11th JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီတွေဟာ စစ်ရှုံးပြီး  ဘာမှ မစွမ်းဆောင်နိုင်တဲ့အခြေအနေရောက်နေပြီ"လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ အမျိုးသား ညီညွတ်ရေး အစိုးရနှင် လူထုသပိတ် ကော်မတီတို့ ပူးပေါင်းပြီး လူထုတိုက်ပွဲနှင့် စစ်ရေး တိုက်ပွဲဆိုင်ရာ မဟာဗျူဟာ ရှင်းလင်းမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၄။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လက်နက်ကိုင် လမ်းစဉ်ဖြင့် စစ်ရေးနည်းလမ်း တစ်ခုတည်းသာ ကျန်ရှိတော့ဟု KNU ဥက္ကဋ္ဌပြော

📌 ၅။ ဟိုပန်နှင့်ပန်လုံကိုပြည်နယ်အတွင်း ထည့်သွင်းကြောင်း UWSA ကြေညာ

📌 ၆။ စစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဝန်ခံထားပြီး ကျန် စကစ တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တပ်မ ၁၀၁ တပ်မမှူး တိုက်တွန်း

📌 ၇။ ကလေးဝမြို့နယ်ရဲ့ တခုတည်းသော ပျူစခန်းတည်ရှိရာ ဆင်အိုင်မကျေးရွာမှ စကစ တပ်သားတဦး ​ ​တော်လှန်ရေးအဖွဲ့ထံ လက်နက်နှင့်တကွခိုလှုံ၍ ဆုကြေး သိန်းတစ်ရာချီးမြှင့်မယ်

📌 ၈။ “Federal Net" အင်တာနက်ကွန်ရက်ဟာ လိုင်းဆွဲအားကောင်းပြီး VPN လုံးဝခံစရာမလို

📌 ၉။ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်းချမှတ်


========================


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုးမိတ်၊ သီပေါ၊ လားရှိုးမြို့နယ်တို့မှာ စကစတပ်များနဲ့ TNLAတပ်တို့တိုက်ပွဲ ဖြစ်ပွား

🚩 ၂။ ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာသို့ စီးနင်းဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား အဓမ္မယူဆောင်သွားတဲ့စစ်ကြောင်းတိုက်ခိုက်ခံရ

🚩 ၃။ စဉ့်ကိုင် မြို့မရဲစခန်းကို တိုက်ခိုက်မှု ရဲ ဦးသေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၄။ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီတွေဟာ စစ်ရှုံးပြီး  ဘာမှ မစွမ်းဆောင်နိုင်တဲ့အခြေအနေရောက်နေပြီ"လို့ ဝန်ကြီးချုပ်ပြောကြား


ဇန်နဝါရီလ ၁၀ရက်။

ဇန်နဝါရီလ ၁၀ရက်မှာ ဝန်ကြီးချုပ်၏ လူမှုကွန်ရက်တွင်ဖော်ပြထားတဲ့ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်မှာ ဖော်ပြပါတယ်။


"ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီတွေဟာ တစ်ဘက်မှာ စစ်ရှုံးပြီး မြို့တွေစွန့်ရ၊ စခန်းတွေစွန့်ရ ဖြစ်နေတာကို ဘာမှမစွမ်းဆောင်နိုင်တဲ့အခါမှာ အပြစ်မဲ့ပြည်သူကိုပဲ ပစ်မှတ်ထားလာတာမျိုးတွေ့ရလို့ ပြည်သူတွေအတွက် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


၁၀၂၇ စစ်ဆင် ရေးကာလအတွင်းမှာပင် အကြမ်းဖက်စစ်ကောင်စီဟာ ဗိုလ်မှူးချုပ် ဦးအထိ ဆုံးရှုံးခဲ့ပြီး MNDAA က လောက်ကိုင်မြို့ကို အပြီးသတ်ထိန်းချုပ် လိုက်နိုင်တဲ့အခြေအနေမှာ  စစ်သားနဲ့ မိသားစု စုစုပေါင်း ၄၀၀၀ ခန့် လက်နက်ချခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသား ညီညွတ်ရေး အစိုးရနှင် လူထုသပိတ် ကော်မတီတို့ ပူးပေါင်းပြီး လူထုတိုက်ပွဲနှင့် စစ်ရေး တိုက်ပွဲဆိုင်ရာ မဟာဗျူဟာ ရှင်းလင်းမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ


ဇန်နဝါရီလ ၁၀ရက်။

အမျိုးသားညီညွတ်ရေး အစိုးရမှ ဦးဆောင်ပြီး လူထုသပိတ် ကော်မတီတို့ ပူးပေါင်းကာ စစ်ကိုင်းတိုင်း မြောင်၊ ဆားလင်းကြီး၊ တန့်ဆည်၊ ဘုတလင်မြိုနယ်များမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ၊ သပိတ်အင်အားစုများနှင့် သက်ဆိုင်ရာ ခရိုင်- ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ လူထုတိုက်ပွဲနှင့် စစ်ရေး တိုက်ပွဲဆိုင်ရာ မဟာဗျူဟာ ရှင်းလင်းမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲ တစ်ခုကို ဇန်နဝါရီ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံပွဲတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် လူထုခေါင်းဆောင် ဦးမင်းကိုနိုင်တို့မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး လူထုသပိတ် ကော်မတီမှ မဟာဗျူဟာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော အဖွဲ့များမှ အဖွဲ့ဝင်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲကို ပြည်‌ထောင်စုဝန်ကြီးများ ဖြစ်ကြတဲ့ ဒေါက်တာ ဝင်းမြတ်အေး၊ ဦးလွင်ကိုလတ်တို့နှင့်အတူ ဦးမင်းကိုနိုင်‌၊ ဒေါက်တာတေဇာဆန်း၊ ဝန်ကြီးဌာန အသီးသီးမှ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြောင်၊ ဆားလင်းကြီး၊ တန့်ဆည်၊ ဘုတလင် မြိုနယ်များမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ၊ သပိတ်အင်အားစုများနှင့် သက်ဆိုင်ရာ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဇန်နဝါရီလ ၁၀ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄) ကို ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်း‌ရေးမှူး အဖွဲ့ဝင်၊  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား‌ ပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲကို အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နေ့လယ် နာရီ အချိန်မှာ ရပ်နားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လက်နက်ကိုင် လမ်းစဉ်ဖြင့် စစ်ရေးနည်းလမ်း တစ်ခုတည်းသာ ကျန်ရှိတော့ဟု KNU ဥက္ကဋ္ဌပြော


ဇန်နဝါရီလ ၁၀ရက်။

စစ်အာဏာရှင် ပြုတ်ကျရေးနှင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေးမှ လက်နက်ကိုင်လမ်းစဉ်ဖြင့် စစ်ရေးနည်းလမ်း တစ်ခုတည်းသာ ကျန်ရှိတော့ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ကရင်နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက် စကားမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။


တိုင်းရင်းသား လူမျိုးများအပြင် ပြည်သူလူထုများစွာနဲ့ လူငယ်များဟာ ဗမာစစ်တပ်ကို စစ်ရေး နည်းလမ်းဖြင့် လက်နက်ဆွဲကိုင် တော်လှန်မှုများလည်း ပိုမိုများပြား ပြင်းထန်လာခဲ့ပြီး၊ ဗမာစစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် သုံးနှစ်ပြည့်တော့မှာ ဖြစ်ပြီး သံခင်းတမန်ခင်း ဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ နိုင်ငံရေး ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ စတဲ့ နည်းလမ်း အမျိုးမျိုးဖြင့် တော်လှန်မှုဟာ ပိုမိုအားကောင်းလာပြီး စစ်ကောင်စီတပ်က အဘက်ဘက်မှ ကြပ်တည်း ယိုယွင်းမှု အခက်အခဲများကို ကြုံတွေ့ခံစားနေရပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


တိုင်းပြည်တစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သားများ အကျအဆုံး များပြားလာပြီး  စိတ်ဓာတ်ယိုယွင်း ပျက်စီးကာ တော်လှန်ရေး တပ်များထံ လက်နက်ချမှုများ ရှိလာခဲ့ကြောင်း၊ စစ်ရေးဆိုင်ရာ ခုခံတိုက်ခိုက်မှုများကို နှိမ်နင်းရန်အတွက် လူမဆန်တဲ့ စစ်ဆင်ရေး နည်းလမ်းများကို စစ်ကောင်စီက အသုံးပြုခဲ့ပြီး မည်သည့် စစ်တပ်မဆို လိုက်နာရမယ့်  ကျင့်ဝတ်များကို ချိုးဖောက်နေတယ်လို့လည်း  KNU ဥက္ကဋ္ဌကဆိုထားပါတယ်။


စစ်အာဏာရှင် ကျရှုံးရေးတင်မကဘဲ အာဏာရှင်စနစ် အားလုံးနဲ့ လူမျိုးကြီးဝါဒ အမြစ်ဖြတ် ကျရှုံးရေးကို ဦးတည်ထားကြောင်း၊ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အခြားလမ်းစဉ် ရွေးချယ်ထားခြင်း မရှိ၍ ကရင်လူမျိုး အပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံး နားလည်ပေးကြပါရန် KNU ဥက္ကဋ္ဌကထပ်လောင်း ပြောကြားခဲ့ပါတယ်။


လက်ရှိ အခြေအနေများကို ကြံ့ကြံ့ခံလျက် အတူတကွ ဆက်လက်ရင်ဆိုင်သွားပြီး တော်လှန်ရေးကြီးတွင် အတူတကွ ပူးပေါင်းပါဝင်ဖို့ကိုလည်း တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၅။ ဟိုပန်နှင့်ပန်လုံကိုပြည်နယ်အတွင်း ထည့်သွင်းကြောင်း UWSA ကြေညာ


ဇန်နဝါရီလ ၁၀ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ဟိုပန်နဲ့ ပန်လုံ ဒေသ ခုကိုပြည်နယ်အတွင်း ထည့်သွင်းလိုက်တယ်လို့ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ကြေညာလိုက်ပါတယ်။


ဟိုပန်နှင့်ပန်လုံဒေသ နှစ်ခုအား ""ပြည်နယ် ပြည်သူ့အစိုးရထံ လွှဲပြောင်းလက်ခံတဲ့ အခမ်းအနားကို ဟိုပန်မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး ဗဟို""ပြည်နယ်ပြည်သူ့အစိုးရကိုယ်စား မိုင်းမောခရိုင်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ Wa Channel က ဇန်နဝါရီလ ၁ဝ ရက်နေ့ ညပိုင်းမှာ အသိပေးထားပါတယ်။ 


ဟိုပန်နဲ့ ပန်လုံဆိုတာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းက မြို့တွေဖြစ်ပြီး စစ်ကောင်စီက ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာ ပါဝင်နေတယ်လို့ Myanmar Now သတင်းဌာနက ဆိုပါတယ်။ 


ဟိုပန်မြို့ကို မြောက်ပိုင်းမဟာမိတ် ဖွဲ့က ဇန်နဝါရီလ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် UWSA "" တပ်ဖွဲ့က ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 


ဟိုပန်မြို့ဟာ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့ရဲ့ အရှေ့ဘက် ၁၁ မိုင်ခန့်အကွာနဲ့ ချင်းရွှေဟော်မြို့ အနောက်ဘက် မိုင်ခန့်အကွာမှာရှိတယ်လို့လည်း သိရပါတယ်။ 

"" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်လို့အမည်ရတဲ့ UWSA မှာ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ အမြဲတမ်း စစ်သည် အင်အား သောင်းခန့်ရှိတယ်လို့ စစ်ရေးသုတေသနအဖွဲ့တွေက ခန့်မှန်းထားတဲ့အတွက် ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့လို့ သတ်မှတ်ခြင်းခံထားရပါတယ်။ 


UWSA နဲ့ စစ်ကောင်စီတို့ကြား စစ်မက်ဖြစ်ပွားတာမရှိပေမယ့် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ် ဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဝန်ခံထားပြီး ကျန် စကစ တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တပ်မ ၁၀၁ တပ်မမှူး တိုက်တွန်း


ဇန်နဝါရီ ၁၀။

နမ့်ဆန်မြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ မှ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို တအောင်းတပ်မတော် PSLF/TNLA က ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဖမ်းဆီးရရှိခဲ့ပြီး စစ်သုံပန်းအဖြစ် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။


တအောင်းတပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံအင်တာဗျူးမှာ ဗိုလ်မှူးချုပ် မင်းမင်းထွန်းက ပြည်သူတွေကို ဝန်ချတောင်းပန်ထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်း ပြောဆို ထားပါတယ်။


"မြန်မာ့တပ်မတော်က အရာရှိအရာခံ အကြပ်စစ်သည်များ အနေနဲ့ ပြည်တွင်းစစ်တွေကို ဆင်နွှဲနေမယ့်အစား ပြည်သူ့အကျိုးကို ငဲ့ပြီးတော့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနဲ့ပူးပေါင်းကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ " ဟု ဗိုလ်မှူးချုပ်မင်းမင်းထွန်းက ပြောပါတယ်။

"ဒီဒေသအတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ ကျွန်တော့်မှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဒေသမှာ နေထိုင်တဲ့ တအာန်းပြည်သူလူထု အားလုံးကို ဝန်ချတောင်းပန်လိုကြောင်း ပြောလိုပါတယ်" လို့ နမ့်ဆန်မြို့အတွင်း ဖြစ်ခဲ့တဲ့ ပြည်သူလူထု သေဆုံးထိခိုက်မှုများ အပေါ် တောင်းပန် ထားပါတယ်။


အပတ်စဉ် ၄၀ ဗိုလ်လောင်းသင်တန်းဆင်း တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာ အသက် ၄၈ နှစ်ရှိပြီး ဖြစ်ပြီး တပ်မမှူးတာဝန်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ စတင်ထမ်းဆောင်ခဲ့ပြီး နမ့်ဆန်မြိုကို ကွပ်ကဲဖို့ စက်တင်ဘာမှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။


နမ့်ဆန်စခန်းကုန်း တိုက်ပွဲအတွင်း ထွက်ပြေးရန် ကြိုးစားနေစဉ် ၂၀၂၃ ဒီဇင်ဘာ ၁၅ ရက်တွင် TNLA ရဲ့ ဖမ်းဆီးခြင်းကို ခံရကာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပြီး ကျန်းမာစွာရှိနေကြောင်း ၄င်းရဲ့ မိသားစုကို အသိပေးခဲ့ပါတယ်။


========================


📌📌 ၇။ ကလေးဝမြို့နယ်ရဲ့ တခုတည်းသော ပျူစခန်းတည်ရှိရာ ဆင်အိုင်မကျေးရွာမှ စကစ တပ်သားတဦး ​ ​တော်လှန်ရေးအဖွဲ့ထံ လက်နက်နှင့်တကွခိုလှုံ၍ ဆုကြေး သိန်းတစ်ရာချီးမြှင့်မယ်


ဇန်နဝါရီလ ၁၀ရက်။

ကလေးဝမြို့နယ် ရဲ့ တခုတည်းသော ပျူစခန်းတည်ရှိရာ ဆင်အိုင်မကျေးရွာမှ စကစ တပ်သားတဦး ​ ​တော်လှန်ရေးအဖွဲ့ထံ လက်နက်နှင့်တကွခိုလှုံ၍ ဆုကြေး သိန်းတစ်ရာချီးမြှင့်မယ်လို့ ဇန်နဝါရီ၁၀ရက်မှာ ကလေးဝမြို့နယ်ပကဖကအတည်ပြုအသိပေးဆိုထားပါတယ်။


"ကလေးဝမြို့နယ်ရဲ့ တခုတည်းသော ပျူစခန်းတည်ရှိရာမဟာမြိုင်ဒေသ၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ ဆင်အိုင်မကျေးရွာမှ စကစ တပ်သားတဦး ​ ​တော်လှန်ရေးအဖွဲ့ထံ ထပ်မံခိုလှုံလာပါတယ်"လို့ဆိုပါတယ်။


၄င်းနှင့်အတူ MA series စက်ကလေးမောင်းပြန်တစ်လက်နှင့် ခဲယမ်းအချို့ပါ ယူဆောင်လာနိင်ခဲ့တဲ့အတွက် ​​ငွေကျပ်သိန်း၁၀၀ ​​ထောက်ပံ့ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။


လက်နက်ခဲယမ်းနှင့်တကွ အချိန်မှီ ထပ်မံဝင်ရောက်လာသူများကိုလဲ ဆက်လက်ထောက်ပံ့ပေးရန် စီစဥ်ထားတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ “Federal Net" အင်တာနက်ကွန်ရက်ဟာ လိုင်းဆွဲအားကောင်းပြီး VPN လုံးဝခံစရာမလို


ဇန်နဝါရီလ ၁၀ရက်။

"Federal Net" အင်တာနက်ကွန်ရက်ဟာလိုင်းဆွဲအားကောင်းပြီး VPN လုံးဝခံစရာမလိုဘူးလို့ "Federal Net"ကမ်ပိန်းကအသိပေးဆိုပါတယ်။


"သတင်းအချက်အလက်တွေ အချိန်မီသိရှိနိုင်ပြီး အဝေးရောက်အမျိုးတွေနဲ့ အင်တာနက်ကတဆင့် ဆက်သွယ်နိုင်တဲ့အပြင် လိုင်းဆွဲအားကောင်းပြီး VPN လုံးဝခံစရာမလိုတဲ့ "Federal Net" အင်တာနက်ကွန်ရက်ရှိနေပြီဆိုတာလေ။ အခုဆိုရင် ဖက်ဒရယ်အင်တာနက်ကြောင့် သူတို့လေးတွေ ပျော်ရွှင်နေကြပြီ။ မသိသေးတဲ့သူတွေကိုလည်း ဒီကမ်ပိန်းလေးမှာပါဝင်‌ဖို့ လက်ဆင့်ကမ်းပြီး ပြောပေးကြဦး"လို့ဆိုပါတယ်။


လတ်တလောမှာFederal Net Campaign" မှ ပထမဦးဆုံး အင်တာနက်ဝန်ဆောင်မှုပေးခဲ့သည့် မြို့နယ်တစ်မြို့နယ်မှ ပြည်သူစကားသံကို MOCITထုတ်ပြန်ခဲ့ပါတယ်။


Federal Net Campaign"ကမ်ပိန်းကာလကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီး ကမ်ပိန်းသတ်မှတ်ချက်လိုအပ်နေပါသေးတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"ကမ်ပိန်းကိုလုပ်ဆောင်နေခြင်းဖြစ်ပါတယ်။


========================


📌📌 ၉။ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်းချမှတ်


ဇန်နဝါရီလ ၁၀ရက်။

ဆုရ မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ခု ဖြင့် ထောင်တွင်း စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ကျခံရန် အမိန့်ချမှတ်လိုက်ပါတယ်။


အင်းစိန်ထောင်တွင်းရှိ မြောက်ဥက္ကာလာပမြို့နယ် စစ်ခုံရုံးက ဇန်နဝါရီလ ၁၀ ရက်နေ့မှာ  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ၅၄ တို့ဖြင့် အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။


နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် မှတ်တမ်း ရုပ်ရှင်ဆုများ ရရှိထားတဲ့ အသက် (၅၀) အရွယ် ရှင်ဒေဝီ ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ မြို့နယ်တွင် အွန်လိုင်းမှ မှာယူထားတဲ့  ရိုက်ကူးရေးသုံးဒရုန်း သွားရောက်ယူစဉ် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ တစ်ပတ်ကြာ ရိုက်နှက်စစ်ဆေး ခံခဲ့ရတယ်လို့ သိရပါတယ်။


အစ်မက မှတ်တမ်းရုပ်ရှင် သမားဖြစ်တယ်၊ တစ်သက်လုံး ဒီအလုပ်ပဲ လုပ်လာတယ်၊ ဒီကာလ မှာလည်း ဒီအလုပ်ပဲ ဆက်လုပ်တယ်၊ နောက်စစ်ဘေးပဋိပက္ခ ဖြစ်တဲ့ ဒေသတွေကို သွားပြီး အကူအညီ ပေးတယ်။ ဘာပြစ်မှုမှ ကျူးလွန်ထားတာ မရှိဘူးလို့ သူမရဲ့ မိသားစုဝင် ကိုမြင့်သူက Myanmar Now ကို ပြောပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့် က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


🚩🚩 ၁။ မိုးမိတ်၊ သီပေါ၊ လားရှိုးမြို့နယ်တို့မှာ စကစတပ်များနဲ့ TNLAတပ်တို့တိုက်ပွဲ ဖြစ်ပွား


ဇန်နဝါရီလ ၁၀ရက်။

တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့နယ်တွင် တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တပ်မဟာ()စစ်ဒေသ၊ သီပေါမြို့နယ်တွင် တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်"လို့ TNLAက ဇန်နဝါရီလ ၁၀ရက်မှာ အသိပေးဖော်ပြထားပါတယ်။


တပ်မဟာ()စစ်ဒေသ၊ လားရှိူးမြို့နယ် စစ်ကောင်စီတပ်မှ ဟိုလောင်ကျေးရွာ၊ နာနောင်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊  မိုင်းယော်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၂၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့နယ် လွယ်ကန်ဟောင်းကျေးရွာ၊ ရန်အောင်မြင်၊ ပန်နားကျေးရွာ၊  ဟိုလောင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ()ကြိမ်၊  Y12 ဖြင့် ()ကြိမ်၊ ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။


 ဇန်နဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့ယာဥ်ဖြင့် နမ့်ခမ်း၊ မန်တပ်စခန်းတွင် ()ကြိမ်၊ မူဆယ်မြို့တွင် ()ကြိမ် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ပို့ချခဲ့ပါတယ်။


========================


🚩🚩 ၂။ ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာသို့ စီးနင်းဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား အဓမ္မယူဆောင်သွားတဲ့စစ်ကြောင်းတိုက်ခိုက်ခံရ


ဇန်နဝါရီလ ၁၀ ရက်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာသို့ စီးနင်းဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား အဓမ္မယူဆောင်၍ ဘုတလင်မြို့သို့ ပြန်လည်ထွက်ခွာလာသော စစ်‌ကောင်စီ စစ်ကြောင်းအား ကျောင်းသားလက်ရုံးတပ်တော် (SAF) မုံရွာခရိုင် တပ်ရင်း-၂၄၊ မြို့နယ်ပကဖ တို့ ပူးပေါင်း၍ သီးပင်အိုင်ကျေးရွာ အနောက်ဘက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


ပူးပေါင်းတပ်ဖွဲ့ဟာ ၀၉:၀၂အချိန်အရောက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ၂၈မိနစ်ကြာမြင့်ခဲ့ပါတယ်။


တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ တပ်ရင်းမှူး အောင်ဇော်လင်း အပါအဝင် အခြား အဆင့် ၄ဦး ကျဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ စဉ့်ကိုင် မြို့မရဲစခန်းကို တိုက်ခိုက်မှု ရဲ ဦးသေဆုံးပြီး ဦး ဒဏ်ရာရ


ဇန်နဝါရီလ ၁၀ ရက်။

မန္တလေးတိုင်း စဉ့်ကိုင်မြို့မှာရှိတဲ့ မြို့မရဲစခန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ရဲ ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိသွားတယ်လို့ Sint Kaing Revolution Force -SRF အဖွဲ့က ထုတ်ပြန်ပါတယ်။


စဉ့်ကိုင်မြို့နယ်မှာရှိတဲ့ ပြည်သူလူထုကိုဖမ်းဆီးပြီး ငွေညှစ်ရမ်းကားနေတဲ့ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီလ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုကြောင့် ရဲ ဦးသေဆုံးပြီး ဦး ခြေပြတ် လက်ပြတ်စတဲ့ ပြင်းထန်ဒဏ်ရာရခဲ့ပြီး အခြားရဲတပ်ဖွဲ့ဝင် ဦးလည်း ဒဏ်ရာရသွားတယ်လို့ SRF အဖွဲ့က ပြောပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Sint Kaing Revolution Force -SRF စဉ့်ကိုင်မြို့နယ် ပကဖနဲ့ Kyaukse Revolution Army- KRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


စဉ့်ကိုင်မြို့နယ်အတွင်းမှာ စစ်ရေးအရှိန်မြှင့်တော့မှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့နေရာ အတက်နိုင်ဆုံးရှောင်ကြဉ်ကြဖို့ SRF အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ 


========================


🚩🚩 ၄။ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်


ဇန်နဝါရီလ ၁၀ ရက်။

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာရှိတဲ့ စည်ကြီးဆွဲဘုရားအနီးမှာ ဂိတ်ချပြီး ဖြတ်သန်းသွားလာနေတဲ့ ကား ဆိုင်ကယ်တွေကိုစစ်ဆေးကာ ငွေညှစ်တောင်းခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကို ဇန်နဝါရီလ ရက် မနက် ၁ဝ နာရီခန့်မှာ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်း က ထုတ်ပြန်ပါတယ်။


ဗုံးသီးချတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ငယ်တွေနဲ့ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ အသိပေးထားပါတယ်။


ထို့အတူ နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာစာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးသွားတယ်လို့ Natogyi PEople Defence Force က ပြောပါတယ်။


ထို့နောက် မွန်းလွဲ နာရီခွဲခန့်မှာလည်း ကန်နားရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးတလုံး ကြဲချခဲ့ပြီး မြေပြင်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့တယ်လို့ ဆိုပါ တယ်။


အဲဒီနောက် နွားထိုးကြီးမြို့နယ်အတွင်း နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဇေဒိတ်ကျေးရွာက ပျူစောထီးအကြီးစား မင်းသားကြီးရဲ့ တပည့်ဖြစ်သူကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုများကို Natogyi PEople Defence Force မြင်းခြံခရိုင် အမှတ် တပ်ရင်းနဲ့ နွားထိုးကြီး မြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့် က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment