10th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကလေး ဦး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးစေခဲ့တဲ့ ခမ်းပတ်မြို့အနီး ကနန်ကျေးရွာကို ဗုံးကျဲ တိုက်ခိုက်မှု ကျူးလွန်သူနဲ့ အမိန့်ပေးသူများကို အရေးယူနိုင်ရေး NUG လုပ်ဆောင်မည်ဟုဆို

📌 ၂။ အမျိုးသားညီညွတ်ရေး အစိုးရနှင့် လူထုသပိတ် ကော်မတီတို့ ပူးပေါင်းကာ လူထုတိုက်ပွဲနှင့် စစ်ရေး တိုက်ပွဲဆိုင်ရာ မဟာဗျူဟာ ရှင်းလင်းမှုနှင့် ပတ်သက်လို့ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနပေါင်းစုံ ဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲ ကျင်းပ

📌 ၅။ စေတီတဆူကို တပ်ဖွဲ့ဝင်တဦးက ဖျက်ဆီးခဲ့မှု MNDAA တောင်းပန်

📌 ၆။ အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသမှ အရပ်သား ၇၃ ဦးသေဆုံး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


📌 ၁။ ပြင်ဦးလွင်မြို့နယ်၊ ကျောက်မဲလေးရွာရှိ စစ်တပ်စခန်းများကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ရက်ဆက် တိုက်ခိုက်

📌 ၂။ မုံရွာ ညောင်ဖြူပင်ဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု စစ်ဗိုလ်အပါ ဦးသေဆုံး

📌 ၃။ ပဲနွယ်ကုန်းမြို့နယ်ရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကလေး ဦး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးစေခဲ့တဲ့ ခမ်းပတ်မြို့အနီး ကနန်ကျေးရွာကို ဗုံးကျဲ တိုက်ခိုက်မှု ကျူးလွန်သူနဲ့ အမိန့်ပေးသူများကို အရေးယူနိုင်ရေး NUG လုပ်ဆောင်မည်ဟုဆို


ဇန်နဝါရီလ ၉ရက်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကနန်ကျေးရွာတွင် ကလေးငယ် ဦး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးစေခဲ့တဲ့ စစ်ကောင်စီ လေတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် ကျူးလွန်သူနဲ့ အမိန့်ပေး စေခိုင်းသူများကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အပြစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်မယ်လို့ ဇန်နဝါရီလ ရက်နေ့မှာ NUG က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။


ဇန်နဝါရီလ ရက် မနက်ပိုင်းက အရပ်သား ပြည်သူများ နေထိုင်ရာ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန့်ကျေးရွာတွင် တနင်္ဂနွေ ဘုရားကျောင်း ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေချိန်မှာ စစ်ကောင်စီတပ်က ဖျက်အားပြင်း ဗုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ အသက် နှစ်မှ ၁၇ နှစ်ကြား ကလေး ဦး အပါအဝင် ၁၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၉ ဦးထိ ရှိတယ်လို့ သိရပါတယ်။


နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာအားလုံးမှာ ရှုံးနိမ့်လာနေတဲ့ အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို လေကြောင်းမှ ဖျက်အားပြင်း ဗုံးများ အသုံးပြုကာ ပိုမိုတိုးမြှင့် သတ်ဖြတ်လာနေတဲ့ သက်သေအထောက်အထား အများအပြား ရရှိထားပြီး အမိန့်ပေး စေခိုင်းသူ၊ လက်ရောက် ကျူးလွန်သူ၊ အားပေးအားမြှောက် ပြုသူ အဆင့်ဆင့်ကို ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချမှတ်နိုင်ရေး အားထုတ်ဆောင်ရွက်သွားမယ်လို့ NUG က အသိပေးထားပါတယ်။


စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့မှ ၂၀၂၃ နှစ်ကုန် အထိ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်တပ်က အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၆၂၇) ဦး၊ အမျိုးသမီး (,၀၁၇) ဦးကို သတ်ဖြတ်ခဲ့ပြီး အပစ်မဲ့ ပြည်သူများ နေထိုင်ရာ ရပ်ရွာများကို လေကြောင်းအသုံးပြု တိုက်ခိုက်မှုပေါင်း ၅၈၃ ကြိမ် ကျူးလွန်ခဲ့ပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ၈၉၇ ဦး သေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အဦး ၇၆ လုံးနဲ့ စာသင်ကျောင်း ၅၂ ကျောင်းလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG အစိုးရက ကောက်ယူထားတဲ့ ဒေတာအချက်အလက်တွေအရ သိရပါတယ်။


ထို့အပြင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း လုံခြုံရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် အမှတ်-,၆၆၉ (UN Security Council Resolution 2,669) နောက်ဆက်တွဲအဖြစ် စစ်ကောင်စီကို  ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုများနှင့် လေယာဥ်ဆီ အပါအဝင် လက်နက်ခဲယမ်း တင်ပို့ရောင်းချခြင်းကို ပိတ်ဆို့မှုတို့ပါဝင်တဲ့ ဆုံးဖြတ်ချက် အသစ်နဲ့ ထိရောက်သော အရေးယူမှုများ ပေါ်ထွက်လာစေရန် ဝိုင်ဝန်းလုပ်ဆောင် ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေး အစိုးရနှင့် လူထုသပိတ် ကော်မတီတို့ ပူးပေါင်းကာ လူထုတိုက်ပွဲနှင့် စစ်ရေး တိုက်ပွဲဆိုင်ရာ မဟာဗျူဟာ ရှင်းလင်းမှုနှင့် ပတ်သက်လို့ ဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဇန်နဝါရီလ ၉ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လူထုသပိတ် ကော်မတီတို့ ပူးပေါင်းကာ မကွေးတိုင်း၊ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ရှိ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့များနဲ့၊ သပိတ်အင်အားစုများကို လူထုတိုက်ပွဲနှင့် စစ်ရေးတိုက်ပွဲ ဆိုင်ရာ မဟာဗျူဟာ ရှင်းလင်းမှုနှင့် ပတ်သက်လို့ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


၎င်းဆွေးနွေးပွဲကို ဇန်နဝါရီလ ရက် နေ့လယ် နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ တော်လှန်ရေးမှာ ပြည်သူများ ပါဝင်နိုင်ရေးဟာ အရေးကြီးသကဲ့သို့ ပြည်သူများအား လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးဟာလည်း အရေးကြီးပါကြောင်း၊ လူထုတိုက်ပွဲနှင့် စစ်ရေးတိုက်ပွဲ ပေါင်းစပ်ရေး မဟာဗျူဟာကို ရှင်းလင်းပြောကြား သွားမှာဖြစ်လို့ ဝိုင်းဝန်းဆွေးနွေး ကြ‌စေလိုကြောင်း ပြောကြားခဲ့ပါတယ်။


ထို့နောက် လူထုသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းမှ တော်လှန်ရေးကို အထောက်အပံ့ ဖြစ်‌စေမယ့် နည်းလမ်းနည်းနာဖြင့် ချီတက်သွားရန် ဖြစ်ကြောင်း၊ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲကို ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ပန်းတိုင်ကို ချီတက်ကြရန် ဖြစ်ကြောင်း၊  တော်လှန်ရေးတွင် နိုင်ရာတာဝန်ကို ဆက်လက်ထမ်းရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


လူထုခေါင်းဆောင် ဦးမင်းကိုနိုင်မှလည်း တော်လှန်ရေးတွင် စစ်မျက်နှာ ခု ရှိတဲ့အနက် ဘဏ္ဍာရေး၊ စစ်ရေး၊ သံတမန်ရေး၊ စိတ်ဓာတ်စစ်ဆင်ရေး စစ်မျက်နှာတို့တွင် နိုင်ရာကို ဝင်ရောက် ထမ်းရွက်ရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးသည် ပြည်သူလူထု ထောက်ခံမှု မရှိပါက ကျဆုံးနိုင်ကြောင်း၊ လူထုလှုပ်ရှားမှုအဖြစ် စစ်ရေးနှင့် ဟန်ချက်ညီစွာဖြင့် ပြည်သူလူထုမှလည်း ပါဝင်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအား ရှောင်ရန်၊ ဆောင်ရန်ကို မျှဝေပြောကြားရမည် ဖြစ်ကြောင်း၊ ပြည်သူအားကို ယုံကြည်ရန်နှင့် ပြည်သူသာလျှင် ပဓာနဖြစ်ပါကြောင်း၊ တော်လှန်ရေးနှင့် ပြည်သူ သွေးစည်းညီညွတ်ရေးတွင် ပါဝင်ကြရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်ကြရန်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။


ဆက်လက်ပြီး လူထုသပိတ်ကော်မတီမှ မဟာဗျူဟာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့နှင့် မြေပြင်သပိတ်အင်အားစုများမှ လုပ်ငန်းဆောင်ရွက်ချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးပွဲကို ညနေ နာရီ အချိန်မှာ အောင်မြင်စွာ ရပ်နားခဲ့တယ် လို့ သိရပါတယ်။


========================


📌📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဇန်နဝါရီလ ၉ရက်။

အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄) ကို ဇန်နဝါရီလ ရက်နေ့ နေ့လယ် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ထိုနောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်လို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံပွဲကို အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်  နာရီ အချိန်မှာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနပေါင်းစုံ ဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲ ကျင်းပ


ဇန်နဝါရီလ ၉ရက်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနပေါင်းစုံ ဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲ တစ်ရပ်ကို ဇန်နဝါရီလ ရက်နေ့က အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ Radio NUG Information Technology ဦးစီးဌာန၊ Finance and Administration ဦးစီးဌာန၊ Telecommunications ဦးစီးဌာန၊ BOSC ဌာနတို့မှ တာဝန်ရှိသူများနဲ့ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများရဲ့ လုပ်ဆောင်ချက်များ အတွက် တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ချီးကျူးပါကြောင်း ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားခဲ့ ပါတယ်။


" ဒီတော်လှန်ရေးမှာ နေ့တွေ ညတွေမရှိဘူး တစ်ရက်မှကို မနားဘူး ကျွန်တော်တို့ အပါအဝင် အားလုံးက အလုပ်လုပ်နေကြတဲ့ အတွက်လည်း ကျေးဇူးတင်တယ်။ ဒီလို လုပ်ခဲ့လို့လဲ နွေဦး တော်လှန်ရေးက ဒီလောက်အထိ အောင်မြင်လာတာ ဖြစ်တယ်၊ ဒါကို အကုန်လုံးအတွက်ကို ချီးကျူးပါတယ် ဂုဏ်လဲယူပါတယ်" လို့ ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အတွင်းဝန် တစ်ဦးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ ဦးစီးများက လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၃ ခုနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍ အောင်မြင်အောင် လုပ်ဆောင်ခဲ့မှုများ၊ မလျှော့သော ဇွဲလုံ့လများဖြင့် မရပ်မနား တိုက်ပွဲဝင်ခဲ့ရမှုများ၊ တော်လှန်ရေး ကာလအတွင်း နောက်ကွယ်မှ ပြန်ကြားမှု၊ နည်းပညာအပါအဝင် အင်တာနက်ရရှိရေး အောင်မြင်အောင် ဆောင်ရွက်နိုင်မှု အခြေအနေများနဲ့ ပတ်သတ်လို့ ဆွေးနွေးတင်ပြ ခဲ့ကြပါတယ်။


ထို့အပြင် ဝန်ကြီးဌာန လက်အောက်တွင် မြေပြင်တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ဆက်သွယ်ရေး မြို့နယ်/ခရိုင် တာဝန်ခံများကလည်း မြေပြင်မှာ ကြုံတွေ့နေရတဲ့ မပြေလည်မှုများကို စည်းလုံးညီညွတ်လမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်နိုင်စွမ်း ရှိသလောက် ပါဝင်မည် ဖြစ်ကြောင်း၊ ရာထူးဌာနန္တရ အခွင့်အရေးများနဲ့ မိသားစုကို စွန့်လွှတ်ကာ ဌာနတွင် ပါဝင် လုပ်ကိုင်ပေးနေတဲ့ CDM ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ခရိုင်တာဝန်ခံများရဲ့ တော်လှန်ရေး ကာလအတွင်း ပါဝင်လုပ်ဆောင်ခဲ့မှုများကို မှတ်ကျောက်တင်ထားပါကြောင်း ဆွေးနွေး တင်ပြ ခဲ့ကြပါတယ်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဝန်ထမ်းများ ချစ်ခင်ရင်းနှီးစွာဖြင့် ဉာဏ်စမ်းမေးခွန်း အစီအစဉ်ကို ပျော်ရွှင်စွာ ကစားခဲ့ကြပြီး တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြတယ်လို့ သိရပါတယ်။


နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက တော်လှန်ရေး အင်အားစုများကို ထပ်မံ ကျေးဇူး တင်ရှိပါကြောင်း၊ ခဏတာ စိတ်ပျော်ရွှင်မှုနှင့် ဌာနတွင်း စည်းလုံးညီညွတ်မှုကို လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် များစွာ ဝမ်းမြောက်ပါကြောင်း အောင်ပွဲနှင့်အတူ ပြန်နိုင်ဖို့ ပိုမိုကြိုးစားသွားရမှာ ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့ပြီး "အရေးတော်ပုံ အောင်ရမည်" လို့ ကြိမ်ကြွေးကြော်ကာ အမှတ်တရ ဓာတ်ပုံ ရိုက်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။


========================


📌📌 ၅။ စေတီတဆူကို တပ်ဖွဲ့ဝင်တဦးက ဖျက်ဆီးခဲ့မှု MNDAA တောင်းပန်


ဇန်နဝါရီလ ၉ရက်။

ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တဦးက ဗုဒ္ဓဘာသာဝင်များကိုးကွယ်ရာ စေတီတဆူကို ဖျက်ဆီးခဲ့မှု အပေါ်  MNDAA က တောင်းပန်တဲ့အကြောင်း ဇန်နဝါရီလ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။


MNDAA စစ်ယူနီဖောင်းဝတ်ထားတဲ့ လူငယ်တဦးက ဇန်နဝါရီလ ရက်နေ့မှာ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ရာ ဘုရားစေတီတဆူကို သံတူနဲ့ရိုက်နှက်ဖျက်ဆီးခဲ့တဲ့ ဗီဒီယိုဖိုင် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 


အဆိုပါဗီဒီယိုဖိုင်ကြောင့် ပြည်သူလူထုအနေနဲ့ MNDAA အပေါ်  နားလည်မှုလွဲမှားခြင်းနဲ့ ပြစ်တင်ရှုတ်ချတာ တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ 


အကြံဆိုးရှိသူတွေက ဘာသာရေးနဲ့လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်တာကို တားမြစ်နိုင်ဖို့နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဒီ ဗီဒီယိုဖိုင်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှု မဖြစ်စေဖို့ ကြေညာချက် ထုတ်ရတာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 


သံတူဖြင့် ဘုရားစေတီကို ထုရိုက်ခြင်းဟာ MNDAA က အမိန့်ပေးစေခိုင်းတာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ 


MNDAA အနေနဲ့ လက်အောက်ငယ်သားတယောက်ရဲ့ တပ် စည်းမျဉ်းစည်းကမ်းညံ့ဖျင်းမှုနဲ့ အရည်အချင်း မရှိတဲ့ လုပ်ဆောင်မှုအတွက် တောင်ပန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။ 


MNDAA အနေနဲ့ လွတ်လပ်သော ဘာသာရေး ကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးကို ဆန့်ကျင်ခြင်းနဲ့ ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးဖို့ အမိန့်ပေး စေခိုင်းတာ မရှိဘူးလို့လည်း အသိပေးထား ပါတယ်။ 


အခုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့သူကို အပြစ်ပေးအရေးယူဖို့ MNDAA စစ်ရေးကော်မတီက သက်ဆိုင်ရာဌာနကို ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ 


ထို့ပြင် MNDAA အရာရှိနဲ့ စစ်သည်တော်အားလုံး ဘာသာရေးလွပ်လပ်မှုကိုလေးစားဖို့နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို အလေးထားကာကွယ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသမှ အရပ်သား ၇၃ ဦးသေဆုံး


ဇန်နဝါရီလ ၉ရက်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက်နေ့အထိ အထူးဒေသ- နယ်မြေအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသမှ အရပ်သား ၇၃ ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ပါတယ်။ 


ဇန်နဝါရီလ ရက်နေ့ညက မူပန် (သန္နီ) ခရိုင် မိုင်းယော်ဒေသကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

 

ဇန်နဝါရီလ ရက်နေ့ည နာရီဝန်ကျင်အချိန်မှာ အထူးဒေသ- သိန္နီခရိုင် မိုင်းယော်ဒေသကို စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာနဲ့ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၄ဦး သေဆုံးပြီး ဦးဒဏ်ရခဲ့တယ်လို့ အသိပေးထားပါတယ်။


သေဆုံးခဲ့သူတွေထဲက ဦးဟာ အမျိုးသမီးတွေဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အိမ် လုံး ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။ 


သန္နီမြို့မှာရှိတဲ့ စကခ-၁၆ ဧရိယာကို တော်လှန်ရေးမဟာမိတ်တပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးချိန်ကစပြီး စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင် လာတာလည်းဖြစ်ပါတယ်။


တော်လှန်ရေးမဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ဒေသတွေကို အကြမ်းဖက်စစ်တပ်က အခုလို တိုက်ခိုက် မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်လာတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့ကလည်း အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့် က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


📌 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


📌📌 ၁။ ပြင်ဦးလွင်မြို့နယ်၊ ကျောက်မဲလေးရွာရှိ စစ်တပ်စခန်းများကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ရက်ဆက် တိုက်ခိုက်


ဇန်နဝါရီလ ၉ရက်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုနယ်၊ ကျောက်မဲလေး ကျေးရွာရှိ စစ်ကောင်စီတပ် စခန်းများကို တအာင်းတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေပြီး ရက်ဆက် တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။


စစ်တက္ကသိုလ် ကျောင်းများ အခြေစိုက်ရာ ပြင်ဦးလွင် မြို့နယ်အတွင်းကို TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ရက်နေ့ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။


၎င်းကျောက်မဲလေး ကျေးရွာဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြိုနယ်၊ မဲမောက် (နောင်ပိန်) ကျေးရွာအုပ်စုမှ ဖြစ်ပြီး တအာင်းတပ်မတော်က သတင်းထုတ်ပြန်ရာမှာ နောင်ချိုမြို့နယ်၊  ကျောက်မဲလေးရွာဟုသာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ရက်နေ့က ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်ခန့်အကွာ နောင်ချိုမြို့နယ်၊ သံဘိုရွာရှိ စစ်ကောင်စီ အထိုင်တပ်စခန်းကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါစခန်းမှ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကိုပါ ဖမ်းဆီးနိုင်ခဲ့ပါတယ်။


အဆိုပါစခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် မိုင်ခန့် အကွာ ကျောက်မဲလေး ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်က စတင်တိုက်ခိုက် နေတာ ဖြစ်ပါတယ်။


ကျောက်မဲလေး ကျေးရွာရှိ တပ်စခန်းများ မကျစေရန် စစ်ကောင်စီက Jet Fighter နဲ့  Mi35 ရဟတ်ယာဉ်များ အသုံးပြုပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ကာ အပြင်းအထန် ခုခံနေတယ်လို့ မဟာမိတ်သုံးဖွဲက သတင်းထုတ်ပြန်ထားပါတယ်။


ထို့အပြင် ရှမ်းမြောက်နဲ့ မန္တလေးတိုင်း အစပ်ရှိ စစ်တက္ကသိုလ်ကျောင်းများ တည်ရှိရာ ပြင်ဦးလွင်မြို့ကို လက်လွှတ်မဆုံးရှုံးရစေရန် စစ်ကောင်စီတပ်က အင်အားထောင်ချီ အသုံးပြုပြီး မြို့ပတ်ချာလည်မှာ လုံခြုံရေး ချထားတယ်လို့လည်း မြို့ခံတွေ ဆီကနေ သိရှိရပါတယ်။


========================


📌📌 ၂။ မုံရွာ ညောင်ဖြူပင်ဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု စစ်ဗိုလ်အပါ ဦးသေဆုံး


ဇန်နဝါရီလ ၉ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ခုခံစစ်အဖြစ် ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် တပ်ရင်း က ထုတ်ပြန်ပါတယ်။ 


ဇန်နဝါရီလ ရက်နေ့ မနက် နာရီခွဲအချိန်က ညောင်ဖြူပင်ရဲစခန်းက ထွက်လာတဲ့ အင်အား ၃ဝ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲ့ဟာ စစ်ကြောင်း ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတာကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ဗိုလ် တဦးအပါအဝင် သေဆုံးသွားပြီး ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားသလို တော်လှန်ရေးအင်အားစုဘက် ရဲဘော်တဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ မုံရွာခရိုင် တပ်ရင်း က အသိပေးထားပါတယ်။ 


တိုင်းပြည်အတွက်အသက်ပေးလှူခဲ့တဲ့ ရဲဘော် Jade ဟာ CDM စစ်သား တဦးဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း က ပြောပါတယ်။ 


အဆိုပါတိုက်ပွဲကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း - က အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း - တပ်ခွဲ (5/ Monywa Commando Force) မုံရွာခရိုင်တပ်ရင်း - မုံရွာခရိုင်တပ်ရင်း - မုံရွာခရိုင်တပ်ရင်း- ၁၃ မုံရွာခရိုင်တပ်ရင်း -၂၅ Special Guerilla Force - Monywa S.G.F စေတန်နဲ့ ညောင်ဖြူပင်(ပကဖ)တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။


========================


📌📌 ၃။ ပဲနွယ်ကုန်းမြို့နယ်ရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက် 


ဇန်နဝါရီလ ၉ရက်။

ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့နယ် ထိန်တောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ သေနတ် လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


ပဲနွယ်ကုန်းမြို့နယ် နတ်သံကွင်းကားလမ်း ထိန်တောရွာအနီးမှာ အထိုင်ချနေတဲ့ စစ်စခန်းကို တော်လှန်ရေး အင်အားစုတွေက ဇန်နဝါရီလ ရက်နေ့ မနက် နာရီအချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် မနက် နာရီ ခန့်အချိန်မှာ စခန်းကို ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ  MA-1 သေနတ် လက်၊ ၆၀ မမ ၁၀ လုံး၊ RPG အသီး လုံး၊ အီနာဂါ ၁၅ လုံး၊ လက်ပစ်ဗုံးတလုံး၊ ဒရုန်းတစင်း၊ ဂျန်ဘာတခုနဲ့ မီးစက် လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက အသိပေးထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ KNU တပ်မဟာ - KNLA တပ်ရင်း ၉၊ အမှတ် ၃၇၀၂ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့် က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment