10th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြောက်ဦးတိုက်ပွဲတွင် စစ်တပ်ဘက်က ၁၅ ဦးသေဆုံး၊ ပလက်ဝဒေသတခုလုံး စစ်တပ်ကင်းစင်နယ်မြေ ဖြစ်လာရေး ကြိုးပမ်းနေဟု AA အသိပေး

📌 ၂။ လောက်ကိုင် (ဒကစ) တွင် လက်နက်ချ အညံခံခဲ့တဲ့ တပ်မမှူး ဦးကို အရန် အင်အားပို့ပြီး အစားထိုး ခန့်အပ်

📌 ၃။ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးထက်မနည်း သေဆုံး

📌 ၄။ ရွှေဘိုမြို့ အနောက်ခြမ်းက နာမည်ကြီး ပျူစောထီးခေါင်းဆောင် (သူရဗလ) ဘွဲ့ရ ဌေးအောင် ပစ်ခတ် ရှင်းလင်းခံရ

📌 ၅။ နွားထိုးကြီးမြို့နယ်တွင် ဖြစ်ခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံး

📌 ၆။ ပြင်ဦးလွင်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် DSTA ကျောင်းအနီးရှိ မိုးကြိုးပစ်ရပ်ကွက်တွင် စစ်ကောင်စီ အင်အား တိုးမြှင့်တပ်စွဲ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


📌 ၁။ ပြင်ဦးလွင်မြို့နယ်၊ ကျောက်မဲလေးရွာရှိ စစ်တပ်စခန်းများကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ရက်ဆက် တိုက်ခိုက်

📌 ၂။ မုံရွာ ညောင်ဖြူပင်ဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု စစ်ဗိုလ်အပါ  ဦးသေဆုံး

📌 ၃။ ပဲနွယ်ကုန်းမြို့နယ်ရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြောက်ဦးတိုက်ပွဲတွင် စစ်တပ်ဘက်က ၁၅ ဦးသေဆုံး၊ ပလက်ဝဒေသတခုလုံး စစ်တပ်ကင်းစင်နယ်မြေ ဖြစ်လာရေး ကြိုးပမ်းနေဟု AA အသိပေး


ဇန်နဝါရီလ ရက်နေ့က မြောက်ဦးမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ- ၅၄ဝ တပ်မှ အင်အား ၅ဝ ကျော်ရှိတဲ့ စစ်ကြောင်းနဲ့ ရခိုင့်တပ်တော် AA တို့ သကျမာရ်အောင်လုရားအနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


မိနစ်အနည်းငယ်ကြာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ပြောပါတယ်။ 


အထိနာသွားတဲ့ ခမရ- ၅၄ဝ တပ်က စစ်ကြောင်းဟာ မြောက်ဦးမြို့တွင်းကို ထွက်ပြေးသွားရာမှာ လမ်းမှာ တွေ့တဲ့ မြောက်ဦးဒေသခံ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခဲ့တယ် လို့ AA က အသိပေးထားပါတယ်။


ထို့အပြင် ခမရ- ၅၄ဝ တပ်က ညနေပိုင်းမှာ မြောက်ဦးမြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။


အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်သွားပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ ခမရ- ၅၄ဝ တပ် ကို ပြတ်ပြတ်သားသား လက်စားချေတုံ့ပြန်သွားမယ်လို့ AA က သတိပေးထားပါတယ်။ 


ထို့အတူ ပလက်ဝဒေသတခုလုံး စစ်တပ်ကင်းစင်နယ်မြေဖြစ်လာရေးအတွက် ပလက်ဝမြို့ပတ်ဝန်းကျင်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေပြီး မြို့အနီးမှာရှိတဲ့ ခမရ -၃၀၈ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ လောက်ကိုင် (ဒကစ) တွင် လက်နက်ချ အညံခံခဲ့တဲ့ တပ်မမှူး ဦးကို အရန် အင်အားပို့ပြီး အစားထိုး ခန့်အပ်


ဇန်နဝါရီ ၁၀။


ရှမ်းမြောက်ဒေသ၊လောက်ကိုင် (ဒကစ) တွင် လက်နက်ချ အညံခံခဲ့တဲ့ ကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ရက် နေ့က တပ်မ (၅၅) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုး၀င်းနှင့် တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် ၀င်းသူလင်း တို့ကို အရန်အင်အားသို့ပို့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


အဆိုပါ ဖြုတ်ချခံလိုက်ရတဲ့ တပ်မမှူးများ နေရာမှာ တပ်မ (၅၅) တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး အောင်စိုးမင်း (တေဇ-၂၅) နဲ့ တပ်မ (၆၆) တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း (စတသ-၄၁) တို့ကို ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ တပ်တွင်း သတင်းရင်းမြစ် ထံကသိရပါတယ်။


ထို့အပြင် စစ်ကောင်စီက လောက်ကိုင်တွင် လက်နက်ချ အညံခံခဲ့တဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ဦးနဲ့ ဗိုလ်မှူးကြီး ဦးတို့ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ စစ်ဆေးနေပြီး အပြောင်း အရွေ့များ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီ ရက်နေ့က ထောင်ချီတဲ့တပ်ဖွဲ့တွေ ပါဝင်တဲ့ ရှမ်းမြောက်ဒေသ၊ လောက်ကိုင် ဒကစ တစ်ခုလုံး အပါအဝင် အနီးပတ်ဝန်းကျင်ရှိ တပ်ရင်းစခန်းအားလုံးခွေးတစ်ကောင်၊ ကြောင်တစ်မြီးပါမကျန် လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။


လက်နက်ချသူတွေ အားလုံးထဲမှာ အရာရှိ ၂၂၈ ဦး ပါဝင်ပြီး ဗိုလ်မှူးချုပ် အဆင့်ရှိသူ ဦး နဲ့ အခြား အဆင့်ရှိသူ ,၈၉၀ ကျော် ပါဝင်သလို နောက်ဆုံး အသုတ်အနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၆၆ ဦး ပါဝင်ခဲ့တာကြောင့် တပ်ဖွဲ့ ဝင်ပေါင်း ,၄၀၀ ဝန်းကျင်အထိ လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၃။ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးထက်မနည်း သေဆုံး


ဇန်နဝါရီ ၉။


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြိုု့နယ်၊ နှောပင်ကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ရက်နေ့ မနက် နာရီခွဲ အချိန်မှာ နှောပင်ကျေးရွာကို ရောက်ရှိနေတဲ့ အင်အား (၆၀) ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းကို ပုဝါနီ စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် နာရီနဲ့ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ် ကင်းပုန်းချထားတယ်လို့ သတင်းရရှိတဲ့ နေရာကို ဝင်ရောက်စီးနင်း ခဲ့ပေမယ့် တပ်ပြန်ရုတ်ထားတာကြောင့် နှောပင်ကျေးရွာအတွင်းက စစ်ကောင်စီတပ် အထိုင်ချထားရာ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပြပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ဦးထပ်မနည်း သေဆုံးခဲ့ပြီး တချို့ဒါဏ်ရာရရှိခဲ့ကာ ပုဝါနီ စစ်ကြောင်းဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေး ထားပါတယ်။


အခုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက အင်းဒိုင်း ကျေးရွာဘက် ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ရွှေဘိုမြို့ အနောက်ခြမ်းက နာမည်ကြီး ပျူစောထီးခေါင်းဆောင် (သူရဗလ) ဘွဲ့ရ ဌေးအောင် ပစ်ခတ် ရှင်းလင်းခံရ


ဇန်နဝါရီ ၁၀။


ဇန်နဝါရီလ ရက် မနက် ၁၀ နာရီကျော် ခန့်က စစ်ကိုင်းတိုင်း၊ရွှေဘို - ရေဦးလမ်းအထွက်၊ ရန်ကြီးအောင် ရပ်ကွက်အနီးကို ကားတစ်စီးဖြင့် ရောက်ရှိလာတဲ့ ပျူစောထီး ခေါင်းဆောင် (သူရဗလ) ဘွဲ့ရ ဌေးအောင်ကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ War Lord Defense Force PDF ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။


ပစ်ခတ်ရှင်းလင်း ခံခဲ့ရတဲ့ ပျူစောထီးခေါင်းဆောင် ဌေးအောင်ဟာ ရွှေဘိုမြို့အနောက်ခြမ်း အညာဒေသတကြောတွင် စစ်ကောင်စီနှင့် ပေါင်းပြီး လူသတ်မီးရှို့ အကြမ်းဖက်မှုများကို လုပ်ဆောင် နေတဲ့ ပျူခေါင်းဆောင် အကြီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။


အပြန်အလှန် ပစ်ခတ်မှုအတွင်း ၎င်းနဲ့အတူ လိုက်ပါလာတဲ့ ပျူ သုံးယောက်ထဲမှ တစ်ယောက်ပါ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်ယောက်က ဒါဏ်ရာရရှိခဲ့တယ်လို့ WLDF ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်တွင် ပြည်သူအများ အသွားအလာ ရှိနေပြီး လက်ကျန် ပျူစောထီး တစ်ဦးက ခုခံပစ်ခတ်နေတာကြောင့် သူတို့ရဲ့ လက်နက်များကို ရယူနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့လဲ ၎င်းက ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို War Lord Defense Force PDF (B-4/C-2) နှင့် Guardian Force PDF (B-4/C-1) Snake Eyes - PDF (B4/C-3) Zoe Defense Force PDF (SHWEBO) ဘီလူးညီနောင် ပြည်သူ့ကာကွယ်‌ရေး အဖွဲ့၊ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UG အဖွဲ့၊ သိင်္ခအားမာန် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ နွားထိုးကြီးမြို့နယ်တွင် ဖြစ်ခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံး


ဇန်နဝါရီလ ရက်နေ့ မနက် နာရီခန့်အချိန်က မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဆေးခင်းကြီးကျေးရွာကို ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ရွာအနီးမှာ ဒရုန်းနဲ့ ကြိမ် ဗုံးသီး လုံးချတိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ ကားတွေကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း- နွားထိုးကြီး PDF ကဆိုပါတယ်။


အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ဆေးခင်းကြီးကျေးရွာမှာ အခြေချတပ်စွဲဖို့ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ 


တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီဘက်က အင်အား ၂ဝဝ ခန့် စစ်ကူရောက်လာတဲ့အတွက် ပြည်သူကာကွယ် ရေးအဖွဲ့တွေ တပ်ပြန်ဆုတ်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တပ်မစွဲတော့ဘဲ ပြန်ထွက်သွာကြတယ် လို့လည်း အသိပေးထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် တပ်ရင်းနဲ့အတူ နွားထိုကြီးမြို့နယ် ပကဖ၊ Myingyan District Drone Strike အမှတ် ၁၈၄၅ နဲ့ Shar Htoo Waw နည်းပညာ Team -2 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူး လို့ သိရပါတယ်။


========================


📌📌 ၆။ ပြင်ဦးလွင်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် DSTA ကျောင်းအနီးရှိ မိုးကြိုးပစ်ရပ်ကွက်တွင် စစ်ကောင်စီ အင်အား တိုးမြှင့်တပ်စွဲ


ဇန်နဝါရီ ၁၀။


ပြင်ဦးလွင်မြို့နယ် DSTA ကျောင်းအနီးရှိ မိုးကြိုးပစ်ရပ်ကွက်မှာ စစ်ကောင်စီ တပ်က အင်အားဖြည့် တပ်စွဲခဲ့ပြီး ဒေသခံတွေနဲ့ တပ်မိသားစုဝင်တွေကို ပြောင်းရွေ့ခိုင်း နေတယ်လို့ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ Tachileik News Agency က ဆိုပါတယ်။


မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ ခံစစ်ပြင်တားတဲ့ ကျောင်မဲလေးနဲ့ မဲတောကျွန်းတိုင်ကို တော်လှန်ရေး အင်အားစုများက ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ပြင်ဦးလွင်မြို့အစွန် DSTA နှင့် ကပ်လျှက် မိုးကြိုးရပ်ပစ်ကွက်မှာ ဇန်နဝါရီလ ရက်နေ့က စတင်ပြီး အခုလို အင်အားတိုး ဝင်ရောက် တပ်စွဲနေတာ ဖြစ်ပါတယ်။


အခုတိုက်ပွဲ ဖြစ်နေတဲ့နေရာနဲ့ မိုးကြိုးပစ်က သိပ်မဝေးဘူး၊ သေနတ်သံတွေကြားနေရတာ၊ အခု မနက်ဆို ပြင်ဦးလွင်ကနေ မန္တလေးဘက်ကို စစ်ကား စီးနဲ့ တပ်မိသားစုဝင်တွေ ပြေးကုန်ပြီလို့ ပြင်ဦးလွင်မြို့ခံ တစ်ဦးက Tachileik News Agency ကို ဖြေဆိုထားပါတယ်။


ကျောက်မဲလေးရွာ စစ်ကောင်စီ တပ်စခန်းကို ဇန်နဝါရီလ ရက်နေ့က စတင်ပြီး တအောင်း တပ်မတော် TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။


စစ်ကောင်စီက စစ်တက္ကသိုလ်များ အခြေစိုက် တည်ရှိရာ ပြင်ဦးလွင်မြို့ကို လက်မလွတ်ရ စေဖို့ လေကြောင်းအသုံးပြုပြီး အပြင်းအထန် ခုခံတိုက်ခိုက်နေသလို မြို့ပြင်နေရာ များမှာလည်း အင်အား  ထောင်ချီ အသုံးပြုကာ လုံခြုံရေး ချထားတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



📌 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


📌📌 ၁။ ပြင်ဦးလွင်မြို့နယ်၊ ကျောက်မဲလေးရွာရှိ စစ်တပ်စခန်းများကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ရက်ဆက် တိုက်ခိုက်


ဇန်နဝါရီလ ၉ရက်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုနယ်၊ ကျောက်မဲလေး ကျေးရွာရှိ စစ်ကောင်စီတပ် စခန်းများကို တအာင်းတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေပြီး ရက်ဆက် တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။


စစ်တက္ကသိုလ် ကျောင်းများ အခြေစိုက်ရာ ပြင်ဦးလွင် မြို့နယ်အတွင်းကို TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ရက်နေ့ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။


၎င်းကျောက်မဲလေး ကျေးရွာဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြိုနယ်၊ မဲမောက် (နောင်ပိန်) ကျေးရွာအုပ်စုမှ ဖြစ်ပြီး တအာင်းတပ်မတော်က သတင်းထုတ်ပြန်ရာမှာ နောင်ချိုမြို့နယ်၊  ကျောက်မဲလေးရွာဟုသာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ရက်နေ့က ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်ခန့်အကွာ နောင်ချိုမြို့နယ်၊ သံဘိုရွာရှိ စစ်ကောင်စီ အထိုင်တပ်စခန်းကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါစခန်းမှ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကိုပါ ဖမ်းဆီးနိုင်ခဲ့ပါတယ်။


အဆိုပါစခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် မိုင်ခန့် အကွာ ကျောက်မဲလေး ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်က စတင်တိုက်ခိုက် နေတာ ဖြစ်ပါတယ်။


ကျောက်မဲလေး ကျေးရွာရှိ တပ်စခန်းများ မကျစေရန် စစ်ကောင်စီက Jet Fighter နဲ့  Mi35 ရဟတ်ယာဉ်များ အသုံးပြုပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ကာ အပြင်းအထန် ခုခံနေတယ်လို့ မဟာမိတ်သုံးဖွဲက သတင်းထုတ်ပြန်ထားပါတယ်။


ထို့အပြင် ရှမ်းမြောက်နဲ့ မန္တလေးတိုင်း အစပ်ရှိ စစ်တက္ကသိုလ်ကျောင်းများ တည်ရှိရာ ပြင်ဦးလွင်မြို့ကို လက်လွှတ်မဆုံးရှုံးရစေရန် စစ်ကောင်စီတပ်က အင်အားထောင်ချီ အသုံးပြုပြီး မြို့ပတ်ချာလည်မှာ လုံခြုံရေး ချထားတယ်လို့လည်း မြို့ခံတွေ ဆီကနေ သိရှိရပါတယ်။


========================


📌📌 ၂။ မုံရွာ ညောင်ဖြူပင်ဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု စစ်ဗိုလ်အပါ ဦးသေဆုံး


ဇန်နဝါရီလ ၉ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ခုခံစစ်အဖြစ် ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် တပ်ရင်း က ထုတ်ပြန်ပါတယ်။ 


ဇန်နဝါရီလ ရက်နေ့ မနက် နာရီခွဲအချိန်က ညောင်ဖြူပင်ရဲစခန်းက ထွက်လာတဲ့ အင်အား ၃ဝ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲ့ဟာ စစ်ကြောင်း ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတာကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ဗိုလ် တဦးအပါအဝင် သေဆုံးသွားပြီး ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားသလို တော်လှန်ရေးအင်အားစုဘက် ရဲဘော်တဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ မုံရွာခရိုင် တပ်ရင်း က အသိပေးထားပါတယ်။ 


တိုင်းပြည်အတွက်အသက်ပေးလှူခဲ့တဲ့ ရဲဘော် Jade ဟာ CDM စစ်သား တဦးဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း က ပြောပါတယ်။ 


အဆိုပါတိုက်ပွဲကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း - က အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း - တပ်ခွဲ (5/ Monywa Commando Force) မုံရွာခရိုင်တပ်ရင်း - မုံရွာခရိုင်တပ်ရင်း - မုံရွာခရိုင်တပ်ရင်း- ၁၃ မုံရွာခရိုင်တပ်ရင်း -၂၅ Special Guerilla Force - Monywa S.G.F စေတန်နဲ့ ညောင်ဖြူပင်(ပကဖ)တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။


========================


📌📌 ၃။ ပဲနွယ်ကုန်းမြို့နယ်ရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက် 


ဇန်နဝါရီလ ၉ရက်။

ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့နယ် ထိန်တောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ သေနတ် လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


ပဲနွယ်ကုန်းမြို့နယ် နတ်သံကွင်းကားလမ်း ထိန်တောရွာအနီးမှာ အထိုင်ချနေတဲ့ စစ်စခန်းကို တော်လှန်ရေး အင်အားစုတွေက ဇန်နဝါရီလ ရက်နေ့ မနက် နာရီအချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် မနက် နာရီ ခန့်အချိန်မှာ စခန်းကို ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ  MA-1 သေနတ် လက်၊ ၆၀ မမ ၁၀ လုံး၊ RPG အသီး လုံး၊ အီနာဂါ ၁၅ လုံး၊ လက်ပစ်ဗုံးတလုံး၊ ဒရုန်းတစင်း၊ ဂျန်ဘာတခုနဲ့ မီးစက် လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက အသိပေးထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ KNU တပ်မဟာ - KNLA တပ်ရင်း ၉၊ အမှတ် ၃၇၀၂ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့် က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment