UNOCHA က မြန်မာပြည်က ဘေးသင့်ခံပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၇ သန်း ကူမည် မကြေးမုံ၊ Radio NUG, Jan 11th 2024


ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိင်း‌ရေးရုံး  UNOCHA ကနေမကြာခင် သီတင်း ပတ်များမှာ အမေရိကန်ဒေါ်လာ ၇သန်းကို ပဋိပက္ခဒဏ်ခံရသူတွေအတွက် ကူညီသွား မယ်လို ဇန်နဝါရီလ ၁၀ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ခလေးသူငယ် ၆ သန်းအပါအဝင် တစ်နိုင်ငံလုံးရှိ လူဦးရေ ၁၈.၆ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို ထုတ်ပြန်ထားပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရတာတွေ၊ ကျန်းမာရေးအစောင့်အရှောက်နဲ့ ပညာသင်ကြားခွင့်မရတာတွေ၊ အစာအဟာရမပြည့်ဝတာတွေက အဲ့ဒီလူတွေရဲ့ လူမှုဒုက္ခတွေ ဖြစ်လာပြီး ငွေကြေးအကြပ်တည်းတွေကလည်း တစ်နေ့တစ်ခြားတိုးလာနေတယ်လို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ရက်နေ့ကစပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးအရှေ့ခြမ်း၊ က ရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်သာရီတိုင်းတိုမှာ နေရပ်စွန့်ခွာသူဦးရေ ၆သိန်း၆ သောင်းအိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို UNOCHA ကထုတ်ပြန်ထားပါတယ်။

၂၀၂၄ခုနှစ်အတွင်း အကူညီတွေလိုအပ်နေတဲ့ မြန်မာပြည်သူ ၁၈.၆ သန်းထဲက အရေးပေါ် အကူညီလိုအပ်နေတဲ့ ၅.၃ သန်းကို အကူညီပေးသွားဖို ရည်မှန်းထားပြီး အဲ့ဒီအတွက် အမေရိကန်ဒေါာလာ သန်းတစ်ရာနီးပါးလိုအပ်နေတယ်လို ကုလသမဂ္ဂကထုတ်ပြန်ထားပါ တယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်းမှာလည်း အကူညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန် ဒေါာလာ ၈၈၆ သန်းဖိုးကူညီပေးဖို ရည်ရွယ်ထားခဲ့ပေမယ့် လိုအပ်ချက်ရဲ့ ၂၉ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ ဒါကြောင့် အကူညီလိုအပ်နေသူ ဆယ့်ရှစ်သန်းခွဲကျော်ထဲက ၃.၁သန်းကိုပဲ အကူညီပေးနိုင်ခဲ့တယ်လို UNOCHA ကထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်မိသားစုဝင်ဦးရေတိုးလာပေမယ့် ကုလသမဂ္ဂရဲ့အကူညီတွေကကျဆင်းလာ ပြီး မြန်မာပြည်သူတွေမှာ အကြပ်တည်း၊ အခက်အခဲတွေကို ကြံ့ကြံ့ခံဆက်လက်ရင်ဆိုင် နေရအုန်းမှာ ဖြစ်ပါတယ်။



Share:

No comments:

Post a Comment