27th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ Special Advisory Council for Myanmar မှ ကျင်းပမယ့် မအောင်မြင်သော အာဏာသိမ်းမှု နှစ်မြောက် နှစ်ပတ်လည်နေ့ အွန်လိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလပါ ပါဝင်ဆွေးမည်

📌 ၂။ မြန်မာ့နွေဦးတော်လှန်ရေး -နှစ်ပြည့် "အောင်ပွဲဆီသို့ တို့ အတူသွားကြစို့" (ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ) ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ဆွေးနွေးမည်

📌 ၃။ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အမေရိကန် Duke University မှကျောင်းသား များနှင့်တွေ့ဆုံ

📌 ၄။ မောင်း ၁၀၀ ကမ်ပိန်းမှရရှိသော လက်နက်များကို ရဲဘော်များထံပေးအပ် 


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသူများအားလုံး ယခုထက်ပိုမိုအားထုတ်ကြိုးစားကြရန် ညီနောင် ဖွဲ့ တိုက်တွန်း

🚩 ၂။ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို ပြန်တိုက်ခိုက်မည်ဟု PNLO ကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ Special Advisory Council for Myanmar မှ ကျင်းပမယ့် မအောင်မြင်သော အာဏာသိမ်းမှု နှစ်မြောက် နှစ်ပတ်လည်နေ့ အွန်လိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလပါ ပါဝင်ဆွေးမည်


ဇန်နဝါရီ၂၇ရက်


Special Advisory Council for Myanmar မှ ကျင်းပမယ့် မအောင်မြင်သော အာဏာသိမ်းမှု နှစ်မြောက် နှစ်ပတ်လည်နေ့ အွန်လိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလပါ ပါဝင်ဆွေးမယ်လို့သတင်းရရှိပါတယ်။


မအောင်မြင်သော အာဏာသိမ်းမှု နှစ်မြောက် နှစ်ပတ်လည်နေ့တွင်Special Advisory Council for Myanmar အဖွဲ့မှ ပေါ်ပေါက်လာသော အဖြစ်မှန်များကို ဆွေးနွေးပြောကြားမှာဖြစ်ပါတယ်။


၄င်းအခမ်းအနားကို အွန်လိုင်းမှတဆင့်ကျင်းပမှာ ဖြစ်ပြီးတော့ ဇန်နဝါရီ၃၀ရက်မွန်းလွဲပိုင်းအချိန်ကျင်းမယ်လို့သိရပါတယ်။


အဆိုပါအခမ်းအနားကိုစိတ်ပါဝင်စား၍တက်ရောက်လိုပါကစာရင်းပေးသွင်းရန် Special Advisory Council for Myanmar လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။


========================


📌📌 ၂။ မြန်မာ့နွေဦးတော်လှန်ရေး -နှစ်ပြည့် "အောင်ပွဲဆီသို့ တို့ အတူသွားကြစို့" (ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ) ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ဆွေးနွေးမည်


ဇန်နဝါရီ၂၇ရက်


မြန်မာ့နွေဦးတော်လှန်ရေး -နှစ်ပြည့် "အောင်ပွဲဆီသို့ တို့ အတူသွားကြစို့"(ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ) ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ဆွေးနွေးမယ်လို့ ဇန်နဝါရီနောက်ဆုံးပတ်မှာ ကိုရီးယား NUGကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။


ဖေဖော်ဝါရီ ရက်သောကြာနေ့ဂျွန်ထဲအီလ် ခန်းမ၊ ဆိုးလ်မြို့မှာ မွန်းလွဲ ၁နာရီမှ၄ နာရီ အထိမြန်မာ့နွေဦးတော်လှန်ရေး -နှစ်ပြည့်

အောင်ပွဲဆီသို့ တို့ အတူသွားကြစို့ (ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ)ကိုကျင်းပသွားမှာဖြစ်ပါတယ်။


အထူးဆွေးနွေးသူအဖြစ် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဦးအောင်မျိုးမင်းတက်ရောက်ကာပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။


အခမ်းအနားကို NUG ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ဦးဆောင်ကျင်းပပြီး ဖေဖော်ဝါရီ (တနင်္ဂနွေ)နေ့မှာလည်းဘူဆန်မြို့ကိုရီးယားနေ တော်လှန်ရေးအင်အားစုများ နဲ့ဝန်ကြီးဟာတွေ့ဆုံမှာဖြစ်ပါတယ်။


========================


📌📌 ၃။ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အမေရိကန် Duke University မှကျောင်းသား များနှင့်တွေ့ဆုံ


ဇန်နဝါရီ ၂၇


နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အမေရိကန် Duke University မှကျောင်းသား များနှင့်တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။


အမေရိကန်စံတော်ချိန်ဇန်နဝါရီ ၂၆ ရက် အမေရိကန် Duke University မှာအဆိုပါတွေ့ဆုံပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။


၄င်းအခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး ၊ကုလ မဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသမီးရေး လှုပ်ရှားသူ ဒေါ်ခင်လေးတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။


အခမ်းအနားကို School of Duke University , Asian/Pacific studies institute စီစဉ်မှုဖြင့် Duke University   Sanford Hall 004 တွင် ကျင်းပခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၄။ မောင်း ၁၀၀ ကမ်ပိန်းမှရရှိသော လက်နက်များကို ရဲဘော်များထံပေးအပ် 


ပြည်သူများရဲ့ထောက်ပို့ငွေနဲ့ဝယ်ယူရရှိခဲ့တဲ့ မောင်း ၁၀၀ ကမ်ပိန်းကနေရတဲ့ မောင်းပြန်သေနတ်တွေကို ရဲဘော်များထံ အပ်နှံခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF စစ်ဗျူဟာအမှတ် ဖယ်ခုံဇုန်က ထုတ်ပြန်ပါတယ်။

လက်နက်အပ်နှံတဲ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး KNDF ဒုစစ်ဦးစီးချုပ် ပြည်သူ့ကာကွယ်ရေးတပ်ရှမ်းတောင်ဒေသ ယာယီစစ်ဦးစီးချုပ် KNDF စစ်ဗျူဟာ ဗျူဟာမှူး၊ တပ်ရင်းမှူးများ၊ ဒုရင်းမှူးများနဲ့ ရဲဘော်များအပြင် မဟာမိတ်တပ်ပေါင်းစုများနဲ့ ထောက်ပိုအင်အားစု တွေ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါ မောင်း ၁ဝဝ ရာ ကမ်ပိန်းကို ၂ဝ၂၃ ခုနှစ် ဇူလိုင် ရက်ကနေ သြဂုတ်လကုန်အထိလုပ်ခဲ့တာဖြစ်ပြီး ထောက်ပို့ငွေ ၅၈ ဒသမ ၁၇ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ထို့အပြင် ကရင်နီနယ်မှာဖော်ဆောင်နေတဲ့ ၁၁.၁၁ စစ်ဆင်ရေးအောင်မြင်မှုအဖြစ် မိုးဗြဲနဲ့ ဖယ်ခုံမြိုတွင်းအထိ ဝင်ရောက်ပြီး ဖယ်ခုံ၊ မိုးဗြဲမြို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ နေ့စဥ်ထိတွေ့တိုက်ပွဲဖော်ဆောင်နေတဲ့အကြောင်းလည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

မိဘပြည်သူတွေရဲ့ ထောက်ပို့မှုကို အလဟသမဖြစ်စေဘဲ နွေဦးတော်လှန်ရေးအောင်ပွဲအတွက် ဆက်လက်တိုက် ပွဲဝင်သွားမှာဖြစ်တယ်လို့ KNDF က ကတိပြုထားပြီး မောင်း ၁ဝဝ ရာ ကမ်ပိန်းမှာ ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ ပြည်တွင်း ပြည်ပက Fundraiser တွေအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း KNDF စစ်ဗျူဟာအမှတ် ဖယ်ခုံဇုန်က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသူများအားလုံး ယခုထက်ပိုမိုအားထုတ်ကြိုးစားကြရန် ညီနောင် ဖွဲ့ တိုက်တွန်း


တာဝန်ကျေသောပြည်သူများ၏ ပေးဆပ်မှု၊ အနစ်နာခံမှုများကို အသိအမှတ်ပြုသောအားဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသူများအားလုံး ယခုထက်ပိုပြီးအားထုတ်ကြိုးစားဖို့ လိုအပ်နေသေးတဲ့အတွက် ပိုပြီးအားစိုက်ကြရန် ညီနောင်မဟာမိတ် ဖွဲ့က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်ကိုအလိုမရှိတဲ့ ပြည်သူများအနေနဲ့ ယခုတကြိမ်ဟာ နောက်ဆုံးအခွင့်အရေးနှင့် နောက်ဆုံးတိုက်ပွဲဆိုတဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ကြိတ်မှိတ်ခံစားရင်း စစ်အာဏာရှင်များကို ရရာနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲ ဝင်နေတာဟာ စစ်တပ်က အာဏာစသိမ်းခဲ့ချိန်ကနေ ယနေ့အချိန်အထိပင်ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

စခန်းတွေတခုပြီးတခု နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ရှုံးမဲမဲပြီး အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနဲ့ မြိုရွာများကိုလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို အဓိကထား ပြုလုပ်နေတယ်လို့ ညီနောင် ဖွဲ့ကဆိုပါတယ်။ 

အခုလို စစ်ကောင်စီက ပြည်သူလူထုအပေါ် ယုတ်မာတဲ့လုပ်ရပ်တွေ မြန်မာနိုင်ငံအနှံ ဖြစ်ပျက်နေတယ်လို့လည်း အသိပေး ထားပါတယ်။

မြန်မာပြည်သူလူထုတရပ်လုံးရဲ့စိတ်ထဲမှာလည်း ယုတ်မာအောက်တန်းကျတဲ့ ဖက်ဆစ်စစ်တပ်ကို အလိုမရှိတော့တဲ့အပြင် ဖက်ဆစ်အကြမ်းဖက်တပ်ကို ဦးဆောင်နေသူများမရှိမှ စစ်ဘေးဒုက္ခအန္တရာယ်ကနေ ကင်းလွတ်နိုင်မယ်ဆိုတာ ကိုယ်တွေ့ ကြုံနေရတဲ့ ပြည်သူလူထုတရပ်လုံးက အကြွင်းမဲ့ယုံကြည်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးက ထွက်ပေါ်လာတဲ့ရလဒ်၊ မြင်ကွင်းတွေဟာ ယနေ့အချိန်ထိ အနစ်နာခံပေးဆပ်နေတဲ့ ပြည်သူတွေ အတွက် ပေးဆပ်ရကျိုးနပ်တာကို သက်သေပြပေးနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ 

ထို့ကြောင့် တာဝန်ကျေတဲ့ပြည်သူတွေရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုများကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသူများအနေနဲ့ ယခုထက်ပိုမိုအားထုတ်ကြိုးစားကြ ညီနောင်မဟာမိတ် ဖွဲ့က တိုက်တွန်းလိုက်တာဖြစ်ပါ တယ်။


========================


🚩🚩 ၂။ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို ပြန်တိုက်ခိုက်မည်ဟု PNLO ကြေညာ


အပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO က ဘဝတူညိနောင် မဟာမိတ်တွေနဲ့အတူ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မယ်လို့ ဇန်နဝါရီ ၂၆ ညမှာ တရားဝင်ထုတ်ပြန်ကြေညာလိုက် ပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတရပ်လုံးလိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်တဲ့အထိ ဘဝတူညီနောင်မဟာမိတ်များနဲ့အတူ တိုက်ပွဲဆင်နွှဲသွားမယ်လို့ ဆိုပါတယ်။ 

ထို့ပြင် လက်ရှိစစ်ရေး ပဋိပက္ခမှာ ပအိုဝ်းအမျိုးသားအချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာ လုပ်မှာမဟုတ်တဲ့ အတွက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအောက်မှာရပ်တည်နေတဲ့ ပအိုဝ်းအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြဖို့ တိုက်တွန်းထားပါတယ်။ 

ဒါဟာ စစ်ကောင်စီလက်အောက်မှာ ပြည်သူ့စစ်အဖြစ်ရှိနေတဲ့ ဦးအောင်ခမ်းထီး ဦးဆောင်တဲ့ PNO အဖွဲ့ကို ပြည်သူ့ဘက် ရပ်တည်ဖို့ တိုက်တွန်းလိုက်တာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

PNLO/PNLA နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၂၄ ရက်ကစပြီး ဆီဆိုင်မြို့က စစ်ကောင်စီတပ်စခန်း တွေကိုသိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်ထားတာကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့ အတွက် ရှမ်းတောင်ဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတာလည်းဖြစ်ပါတယ်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် NCA လက်မှတ်ရေးထိုးကာ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖွဲ့ရှိတဲ့အနက် PNLO ဟာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မယ်လို့ ကြေညာလိုက်တဲ့ ပထမဆုံးအဖွဲ့  ဖြစ်လာခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment