27th JAN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဆလိုင်းလျန်းမှုန်းဆာခေါင် တက်ရောက်

📌 ၂။ ဘရူဆဲလ်မြို့တော် ဥရောပပါလီမန် SPINELLI 3H1 ခန်းမတွင်မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်းခေါင်းစဥ်ဖြင့်ကျင်းပမယ့် ညီလာခံကို NUGဝန်ကြီးများတက်ရောက်မယ်

📌 ၃။ အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်လာတဲ့အတွက် စကစရဲ့ကျူးလွန်မှုတွေကို သံတမာန်အသိုင်းအဝိုင်းအား တစ်ရက်အတွင်းပြနိုင်ပြီလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၄။ ကိုရီးယားလွှတ်တော် အမတ်များခန်းမမှာကျင်းပမယ့် မြန်မာ့အရေးကြားနာပွဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ဆွေးနွေးမယ်

📌 ၅။ Federal Netကမ်ပိန်းမှ ရရှိငွေကြေးများနှင့် မြို့နယ်လေးမြို့နယ်မှာ လူထုကို အင်တာနက်မျှဝေသုံးစွဲတာကို စတင်နိုင်ခဲ့တယ်လို့ဆို

📌 ၆။ Federal Net Campaignရဲ့ တော်လှန်ရေးစကားဝိုင်းအပိတ်အဖြစ် ထုတ်လွှင့်တင်ဆက်ခဲ့


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တနင်္သာရီတိုင်းတွင် ပထမဆုံး စခန်းသိမ်းပွဲအဖြစ် ကျောက်ထု စစ်ဆင်ရေးခြေကုပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက် 

🚩 ၂။ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီဆက်သွယ်ရေးစခန်းကို တိုက်ခိုက်မှု ၅ဦးသေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၃။ ကော့ကရိတ်မြို့နယ်အတွင်း စကစတပ်များနှင့် ကျားဖြူစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က ၁၅ဦးသေဆုံး

🚩 ၄။ ရေဦးမြို့နယ် မြို့မြောက်ပိုင်း ကိုစကစတပ်များ ရောက်ရှိလာရာ တိုက်မိုင်းများဖြင့်တော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်

🚩 ၅။ မန်း- မိုးကုတ်လမ်းမကြီး အရှေ့ဘက်စကစကင်းပုန်းစခန်းငယ်တစ်ခုကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်

🚩 ၆။ နွားထိုးကြီးမြို့နယ်တွင် စစ်အုပ်စုယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်မှု တဦးသေဆုံး 

🚩 ၇။ .က.စဘက်မှ ကင်းထောက်ဒရုန်းတွေသုံးပြီး လွိုင်ကော်မြို့ စျေးပိုင်းရပ်ကွက် နှစ်ထပ်စျေးကို  မီးလောင်ဗုံးတွေနဲ့ပစ်ချ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဆလိုင်းလျန်းမှုန်းဆာခေါင် တက်ရောက်


ဇန်နဝါရီလ ၂၆ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီလ၂၆ရက်မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဆလိုင်းလျန်းမှုန်းဆာခေါင် တက်ရောက်အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး၊အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ဘရူဆဲလ်မြို့တော် ဥရောပပါလီမန် SPINELLI 3H1 ခန်းမတွင်မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်းခေါင်းစဥ်ဖြင့်ကျင်းပမယ့် ညီလာခံကို NUGဝန်ကြီးများတက်ရောက်မယ်


ဇန်နဝါရီလ ၂၆ရက်။

ဘရူဆဲလ်မြို့တော် ဥရောပပါလီမန် SPINELLI 3H1 ခန်းမတွင်မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်းခေါင်းစဥ်ဖြင့် ကျင်းပမယ့် ညီလာခံကို NUG ဝန်ကြီးများတက်ရောက်မယ်လို့ Myanmar Community in Italy က ဇန်နဝါရီ၂၆ရက်မှာ အသိပေးဆိုပါတယ်။


အဆိုပါညီလာခံကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့တွင် ဘရူဆဲလ်မြို့တော် ဥရောပပါလီမန် SPINELLI 3H1 ခန်းမတွင်မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်းခေါင်းစဥ်ဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။


ဒီမိုကရေစီလိုလားကြသူ ပြည်သူများ၏ ကြံ့ကြံ့ခံ တော်လှန်မှုကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန်ကြိုးပမ်းခြင်း မအောင်မြင်မှု သုံးနှစ်ပြည့် အချိန်ကာလတွင် မြန်မာနိုင်ငံ ပြည်သူများ၏ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဥ်များတွင် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ၊ အခြားနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မည်သည့်အခန်းကဏ္ဍများမှ ပါဝင်ကူညီပေးနိုင်မည်ကို ဆွေးနွေးတင်ပြသွားရန် ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။


 ညီလာခံသို့ ဥရောပကော်မရှင်ဥက္ကဋ္ဌဟောင်း Romano Prodi အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုး၊ မြန်မာ့အရေးနှင့် နိုင်ငံရေး ကျွမ်းကျင် သုတေသီ Martin Smith ဥရောပပါလီမန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဆက်ဆံရေးတာဝန်ခံ Philipp Annawitt The Parliamentary Association of Friends of Burma အဖွဲ့အစည်း ဥက္ကဋ္ဌဟောင်း Albertina Soliani Irrawaddy Policy Exchange တာဝန်ခံ Michael Marett-Crosby တို့ တက်ရောက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်လာတဲ့အတွက် စကစရဲ့ကျူးလွန်မှုတွေကို သံတမာန်အသိုင်းအဝိုင်းအား တစ်ရက်အတွင်းပြနိုင်ပြီလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


ဇန်နဝါရီလ ၂၆ရက်။

အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်လာတဲ့အတွက် စကစရဲ့ကျူးလွန်မှုတွေကို သံတမာန်အသိုင်းအဝိုင်းအား တစ်ရက်အတွင်းပြနိုင်ပြီလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဇန်နဝါရီလ၂၆ရက်မှာ ကျင်းပတဲ့ Federal Net တော်လှန်ရေးစကားဝိုင်း ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။


"လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အရင်ကထက်ပိုမိုမြန်ဆန်တဲ့သတင်းတွေကိုရရှိတယ်။ ပိုမိုတိကျတဲ့အချက်အလက်တွေကို ဆက်သွယ်မှုကောင်းတဲ့အတွက် ရရှိနိုင်တယ်။ သတင်းတွေကောင်းလာရင် ကမ္ဘာကိုပြဖို့အတွက်တင်ပြမှုကပိုပြီးတော့မြန်လာပါတယ်။ ဒါ့အပြင်ဒီပလိုမက်တစ် ဗရေဘင်လို့ခေါ်တဲ့ သံတမာန်တွေကို တံခါးပိတ်တင်ပြနိုင်တဲ့အရာက အရင်လိုတပတ်လောက်မကြာဘူး။ အင်တာနက်ကောင်း၊ ဆက်သွယ်မှုကောင်းတဲ့အတွက်ကြောင့် ဖြစ်ဖြစ်ချင်း တစ်ရက်အတွင်းမှာ လုပ်ဆောင်နိုင်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့၂၀၂၃ ခုနှစ်ဒီဇင်ဘာလအတွင်း စကစရဲ့ ရာဇဝတ်မှုကျူးလွန်မှုငါးခုကို သတင်းမှတ်တမ်းရရှိခဲ့ပြီး တမူးခရိုင် ခမ်းပတ်တွင် လေကြောင်းတိုက်ခိုက်မှုအပြီး အရပ်သားများသေဆုံးမှုကို အခင်းဖြစ်ပြီးနောက်တစ်ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပနိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ ကိုရီးယားလွှတ်တော် အမတ်များခန်းမမှာကျင်းပမယ့် မြန်မာ့အရေးကြားနာပွဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ဆွေးနွေးမယ်


ဇန်နဝါရီ၂၆ရက်

ကိုရီးယားလွှတ်တော် အမတ်များခန်းမမှာ ကျင်းပမယ့် မြန်မာ့အရေးကြားနာပွဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ဆွေးနွေးမယ်လို့ ဇန်နဝါရီ၂၆ရက်မှာ ကိုရီးနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက အသိပေးဖော်ပြပါတယ်။


ဖေဖော်ဝါရီ ၁ရက် မွန်းလွဲ ၁နာရီမှ နာရီအထိ ကိုရီးယားလွှတ်တော် အမတ်များခန်းမမှာနွေဦးတော်လှန်ရေး -နှစ်ပြည့် ၂၀၂၇ စစ်ဆင်ရေးကို မီးမောင်းထိုးပြခြင်း မြန်မာ့အရေး ကြားနာပွဲကို အထူးဆွေးနွေးသူအဖြစ် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဦးအောင်မျိုးမင်းကတက်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်။


၄င်းအခမ်းအနားကို  NUG ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် လွှတ်တော်အမတ် ဂိုယောင်အင်နှင့် ပါမောက္ခ ဘတ်ဂွန်ဟွန်းတို့ကျင်းပမှာပဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ Federal Netကမ်ပိန်းမှ ရရှိငွေကြေးများနှင့် မြို့နယ်လေးမြို့နယ်မှာ လူထုကို အင်တာနက်မျှဝေသုံးစွဲတာကို စတင်နိုင်ခဲ့တယ်လို့ဆို


ဇန်နဝါရီလ၂၆ရက်။

Federal Netကမ်ပိန်းမှ ရရှိငွေကြေးများနှင့် မြို့နယ်လေးမြို့နယ်မှာ လူထုကို အင်တာနက်မျှဝေသုံးစွဲတာကို စတင်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။


ဇန်နဝါရီ၂၆ရက်မှာ ကျင်းပတဲ့ တော်လှန်ရေးစကားဝိုင်းမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအသိပေးပြောပါတယ်။


"ကမ်ပိန်းရဲ့ရာခိုင်နှုန်းက ကျွန်တော်သိသလောက်ဆိုရင် ရှစ်ဆယ်ကျော်၊ ရှစ်ဆယ့်လေးရာခိုင်နှုန်းအထိအောင်မြင်ခဲ့တယ်။ ဒီရှစ်ဆယ့်လေးရာခိုင်နှုန်းအောင်မြင်တာနဲ့ ငွေစပြီးရတာနဲ့ မြေပြင်မှာ စပြီးအကောင်အထည်ဖော်ခဲ့တယ်လို့ပြောရင်မမှားဘူး။ လူထုကိုစပြီးတော့ အင်တာနက်ပေးဖို့ အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ဒီလောက်ငွေကြေးနဲ့ပဲ မြို့နယ်လေးမြို့နယ်မှာ လူထုကို စတင်ပြီးတော့ အင်တာနက်မျှဝေသုံးစွဲတာကို စတင်နိုင်ခဲ့ပြီဖြစ်တယ်။ မြေပြင်လူထုကလည်းပျော်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးတော့အားကောင်းလာတာလည်းတွေ့ရတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Federal Net Campaign"ကမ်ပိန်းကိုလုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၆။ Federal Net Campaignရဲ့ တော်လှန်ရေးစကားဝိုင်းအပိတ်အဖြစ် ထုတ်လွှင့်တင်ဆက်ခဲ့


ဇန်နဝါရီလ၂၆ရက်။

“Federal Net Campaign”အပိတ်အဖြစ် ဇန်နဝါရီလ ၂၆ရက် မြန်မာစံတော်ချိန် (:၀၀)နာရီမှာ Talk Show လေးတစ်ခု ထုတ်လွှင့်တင်ဆက်ခဲ့တာဖြစ်ပါတယ်။


အဆိုပါတော်လှန်ရေး စကားဝိုင်းမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ဦးသန့်မျိုးဦး (MOCIT- ရွှေဘို ခရိုင်တာဝန်ခံ) မသက်လုံ (MOCIT- ကောလင်း ခရိုင်တာဝန်ခံ)နဲ့ ကိုဝေယံအောင် (Moderator) တို့ ပါဝင်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Federal Net Campaign"ကမ်ပိန်းကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ တနင်္သာရီတိုင်းတွင် ပထမဆုံး စခန်းသိမ်းပွဲအဖြစ် ကျောက်ထု စစ်ဆင်ရေးခြေကုပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက် 


ဇန်နဝါရီ (၂၆) ရက်။

တနင်္သာရီတိုင်းတွင် ပထမဆုံး စခန်းသိမ်းပွဲ အဖြစ် ကျောက်ထု စစ်ဆင်ရေးခြေကုပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ခဲ့တယ်လို့ ဇန်နဝါရီလ၂၆ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကအတည်ပြုထုတ်ပြန်ပါတယ်။


တနင်္သာရီတိုင်း၏ ပထမဆုံး စခန်းသိမ်းတိုက်ပွဲအဖြစ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်းနှင့် ဒေါင်းမင်းစစ်ကြောင်း ပူပေါင်းတပ်များ၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄၊ တပ်ရင်း ၁၂   KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။  


ကျောက်ထုစစ်ဆင်ရေး ခြေကုပ်စခန်းအား ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ ညနေ (၂း၃၀) ခန့်တွင်  အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူဖက်မှ ( ၁၅ ) ဦးသေဆုံး၊ () ဦး အရှင်ဖမ်းမိ၊ () ဦး ဒဏ်ရာရရှိခဲ့ကာ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုလုံးဝမရှိခဲ့ဘူးလို့ဆိုပါတယ်။


အဆိုပါ စခန်းမှ MA-1 () လက်၊ MA-2 ()လက်၊ MA-3 () လက်၊ MA-4 () လက်၊ MA-5 () လက်၊ ငါးကြင်းမြီး () လက်၊ ငါးကြင်းမြီး ကျည်ကဒ် () ခု၊ ငါးကြင်းမြီး ပြောင်းပို () ခု၊ RPG () လက်၊ RPG ကျည် () လုံး၊ RPG ပို့ယမ်း () တောင့်၊ စကစကျည်ဘောက် (၃၃) ဘောက်၊ (၆၀) မမ ကွန်မန်ဒိုစိန်ပြောင်း () လက်၊ (၆၀) မမ ကျည် (၁၆) လုံး၊ ၄၀ မမကျည် (၄၂) လုံး၊ လက်ပစ်ဗုံး () လုံး၊ ရှေ့ထွက်မိုင်း (၁၇) လုံး၊ တိုက်မိုင်း (၁၆) လုံး၊ တိုက်မိုင်းငုတ်တိုင် (၁၆) တိုင်၊ တိုက်မိုင်းကပ်ဖြူ () ခု၊ ပလက်စတစ်နင်းမိုင်း အသေး (၃၅) လုံး၊ နင်းမိုင်းအသေး ကပ်ဖြူ့  (၂၅) တောင့်၊ အီနာဂါ () လုံး၊ သံခမောက် () လုံး၊ ၆၀မမ အောက်ခံပြား () ခု၊ ၆၀ မမ ထောက်တိုင် () တိုင် စကားပြောစက်အသေး () လုံး၊ စကားပြောစက် အထိုင်စက်အကြီး () လုံး၊ စကားပြောစက်ဒိုင်နမိုအားသွင်းစက် () လုံး၊ .၅၆ စကစကျည် (၃၀၉၀) တောင့်၊ .၆၂ စကစ ကျည် (၁၁၀၀) တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီဆက်သွယ်ရေးစခန်းကို တိုက်ခိုက်မှု ၅ဦးသေဆုံးကာ ဦး ဒဏ်ရာရ


ဇန်နဝါရီလ ၂၆ရက်။

တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - က ထုတ်ပြန်ပါတယ်။


တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုက ထိုးဒါးကြီးမှာရှိတဲ့ ဆက်သွယ်ရေးစခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒေသအခေါ် လေသာတောင် ဆက်သွယ်ရေးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ဇန်နဝါရီလ၂၅ ရက် မွန်းလွဲ နာရီဝန်းကျင်အချိန်မှာ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - က စစ်ကြောင်းမှူးတွေ ဦးဆောင်ပြီး တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ ကော့ကရိတ်မြို့နယ်အတွင်း စကစတပ်များနှင့် ကျားဖြူစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က ၁၅ဦးသေဆုံး


ဇန်နဝါရီလ ၂၆ရက်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စကစတပ်များနှင့်ကျားဖြူစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က ၁၅ဦးသေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ၂၆ရက်မှာ ကျားဖြူစစ်ကြောင်းကအတည်ပြုဆိုပါတယ်။


"၂၀၂၄နှစ်ဦးပိုင်းမှ စတင်၍ မိမိတို့ ကျားဖြူစစ်ကြောင်း ထိန်းချုပ် ဖြန့်ကျက်နေရာများတွင် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပါတယ်။ ယခုလအတွင်း ၂၂/ ၂၃/ ၂၄/ ၂၅/ ၂၆ ရက်နေ့များတွင် အကြမ်းဖက် စကစ လက်အောက်ခံ တပ်များဟာ ကော့ကရိတ်မြို့နယ်အတွင်းရှိ မြို့သူမြို့သား၊ ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်၍ စစ်ကြောင်းထိုးလာသော ဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားနေပါတယ်"လို့ဆိုပါတယ်။


လူသားဒိုင်းများ လက်နက်ကြီးပစ်ကူများ၊ drone များသုံးသော်လည်း စကစဘက်က နေ့စဉ် အထိနာ၍ ပြည်သူလူထု၏ အိုးအိမ်များကို ဖျက်ဆီးလျက်ရှိနေတယ်လို့ဆိုပါတယ်။


ဖြစ်စဉ်များအတွင်း စကစများဘက်မှ အနည်းဆုံး ၁၅ဦး သေဆုံး၍ ၁၀ ဦးထက်မနည်း ဒဏ်ရာရကာ စစ်ကြောင်းဘက်မှ ကရင့်ပြည်သူတော်လှန်ရေး ရဲဘော်တဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။


========================


🚩🚩 ၄။ ရေဦးမြို့နယ် မြို့မြောက်ပိုင်း ကိုစကစတပ်များ ရောက်ရှိလာရာ တိုက်မိုင်းများဖြင့်တော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်


ဇန်နဝါရီလ၂၆ရက်။

ရေဦးမြို့နယ် မြို့မြောက်ပိုင်းကို စကစတပ်များ ရောက်ရှိလာရာ တိုက်မိုင်းများဖြင့် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီလ၂၆ရက်မှာ ရေဦးပကဖကအတည်ပြုပါတယ်။


"ရေဦးထဲက စကစတပ်များ မြို့ရဲ့မြောက်ပိုင်းကို ရောက်ရှိလာရာ တိုက်မိုင်းများဖြင့် တော်လှန်ရေးအဖွဲ့များကကြိုဆိုခဲ့ကြပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်ခံရ၍ စကစတပ်များ နောက်ပြန်လှည့်ရာ ဆေးပေါင်းတိုက် အနောက်ပြန်ရောက်နေကြောင်း ရှေ့တန်းသတင်းအရသိပါတယ်။


========================


🚩🚩 ၅။ မန်း- မိုးကုတ်လမ်းမကြီး အရှေ့ဘက်စကစကင်းပုန်းစခန်းငယ်တစ်ခုကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်


ဇန်နဝါရီလ၂၆ရက်။

ဇန်နဝါရီလ ၂၃ရက်ညပိုင်း (၂၂:၀၀)နာရီအချိန်တွင် မန်း- မိုးကုတ် လမ်းမကြီး အရှေ့ဘက် ကျောက်တံတားကျေးရွာ မန္တလေးတူးမြောင်း (ဒေသအခေါ် ချောင်းမကြီး) အနောက်ဘက်ပေါင်ပေါ်ရှိ   စကစကင်းပုန်းစခန်းငယ်တစ်ခုကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


မိုင်းကွဲချိန်တွင် ကင်းပုန်းစခန်းအတွင်း၌ စကစ()ဦးရှိနေပြီး၊ စကစ () ဦး သေ () ဦး ဒဏ်ရာအပြင်းအထန်ရပြီး၊ ကျန်()ဦးမှာ အသေးစားဒဏ်ရာများရရှိသွားကြောင်း  အတည်ပြုနိုင်ခဲ့ပါတယ်။


မတ္တရာမျိုးမှန်တပ်ဖွဲ့အနေဖြင့် ယနေ့အချိန်အထိ စစ်ဆင်ရေးပေါင်း (၉၇) ခု ဖော်ဆောင်ထားနိုင်ခဲ့ကာ စစ်ဆင်ရေးများအတွင်း ရန်သူ (၂၅၂) ဦးကျော် ရှင်းလင်းနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၆။ နွားထိုးကြီးမြို့နယ်တွင် စစ်အုပ်စုယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်မှု တဦးသေဆုံး 


ဇန်နဝါရီလ ၂၆ရက်။

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် နနွင်းတော်ဘိုးလမ်းခွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က တဦးသေဆုံးသွားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း က ထုတ်ပြန်ပါတယ်။

 

မြင်းခြံဘက်ကနေ နွားထိုးကြီးမြို့နယ် သကုန်းကျေးရွာဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး တွေလိုက်ပါတဲ့ ကား စီးကို ဇန်နဝါရီလ ၂၆ ရက် မနက် ၁ဝ နာရီဝန်းကျင်မှာ Myingyan Black Tiger- MBT အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ကား စီးထဲက နောက်ဆုံးကားဖြစ်တဲ့ Mark-II ကားကို တည့်တည့်ထိမှန်သွားတာကြောင့် မြင်းခြံမြို့ အမှတ် ရပ်ကွက်က ပျူစောထီးတဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ 

မိုင်းထိသွားတဲ့ Mark-II ကား အနည်းငယ်ပျက်စီးသွားတာကြောင့် မြင်းခြံဘက်ကို ချက်ခြင်း လှည့်ပြန်သွားသလို လူနာတင်ကားနဲ့ ထိခိုက်သေဆုံးသူတွေကို သယ်ဆောင်ကာ မြင်းခြံဆေးရုံကို ခေါ်သွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး မနက် ၁ဝ နာရီခွဲဝန်းကျင်မှာ ကျန်ကား ၂စီးပေါ်က စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ခိုက်ခံလိုက်ရတဲ့နေရာ အနီးတဝိုက်ကို စစ်ဆေးမှုတွေပြုလုပ်ပြီး မြင်းခြံဘက် ပြန်သွားတယ်လို့ Myingyan Black Tiger- MBT က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ .က.စဘက်မှ ကင်းထောက်ဒရုန်းတွေသုံးပြီး လွိုင်ကော်မြို့ စျေးပိုင်းရပ်ကွက် နှစ်ထပ်စျေးကို  မီးလောင်ဗုံးတွေနဲ့ပစ်ချ


ဇန်နဝါရီလ၂၆ရက်။

.က.စဘက်မှ ကင်းထောက်ဒရုန်းတွေသုံးပြီး လွိုင်ကော်မြို့ စျေးပိုင်းရပ်ကွက် နှစ်ထပ်စျေးကို  မီးလောင်ဗုံးတွေနဲ့ပစ်ချခဲ့တယ်လို့ ဇန်နဝါရီလ၂၆ရက်မှာ ကရင်နီစစ်ဘက်ရေးရာသတင်းများ ထုတ်ပြန်တဲ့ KnICကဖော်ပြပါတယ်။


".က.စဘက်မှ ကင်းထောက်ဒရုန်းတွေသုံးပြီး လွိုင်ကော်မြို့ စျေးပိုင်းရပ်ကွက် နှစ်ထပ်စျေးကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့မှာ မီးလောင်ဗုံးတွေနဲ့ ပစ်ချတဲ့အတွက် မီးလောင်ပျက်ဆီးနေခဲ့တဲ့ မှတ်တမ်းပုံအချို့ကို KNDF B/02 မှ ဓါတ်ပုံဆရာတစ်ဦးရိုက်ထားခဲ့တာဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့က စတင်ခဲ့တဲ့  လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို  ကရင်နီပြည်ရှိတော်လှန်ရေးအင်အားစုတို့က ၂၀၂၄ခုနှစ်ဇန်နဝါရီလ ၂၆ရက်နေ့အထိ ဆက်လက်ဆင်နွဲလျက်ရှိတယ်လို့သိရပါတယ်။


ထိုသို့တော်လှန်ရေးတပ်များ မြို့ရဲ့ နေရာအများစုကို ထိန်းချုပ်ထားနိုင်တဲ့အတွက် .က.စဘက်မှ လူနေအိမ်အဆောက်အဦများကို ကင်းထောက်ဒရုန်းများအသုံးပြု၍ မီးလောင်ဗုံးများကျဲချနေသလို ရှို့မီးများကိုလည်းဆောင်ရွက်လျက်ရှိနေပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment