မြန်မာပြည် စားနပ်ရိက္ခာနဲ့ ဝမ်းစာဖူလုံမှု ကျဆင်းနေတယ်လို့ ကမ္ဘာဘဏ်အစီရင်ခံစာ ထုတ်ပြန်

file photo, Reuters, 2021

 

မြန်မာပြည် စားနပ်ရိက္ခာနဲ့ ဝမ်းစာဖူလုံမှု ကျဆင်းနေတယ်လို့ ကမ္ဘာဘဏ်အစီရင်ခံစာ ထုတ်ပြန်

သတင်းကို မကြေးမုံက ပေးပို့ပါတယ် Radio NUG, Dec 22, 2023

ဝမ်းစာဖူလုံမှုကိုခြိမ်းခြောက်လာတဲ့ စားနပ်ရိက္ခာကဏ္ဌရဲ့ အခွင့်အလမ်းနဲ့ အကြပ်အတည်းများကို ဖော်ပြထားတဲ့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာထုတ် ပြန်လိုက်ပါတယ်။


သီးနှံအထွက်နှုန်း ကျဆင်းတာ၊ စားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်လာတာ၊ စားသောက်မှုပုံစံတွေပြောင်းလဲ လာတာ၊ ဝင်ငွေနဲ့ လယ်သမားတွေရဲ့ အလုပ်အကိုင်ပုံစံ ပြောင်းလဲလာတာနဲ့  လုပ်သားရရှိ နိုင်မှု ပြောင်းလဲလာတာ စတာတွေကို လေ့လာထုတ်ပြန်တာ ဖြစ်ပါတယ်။


အစီရင်ခံစာမှာ ဖော်ပြထားတဲ့ မြန်မာ့စိုက်ပျိုးရေးအခြေအနေမှာ စိုက်ပျိုးဧကလျော့ကျ လာခြင်း စပါးတစ်မျိုးထဲကို အဓိကထားစိုက်ပျိုးမှုများခြင်း၊ ကောက်ပဲသီးနှံအမယ်စုံထုတ် လုပ်နိုင်မှု နည်းပါးခြင်းတို့က ဒေသခံတွေအတွင်း ဝမ်းစာဖူလုံမှုအတွက်ပင် ခြိမ်းခြောက်လာနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးကထဲက ငွေကြေး ဖောင်းပွမှုက တဒေါ်လာ ၁၃၀၀ ကျပ်ကနေ  ၁၉၀၀ အထိမြင့်တက်သွားခဲ့ပြီး ၂၀၂၃ ဇူလိုင် လကုန်မှာ ဆက်လက်မြင့်တက်လာခဲ့ပြီး တဒေါ်လာကို ကျပ် ၃၆၀၀ လောက်အထိ ရောက် ရှိလာပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုနှုန်းက အမြန်နှုန်းနဲ့ အဆမတန်မြင့်လာတဲ့အတွက် အိမ်ထောင်စုများရဲ့အခြေခံစားကုန် ဝယ်ယူနိုင်စွမ်းကိုလျော့ကျစေလို့ အစားအစာဖူလုံမှုကိုထိခိုက်စေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက်ရင်းနှီးမြှုပ်နှံမှုကိုလဲ ထိခိုက်စေတယ်လို့ဖော်ပြပါတယ်။ 


ဆန် ပြည်ပတင်ပို့တဲ့လုပ်ငန်း  ကျဆင်းလာတာကလည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုကို ပိုမိုထိခိုက်စေတဲ့လို့ ဆိုပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးသွင်းအားစုများတင်သွင်းခြင်းကို ကန့်သတ်လိုက်တဲ့အတွက် သွင်းအားစုတွေဈေးကြီးမြင့်တဲ့ဒဏ်ကို တောင်သူတွေပိုမိုခံစားလာရတယ်လို့ ရေးသားထားပါတယ်။ ဒီအခက်အခဲတွေကိုဖြေရှင်းဖို့အတွက်က သွင်းအားစု များကိုထောက်ပံ့ပေးခြင်းနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ သိုလှောင်သိမ်းဆည်းခြင်းနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဈေးကွက်တင်ပို့တဲ့လုပ်ငန်းတွေကို ကူညီ အားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 


ဒါ့အပြင် တောင်သူများအတွက် ဝင်ငွေရလမ်းအခြာနည်းလမ်းမရှိပဲ စိုက်ပျိုးရေးလုပ်ငန်းကရတဲ့ဝင်ငွေကပဲ အဓိကဖြစ်လာတာကလည်း  အမျိုးသမီး ဦးဆောင်တဲ့အိမ်ထောင်စုများကို အခက်အခဲတွေ ပိုဖြစ်လာစေပါတယ်။ နိုင်ငံရေးမတည် ငြိမ်မှုတွေကလည်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် အကာအကွယ်ပေးနိုင်တဲ့ သီးနှံအာမခံလုပ်ငန်းမျိုးတွေ ထွက်ပေါ်လာဖို့ကိုလည်း ပိုပြီးဝေးကွာစေတယ်လို့ ဆိုပါတယ်။ စစ်ရေးကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရတာကြောင့် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေတယ်လို့ ဆိုပါတယ်။ ကျေးလက်ဒေသများမှာလည်း အဟာရပြည့်ဝသော အ စားအစာများစားသုံးဖို့နဲ့ အစားအစာအမျိုးအစားစုံလင်စွာ စားသောက်မှု ရှားပါးလာတာ၊ လျော့ကျလာတာ စိုးရိမ်ဖွယ် ဖြစ်တယ်လို့ ဆိုထားပါတယ်။ 


တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ အသွားလာ ကန့်သတ်တာတွေ လုံခြုံရေးအခြေနေဆိုးရွားလာမှုနဲ့ ရာဇဝတ်မှုများမြင့်တက်လာတာကလည်း စားနပ်ရိက္ခာအကျပ်အတည်းကိုပိုပြီးကြီးမားလာစေတယ်လို့ ဆိုပါတယ်။ ဒီအခက်အခဲ တွေဖြေရှင်းဖို့အတွက် အစီရင်ခံစာကတော့ အဟာရဆိုင်ရာ ဗဟုသုတတွေ၊ အိမ်တွင်းသီး ပင်စားပင်နဲ့ ဥယျာဥခြံမြေစိုက်ပျိုးခြင်း၊ အသေးစားမွေးမြူရေးလုပ်ငန်းတွေအတွက် နည်းပညာပံ့ပိုးမှုတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

Share:

No comments:

Post a Comment