23rd DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌 ၁။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ ထောက်ပို့တပ်သား စုဆောင်းရေးမှူး Fundraiser များနှင့် တွေ့ဆုံ

📌 ၂။ မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ ပတ်သက်ပြီး ညီညွတ်မှု၊ သွေးစည်းမှုနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေက ပျက်စရာအကြောင်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၄။ ကောလင်းခရိုင်အတွင်း နိုင်ငံတကာ အကူအညီဖြင့် လူသားစာနာထောက်ပံ့မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ပေးလျက်ရှိ

📌 ၅။ ကရင်နီပြည်ရှိ စကစတပ်များ လမ်းနှစ်သွယ်ကိုရွေးချယ်ရန် KNDFဒုစစ်ဦးချုပ် မာဝီ သတိပေးပြောကြား

📌 ၆။ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးတာဝန်များကို အရှိန်မြှင့်ရန် ရည်ရွယ်၍အထူးစစ်ဆင်ရေးအဖွဲ့SOF တပ်ခွဲတစ်ခွဲအနေဖြင့် ရေးဘီလူးအဖွဲ့ ဆက်လက်တာဝန်ထမ်းဆောင်မယ်

📌 ၇။ ထီးချိုင့်မြို့ထဲကို စကစက ဂျက်ဖိုက်တာ ()စီးဖြင့်ဗုံးကြဲတိုက်ခိုက်ပြန်

📌 ၈။ စစ်ကောင်စီတပ်ဖွဲ့ဟာ ရက်ပိုင်းအတွင်း ကိုးကန့်ဒေသကို လေကြောင်းဖြင့်(၄၉)ကြိမ်တိုင်တိုင်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အသိပေး

📌 ၉။ အကြမ်းဖက် စစ်ကောင်စီတပ်မှ  ကျုံဒိုးမြို့နယ်ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ဦးသေဆုံးပြီး ဦး ဒဏ်ရာရ

📌 ၁၀။ မဏိပူရ်ပြည်နယ်ရှိမတရား ဖမ်းဆီးခံထားရသော မြန်မာပြည်သူများ အစာငတ်ခံဆန္ဒပြနေ

📌 ၁၁။ 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ဂျပန်နိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဖော်ပြအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ ထောက်ပို့တပ်သား စုဆောင်းရေးမှူး Fundraiser များနှင့် တွေ့ဆုံ


ဒီဇင်ဘာ၂၂ရက်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF တည်ထောင်ခြင်း နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နိုင်ငံအသီးသီးမှ Fundraiser များ တွေ့ဆုံအစည်းအဝေးကျင်းပခဲ့ပါတယ်။ 


အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများ စုံလင်စွာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။


ထို့နောက်နိုင်ငံအသီးသီးမှ Fundraiser များကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ထောက်ပို့တပ်သား စုဆောင်းရေးမှူးများအဖြစ် တရားဝင်အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။


ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များမှလည်း လက်ရှိထောက်ပို့တပ်အခြေအနေများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ ပတ်သက်ပြီး ညီညွတ်မှု၊ သွေးစည်းမှုနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေက ပျက်စရာအကြောင်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဒီဇင်ဘာလ၂၂ရက်။

မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ပတ်သက်ပြီး ညီညွတ်မှု၊ သွေးစည်းမှုနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေက ပျက်စရာအကြောင်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


ပြည်သူမှ ပြည်သူသို့ အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"ညီနောင်သုံးဖွဲ့နဲ့ပတ်သက်ပြီးတော့ ဆရာတို့တစ်တွေကြားထဲမှာ ၂နှစ်ခွဲ၃နှစ်ကြာ ညှိနှိုင်းခဲ့ကြ၊ ဆွေးနွေးခဲ့ကြ၊ တိုင်ပင်ခဲ့ကြ၊ ပြင်ဆင်ခဲ့ကြပြီးပြီ။ ဒါနဲ့ပတ်သက်ပြီး ခိုင်မာပြီးသွားပြီးပြီ။ ဘယ်လိုနည်းနဲ့မှကွဲစရာမရှိဘူး။ ညီညွတ်မှု၊ သွေးစည်းမှုနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေက ဘာအကြောင်းနဲ့မှ ပျက်စရာမရှိတော့ဘူး"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိ၁၀၂၇ရဲ့ စစ်ဆင်ရေးများမှာ TNLAနှင့်အတူ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကလည်း အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ


ဒီဇင်ဘာလ ၂၂ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၅၄/၂၀၂၃)ကို ဒီဇင်ဘာ၂၂ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊အထွေထွေအတွင်းရေးမှူး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ  အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကောလင်းခရိုင်အတွင်း နိုင်ငံတကာ အကူအညီဖြင့် လူသားစာနာထောက်ပံ့မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ပေးလျက်ရှိ


ဒီဇင်ဘာလ ၂၂ ရက်။

ကောလင်းခရိုင်အတွင်း နိုင်ငံတကာ အကူအညီဖြင့် လူသားစာနာထောက်ပံ့မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ပေးလျက်ရှိတယ်လို့ ဒီဇင်ဘာ၂၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


နိုဝင်ဘာလ ၆ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များ လက်တွဲ၍ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ၊ အမိုးအကာများနှင် ငွေကြေးပံ့ပိုးခြင်း လုပ်ငန်းများ အပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။


ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် နိုင်ငံတကာမှရရှိသည့် အလှူငွေ (၆၄,၄၉၆,၇၅၀)ကျပ်ကို ကောလင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင်ကျေးရွာ ()ရွာနှင့် သဘာဝဘေးဒဏ်ခံ ကျေးရွာ ()ရွာရှိ အိမ်ထောင်စု (၇၁၂)မှ လူဦးရေ (,၂၁၁)ဦးအတွက် တစ်ဦးလျှင်ငွေသား (၁၈,၂၅၀)ကျပ်နှင့် အိမ်ထောင်စုတစ်စုလျှင် (,၀၀၀) ကျပ်တန်ဖိုးရှိ စားနပ်ရိက္ခာများကို ချိတ်ဆက်ပံ့ပိုးခဲ့တယ်လို့သတင်းရရှိပါတယ်။


သို့ရာတွင် ကောလင်းခရိုင်အတွင်း၌ အကြမ်းဖက်စစ်တပ်၏ လေကြောင်းရန်နှင့် လက်နက်ကြီးပစ်ခတ်မှုရန်ကြောင့် ထိခိုက်ခံစားကြရသည့် ဘေးသင့် ပြည်သူများစွာရှိကြပြီး အကူအညီလိုအပ်ချက်များလည်း ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ကရင်နီပြည်ရှိ စကစတပ်များ လမ်းနှစ်သွယ်ကိုရွေးချယ်ရန် KNDFဒုစစ်ဦးချုပ် မာဝီ သတိပေးပြောကြား


ဒီဇင်ဘာလ၂၂ရက်။

ကရင်နီပြည်ရှိ စကစတပ်များ လမ်းနှစ်သွယ်ကို ရွေးချယ်ရန် KNDFဒုစစ်ဦးချုပ် မာဝီက ဒီဇင်ဘာ၂၂ရက်မှာ ရုပ်သံနှင့်တကွ ပြောပါတယ်။


"လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား။ ချေမှုန်းခံမလား။ လမ်းနှစ်လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး။ နောက်တစ်လှိုင်းထပ်လာမယ်"လို့ဆိုပါတယ်။


ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မ (၆၆) လက်အောက်ခံ .. (၄၂၅) နှင့် .. () တပ်ရင်းတို့ကို KNDF က နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးပြီး တပ်ဖွဲ့ဝင် ၃၂ ဦးလက်နက်ချခဲ့ပါတယ်။


အလားတူ ဒီဇင်ဘာ၁၀ရက်နံနက်ပိုင်းမှာ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။


========================


📌📌 ၆။ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးတာဝန်များကို အရှိန်မြှင့်ရန် ရည်ရွယ်၍အထူးစစ်ဆင်ရေးအဖွဲ့SOF တပ်ခွဲတစ်ခွဲအနေဖြင့် ရေးဘီလူးအဖွဲ့ ဆက်လက်တာဝန်ထမ်းဆောင်မယ်


ဒီဇင်ဘာလ ၂၂ရက်။

မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးတာဝန်များကို အရှိန်မြှင့်ရန် ရည်ရွယ်၍ အထူးစစ်ဆင်ရေးအဖွဲ့SOF တပ်ခွဲတစ်ခွဲအနေဖြင့် ရေးဘီလူးအဖွဲ့ ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ ဒီဇင်ဘာ၂၂ရက်မှာ ရေးဘီလူးအဖွဲ့က တရားဝင်သတင်းထုတ်ပြန်အသိပေးပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်‌ တောင်ပိုင်းတိုင်း စစ်ဒေသ၏ကွပ်ကဲမှု့ကို ခံယူ၍ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများသို့ အသိပေးထုတ်ပြန်အပ်ပါတယ်"လို့ ရေးဘီလူးအဖွဲ့ကဖော်ပြပါတယ်။


ရေးဘီလူးခေါင်းဆောင်တဲ့ အဖွဲ့ဟာ မွန်ပြည်နယ် ရေးမြို့နယ်ရှိ စကစတပ်များကို အထိနာကျရှုံးမှုများဖြစ်ပေါ်အောင်တိုက်ခိုက်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။


========================


📌📌 ၇။ ထီးချိုင့်မြို့ထဲကို စကစက ဂျက်ဖိုက်တာ ()စီးဖြင့်ဗုံးကြဲတိုက်ခိုက်ပြန်


ဒီဇင်ဘာလ၂၂ရက်။

ထီးချိုင့်မြို့ထဲကို စကစက ဂျက်ဖိုက်တာ ()စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်တယ်လို့ ဒီဇင်ဘာ၂၂ရက်မှာ ထီးချိုင့် TR Teamကအတည်ပြုဆိုထားပါတယ်။


"မနက်၁၁နာရီ၅၅အချိန် မြစ်ကြီးနားဆင်း ဂျက်ဖိုက်တာ ()စီးဖြင့် ထီးချိုင့်မြို့ထဲကို စကစများက ဗုန်းကြဲ ပစ်ခတ်တယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာ၂၁ရက်နေ့ညနေပိုင်းကလည်း မြစ်ကြီးနားဆင်း ဂျက်ဖိုက်တာ()စီးဖြင့် ထီးချိုင့်မြို့နယ် ဇီးကုန်းရွာ အနီး ဗုန်းကြဲ ပစ်ခတ်ခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ထိခိုက်သေဆုံးတချို့ရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။


========================


📌📌 ၈။ စစ်ကောင်စီတပ်ဖွဲ့ဟာ ရက်ပိုင်းအတွင်း ကိုးကန့်ဒေသကို လေကြောင်းဖြင့်(၄၉)ကြိမ်တိုင်တိုင်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အသိပေး


ဒီဇင်ဘာလ ၂၂ရက်။

ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီမှ ကိုးကန့်‌ဒေသကို လေကြောင်းဖြင့်(၄၉)ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းဖြင့် ကိုးကန့်လောက်ရှမ့်ထန် နယ်ခြားစောင့်တပ်အနီးတစ်ဝိုက် (၁၅)ကြိမ် မူကွာကျိုင့်နောက်တောင်ကုန်းပိုက်ထ‌ပေါက်‌ပေါက်နေရာနှင့် လောက်ကိုင် (၃၁၁)ငြိမ်းချမ်းရေးကွင်း ()ကြိမ် တာရှင်ကျိုင့် ကျင်ရှမ့်ချိန်နှင့် ကျင်စံကျောက်()ကြိမ် ကွမ်ရင်ရှမ်တောင်အောက်ခြေ တာကြာကျိုင့် လောက်ရှမ့်ထန်တောင်နှင့် ကျင်ရှမ့်ချိန်ဟိန်းလိစာသင်ကျောင်း(၁၄) ရှိတုံ့ရွှေ နှင့် လောက်ရှုကုတ်()ကြိမ် မာဟိုင်တောင်()ကြိမ် တာရင်တောင်နှင့် ရှောက်ရင်တောင်()ကြိမ် စသည်ဖြင့် စုစုပေါင်း (၄၉)ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုအောက်တွင် နေအိမ်ရပ်ကွက်များလည်း ဦးတည်ပစ်ခတ်သောနေရာ အဖြစ် ပစ်မှတ်ဖြစ်လာခဲ့ကာ လက်ရှိ စစ်ကောင်စီ၏လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်ရပ်ကွက် များဖျက်ဆီးခံရမှုနှင့် လူသေဆုံးမှုများ အသေးစိတ်မတွက်ချက်နိုင်သေးဘူးလို့ဆိုပါတယ်။


========================


📌📌 ၉။ အကြမ်းဖက် စစ်ကောင်စီတပ်မှ  ကျုံဒိုးမြို့နယ်ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ဦးသေဆုံးပြီး ဦး ဒဏ်ရာရ


ဒီဇင်ဘာလ (၂၂) ရက်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ  ကျုံဒိုးမြို့နယ် ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာ၂၂ရက်မှာ ကေအဲန်ယူဗဟိုကအသိပေးဆိုပါတယ်။


"ဒီဇင်ဘာ ၁၈ ရက် မနက် (၁၀း၄၇) မိနစ် အချိန်၌ အကြမ်းဖက် စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၀) တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပြည်သူနေ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်သည့်အတွက် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာနေ အသက် ၄၆ နှစ်ရှိ နန်းမီစုသည် ကျည်စထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


ထို့အတူ ဒီဇင်ဘာ၁၉ ရက် ညနေ (၅း၃၀) မိနစ် အချိန်၌လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၀) တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပြည်သူနေ ကျေးရွာအတွင်းသို့ ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ရာ တောင်ကြာအင်း ကျေးရွာနေ အမျိုးသမီး ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။


အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြာအင်းကျေးရွာနေ အသက် ၇၁ နှစ်ရှိ ဒေါ်ခင်ရီ (ညာဘက် ဒူးခေါင်းအပေါ် ကျည်စထိမှန်) ဒဏ်ရာ နှင့် အသက် ၆၈ နှစ်ရှိ နန်းမူးလားအန် (ဘယ်ဘက်ပေါင် ပေါက်ထွက်) စသည့် ဒဏ်ရာများဖြင့် ဆေးဝါးကုသမှု ခံယူနေကြရပါတယ်။


========================


📌📌 ၁၀။ မဏိပူရ်ပြည်နယ်ရှိမတရား ဖမ်းဆီးခံထားရသော မြန်မာပြည်သူများ အစာငတ်ခံဆန္ဒပြနေ


ဒီဇင်ဘာ၂၂ရက်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ မတရား ဖမ်းဆီးခံထားရသော မြန်မာပြည်သူများ အစာငတ်ခံဆန္ဒပြလျက်ရှိနေတယ်လို့ ဒီဇင်ဘာ၂၂ရက်မှာ မတရား ဖမ်းဆီးခံထားရသော မြန်မာပြည်သူများဖြစ်စဥ်နဲ့ပတ်သက်လို့ 

India 4 Myanmarကအသိပေးဖော်ပြပါတယ်။


"Manipur မှာ မြန်မာပြည်သူတွေ အစာငတ်ခံ ဆန္ဒပြလျှက်ရှိပါတယ်"လို့ဆိုထားပါတယ်။


ဒါ့အပြင်မဏိပူရ်ပြည်နယ်ရှိ ဖမ်းဆီးခံထားရသော မြန်မာပြည်သူများ၏ လုံခြုံရေးနှင့် လွတ်မြောက်ရေးအတွက် India4Myanmar အရေးပေါ် အကူညီတောင်းခံချက် အိတ်ဖွင့်ပေးစာကို မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ကို ပေးပို့ထားပါတယ်။


ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ် သြဂုတ်လမှစ၍ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်သို့ ဖြတ်ကျော်ဝင်ရောက်လာသောမြန်မာ စစ်ဘေးရှောင်၁၀၅ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။


၄င်းတို့ထဲမှ ၈၆ဦးမှာ ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံပြီးကာ ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးထိန်းသိမ်းထားကာ ဒီဇင်ဘာ၁၅ရက်နေ့တွင် ထောင်အာဏာပိုင်များမှ ပြန်လွှတ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း မလွတ်ပေးခဲ့ခြင်းကြောင့် အစာငတ်ခံဆန္ဒထုတ်ဖော်ခြင်းကို ဒီဇင်ဘာ၁၆ရက်က စတင်ကာ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၁၁။ 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ဂျပန်နိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဖော်ပြအသိပေး


ဒီဇင်ဘာ၂၂ရက်။

𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာဂျပန်နိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဒီဇင်ဘာ၂၂ရက်မှာ 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 ကမ်ပိန်းကတရားဝင်အသိပေးဆိုပါတယ်။


𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ဂျပန်နိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဖော်ပြလိုက်ပါတယ်။ မိမိပါဝင်ထောက်ပံ့လိုတဲ့ သက်ဆိုင်ရာ Fundraiser များရဲ့ Page Messenger မှ bank account တောင်းယူပြီး ပါဝင်ထောက်ပို့နိုင်ပါတယ်"လို့ဆိုပါတယ်။


ဂျပန်နိုင်ငံမှ ပါဝင်ထောက်ပို့နိုင်သော Fundraiser များမှာ Ma Nan Moe Kham အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီဂျပန်ဌာနခွဲ၊ Progressive Myanmar Community နွေဦးစာချုပ် - ဂျပန်တို့ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment