲတို၊α€€်ခိုα€€်တာထပြင် α€…α€€်α€žေα€”၊တ်တွေα€”ဲ့ ပစ်တာα€œို့ α€–ြα€…်စဉ်α€žိထားα€žူတွေα€€ ပြောပါα€α€š်။

ထချα€€် ၁၀၀ α€œောα€€် တောα€€်α€œျှောα€€်ပစ်တာ၊ ထိα€™်တွေ၊ α€˜ုα€›ားα€€ျောင်းα€”ဲ့ α€€ျောင်းဆောင် ပျα€€်α€…ီးα€α€š်၊ α€œူထိခိုα€€်တာတော့ α€™α€›ှိα€˜ူး။α€œို့ α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံရတဲ့ α€€ျေးα€›ွာα€€ို ပြောပါα€α€š်။

မင်းတပ်α€™ှာ ၂၀၂၃ ထတွင်း α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှုα€”ဲ့ α€œα€€်α€”α€€်α€€ြီးပစ်ခတ်α€™ှု ထကြိα€™် ၇၀ α€”ီးပါးα€–ြα€…်ပွားခဲ့ပြီး ထရပ်α€žားပြα€Š်α€žူ ၉ ဦးα€”ဲ့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင် ၁ ဦး α€‘α€žα€€်ဆုံးα€›ှုံးခဲ့α€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ α€’ီဇင်α€˜ာ ၄ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

α€‘α€žα€€်ဆုံးα€›ှုံးα€›α€žူတွေα€Ÿာ မင်းတပ်α€™ြို့α€”α€š်၊ တိုα€€်α€”α€š် ၄၊ တိုα€€်α€”α€š် ၂၊ တိုα€€်α€”α€š် ၁ α€›ှိ ထမျိုးα€žα€™ီး ၆ ဦးα€”ဲ့ ထမျိုးα€žား ၃ ဦး α€–ြα€…်ပါα€α€š်။ ထိခိုα€€်ဒဏ်α€›ာα€›α€žူ ၂၇ ဦးထထိ α€›ှိα€”ေပါα€α€š်။

မင်းတပ်α€™ှာ α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံα€›α€™ှုα€”ဲ့ α€œα€€်α€”α€€်α€€ြီးα€€ျ၊α€Š်တွေα€€ြောင့် ထရပ်α€žားα€”ေထိα€™် ၁၀၀ α€€ျော်၊ α€˜ာα€žာα€›ေးထဆောα€€်ထထုံ ၉ ခု α€…ာα€žα€„်းα€€ျောင်းဆောင် ၆ ဆောင် ဆေးပေးခန်းα€”ဲ့ α€™ော်တော်α€šာဉ်တွေပါ ထိခိုα€€်ပျα€€်α€…ီး ခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α„။ တိုα€€်ပွဲα€–ြα€…်ပွားခြင်းα€™α€›ှိα€˜ဲ α€Ÿုα€™်းα€€ျေးα€›ွာα€€ို ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီα€™ှ α€—ုံးα€€ြဲတိုα€€်ခိုα€€်α€™ှုα€›ှိα€”ေ

 

ချင်းပြα€Š်α€”α€š်၊ α€•α€œα€€်ဝမြို့α€”α€š်၊ α€’ိုင်α€›်α€’ေα€ž၊ α€Ÿုα€™်းα€€ျေးα€›ွာα€€ို တိုα€€်ပွဲα€–ြα€…်ပွားခြင်းα€™α€›ှိα€˜ဲ α€…α€…်α€€ောင်α€…ီα€€ ဂျα€€်α€œေα€šာα€₯် α€”ှα€…်စင်းα€–ြင့် α€’ီဇင်α€˜ာα€œ ၁၉ α€›α€€် α€Šα€”ေ ၃ α€”ာα€›ီဝန်းα€€ျင်ကစပြီး α€—ုံးα€€ြဲတိုα€€်ခိုα€€်ခဲ့α€€ြောင်း Chinland Defense Force-Daaiထံα€€ α€žိရပါα€α€š်။ ထဲα€’ီα€”ေ့α€™ှာ တစ်ဆက်α€α€Š်း ၆ကြိα€™်၊ α€Š ၁၀နာα€›ီα€™ှာ ၁ကြိα€™်α€…ုα€…ုပေါင်း(၇)α€€ြိα€™် α€—ုံးα€€ြဲတိုα€€်ခိုα€€်ခဲ့ပြီး၊ 

α€”ောα€€်α€”ေ့ ၂၀ရက်α€”ေ့ α€™α€”α€€် ၁၀နာα€›ီα€™ှာ α€Ÿုα€™်းα€›ွာα€€ို တစ်α€€ြိα€™်၊ α€›ှီချောင်းဝကို ၁ကြိα€™်၊ ပင်းချောင်းဝကို ၃ကြိα€™်၊ α€Š ၇နာα€›ီα€™ှာ α€Ÿုα€”်းα€›ွာα€€ို ၁ကြိα€™်α€”ှင့် α€œေα€™ြိုα€™ြα€…်α€€ြောင်းတစ်α€œျှောα€€် ထကြိα€™်α€™ျားα€…ွာ α€—ုံးα€€ြဲခဲ့α€α€š်α€œို CDF-Daaiα€€ ဆိုပါα€α€š်။ 

ထဲα€’ီတိုα€€်ခိုα€€်α€™ှုα€™ှာ ၁၂နှα€…်ထရွα€š် α€€α€œေးတစ်ဦး ပြင်းထန်α€…ွာ ဒဏ်α€›ာα€›α€›ှိပြီး α€œူα€”ေထိα€™်α€™ျားα€…ွာ ပျα€€်α€…ီးခဲ့α€α€š်α€œို့ ဆိုပါα€α€š်။ α€…α€…်α€€ောင်α€…ီα€Ÿာ CDF-Daai ထိα€”်းချုပ်α€”α€š်α€™ြေထတွင်း ထရပ်α€žားပြα€Š်α€žူα€™ျားα€€ို ပစ်α€™ှတ်ထား α€—ုံးα€€ြဲတိုα€€်ခိုα€€်α€žα€Š့်ထတွα€€် α€’ေα€žα€ံα€™ျားα€Ÿာ α€€ျေးα€›ွာထတွင်းα€™α€”ေα€€ြα€˜ဲ တောတောင်ထဲတွင် α€›ှောင်တိα€™်းα€”ေရတဲ့ထတွα€€် ဆေးဝါးα€”ှင့် α€›ိα€€္ခာ ထရေးပေါ်ထကူα€‘α€Šီα€œိုထပ်α€”ေα€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။ α€•α€œα€€်ဝမြို့α€”α€š်၊ α€’ိုင်α€›်α€’ေα€ž၊ α€Ÿုα€™်းα€€ျေးα€›ွာတွင် ထိα€™်ခြေ ( αˆα€ )α€€ျော်ထိα€”ေထိုင်α€€ြα€α€š်α€œို့ α€žိရပါα€α€š်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment