23rd DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ American State Department ရဲ့ Website မှာတင်ထားတဲ့ အကြမ်းဖက်မှု အစီရင်ခံစာထဲက မြန်မာနိုင်ငံအပိုင်းကို  ဖယ်ရှားလိုက်တယ်လို့ပြောကြား

📌 ၂။ စစ်အုပ်စုအတွက် မြန်မာနိုင်ငံမှာရော နိူင်ငံတကာမှာပါ နေရာမရှိတော့ဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ပြောကြား

📌 ၃။ မန်တုံမြို့တွင် စစ်ကောင်စီတပ်က အကြိမ်ရေများစွာ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ အိမ်ခန့် ထိခိုက်ပျက်စီး၊ ကွတ်ခိုင်တွင် ()ဦးသေဆုံးပြီး ()ဦးဒဏ်ရာရ

📌 ၄။ ရခိုင်ပြည်နယ်တွင် အရပ်သားပိုင်ပစ္စည်းများကို စကစတပ်များမီးရှို့ဖျက်ဆီး၍ အရပ်သားများကို တောက်လျှောက်ဖမ်းဆီး

📌 ၅။ ပေါက်မြို့နယ် တရော်ကိုင်းပျူရွာမှ လက်နက်ကိုင်ဆောင်နွားကျောင်းထွက်လာသော ပျုစောထီးများအား အဝေးပစ် စနိုက်ပါများဖြင့် ပစ်ခတ်ရာတစ်ဦးထိမှန်

📌 ၆။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့က Livel IVအဆင့်ရှိကျည်ကာကိုမိတ်ဆက်ပြသ

📌 ၇။ တောင်ပိုင်းတိုင်း တနင်္သာရီစစ်ဒေသ ABSDF တပ်ရင်း() အခြေခံစစ်ပညာသင်တန်း (/၂၃) သင်တန်းဆင်းပွဲကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ American State Department ရဲ့ Website မှာတင်ထားတဲ့ အကြမ်းဖက်မှု အစီရင်ခံစာထဲက မြန်မာနိုင်ငံအပိုင်းကို  ဖယ်ရှားလိုက်တယ်လို့ပြောကြား


ဒီဇင်ဘာ၂၃ရက်


American State Department ရဲ့ Website မှာတင်ထားတဲ့ အကြမ်းဖက်မှု အစီရင်ခံစာထဲက မြန်မာနိုင်ငံအပိုင်းကို  ဖယ်ရှားလိုက်တယ်ဆိုတဲ့အ‌ ကြောင်းကိုNUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုရှယ်မီဒီယာမှာ ယခုလိုဖော်ပြထားပါတယ်။


"အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Bureau of Counterterrorism အတွက် Development Services Group ကပြုစုပေးတဲ့ ANNEX OF STATISTICAL INFORMATION 2022 ကနေ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ narrtive section ကို ပြန်ဖြုတ်လိုက်တယ်ဆိုတဲ့အကြောင်း"လို့ လင့်ခ်နှင့်တကွဖော်ပြထားပါတယ်။


ဒါ့အပြင် NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှလည်း ဒီဇင်ဘာ၂၃ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်အခုလို အသိပေးပြောကြားထားပါတယ်။


"American State Department ရဲ့ Website မှာတင်ထားတဲ့ အကြမ်းဖက်မှု အစီရင်ခံစာထဲက မြန်မာနိုင်ငံအပိုင်းကို  ဖယ်ရှားလိုက်ပါပြီ။ဒီအစီရင်ခံစာထည်းမှာ PDF နဲ့ တိုင်းရင်းသား LDF တချို့ကိုအကြမ်းဖက်အများဆုံးကျူးလွန်တယ်လို့စွပ်စွဲဖော်ပြထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်မှုကို မဖော်ပြခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


========================


📌📌 ၂။ စစ်အုပ်စုအတွက် မြန်မာနိုင်ငံမှာရော နိူင်ငံတကာမှာပါ နေရာမရှိတော့ဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ပြောကြား


ဒီဇင်ဘာ၂၃ရက်


စစ်အုပ်စုအတွက် မြန်မာနိုင်ငံမှာရောနိူင်ငံတကာမှာပါ နေရာမရှိတော့ဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က ဒီဇင်ဘာလအတွင်းတွေဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။


"စစ်အုပ်စုက နိုင်ငံတကာမှာ ဖယ်ကြဥ်ခံနေရတာ ကြာပြီပေါ့။ ဒါက ဆက်လက်ပြီး ဖယ်ကြဥ်ခံထားရတာ။ သူတို့ သုံးနှစ်ဆက်တိုက်ကြိုးစားတယ်။ သူတို့ကိုယ်စားပြုခွင့်ရဖို့အတွက် သူတို့မအောင်မြင်ဘူး။ ကျွန်တော်တို့ရဲ့ သံအမတ်ကြီးပဲ ကိုယ်စားပြုခွင့်ရတယ်။ စစ်အုပ်စုအတွက်က ရှက်စရာကောင်းတဲ့အရှုံးတစ်ခုဖြစ်လာတာပေါ့။ စစ်အုပ်စုအတွက်ကတော့ မြန်မာနိုင်ငံမှာလည်း နေရာမရှိတော့ဘူး။ နိုင်ငံတကာမှာလည်း နေရာမရှိတော့ဘူး။ အကြမ်းဖက်စစ်ကောင်စီဟာ  မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရဘူး"လို့ဆိုပါတယ်။


ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် Credentials Committee က လက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ မန်တုံမြို့တွင် စစ်ကောင်စီတပ်က အကြိမ်ရေများစွာ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ အိမ်ခန့် ထိခိုက်ပျက်စီး၊ ကွတ်ခိုင်တွင် ()ဦးသေဆုံးပြီး ()ဦးဒဏ်ရာရ


 ဒီဇင်ဘာ ၂၃ ရက် 


"ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၁၃)ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၈)ကြိမ်၊ စစ်ကောင်စီ၏ (၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၃၀)ကျော် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်တုံမြို့ရှိ ဒုက္ခသည်စခန်း၊ လွယ်ကန်ကျေးရွာ၊ မန်တုံမြို့တွင်းနှင့် အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့တယ်"လို့ ဒီဇင်ဘာ၂၃ရက် TNLAက အတည်ပြုဆိုထားပါတယ်။

 

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ကန်ကျေးရွာ မန်တုံမြို့နှင့် ဒုက္ခသည်စခန်းရှိ မီးတိုင်များ ကျိုးကျပျက်စီးခဲ့ပြီး နေအိမ်()လုံးမီးလောင်ကာ ဘုန်းတော်ကြီးကျောင်းအပါအဝင် ဒေသခံနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ 


ထို့အပြင် မန်တုံမြို့ရှိ မြို့ခံအမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ 

 

အလားတူ ကွတ်ခိုင်မြို့နယ်တွင်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည်(၃း၀၀)အချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် လွယ်ပယ်စု ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ မိုင်းအလေဝ်း အသက်(၂၅)နှစ် သေဆုံးခဲ့ပြီး လွေးအိုဆွေ အသက်(၂၄)နှစ်နှင့် ဟိုကျန့်ရွာခံ ဦးအိုက်ကမ် အသက်(၅၅)နှစ်တို့ ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၄။ ရခိုင်ပြည်နယ်တွင် အရပ်သားပိုင်ပစ္စည်းများကို စကစတပ်များမီးရှို့ဖျက်ဆီး၍ အရပ်သားများကို တောက်လျှောက်ဖမ်းဆီး


ဒီဇင်ဘာ၂၃ရက်


 ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ ညနေ () နာရီ (၂၀) မိနစ်ခန့်တွင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ နခခ () လက်အောက်ခံကိုးတန်ကောက်နယ်ခြားစောင့်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့်် သည် ဒေသခံ () ဦးပိုင်ဆိုင်သည့် မရိတ်သိမ်းရသေးသည့် စပါးခင်းများသို့ ဝင်ရောက်ကာ တမင် ရည်ရွယ်ချက်ရှိရှိ ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့သဖြင့် စပါး () ဧကကျော်မှာ မီးလောင်ပျက်စီးခဲ့ရတယ်လို့သတင်းရရှိပါတယ်။


 ယမန်နေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ၏ အပြစ်မဲ့အရပ်သားများအား မတရားဖိနှိပ်ဖမ်းဆီးမှုများသည် ရက္ခိုင်ပြည်၊ မြို့ကြီးအချို့တွင် ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။


 ညနေ () နာရီအချိန်ခန့်၌ ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ကိုးရီးယားဆိပ်ကမ်းသို့ ဈေးလာဝယ်သည့် အပြစ်မဲ့အရပ်သား အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦးတို့အား ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အောက် မြစ်ထဲ၌ ရပ်နားထားသည့် စစ်ကောင်စီနေဗီ (၄၄၃) မှ ၎င်းတို့စီးနင်းလာသော လှေသဗ္ဗာန်၊ ဟွန်ဒါများ၊ ဝယ်ယူလာသည့် ပစ္စည်းများနှင့်တပါတည်း သိမ်ဆည်းကာ အဆိုပါပြည်သူများအား စစ်တွေ အမှတ် () ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


ထို့အပြင် ညနေ () နာရီ (၃၀) မိနစ်အချိန်၌ စစ်ကောင်စီစစ်သားနှင့် ရဲတပ်ဖွဲ့ဝင် (၁၅) ဦးခန့်သည် သံတွဲမြို့နယ်၊ ကင်းမော် ကျေးရွာအတွင်းသို့ ဝင်‌ရောက်လာပြီး အသက် (၅၀) အရွယ် ဒေသခံ () ဦးအား လက်နက်အင်အား အပြည့်အစုံဖြင့် အင်အားသုံးဖမ်းဆီးသွားခဲ့ကာ လက်ရှိအချိန်တွင် ငပလီခမရ (၅၅) တပ်ရင်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။


အလားတူပင် ညနေ () နာရီအချိန်ခန့်ကလည်း တောင်ကုတ်အခြေစိုက် စစ်ကောင်စီ ခမရ (၅၄၄)” နှင့် ခမရ (၃၄၆)” တပ်ရင်းများမှ တပ်ဖွဲ့ဝင်အင်အား (၅၀) ခန့်ရှိ စစ်ကြောင်းသည်  တပျော့‌ကျေးရွာအတွင်းသို့ ဝင်ရောက်၍ ဒေသခံ () ဦး အား အင်အားသုံး အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် () ဦးအား လွှတ်ပေးခဲ့ကာ ကျန် () ဦးအား လူသားဒိုင်းကာ အဖြစ် ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


========================


📌📌 ၅။ ပေါက်မြို့နယ် တရော်ကိုင်းပျူရွာမှ လက်နက်ကိုင်ဆောင်နွားကျောင်းထွက်လာသော ပျုစောထီးများအား အဝေးပစ် စနိုက်ပါများဖြင့် ပစ်ခတ်ရာတစ်ဦးထိမှန်


ဒီဇင်ဘာ၂၃ရက်


ဒီဇင်ဘာ၂၂ရက်ညနေပိုင်းတွင် ပေါက်မြို့နယ် တရော်ကိုင်းပျူရွာမှ လက်နက်ကိုင်ဆောင်နွားကျောင်းထွက်လာသော ပျုစောထီးများအား မဟာမိတ်တပ်ဖွဲ့များမှ အဝေးပစ် စနိုက်ပါများဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့ရာ ပျူစောထီးတစ်ဦး နေရာတွင်လဲကျ ထိခိုက်ခဲ့ကြောင်း  ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အတည်ပြုပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ပခုက္ကုမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF) မြိုင်ပကဖ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များမှ ပူးပေါင်းခဲ့ပါတယ်။


ဒီဇင်ဘာ ၂၂ရက်နေ့ နေ့လယ်ပိုင်းတွင် ကပစ၂၄ မှ လက်နက်ခဲယမ်းနှင့် လူအင်အားများအား ပေါက်မြို့နယ် ဇီးပြားပျူရွာနှင့် တရော်ကိုင်းပျူရွာ များထံ နမခမှတက်လာသော Mi 17 ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ဖြည့်တင်းခဲ့ပါသဖြင့်ပြည်သူများ စစ်ရေးသတိရှိကြပါရန်လည်း ထုတ်ပြန်အသိပေးထားပါတယ်။


========================


📌📌 ၆။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့က Livel IVအဆင့်ရှိကျည်ကာကိုမိတ်ဆက်ပြသ


ဒီဇင်ဘာ၂၃ရက်


ဒီဇင်ဘာ၂၃ရက်မှာ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့က Livel IVအဆင့်ရှိကျည်ကာကိုမိတ်ဆက်ပြသခဲ့ပါတယ်။


"ကျွန်တော်တို့ ဒီတော်လှန်ရေးကာလမှာ တိုက်ပွဲအတွက် လက်နက်ခဲယမ်းတွေကိုပဲ အဓိကဝယ်ယူ ဖြည့်တင်းနေကြတာ ကောင်းပါတယ်။ ဒါပေမယ့် စစ်တိုက်ရင်းနဲ့ မိမိရဲ့အသက်နှင့် မိမိလူတွေရဲ့အသက်တွေကို ကာကွယ်ဖို့ကိုလည်း မမေ့ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ လူ့အသက်တစ်ချောင်းဟာ လုံးဝတန်ဖိုးဖြတ်လို့မရတဲ့အတွက် အားလုံးအတွက် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့က ကြိုးစားဆက်သွယ်ပြီး ရရှိနိုင်တဲ့ အရည်အသွေးရှိ ကျည်ကာပြားတစ်မျိုးကို မိတ်ဆက်ပေးပါရစေ"လို့ဆိုထားပါတယ်။


ကျည်ကာအား MA3 သေနတ်ဖြင့် ပစ်ခတ်စဉ် Vedio မှတ်တမ်းအားပြည်သူများအားလုံးသိရှိရန်ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


ကျည်ကာနှင့်ပတ်သက်၍ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းနိူင်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၇။ တောင်ပိုင်းတိုင်း တနင်္သာရီစစ်ဒေသ ABSDF တပ်ရင်း() အခြေခံစစ်ပညာသင်တန်း (/၂၃) သင်တန်းဆင်းပွဲကျင်းပ


ဒီဇင်ဘာ၂၃ရက်


တောင်ပိုင်းတိုင်း တနင်္သာရီစစ်ဒေသ ABSDF တပ်ရင်း() အခြေခံစစ်ပညာသင်တန်း (/၂၃) သင်တန်းဆင်းပွဲကို  ဒီဇင်ဘာလ ၂၂ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါသင်တန်းကို ABSDF ရဲဘော်များသာမက မဟာမိတ်များဖြစ်ကြသည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ရေးကာကွယ်ရေးတပ် (YDF) ရဲဘော်များလည်း တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ABSDF - ကျောင်းသားတပ်မတော်အနေနဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ လူငယ်မျိုးဆက်သစ် တပ်ဖွဲ့ဝင်များကို ပုခုံးပြောင်းတာဝန်များ ပေးအပ်နေပြီး မဟာမိတ်များနှင့် လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်လျှက်ရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment