1st JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်နယ်မြေများ လျော့နည်းလာပြီး တော်လှန်ရေးအင်အားစုများက စိုးမိုးနယ် မြေများ နေ့စဉ်နှင့်ကျယ်ပြန့်လာဟု NUG NUCC ပြော 

📌 ၂။ ပြည်သူတရပ်လုံး လိုလားတောင့်တနေသော ရည်မှန်းချက်၊မျော်လင့်ချက်ရောင်ခြည်များ သက်ဝင်တောက်ပ အောင် ဆက်လက်ကြိုးပမ်းသွားမည်ဟု ညီနောင် ဖွဲ့ပြော

📌 ၃။ အကျဉ်းထောင်အတွင်း ဆေးကုသခွင့် လုံလောက်စွာ မရရှိမှုကြောင့် နိုင်ငံရေး အကျဉ်းသား ဦး ထပ်မံ သေဆုံး

📌 ၄။ ကိုးကန့် တာရွှေထန်ဒေသကို စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပါ ဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ဦး သေဆုံး 

📌 ၅။ ကျောင်းကုန်းမြို့အဝင်ရှိ ကျွန်းပင် ၁၀၀ နီးပါးကို စစ်ကောင်စီက တိုင်းရန်ပုံငွေ အကြောင်းပြ ခုတ်ယူ

📌 ၆။ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ ရဲစခန်းနဲ့ စာသင်ကျောင်း

📌 ၇။ မလှိုင်မြို့နယ်၊ ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံး

📌 ၈။ နတ်တလင်းတွင် ကျေးရွာများကို မီးလိုက်ရှို့နေသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်နယ်မြေများ လျော့နည်းလာပြီး တော်လှန်ရေးအင်အားစုများက စိုးမိုးနယ် မြေများ နေ့စဉ်နှင့်ကျယ်ပြန့်လာဟု NUG NUCC ပြော 


အကြမ်းဖက်စစ်အုပ်စုဘက်က ထိန်းချုပ်နယ်မြေများ တစစ လျော့နည်းလာပြီး တော်လှန်ရေးအင်အားစုများ ဘက်က စိုးမိုးနယ်မြေများ နေစဉ်နဲ့အမျှ ကျယ်ပြန့်လာတဲ့အပြင် စစ်အုပ်စုရဲ့ အရေးပါတဲ့ စစ်စခန်းတွေကို သိမ်ပိုက်နိုင်ခဲ့ခြင်းဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ ထင်ရှားတဲ့အောင်မြင်မှုလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီးကို ဂုဏ်ပြု တဲ့အနေနဲ့ NUCC နဲ့ NUG တို့ရဲ့ နှစ်သစ်ကူးကြေညာချက် ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

ဒါဟာတော်လှန်ရေးအင်အားစုအားလုံးရဲ့ စုစည်းညီညွတ်မှု၊ ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတို့နဲ့ အတူ နိုင်ငံတဝန်း အချိန်ကိုက်လုပ်ဆောင်ခဲ့တဲ့ ထိုးစစ်တွေကြောင့် သိသာထင်ရှားပြီး လက်တွေ့ကျတဲ့ အောင်မြင်မှုများရရှိခဲ့တာလို့ ဆိုပါတယ်။ 

အခုလိုအောင်မြင်မှုတွေရနေတာဟာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ဒေသကာကွယ်ရေးအဖွဲ့များကြား သမိုင်းတွင်မယ့် ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြည်တွင်းပြည်ပက နိုင်ငံသားတွေရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်လည်း ပါဝင်တယ်လို့ အသိပေးထားပါတယ်။ 

ထို့အပြင် တော်လှန်ရေးအင်အားစုများကြား ဘုံ နိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံးရရှိအောင် အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုပြိုကျပြီး တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလမှာ လုပ်ဆောင်ရမယ့် နိုင်ငံရေး၊ စီးပွားရေး၊ ပြန်လည်ထူထောင်ရေးအစီအမံတွေကိုလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ နိုင်ငံတကာအစိုးရတွေနဲ့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို NUCC နဲ့ NUG က အသိပေးထားပါတယ်။   

ထို့ကြောင့် နိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံပျက်သုဉ်းအောင်လုပ်ဆောင်နေတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေရဲ အမိန့်ပေးစေခိုင်းမှုတွေကိုကျောခိုင်းပြီး ပြည်သူ့ဘက်က ရပ်တည်ကာ စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်တွန်းထားပါတယ်။

ထို့ပြင် ၂ဝ၂၄ ခုနှစ်မှာ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအတွက် အပြီးသတ်အောင်ပွဲခံရမယ့်နှစ် ဖြစ်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အလေးအနက်ကတိပြုကြောင်း အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ပြည်သူတရပ်လုံး လိုလားတောင့်တနေသော ရည်မှန်းချက်၊မျော်လင့်ချက်ရောင်ခြည်များ သက်ဝင်တောက်ပ အောင် ဆက်လက်ကြိုးပမ်းသွားမည်ဟု ညီနောင် ဖွဲ့ပြော


နှစ်သစ်မှာလည်း ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက် ရောင်ခြည်များ သက်ဝင်တောက်ပအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၆၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွက် စစ်ရေးသတင်းတွေကို ထုတ်ပြန်ရာမှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

နှစ်သစ်တွင် မိမိတို့မျှော်မှန်းထားတဲ့အတိုင်း စစ်အာဏာရှင်စနစ်ဆိုးကြီး ဆက်လက်အမြစ်မတွယ်ရေးနဲ့ ပြည်သူလူထုရဲ့ စိတ်ဆန္ဒပြည့်ဝရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားရဦးမယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ညီနောင်မဟာမိတ် ဖွဲ့အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ရေးအရအရေးပါတဲ့ ပစ်မှတ်များနှင့် ပြည်သူလူထုကို နှစ်ရှည်လများ ဖိနှပ်ဗိုလ်ကျ အနိုင်ကျင့်သတ်ဖြတ်နေတဲ့ စစ်ကောင်စီစခန်းတွေကို နှစ်သစ်ကူးအကြိုနေ့အထိ မရပ်မနား ဆက်လက်ချေမှုန်းခဲ့ပြီး နှစ်သစ်မှာလည်း ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ရည်မှန်းချက်၊ မျော်လင့်ချက်ရောင်ခြည်များ တောက်ပ အသက်ဝင်သွားအောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 

နှစ်သစ်ကူးနေ့ကဖြစ်ခဲ့တဲ့ စစ်ရေးသတင်းတွေကိုဖော်ပြရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နဲ့ ကွတ်ခိုင်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တအာင်းတပ်မတော် TNLA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကို ဖော်ပြထားပါတယ်။

TNLA က ထိုးစစ်ဆင်တိုက်ခိုက်မှုကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ရခိုက်ဘက်မှာလည်း မင်းပြားမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က Mi-17 ထောက်ပို့ ရဟတ်ယာဉ်နဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ရမ်းဗြဲမြို့ ဓမ္မာရုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် အမ်းမြို့အခြေစိုက် ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကနေ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ရခိုင့်တပ်တော် AA ရှိရာနေရာတွေကိုလည်း လက်နက် ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဘူးသီးတောင်မြို့မှာလည်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၃။ အကျဉ်းထောင်အတွင်း ဆေးကုသခွင့် လုံလောက်စွာ မရရှိမှုကြောင့် နိုင်ငံရေး အကျဉ်းသား ဦး ထပ်မံ သေဆုံး


အကျဉ်းထောင်အတွင်း ဆေးကုသခွင့် လုံလောက်စွာ မရရှိမှုကြောင့် အင်းစိန်အကျဉ်းထောင်နဲ့ ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပုသိမ်အကျဉ်းထောင်မှ ကိုစံလင်းစံ နဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ မချယ်ရီဝင်း တို့ဟာ ဆေးကုသခွင့် လုံလောက်စွာ မရရှိတာကြောင့် သေဆုံး ခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် AAPP က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေက အကျဉ်းသားတွေကို ရန်သူသဖွယ် သဘောထားပြီး ကျူးလွန်ခဲ့တာတွေ ရှိတယ်။ အသက်ရှင်သန်ပိုင်ခွင့်ဆိုတာ လူသားတိုင်း ပိုင်ဆိုင်သင့်တယ်။ အခုလောလောဆယ် အကျဉ်းထောင်ထဲမှာ ရှိတဲ့သူတွေက အသက်ရှင်သန်ခွင့် တဖြည်းဖြည်းနဲ့ ပျောက်ဆုံးနေပါတယ်။ အရေးပေါ် ကုသရမယ့်သူတွေ ဆိုရင်လည်း အခုချိန်ထိ ကုသခွင့် မရတာတွေ ဖြစ်နေပါတယ်လို့ AAPP ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သတင်းဌာနကို ပြောထားပါတယ်။

နိုင်ငံတစ်ဝှမ်းရှိ အကျဉ်း‌ထောင်များမှာ ရာသီအကူးအပြောင်းကာလ ဖျားနာမှုများ ဖြစ်ပွားနေပြီး အကျဉ်းဦးစီးဌာနမှ ပါရာကတ်ဆေး တစ်မျိုးသာပေးပြီး ဆေးကုသခွင့်များ ဆုံးရှုံးနေရကြောင်းနဲ့ စစ်ကောင်စီက အကျဉ်းထောင်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်လျှက်ရှိနေကြောင်းကိုလည်း ၎င်းက ဆက်ရှင်းပြပါတယ်။

၂၀၂၃ ခုနှစ် အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း (၁၇) ဦး အထိ ရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် AAPP က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရှိပါတယ်။


========================


📌📌 ၄။ ကိုးကန့် တာရွှေထန်ဒေသကို စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပါ ဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ဦး သေဆုံး 


ကိုးကန့် တာရွှေထန်ဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က ဓာတုအဆိပ်ပါတဲ့ ဗုံးတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၁ဝ ဦး အဆိပ်မိခဲ့ရာမှာ ကလေးငယ် ဦး သေဆုံးခဲ့တယ်လို့ ညီနောင် မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက စစ်ရေးသတင်းတွေနဲ့ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုသတင်းများကို ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညအချိန်မှာ အကြမ်းဖက်စစ်ကောင်စီက ကိုးကန့်ဒေသ၊ တာရွှေထန်က အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး ဓာတုအဆိပ်ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ လို့လည်း အသိပေးထားပါတယ်။

အခုလို အဆိပ်ငွေပါတဲ့ဗုံးကြောင့် အသက် ၁၄ နှစ်အရွယ်နဲ့ နှစ်အရွယ်ကလေးငယ်တို့သေဆုံးခဲ့ရပြီး အဆိပ်ငွေ့ရှုမိသူ များမှာလည်း မူးဝေခြင်း၊ အန်ခြင်း၊ နားထဲကသွေးထွက်ခြင်း၊ ခြေလက်မသယ်နိုင်ဖြစ်ခြင်း၊ ဝမ်းလျောခြင်း၊ အသက်ရှုကြပ်ခြင်း စတဲ့ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ အဆိပ်သင့်အရပ်သားတွေက ပြောပါတယ်။ 

နမ့်ခမ်းမြို့ မှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းသစ်ကုန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ပြီး တပ်စွဲထားချိန် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပါတဲ့‌ဗုံး အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် TNLA ရဲဘော်အချိုက အဆိပ်သင့်ခဲ့ရတဲ့ဖြစ်စဉ်လည်း ရှိခဲ့ဘူးပါတယ်။


========================


📌📌 ၅။ ကျောင်းကုန်းမြို့အဝင်ရှိ ကျွန်းပင် ၁၀၀ နီးပါးကို စစ်ကောင်စီက တိုင်းရန်ပုံငွေ အကြောင်းပြ ခုတ်ယူ


ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့တွင် မြို့အဝင်နေရာရှိ ကျွန်းပင် (၁၀၀) ခန့်ကို တိုင်းစစ်ကောင်စီ ရန်ပုံငွေ အကြောင်းပြပြီး မြို့နယ်စစ်ကောင်စီ ရုံးက ခုတ်ယူခဲ့တယ်လို့ သိရပါတယ်။

ကျောင်းကုန်းမြို့နယ် မြို့အဝင် မိုင်တိုင် အမှတ် (၇၄/) အနားရှိ လမ်းဘေးမှ ကျွန်းပင် ၁၀၀ ဝန်းကျင်ကို တိုင်းစစ်ကောင်စီ ရန်ပုံငွေအဖြစ် အကြောင်းပြပြီး မြို့နယ်ထွေအုပ်မှ ခုတ်ယူနေတယ်လို့ မြို့နယ် စစ်ကောင်စီရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က သိရပါတယ်။

မြို့အဝင် မိုင်တိုင် (၇၄/) အနားက ရှိသမျှ ကျွန်းပင်တွေ အကုန်ခုတ်ခိုင်းတာ။ ကြားတာတော့ တိုင်းရန်ပုံငွေ အတွက်လို့တော့ သိရတယ်။ ကျွန်းပင်တွေက သက်တမ်းနဲနဲတော့ နုသေးတယ်။ တမင်တကာ အကြောင်းပြပြီး ခုတ်တာလားတော့ မပြောတတ်ဘူးလို့ မြို့နယ်ရုံးနဲ့ နီးစပ်သူ တစ်ဦးက Ayeyarwady Time သတင်းဌာနကို ဖြေဆိုထားပါတယ်။

ကျွန်းပင်များကို ခုတ်ယူရန်အတွက် ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ညွန်ကြားခဲ့တာ ဖြစ်ပြီး မြို့နယ်ထွေအုပ်က သစ်တောဦးစီးဌာနကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ခုတ်ယူခဲ့တာကြောင့် အငြင်းပွားမှု ဖြစ်ခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။

ကျောင်းကုန်းမြို့နဲ့တွင် ကျွန်းပင်ရှားပါးနေပေမယ့် လမ်းဘေးတွင် စီမံချက်ဖြင့် စိုက်ပျိုးထားတဲ့ ကျွန်းပင်များမှ သစ်တန် ၅၀ ထက်မနည်း တိုင်းရန်ပုံငွေအဖြစ်ပေးအပ်ရန် ညွန်ကြားလာတာကြောင့် မြို့နယ် ထွေအုပ်နှင့် သစ်တောဌာနတို့ အခက်ကြုံနေရပြီး သစ်မှောင်ခို လုပ်သူများထံမှ သယ်ယူရန် စီစဉ်နေတယ်လို့ နီးစပ်သူတွေထံက သိရှိရပါတယ်။


========================


📌📌 ၆။ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ ရဲစခန်းနဲ့ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရှင်းလင်း၊ စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချ 


ကရင့်အမျိုးသား အစည်းအရုံး - KNU တပ်မဟာ () ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းတွင် ကျူးကျော်အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက် ရှင်းလင်းခဲ့ရာ  စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချ အညံခံခဲ့တယ် လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က အသိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကောင်စီ တပ်စွဲထားရာ နေရာနှစ်ခုကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက် နာရီ ခွဲမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ နာရီ အချိန်မှာ အပြီးတိုင် ခြေမှုန်းရှင်းလင်း နိုင်ခဲ့တယ်လို့ S.O.F က ဆိုပါတယ်။

စစ်ဆင်ရေး အတွင်း စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး လက်နက်ချ အညံခံခဲ့ကာ လက်နက်မျိုးစုံ ၂၈ လက်နဲ့ ကျည်၊ ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြည်သူ့ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးခဲ့ရကာ ပြည်သူအများအပြား လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ SOF က အသိပေး ထားပါတယ်။

ယင်းစစ်ဆင်ရေးကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကရင့်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) Federal Wings ဒရုန်းတပ်ဖွဲ့၊ ဂဠုန် စစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့များက ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ မလှိုင်မြို့နယ်၊ ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံး


မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ပင်ကောင်း ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီ ခန့်တွင် သရက်ပင်ကောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defense Force မြင်းခြံခရိုင် အမှတ် တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။

ပျုရွာတော့ မဟုတ်ပါဘူး၊ သရက်ကောင်းပင်ရွာမှာ အထိုင်ချ တပ်စွဲထားတာဗျ၊ ပျော်ဘွယ်ရွာ ဘက်ထွက်ပြီး ပြန်လာတဲ့အချိန် ဒရုန်းနဲ့ချခဲ့တာ၊ အပင်အောက် နားနေချိန်မှာ ချတာ၊ ပထမတစ်လုံးက သူတို့နားနေတဲ့ နေရာကို ချခဲ့ပြီးတော့ ဒုတိယလုံးက သူတို့ထွက်ပြေးတဲ့ ဘက်ကို ချခဲ့တာလို့ မြင်းခြံခရိုင် တပ်ရင်း မှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး ဦး ဒါဏ်ရာရရှိခဲ့ တာကို မျက်မြင်တွေ့ရှိရသူများထံမှ အတည်ပြုနိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

သေဆုံးသူများကို သရက်ကောင်းပင် ကျေးရွာတွင်  သင်္ဂြိုဟ်ခဲ့ပြီး ထိခိုက်ဒါဏ်ရာ ရရှိသူများကို မိတ္ထီလာမြို့သို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယင်းစစ်ဆင်ရေးကို Natogyi People Defense Force မြင်းခြံခရိုင် တပ်ရင်း - ၄၊ မြင်းခြံခရိုင် တပ်ရင်း- NRDF နွားထိုးကြီးမြို့နယ် ပကဖ၊ စဉ့်ကိုင် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ နတ်တလင်းတွင် ကျေးရွာများကို မီးလိုက်ရှို့နေသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဦး သေဆုံး


ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ သာယာဝတီခရိုင်ထဲက နတ်တလင်းမြို့နယ်မှာ ကျေးရွာတွေကို မီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ Phoenix- DF က ထုတ်ပြန်ထားပါတယ်။ 

နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်ပိုင်း ကျောက်ပြုတ်ရွာအထက်စုမှာ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ Phoenix- DF တပ်စု က ရဲဘော်တွေနဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ရင်းရုံးက ရဲဘော်တွေ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၁၁ နာရီခွဲမှာတကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ တကြိမ် မိုင်းဆွဲခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့တာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံလိုက်ရတဲ့စစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၅ ရက်ကစပြီး အင်အား ၁ဝဝ ကျော်နဲ့ နတ်တလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးနေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ Phoenix- DF ထုတ်ပြန် ချက်အရ သိရပါတယ်။ 

အဲဒီစစ်ကြောင်းကပဲ အပြစ်မဲ့ပြည်သူ ဦးကို PDF တွေလို့ စွပ်စွဲပြီး စစ်ရှောင်နေအိမ်တွေထဲမှာ မီးရှို့သတ်ခဲ့တာလို့ Phoenix- DF က ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဘက်က နတ်တလင်းမြို့နယ်အရှေ့ဘက်ခြမ်းက ပဲခူးရိုးမထဲကို အဆက်မပြတ် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အကြမ်းဖက် စစ်အုပ်စုအနီး နေထိုင်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ခရီးအတူသွားတာ၊ စစ်ကောင်စီတပ်နဲ့ ဆက်သွယ်တာတွေမလုပ်ဘဲ တော်လှန်ရေးရဲဘော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ က တိုက်တွန်းထားပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နဲ့ မင်းစစ်သွေးတို့က စုစည်းပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment