စစ်ကောင်စီနဲ့ ဩဇာခံဆန်အသင်းချုပ်က လယ်သမားများကို ခွဲခြားဆက်ဆံမှုတွေ ကျုးလွန်နေ



စစ်ကောင်စီနဲ့ ဩဇာခံဆန်အသင်းချုပ်က လယ်သမားများကို ခွဲခြားဆက်ဆံမှုတွေ ကျုးလွန်နေ
မကြေးမုံ၊ Radio NUG, December 21, 2023

တိုင်းဒေသကြီးနဲ့ ပြည်နယ် အကန့်သတ်ဖြင့် ဆယ်ဧကအထက်လယ်သမားကြီးတွေကို စိုက်စရိတ်ချေးငွေ သိန်း ၄၀၀ ချထားပေးမယ့်အစီစဥ်ကို ဆန်စပါးအသင်းချုပ်ထုတ်ပြန်လိုက်ပါတယ်။ သတင်းကို မကြေးမုံက ပေးပို့ထားပါတယ်။

စပါးစိုက်ဧက ဆယ်ဧကအထက် ပိုင်ဆိုင်တဲ့လယ်သမားကြီးတွေကို ဆန်စပါးအသင်းချုပ် နဲ့ ပုဂ္ဂလိကဘဏ် ၅ ဘဏ် ပူးပေါင်းပြီး ကာလတို စိုက်ပျိုးစရိတ်ချေးငွေ ချထားပေးမယ့်အစီ အစဥ်ကို မနေ့ကထုတ်ပြန်လိုက်ပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ မူရင်း ကို အပေါင်ရယူပြီး စပါးတစ်ဧကကို လေးသိန်းနှုန်းနဲ့ ဧကတစ်ရာ အထိချေးငွေချထားပေးမှာ ဖြစ်ပြီး တိုးနှုန်းက တစ်နှစ်ကို ဆယ်ရာခိုင်နှုန်းသတ်မှတ်ထားပါတယ်။ ချေးငွေကို အခုနှစ် နွေစပါးရာသီနဲ့ ၂၀၂၄ မိုးစပါးရာသီအတွက်လျှောက်ထားနိုင်ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ် မှုတိုးတက်စေဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ ချေးငွေလျှောက်ထားနိုင်ဖို့အတွက် ဆန်စပါး အသင်းချုပ်ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ချေးငွေပုံစံကိုပေးပို့ထားပါတယ်။

ကာလတိုချေးငွေချထားမယ့်ဆန်စပါးသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ချေးငွေချထားပေးမယ့်အစီအစဥကိုဖော်ပြထားတာမတွေ့ရှိရပေမယ့် ချေးငွေချ ထားပေးမယ့်အစီအစဥ်အတွက် ညှိုနှိုင်းဆွေးနွေးပွဲမှာတော့ ရန်ကုန်၊ မန်းလေး၊ ဧရာဝတီ၊ ပဲခူးနဲ့ နေပြည်တော်ကလယ်သမားကြီးတွေရဲ့ စိုက်ဧကတစ်သိန်းကို ချထားပေးမှာဖြစ် တယ်လို့ ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာတော့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက စပါးစိုက်တောင်သူတွေက ချေးငွေအစီအစဥနဲ့ ပတ်သက်ပြီးမေးမြန်းထားတာရှိပေမယ့် ဆန်စပါးအသင်းချုပ်ကတော့ ပြန်လည်ဖြေကြားထားတာမရှိသေးပါဘူး။ လတ်တလောမှာ စပါးစိုက်ပျိုးသူတောင်သူတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပုံစံ ၇ မူရင်းကို အပေါင်အဖြစ် ရယူထား ပြီး စပါးတစ်ရာသီအတွက် တစ်ဧကကို ကျပ် တစ်သိန်းခွဲနှုန်းနဲ့ထုတ်ချေးထားတွေ ရှိနေပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁၊ နွေစပါးရာသီကစလို့ ဓာတ်မြေ ဩဇာဈေးတွေ ၃ဆအထိမြင့်တက်သွားခဲ့ပြီး ငွေကြေးဖောင်းပွမှုတွေ၊ လမ်း ပန်းဆက် သွယ်ရေးခက်ခဲလာတာတွေကြောင့် စပါးတစ်ဧက ကုန်ကျစရိတ်က စိုက်ပျိုးတဲ့ ပုံစံအလိုက် ကျပ်ခြောက်သိန်းမှ ၈ သိန်းနီးပါးအထိ အထိမြင့်တက် သွားပါတယ်။ ဒါကြောင့် စိုက်ဘဏ် ရဲ့ချေးငွေ ထောက်ပံ့မှုအစီအစဥ်က လယ်သမားတွေအတွက် ဘယ်လိုမှထိထိရောက် ရောက်ကူညီနိုင်တာမရှိပဲ လယ်သမားကြီးတွေထက် ဆယ်ဧကအောက်လယ်သမားငယ်တွေမှာ အရင်းနှီးလိုအပ်ချက် ပိုပြီးကြီးမားလာပါတယ်။ ဆန်စပါးအသင်းချုပ်နဲ့ အတူ ကမ္ဘောဇ၊ ဧ ရာဝတီ၊ ရိုးမ၊ အေဘဏ်နဲ့ ယူနိုင်တက်အမရဘဏ်တို့ ပူးပေါင်းပြီး စိုက်ပျိုးစရိတ်ချေးငွေ ချထားပေးမယ့်အစီစဥ်ကတော့ စီးပွားရေးအရ အကျိုးအမြတ် ပြန်ရဖို့ သေချာတဲ့ ၁၀ဧကအထက်လယ်သမားကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုအစီစဥ်ကို စတင်လိုက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ကသုံးသပ်ထားပါတယ်။
Share:

No comments:

Post a Comment