11th JAN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့

📌 ၂။ ကရင်နှစ်သစ်ကူးနေ့အတွက် နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်း

📌 ၃။ ၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နှစ်အဖြစ်သတ်မှတ်၍ မဟာဗျူဟာစီမံချက်များ ရေးဆွဲဆောင်ရွက်နေ

📌 ၄။ အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ တွေ့ဆုံ

📌 ၅။“Federal Net” ကမ်ပိန်းရဲ့သတ်မှတ်ရန်ပုံငွေရာခိုင်နှုန်းပြည့်မီဖို့ ၂၅ရာခိုင်နှုန်းလိုအပ်နေသေး

📌 ၆။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်  အခြေခံရဲသင်တန်းအမှတ်စဉ်()အား ချင်းပြည်နယ်တစ်နေရာတွင်ကျင်းပ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အရှုံးနှင့်ရင်ဆိုင်နေရတဲ့စစ်ကောင်စီက မိုက်ရူးရဲဆန်တဲ့ စစ်ရေးတု့ပြန်မှုများ လုပ်ဆောင်နေဟု ညီနောင် ဖွဲ့ ထုတ်ပြန်

🚩 ၂။ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ကိုတော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်

🚩 ၃။ သံဘိုစခန်းသို့ လာရောက်မည့် စစ်ကောင်စီတပ်ကို ဧည့်ခံကြိုဆိုရန်အသင့်ဟု မန္တလေး PDF ပြော

🚩 ၄။ ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်များမရှိတော့သည့်တိုင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၅။ ကန့်ဘလူနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က ဒေသခံ ၂ဦးကို သတ်ဖြတ်ကာ စစ်ရှောင်တဲ ၃၃ လုံး မီးရှို့ဖျက်ဆီး

🚩 ၆။ ဟိုပန်နဲ့ ပန်လုံဒေသ အုပ်ချုပ်ရေး UWSA လွှဲပြောင်းယူ၊ ပညာရေးနဲ့ ကျန်းမာရေး CDM မှအပ ကျန်ဝန်ထမ်း များကိုဝန်ထမ်းတွေနဲ့ အစားထိုး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့


ဇန်နဝါရီ၁၁ရက်


ကရင်နှစ်သစ်ကူးနေ့ အခါသမယမှစ၍ တစ်နိုင်ငံလုံးမှ တော်လှန်ရေးအင်အားစု များနှင့်အတူ အကြမ်းဖက်စစ်အုပ်စုကို ပြိုလဲသည်အထိ လက်တွဲညီညီ တိုက်ထုတ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရမှ ဇန်နဝါရီလ ၁၁ ရက်တွင်ကျ‌ရောက်သော ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှာ အခုလို့ဖော်ပြပါရှိပါတယ်။


ယနေ့ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၃ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အခါသမယတွင် ပြည်ထောင်စုဖွား ကရင်တိုင်းရင်းသား လူမျိုးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြလျက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည်ကို အစပြုထူထောင်နိုင်သည့် မင်္ဂလာနှစ်သစ်ဖြစ်ပါကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ဖော်ပြပါတယ်။


  ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ မတရား အာဏာသိမ်းယူ ရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ မူလဘူတ အခြေခံအခွင့် အရေးများ ပျက်သုန်းကာ တိုင်းရင်းသားတို့၏ ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်သည့် အခွင့်အလမ်းများကိုလည်း အကြမ်းဖက် စစ်အုပ်စုက အကြောင်းအမျိုးမျိုးပြကာ တားဆီးပိတ်ပင်ခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ကြုံခံစားခဲ့ကြရတယ်လို့ဆိုပါတယ်။


၂၀၂၃ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံနေရာအနှံ့အပြားမှ တိုင်းရင်းသား မဟာမိတ်တော်လှန် ရေးအင်အားစုများက အကြမ်းဖက်စစ်အုပ်စုကို အပြင်းအထန် ဖိနှိပ်တိုက်ခိုက်မှုများကြောင့် အကြမ်း ဖက်စစ်အုပ်စုအတွင်း စိတ်ဓာတ်နှင့် အင်အားယိုစီးမှုများဖြစ်ပေါ်လာပြီး တော်လှန်ရေးအင်အားစု များဘက်မှ အောင်ပွဲအလီလီ ရယူသိမ်းပိုက်နိုင်ခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာကြပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


၂၇၆၃ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အခါသမယမှစ၍ တစ်နိုင်ငံလုံးမှ တော်လှန်ရေးအင်အားစု များနှင့်အတူ အကြမ်းဖက်စစ်အုပ်စုကို ပြိုလဲသည်အထိ လက်တွဲညီညီ တိုက်ထုတ်ကာ တန်းတူညီမျှမှု နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသားတို့၏ လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။


========================


📌📌 ၂။ ကရင်နှစ်သစ်ကူးနေ့အတွက် နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်း


ဇန်နဝါရီ၁၁ရက်


ဇန်နဝါရီ၁၁ရက်တွင် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုရေးသားဆိုထားပါတယ်။


"ကရင် တိုင်းရင်းသား ခေါင်းဆောင်များ မိတ်ဆွေ၊မောင်နှမ၊ ရဲဘော်ရဲဘက်များ အားလုံး အတွက် အောင်မြင် ပြည့်စုံသော မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာလည်း ကရင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရေး၊နိူင်ငံရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ ၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နှစ်အဖြစ်သတ်မှတ်၍ မဟာဗျူဟာစီမံချက်များ ရေးဆွဲဆောင်ရွက်နေ


ဇန်နဝါရီ၁၁ရက်


၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နှစ်အဖြစ်သတ်မှတ်၍ မဟာဗျူဟာစီမံချက်များ ရေးဆွဲဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


ဇန်နဝါရီလအတွင်း ပြည်သူမှပြည်သူသို့အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"၂၀၂၄ကို NUGအနေနဲ့ရော တော်လှန်ရေးအဖွဲ့တွေအားလုံးပေါင်းစပ်ပြီးတော့ ဒါဟာအဆုံးအဖြတ်ပေးရမယ့်နှစ်လို့အခုအချိန်မှာဆောင်ရွက်နေပါတယ်။အစီအမံတွေရေးဆွဲနေပါတယ်။ ၂၀၂၃ တစ်နှစ်တာမဟာဗျူဟာစီမံချက်လိုအခုက၂၀၂၄ တစ်နှစ်တာမဟာဗျူဟာစီမံချက်၊ အဲဒီတစ်နှစ်တာမဟာဗျူဟာ စီမံချက်ကတော့ တော်လှန်ရေးကိုအဆုံးအဖြတ်ပေးတဲ့နှစ်၊တော်လှန်ရေး အောင်ပွဲခံတဲ့နှစ်ပေါ့။ဒါ NUCCနဲ့NUGကလည်းကြေညာခဲ့ပါတယ်။အောင်ပွဲခံတဲ့နှစ်ဖြစ်ရမယ်လို့အခုအချိန်မှာ မဟာဗျူဟာတွေ၊စီမံချက်တွေ ရေးဆွဲဆောင်ရွက်နေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ်စက်တင်ဘာ၇ရက်မှာပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ကြေညာခဲ့ပြီး ၂၀၂၃ ကို တော်လှန်ရေးအဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်အဖြစ် စစ်ရေးအရှိန်များမြှင့်တင်ခဲ့ပါတယ်။


========================


📌📌 ၄။ အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ တွေ့ဆုံ


ဇန်နဝါရီလ (၁၀) ရက်


ဇန်နဝါရီလ () ရက်နေ့တွင် Myanmar Nursing and Midwifery Society, Chin Health Organization, Chindwin Medical and Humanitarian Network, Heart Land Union, Medical Family Mandalay နှင့် University of Medicine Magway Alumni အစရှိသည့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများက အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


ထိုသို့တွေ့ဆုံရာတွင် အမျိုးသားကျန်းမာရေးကော်မတီ (NHC) အတိုင်ပင်ခံ ဒေါက်တာစင်သီယာမောင်၊ အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဥက္ကဋ္ဌ ပဒိုမန်းမန်း၊ ဒု-ဥက္ကဋ္ဌ () ဒေါက်တာဇော်ဝေစိုးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါတယ်။


 ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားကျန်းမာရေးကော်မတီ (NHC) အဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အမျိုးသားကျန်းမာရေးကော်မတီ (NHC) တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) မှ တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိများ၊  လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၅။“Federal Net” ကမ်ပိန်းရဲ့သတ်မှတ်ရန်ပုံငွေရာခိုင်နှုန်းပြည့်မီဖို့ ၂၅ရာခိုင်နှုန်းလိုအပ်နေသေး


ဇန်နဝါရီ၁၁ရက်


“Federal Net” ကမ်ပိန်းရဲ့ လက်ရှိရန်ပုံငွေကောက်ခံရရှိထားတဲ့ ရာခိုင်နှုန်းနဲ့ နိုင်ငံအလိုက် ထောက်ပို့ပါဝင်ထားတဲ့ စာရင်းကို ဖော်ပြလိုက်ပါတယ်။ target ပြည့်မှီဖို့  [𝟮𝟱%]ရာခိုင်နှုန်းခန့်  လိုနေသေးတာမို့ ကျန်နေတဲ့ရက်လေးအတွင်းမှာ တို့ပြည်သူတွေက ဆက်ပြီးဝန်းရံကြပါစို့"လို့ ဇန်နဝါရီ၁၁ရက်မှာ Federal Net” ကမ်ပိန်းက တိုက်တွန်းဆိုထားပါတယ်။


Federal Net Campaign"ကမ်ပိန်းကာလကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီးကမ်ပိန်းသတ်မှတ်ချက်လိုအပ်နေပါသေးတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


========================


📌📌 ၆။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်  အခြေခံရဲသင်တန်းအမှတ်စဉ်()အား ချင်းပြည်နယ်တစ်နေရာတွင်ကျင်းပ


ဇန်နဝါရီ၁၁ရက်


ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ တီးတိန်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် အခြေခံရဲသင်တန်းအမှတ်စဉ်()အား ချင်းပြည်နယ်၏ လုံခြုံသည့်တစ်နေရာတွင် ဆောင်ရွက်လျက်ရှိပါတယ်လို့ ဇန်နဝါရီ၁၁ရက်မှာ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကအသိပေးဆိုပါတယ်။ဖော်ပြပါတယ်။


ချင်းပြည်နယ်ရှိတော်လှန်ရေးအင်အားစုများကလည်း လက်ရှိမှာ နယ်မြေစိုးမိုးရေးနှင့်တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


🚩🚩 ၁။ အရှုံးနှင့်ရင်ဆိုင်နေရတဲ့စစ်ကောင်စီက မိုက်ရူးရဲဆန်တဲ့ စစ်ရေးတု့ပြန်မှုများ လုပ်ဆောင်နေဟု ညီနောင် ဖွဲ့ ထုတ်ပြန်


စစ်၏အရှုံးကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူများ၊ အဆောက်အအုံများ နဲ့ ရှေးဟောင်းသမိုင်းဝင်နေရာများကို အငြိုးအတေးကြီးစွာနဲ့ မိုက်ရူးရဲဆန်စွာ စစ်ရေးတုံ့ပြန်မှုတွေ လုပ်ဆောင်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ၇၆ ရက်မြောက် တိုက်ပွဲသတင်းတွေကိုထုတ်ပြန်ရာမှာ ညီနောင် ၃ဖွဲ့က ထည့်သွင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။


 ဒါ့အပြင် စစ်ရာဇဝတ်မှုတွေကိုပါ မထူးဇတ်ခင်းတဲ့အ‌နေနဲ့ ဆက်လက်ကျူးလွန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 


အကြမ်းဖက်စစ်တပ်က ရှမ်းမြောက်ဒေသမှာရှိတဲ့ လားရှိုး၊ နမ္မတူမြို့နယ်နဲ့ ကိုးကန့်ဒေသအပါအဝင် ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်မြို့နယ်က အရပ်သားပြည်သူတွေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ 


ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးရဲ့ ထိုးစစ်အရှိန်နဲ့ စစ်ဆင်ရေး၏အရသာကို ရှမ်းမြောက်ဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီ ရဲ့ ဒကစ၊ ဗျူဟာ၊ တပ်မ၊ တပ်ရင်းနဲ့ တပ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲဝင်များ မြည်းစမ်းဖူး ပြီး အသက်မသေဘဲ လွတ်မြောက်သွားကြသူတွေနဲ့ မိမိတို့ဘက်က သဘောထားကြီးစွာနဲ့ အသက်ရှင်ခွင့် ပေးလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ ၎င်းတို့၏မိသားစုဝင်များ ကောင်းစွာသိရှိနားလည်ထားပြီး ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 


မြန်မာစကားပုံမှာ "တစ်လုတ်စားဖူးသူ့ကျေးဇူး" ဆိုတဲ့ စကားပုံရှိပေမယ့် ယခု ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲဝင်များအတွက် ထိုထက်ပိုသောကျေးဇူးများ ရှိခဲ့တယ်လို့ဆိုပါတယ်။


မိမိတို့ရဲ့ စေတနာ၊ သဘောထားကြီးမြတ်မှုနဲ့ ကျေးဇူးတရားတွေကို အသက်မသေဘဲ ရှင်သန်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များ အကြွင်းမဲ့နားလည်လက်ခံပြီး တန်ဖိုးထား အမှတ်ရနေမယ်လို့ အပြည့်အဝယုံကြည်တယ်လို့လည်း ညီနောင်မဟာမိတ် ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ကိုတော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်


ဇန်နဝါရီ ၁၁။


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီနယ်စပ်ရှိ ဖယ်ခုံမြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဇန်နဝါရီလ ၁၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


ဖယ်ခုံမြို့တွင် ဇန်နဝါရီလ ရက်နေ့က တိုက်ပွဲများ စတင်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး နဲ့ လေယာဉ်ပစ်ကူတို့ဖြင့် အပြင်းအထန် ခုခံနေတဲ့ကြားက တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။


ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြို့တွင်းရှိ စစ်ကောင်စီ တပ်စွဲထားရာနေရာများကို ရှင်းလင်းနိုင်ခဲ့ပြီး နေ့လယ် နာရီ ကျော်လောက်မှာ ဖယ်ခုံမြို့နယ် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကလည်း ဖယ်ခုံမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်လိုက်တာ ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပြီး အသေးစိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက မကြာခင် သတင်းအတိအကျ ထုတ်ပြန်မယ်လို့ အသိပေးပါတယ်။


ဖယ်ခုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှုများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာတင် ဖယ်ခုံမြို့မကျောင်း နေရာကို ဗုံးကြဲခဲ့ကာ အဆောက်အအုံတွေ အပျက်အစီး များခဲ့ပြီး အသေအပျောက် ရှိမရှိကိုတော့ တိတိကျကျ မသိရသေး ပါဘူး။


========================


🚩🚩 ၃။ သံဘိုစခန်းသို့ လာရောက်မည့် စစ်ကောင်စီတပ်ကို ဧည့်ခံကြိုဆိုရန်အသင့်ဟု မန္တလေး PDF ပြော


တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သံဘိုကျေးရွာစခန်းကို လာရောက်မယ့် စစ်ကောင်စီတပ်တွေကို ဧည့်ခံကြိုဆိုဖို့ အသင့်ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး PDF ရဲဘော်တွေက ရုပ်သံမှတ်တမ်းကနေတဆင့် သတင်းစကားပါးလိုက်ပါတယ်။ 


ပြင်ဦးလွင်ခရိုင် နောင်ချိုမြိုနယ် သံဘိုကျေးရွာစခန်းကို ပြန်လည်သိမ်းယူလိုက်ပြီလို့ စစ်ကောင်စီဘက်က တင်းအမှားတွေ ဖြန့်ချီနေတာကြောင့် စိန်ခေါ် ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 


အခုအွန်လိုင်းပေါ်မှာ စကစကနေပြီး သတင်းတွေဖြန့်ထားတာတွေရှိတယ်။ သံဘိုနဲ့ကျောက်မဲလေးကနေပြီး ကျွန်တော်တို့ကို မောင်းထုတ်လိုက်နိုင်ပြီဆိုပြီး ကြွေးကြော်ထားတာတွေရှိတယ်။ အကယ်၍ အဲဥစ္စာသာ မှန်တယ်လို့ သူတို့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရှိတဲ့ သံဘိုကျေးရွာဘက် ကို အချိန်မရွေးလာရောက်နိုင်ပါတယ်လို့။ ကျွန်တော်တို့ဘက်ကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုဧည့်ခံမှာ ပါလို့ ဟု MDY PDF ရဲဘော်တဦးက ပြောထားပါတယ်။ 


လက်ရှိမှာ သံဘိုစစ်တပ်စခန်းများကို အပြည့်အဝထိန်းချုပ်ထားပြီး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ရဲဘော်များကိုယ်တိုင် ရုပ်သံမှတ်တမ်းနဲ့တကွ ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။


နောင်ချိုမြိုနယ် သံဘိုရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲများက ဇန်နဝါရီလ ရက်နေ့မှာ စတင် စီးနင်းတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ရက်နေ့ မနက် နာရီခွဲခန့်မှာ သံဘိုကျေးရွာစခန်းကို  အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်များမရှိတော့သည့်တိုင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် လောက်ကိုင်ဒေသမှာ စစ်ကောင်စီတပ်တွေမရှိတော့ပေမယ့် စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကိုးကန့် MNDAA သတင်း ဌာန The Kokang က ထုတ်ပြန်ထားပါတယ်။ 


ဇန်နဝါရီလ ရက်နေ့ မွန်းလွဲ နာရီခွဲအချိန်မှာ စစ်ကောင်စီ ဂျက်လေယာဉ်က လောက်ကိုင်ဒေသသို့ လာရောက်ပျံဝဲပြီး တုန်ချိန်ရပ်ကွက်ကို ဗုံးကြဲချခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။


အဲဒီတိုက်ခိုက်မှုကြောင့် အများပိုင်အဆောက်အအုံများ ဖျက်ဆီးခံရပြီး ဗုံးသီးကျရောက်သောနေရာများရှိ မြေပြင်ပေါ်မှာ ဗုံးကွက် ၁၄ ခုထက်မကရှိခဲ့ပကာ အရပ်သားထိခိုက်သေဆုံးဒဏ်ရာရမှုနဲ့ နေအိမ်ပျက်စီးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။


ကိုးကန့်လောက်ကိုင်မြို့တွင်းမှာ အခြေချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲအားလုံး ဇန်နဝါရီလ ရက်နေ့မှာ လက်နက်ချအညံ့ခံပြီးနောက် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ- ကိုးကန့်ဒေသတခုလုံး လွတ်မြောက်ခဲ့ ပြီလို့ ကြေညာထားပြီးဖြစ်ပါတယ်။


လက်ရှိမှာ ကိုးကန့် လောက်ကိုင်မြိုတွင်းမှာ စစ်ကောင်စီတပ်သားတယောက်မျှ မရှိတော့သော်လည်း စစ်ကောင်စီက ကိုးကန့်မြို့တော် လောက်ကိုင်ဒေသကို ဂျက်လေယာဉ်နဲ့ မကြာခဏ လာရောက်ဗုံးကြဲ ပစ်ခတ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကန့်ဘလူနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က ဒေသခံ ၂ဦးကို သတ်ဖြတ်ကာ စစ်ရှောင်တဲ ၃၃ လုံး မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က လင်ဗန်းဆည်အနီးရှိ စစ်ရှောင်တဲတိုက် ၃၃ လုံးကို မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူ ဦးကို သတ်ဖြတ် ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။


နတ်အင်းကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူ စုစုပေါင်းအင်အား ၁၅၀ ခန့်ဟာ ဇန်နဝါရီလ ရက်နေ့မှာ စစ်ကြောင်းထိုးပြီး စစ်ရှောင်တဲတိုက်တွေကို မီးရှို့ဖျက်ဆီးကာ စစ်ရှောင်ပြည်သူ ဦးကို သတ်ဖြတ်သွားတဲ့အပြင် ပြည်သူပိုင်နွားတွေကိုလည်း ခိုးယူသွားတယ်လို့ သိရပါတယ်။ 


အဲဒီစစ်ကြောင်းဟာ ကန့်ဘလူ ၆၀၀၆ ကနေတဆင့် နတ်အင်းပျူရွာက ပျူတွေနဲ့ပေါင်းပြီး ထန်းကုန်း တိုက်နယ်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလို့လည်း မြေပြင်သတင်းတွေအရ သိရပါတယ်။


စစ်ကောင်စီတပ်ရဲ သတ်ဖြတ်ခြင်းခံရသူတွေဟာ ထိန်တောရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသမီး တဦးနဲ့ ရွာမရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသားတို့ဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။


ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာအများစုဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး အကြမ်းဖက် မီးရှို့သတ်ဖြတ်ခြင်းကိုခံနေရတဲ့ ဒေသဖြစ်တဲ့အပြင် ကန့်ဘလူ ၆၀၀၆ တပ်က ဟောင်ဝစ်ဇာနဲ့ ပစ်ခတ် ခြင်းများကြောင့် ပြည်သူပိုင်နေအိမ်များနှင့်၊ကျွဲ၊နွားများ ထိခိုက်ပျက်စီးပြီး အချို့ကျေးရွာများမှာ အမြဲလို စစ်ဘေးရှောင်အဖြစ် တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဟိုပန်နဲ့ ပန်လုံဒေသ အုပ်ချုပ်ရေး UWSA လွှဲပြောင်းယူ၊ ပညာရေးနဲ့ ကျန်းမာရေး CDM မှအပ ကျန်ဝန်ထမ်း များကိုဝန်ထမ်းတွေနဲ့ အစားထိုး


ဇန်နဝါရီ ၁၁။


ညီနောင်မဟာမိတ် တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးတပ်ဖွဲ့ - UWSA ထံ လွှဲပြောင်းပေးတဲ့ ရှမ်းမြောက်က ဟိုပန်နဲ့ ပန်လုံမြို့တွေမှာ အုပ်ချုပ်ရေးယန္တယားကို UWSA က ဇန်နဝါရီ ၁၀ ရက်နေ့က လွှဲပြောင်း ရယူခဲ့ပါတယ်။


ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ နာရီအထိ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အရင်တိုင်း ဦးစီး ဥက္ကဌ ဦးညီနပ်ကနေ အချက်အလက်တွေ လွှဲပြောင်းပေးအပ်ခဲ့ကာအုပ်ချုပ်ရေး စတင်ပြီ ဖြစ်တယ်လို့ UWSA ထိပ်ပိုင်းနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။


အုပ်ချုပ်ရေးယန္တရား စတင်ရာတွင် ပညာရေးနဲ့ ကျန်းမာရေးဌာနက CDM ဝန်ထမ်းတွေကလွဲပြီး ကျန်- ဝန်ထမ်းတွေ နေရာကိုအုပ်ချုပ်ရေးကို နားလည်တဲ့ဝန်ထမ်းတွေနဲ့ အစားထိုးသွားမှာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။


ဟိုပန်နဲ့ ပန်လုံမြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက ဇန်နဝါရီလ ရက်နေ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး UWSA ထံကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။


အဲဒီလို သိမ်းပိုက်ရာမှာ လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီ တပ်သား ၇၀၀ ခန့်အား လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်း ပေးခဲ့တယ်လို့ သိရပါတယ်။


UWSA တပ်ဖွဲ့ဟာမြောက်ပိုင်းဖြစ်တဲ့ ပန်ဆန်း၊ မိုင်းပေါက် စတဲ့ မြို့တွေအပြင် ရှမ်းအရှေ့က ၁၇၁ စစ်ဒေသကိုလည်း ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်  မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment