ပဲစင်းငုံဈေးကွက်ကောင်းလို့ အညာတောင်သူ အသက်ရှုချောင် မကြေးမုံ Radio NUG, ဇန်နဝါရီ - ၁၀၊ ၂၀၂၄


မြန်မာ့ပဲစင်းငုံတန်ချိန် ၄သိန်းဝယ်ယူသွားဖို့ အိန္ဒိယက ကမ်းလှမ်းထားပြီး ပဲတင်သွင်းတဲ့ကာလကိုလည်း အခုနှစ်မတ်လ ကနေ နောက်နှစ်မတ်လအထိတိုးမြှင့်လိုက်တဲ့အပြင် လာမယ့်ဖေဖော်ဝါရီလမှာလည်း ပဲစင်းငုံတန်ချိန်တစ်ချိုကို တင်သွင်းသွားဖို အိန္ဒိယက ပြင်ဆင်နေပါတယ်။ ဒါကြောင့် ပဲစင်းငုံဈေးတွေက မနှစ်ကဈေးထက် တစ်ဆပိုမြင့်လာပြီး အကြပ် တည်းကြားက အညာတောင်သူတွေ အသက်ရှုချောင်ခဲ့ပါတယ်။ ပြည်တွင်းပဲစင်းငုံ ဈေးကွက်ကောင်းပုံက FOB လိုခေါ်တဲ့ သင်းဘောပေါ်အရောက်ဈေးထက် ပိုများနေတဲ့အခြေအနေကို မကွေးမြိုအခြေစိုက် ပဲစင်းငုံဈေးကွက်ကျွမ်းကျင်သူက အခုလိုပြောပါတယ်။

“ လက်ရှိအခြေနေမှာတော့ ဒီအိန္ဒိယက တင်သွင်းခွင့်သက်တမ်းတိုးမြှင့်ထားတယ် ဆိုတဲ့ဟာတွေကြောင့်ရော၊ အရောင်းအဝယ်လုပ်ထားတဲ့ဟာတွေကြောင့်ရော ကျွန်တော်တို့ဈေးကတော့ ပိုမြင့်တာပေါ့၊ အခုဆိုရင် FOB ဈေးနဲ့ ပြည်တွင်းမှာအရောင်းဝယ်ဖြစ်နေတဲ့ဈေးနဲ့ဆိုရင် FOB ဈေးကတောင် နိမ့်နေသေးတယ်။ ပြည်တွင်းမှာ အရောင်းဝယ်ဖြစ်နေတဲ့ဈေးက ကုန်သည်တွေ၊ တောင်သူတွေကြားမှာ အရောင်းဝယ်ဖြစ်နေတဲ့ဈေးက ပိုပြီး တောင်မြင့်နေတယ်လို့ ပြောလိုရတယ်” 

ပဲစင်းငုံက ပြည်တွင်းစားသုံးမှုနည်းပါးပြီး စိုက်ပျိုးထုတ်လုပ်မှုရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော် ကို ပြည်ပတင်ပို့နေတာဖြစ်ပါတယ်။ ပဲစင်းငုံကို မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသက နေ ရှမ်းပြည်နယ်စတဲ့ ကုန်းမြင့်ဒေသတွေအပါအဝင် တစ်နိုင်ငံလုံးနီးပါးစိုက်ပျိုး ထုတ်လုပ်ပေမယ့် မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ စီးပွားဖြစ် အများအပြား စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒီသီးနှံက စိုက်ပျိုးစရိတ်သက်သာတဲ့အပြင် ပိုးမွှား ရောဂါကျ ရောက်မှုလည်း နည်းပါးပါတယ်။ ဒါ့အပြင် ပဲမျိုးစုံတွေထဲမှာ ပဲစင်းငုံက သက်တမ်း အရှည်ဆုံး ပဲပင်ဖြစ်တဲ့အတွက် ခုတ်သိမ်းပြီးတဲ့အခါ ပင်စည်ကို ထင်းအဖြစ် အသုံးပြု နိုင်လို့ အညာတောင်သူက ဈေးရမယ်ဆိုရင် အခြားသီးနှံထက် ပဲစင်းငုံကို ပိုပြီးစိုက်ပျိုး လိုကြတာဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တစ်ခုထဲကို အမှီပြုစိုက်ပျိုးတဲ့ ဒီသီးနှံက မနှစ်က အကျိုးမြတ်အတော်ကြီးနည်းခဲ့လို စိုက်ဧကတွေ လျော့ကျခဲ့တယ်လို ကျောက်ပန်းတောင်းမြိုက ပဲစင်းငုံ တောင်သူတစ်ဦးက အခုလိုပြောပါတယ်။

“ပဲစင်းငုံကတော့ မနှစ်ကဆိုရင် လေးငါးခြောက်သောင်းရောင်း ရတယ်။ မနှစ်ကဈေးထက် အောက်ကျသွားရင်တော့ တောင်သူတွေအတွက်ကတော့ ကျဲတဲ့ဟာက ရာခိုင်နှုန်း တစ်ဝက်လောက် အောက်သွားမှာ” 

မြန်မာ့ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုက တစ်နိုင်ငံလုံးလယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၃၃ ရာ ခိုင်နှုန်းရှိပြီး  စိုက်ပျိုးမြေဧရိယာရဲ့ ၂၀ရာခိုင်နှုန်းမှာ ပဲမျိုးစုံကို စိုက်ပျိုးထုတ်လုပ်နေ တာဖြစ်ပါတယ်။ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့က အဓိက ဖြစ်ပြီး စုစုပေါင်း ပဲစိုက်ဧကရဲ့ ၇၂ရာခိုင်နှုန်းမှာ စိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအရ ပဲစင်းငုံစိုက်ပျိုးဧကမှာ ဧက တစ်သန်းကျော် စိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပါတယ်။



Share:

No comments:

Post a Comment