21st JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ တိုင်းရင်းသားပြည်သူတွေရဲ့ တွေ့ဆုံပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပုံပါ တီရှပ်တွေကို ရောင်းချ၍ Federal Net Campaign အဖွဲ့ဆီလှူဒါန်းမည်

📌 ၂။ ပုလဲမြို့နယ်အတွင်းရှိကန့်သက်စစ်‌ဘေးရှောင်စခန်းသို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူသားစာနာတာဝန်ခံမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တို့နှင့်အတူ ထောက်ပံ့မှုများလုပ်ဆောင်

📌 ၃။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြေပြင်တရား သူကြီးများတွေ့ဆုံဆွေးနွေး

📌 ၄။ အကြမ်းဖက်စကစရဲ့လွတ်ငြိမ်း ၁၄ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ဒသမ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ဆို


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နှစ်အရွယ်ကလေးအပါအဝင် ဦး သေဆုံး

🚩 ၂။ ရေဦးနှင့်ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုကို လှည့်လည်သတ်ဖြတ်နေသည့်စစ်ကြောင်းကို ဒရုန်း၊ ရော့ကတ်များဖြင့်တိုက်ခိုက်

🚩 ၃။ တနင်္သာရီတိုင်းဝန်ကြီးချုပ်လိုက်ပါလာသောယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

🚩 ၄။ စစ်ကိုင်းတိုင်း အင်းတော်နှင့် ရေဦးမြို့နယ်များတွင်စကစတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ သောင်းကျန်းဖျက်ဆီး

🚩 ၅။ ကိုးကန့်နှင့်တအာင်းဒေသတွင် တိုက်ပွဲများ လျော့နည်းသွားသော်လည်း စစ်တပ်က စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေဆဲဟု ညီနောင် ဖွဲ့ အသိပေး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ တိုင်းရင်းသားပြည်သူတွေရဲ့ တွေ့ဆုံပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပုံပါ တီရှပ်တွေကို ရောင်းချ၍ Federal Net Campaign အဖွဲ့ဆီလှူဒါန်းမည်


ဇန်နဝါရီ၂၁ရက်


အမေရိကန်နိူင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ တိုင်းရင်းသားပြည်သူတွေရဲ့ တွေ့ဆုံပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပုံပါ တီရှပ်တွေကို ရောင်းချပေးသွားမယ်လို့သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ တိုင်းရင်းသားပြည်သူတွေရဲ့ တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၇ရက် နေ့လယ် ၁၂ နာရီမှ ညနေ နာရီအထိ Hampton Inn Meeting Room 370 E Main St Unit100,Carrboro,NC 27510 မှာ ကျင်းပသွားမှာဖြစ်ပါတယ်။


တိုင်းရင်းသား ပြည်သူတွေနဲ့ ရင်းနှီးချစ်ခင်စွာတွေ့ဆုံကြမယ့်ပွဲကို တက်ရောက်ကြဖို့အတွက် ညီအစ်ကို မောင်နှမ‌ တွေလုပ်ဖော်ကိုင်ဖက်‌တွေ ရဲဘော်ရဲဘက်‌တွေကို ဖိတ်ကြားထားပါတယ်။


အဲဒီနေ့ ပွဲအခမ်းအနားမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပုံပါ တီရှပ်တွေကို ရောင်းချပေးသွားမှာဖြစ်ပြီးတီရှပ်ရောင်းချရာမှ ရရှိလာမယ့် ရံပုံငွေတွေကို အင်တာနက်မရရှိတဲ့နေရာ‌ ဒေသတွေကို အင်တာနက်ရရှိအောင် လုပ်ဆောင်ပေးမယ့် Federal Net Campaign အဖွဲ့ဆီ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ 


========================


📌📌 ၂။ ပုလဲမြို့နယ်အတွင်းရှိကန့်သက်စစ်‌ဘေးရှောင်စခန်းသို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူသားစာနာတာဝန်ခံမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တို့နှင့်အတူ ထောက်ပံ့မှုများလုပ်ဆောင်


ဇန်နဝါရီ၂၁ရက်


ပုလဲမြို့နယ်အတွင်းရှိ ကန့်သက်စစ်‌ဘေးရှောင်စခန်းသို့ ဇန်နဝါရီ၂၀ရက်‌နေ့မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူသားစာနာတာဝန်ခံမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တို့နှင့်အတူ အလှူရှင်များ လှူဒါန်းသော ပုဆိုး၊အဝတ်အစားများနှင့်စစ်‌ရှောင်စခန်းမှာရှိကြသည့် ကလေးများအတွက် ကစားစရာအရုပ်များကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။


လှူဒါန်းပေးကြသော အလှူရှင်များအား ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။


ကန့်သက်စစ်ဘေးရှောင်စခန်းဟာ တလလျှင် ဆန် ၁၀၅တင်း၊ ဆီ ပုံးကြီး ၁၁ပုန်းနှင့် အခြားသော အိမ်သုံးပစ္စည်းများ၊စားဖိုချောင်သုံးပစ္စည်းများ လိုအပ်နေ၍ ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ဆက်လက်ကူညီလှူဒါန်းပေးကြဖို့နှိုးဆော်ထားပါတယ်။


========================


📌📌 ၃။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြေပြင်တရား သူကြီးများတွေ့ဆုံဆွေးနွေး


ဇန်နဝါရီ၂၁ရက်


အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်( /၂၀၂၄)ကို ဇန်နဝါရီ၂၀ရက်ကျင်းပခဲ့ပါတယ်။


ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြေားကြားရာတွင် တရားရုံးများတွင် နေ့စဉ်နှင့်အမျှကြုံတွေ့နေ ရသောအခက်အခဲများအား ဦးစီးဌာနနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် ဦးစီးဌာနနှင့် တွေ့ဆုံသည့် အစည်းအဝေးများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်က မြို့နယ်တရားရုံးများ အနေဖြင့် လုပ်အားရော ငွေအားပါစိုက်ထုတ်ပြီး လုပ်ကိုင်ခဲ့ကြရာမှ ယခုအခါတွင် ထိုက်သင့်သည့် ထောက်ပံ့မှုများ ထောက်ပံ့လာနိုင်သည့်အတွက် လုပ်ငန်းလည်ပတ်ရာတွင် ပိုမို အဆင် ပြေလာမည်ဟုထင်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် အမှုများ မြန်ဆန်စွာဆောင်ရွက် နိုင်ရေး တရားစီရင်ရေးယန္တရား ပိုမိုလည်ပတ်နိုင်ရေးအတွက် တရားစွဲအဖွဲ့အစည်းများနှင့် မြေပြင်တွင် ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။


အခမ်းအနားသို့   ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ရုံးအဖွဲ့မှူး ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စကစရဲ့လွတ်ငြိမ်း ၁၄ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ဒသမ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ဆို


ဇန်နဝါရီ၂၁ရက်


အကြမ်းဖက်စကစရဲ့လွတ်ငြိမ်း ၁၄ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ဒသမ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ ဇန်နဝါရီ၂၀ရက် ISP Myanmarကအသိပေးဖော်ပြပါတယ်။


"စစ်ကောင်စီက စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ပထမပတ်အထိ လွတ်ငြိမ်းခွင့် ၁၄ ကြိမ် ကြေညာခဲ့ပြီး အကျဉ်းကျခံနေရသူ ၉၂,၅၆၀ ဦးကို ပြန်လွှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား ,၆၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ပြန်လွှတ်ပေးသူတွေရဲ့ ဒသမ ရာခိုင်နှုန်းပဲ ပါဝင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်အာဏာသိမ်းမှုကို လက်မခံမှုနဲ့ ဆန့်ကျင်မှုတွေကြောင့် အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၉,၉၁၁ ဦးထက်မနည်း ရှိနေဆဲဖြစ်ပြီး အဲဒီအထဲက ,၄၇၄ ဦးထက်မနည်းဟာ ထောင်ဒဏ်တနှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံထားရပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နှစ်အရွယ်ကလေးအပါအဝင် ဦး သေဆုံး


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အသက် နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ဦး သေဆုံးခဲ့ရတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။


ဇန်နဝါရီလ ၂ဝ ရက်နေ့ မနက် ၁ဝ နာရီခွဲခန့်အချိန်က တိုက်ပွဲဖြစ်တာမရှိဘဲ တောခိုကျေးရွာဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။


အဲဒီလက်နက်ကြီကျည်ကြောင့် အသက် နှစ်အရွယ် မိန်းကလေးတဦးနဲ့ အမျိုးသား၂ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူလည်း ဦးရှိခဲ့တယ်လို့ သိရပါတယ်။ 


ဆားလင်းကြီးမြို့ပေါ်ကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလ ၁၇ ရက်နေ့က လည်း ဆားထုံးရွာက ပြည်သူပိုင်နေအိမ် လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်


အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ် သမ္မတောကျေးရွာမှာ တပ်စွဲနေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်မှုအတိုင်း ဘေးလွတ်ရာနေရာ တွေမှာ နေထိုင်ကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ ရေဦးနှင့်ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုကို လှည့်လည်သတ်ဖြတ်နေသည့်စစ်ကြောင်းကို ဒရုန်း၊ ရော့ကတ်များဖြင့်တိုက်ခိုက်


စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်က ဒေသခံပြည်သူတွေကို လှည့်လည်သတ်ဖြတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း - ၁၄ ရေဦး PDF က ထုတ်ပြန်ပါတယ်။ 


ရေဦးမြို့ကနေ အင်အားတရာကျော်နဲ့ထွက်လာတဲ့စစ်ကြောင်း ရေဦးမြို့နယ် မုတ်စီကျေးရွာမှာ တပ်စွဲနေစဉ် ဇန်နဝါရီ ၂ဝ ရက်နေ့ မွန်းလွဲ နာရီ ၄၅ မိနစ်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


SSB 14B ရောကတ်နဲ့ လက်နက်ကြီးကျည် လုံး၊ Fixed Wings ဒရုန်းနဲ့ ဗုံးသီး လုံး အသုံးပြုတိုက်ခိုက် ခဲ့တယ်လို့ ရေဦး PDF က ပြောပါတယ်။ 


ဒီစစ်ကြောင်းဟာ ရေဦးနဲ့ဒီပဲယင်းမြို့နယ်ကြားမှာရှိတဲ့ မုတ်စီရွာမှာ ဆက်လက်တပ်စွဲထားဆဲဖြစ်တဲ့ အတွက် ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိနိုင်သေးဘူးလို့လည်း ပြောပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း - ၁၄ ရေဦး PDF က SSB 14B ရောကတ်၊Fixed Wings ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၃။ တနင်္သာရီတိုင်းဝန်ကြီးချုပ်လိုက်ပါလာသောယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ


စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို လိုက်ပါလာတဲ့ယာဉ်တန်း ထားဝယ်-မြိတ် ကားလမ်း ပေါ်က သရက်ချောင်းမြို့နယ်ထဲမှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။


တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ စစ်ကောင်စီခန့်ဝန်ကြီးတွေဟာ ဇန်နဝါရီလ ၂ဝ ရက်နေ့မနက်ပိုင်းက သရက်ချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာလုပ်တဲ့ မြို့နယ်တာဝန်ရှိသူတွေ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲတက်ခဲ့တာလို့ ဒေသတွင်းသတင်းဌာန The Tanintharyi Times မှာ ဖော်ပြထားပါတယ်။ 


အဆိုပါတွေ့ဆုံပွဲကနေ ကားအစီး ၂ဝ ဝန်းကျင်ပါတဲ့ယာဉ်တန်း ထားဝယ်မြို့ကိုပြန်လာချိန် ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာကြားက တောက်ထိန်တောင်အနီးမှာ မိုင်းဆွဲခံရတာလို့လည်း အသိပေးထားပါတယ်။  


အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကား စီး ထိမှန်ခဲ့တယ်လို့ သိရပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝငင်တွေရဲ့ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ သရက်ချောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။


အဆိုပါယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် လမ်းတလျောက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တရာကျော်ဟာ  ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာအတွင်းဝင်ရောက်ကာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ 

 

တနင်္သာရီတိုင်းဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲမခံရခင် ရက်အတွင်းမှာလည်း အင်အား ၅ဝ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သရက်ချောင်းမြို့နယ်  ဥတ္တူရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အိမ် လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်ကိုင်းတိုင်း အင်းတော်နှင့် ရေဦးမြို့နယ်များတွင်စကစတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ သောင်းကျန်းဖျက်ဆီး


ဇန်နဝါရီ ၂၁ရက်


စစ်ကိုင်းတိုင်း အင်းတော်နှင့် ရေဦးမြို့နယ်များတွင်စကစတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ သောင်းကျန်းဖျက်ဆီးနေတယ်လို့ ဇန်နဝါရီ၂၁ရက် အင်းတော်အခြေအနေကို IR Teamကအတည်ပြုဆိုပါတယ်။


"မိုးယူရွာမှ စကစ၆၀ကျော်ခန့်မှာ ယခုမနက်ပိုင်းတွင် နဘားရွာသို့ ရောက်ရှိခဲ့ပါတယ်။ယခင်စကစများအပုအဝင် နဘားလမ်းဆုံနှင့် နဘားရွာတွင် စုစုပေါင်း စကစအင်အား ၁၅၀ကျော်ခန့် ပေါင်းမိသွားပါတယ်"လို့ဆိုပါတယ်။


ထို့အပြင်ရေဦးနယ် မုတ်ဆီရွာ ရောက်ရှိနေသော အကြမ်းဖက်စကစစစ်ကြောင်းသည် မုတ်ဆီရွာတွင် ဆက်လက်တပ်စွဲနေကြောင်း သိရပါတယ်။


အဆိုပါရေဦးနယ်သို့ ဝင်ရောက်နေသောစစ်ကြောင်းသည် ဒီပဲယင်းမြိူ့နယ်ထဲတွင်ညအရပ်သားငါးဦးကို ခေါင်းဖြတ်၊ခြေ၊လက်ဖြတ်ကာသတ်ဖြတ်ခဲ့သော စစ်ကြောင်းလည်းဖြစ်တယ်လို့ ရေဦးနယ် တော်လှန်ရေးအင်အားစုများထံကသိရပါတယ်။


========================


🚩🚩 ၅။ ကိုးကန့်နှင့်တအာင်းဒေသတွင် တိုက်ပွဲများ လျော့နည်းသွားသော်လည်း စစ်တပ်က စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေဆဲဟု ညီနောင် ဖွဲ့ အသိပေး 


၁၀၂၇ စစ်ဆင်ရေး ၈၆ ရက်မြောက်နေ့ တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ အခုလို အသိပေးလိုက် ပါတယ်။ 


ရခိုင်ပြည်နယ်အတွင်းက ပေါက်တောနဲ့ မင်းပြားမြို့နယ်တို့မှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ ကြား မြို့တွင်းတိုက်ပွဲတွေ နေ့စဉ်နီးပါးရှိနေရာမှာ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ရာနေရာတွေတင် မဟုတ်ဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ကုန်းကြောင်း ရေ ကြောင်းကနေပစ်ခတ်နေသလို လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 


ထို့အပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့တွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီ ခြေမြန် တပ်ရင်းတွေနဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်းနေတယ်လို့ အသိပေးထားပါတယ်။


အဆိုပါစစ်ကောင်စီတပ်စခန်းတွေထဲက အချို့ကို ရခိုင့်တပ်တော်က သိမ်းပိုက်ထားနိုင်ပြီး လက်နက်ချ အညံ့မခံသေးဘဲ မိမိတို့နဲ့ အရပ်သားပြည်သူတွေကို ဆက်လက်တိုက်ခိုက်နေသေးတဲ့ စစ်ကောင်စီတပ်ရင်း တွေကို AA က ဆက်လက်ချေမှုန်းတိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ပြောပါတယ်။


ရ‌သေ့တောင်မြိုနယ်မြောက်ပိုင်း ကျောက်တန်း၊ အောင်သာစည်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီအခြေစိုက် တပ်စခန်းနဲ့ ထီးစွဲကျေးရွာအနီးက စစ်ကောင်စီအခြေစိုက်တပ်စခန်းကို ရခိုင့် တပ်တော် AA က အပြီးသတ် သိမ်းပိုက်ရယူထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

 

စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းတွေထုတ်ပြန်ရာမှာ လားရှိုးမြို့နယ် နမ့်တွန်ရွာမှာ ရှိတဲ့ စစ်ကောင်စီ အခြေချတပ်စခန်းက ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ နယ်စပ်တံတားဘက်ကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 


ထို့အတူ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ နာရီခွဲခန့်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကြာညိုပြင် ကျေးရွာအနီးမှာရှိတဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၃ တပ်ရင်းက တိုက်ပွဲဖြစ်တာမရှိဘဲ ဘူးသီးတောင် မြို့ပေါ်နဲ့ အနီးတဝိုက်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စေတီတောင်ရွာက အသက် ၁၃ နှစ်အရွယ်ကလေးငယ်တဦး ကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်  မင်းသီဟန်နှင့်ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment