8th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးမှာ ဘဏ္ဍာရေး နဲ့ဘဏ္ဍာရန်ပုံငွေရှာဖွေမှုကအင်မတန်မှအရေးပါပြီး ထောက်ပို့များရဲ့ ရေရှည်ဇွဲ၊သတ္တိကြောင့် တော်လှန်ရေးအသီးအပွင့်တွေကိုမြင်နေရခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား

📌 ၂။ ၂၀၂၃အတွင်းမှာစကစရဲ့ လူ့အခွင့်အရေးအချိုးဖောက်မှုအများဆုံးခံရတဲ့ပြည်နယ်နဲ့တိုင်းထဲမှာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန မှ ကြီးမှူးကျင်းပမည့် Spring Success Research Conference အတွက် သုတေသနစာတမ်းများ တင်သွင်းရန် ဖိတ်ခေါ်

📌 ၄။ နွေဦးတော်လှန်ရေးဟာ အနိုင်အရှုံး ကွက်ကွက်ကွင်းကွင်းမြင်နိူင်တဲ့အခြေအနေရောက်နေပြီလို့ဆို

📌 ၅။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဘေးဧရိယာတွင်ကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းဇန်နဝါရီလအတွက်အမေရိကန်ဒေါ်လာ ၁၄၈၀၀ကျော်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးမှာ ဘဏ္ဍာရေး နဲ့ဘဏ္ဍာရန်ပုံငွေရှာဖွေမှုကအင်မတန်မှအရေးပါပြီး ထောက်ပို့များရဲ့ ရေရှည်ဇွဲ၊သတ္တိကြောင့် တော်လှန်ရေးအသီးအပွင့်တွေကိုမြင်နေရခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား


ဇန်နဝါရီ၈ရက်


နွေဦးတော်လှန်ရေးမှာ ဘဏ္ဍာရေး နဲ့ဘဏ္ဍာရန်ပုံငွေရှာဖွေမှုကအင်မတန်မှအရေးပါပြီး ထောက်ပို့များရဲ့ ရေရှည်ဇွဲ၊သတ္တိကြောင့် တော်

လှန်ရေးအသီးအပွင့်တွေကိုမြင်နေရခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြားပါတယ်။


ဇန်နဝါရီ ၇၊ ဘူဖျောင်းမြို့၊ ကိုရီးယားတွင်ကျင်းပတဲ့ မင်ဘာများတွေ့ဆုံပွဲအခမ်းအနားမှာ နိူင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာပါ။


"အခုဆို တော်လှန်ရေးကသုံးနှစ်ထဲဝင်လာပြီ။အဲဒီလိုအခြေအနေမှာ မြေပြင်မှာတိုက်ပွဲတွေဖော်ဆောင်နိူင်ဖို့၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေမှာလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိူင်ဖို့၊ဒါ့အပြင်မဟာမိတ်အဖွဲ့တွေ မျှဝေသုံးနိူင်မှုအပါအဝင်ဒီဘဏ္ဍာရေး နဲ့ဘဏ္ဍာရန်ပုံငွေရှာဖွေမှုကအင်မတန်မှအရေးပါပါတယ်။ အခုနောက်ဆုံးဖြစ်ပေါ်မှုအထိ ရေရှည်ခံတဲ့၊ဇွဲသတ္တိရှိတဲ့ one day challenges မန်ဘာဝင်တွေမရှိဘူးဆိုရင် ဒီတော်လှန်ရေးအသီးအပွင့်တွေက ကျမတို့ မြင်ချင်မှမြင်ရမှာပါ။one day challenges မန်ဘာဝင်တွေကလည်း ဒီသုံးနှစ်အတွင်းမှာရပ်တန့်မသွားဘူး။ ထောက်ပို့ငွေပိုလို့တိုးလာတာကလည်း ဒီဇွဲသတ္တိရှိမှုကိုပြတာပါ"လို့ဝန်ကြီးကဆိုပါတယ်။


One Day Challenge ရန်ပုံငွေ လုပ်ငန်းစဉ်မှ NUG သို့ တိုက်ရိုက်ပေးပို့ငွေ အမေရိကန် ဒေါ်လာ ဒသမ သန်း ရှိပြီ ဖြစ်ပြီး၊ PDF, CDM, IDP များသို့ ထောက်ပံ့ငွေပေါင်း ဝမ်သိန်းပေါင်း သုံးထောင်သုံးရာခန့် (329,095,406) ရှိကြောင်းသိရပါတယ်။


========================


📌📌 ၂။ ၂၀၂၃အတွင်းမှာစကစရဲ့ လူ့အခွင့်အရေးအချိုးဖောက်မှုအများဆုံးခံရတဲ့ပြည်နယ်နဲ့တိုင်းထဲမှာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်


ဇန်နဝါရီ၈ရက်


၂၀၂၃အတွင်းမှာစကစရဲ့ လူ့အခွင့်အရေးအချိုးဖောက်မှုအများဆုံးခံရတဲ့ပြည်နယ်နဲ့တိုင်းထဲမှာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားပါတယ်။


ဇန်နဝါရီလအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


"၂၀၂၃အတွင်းမှာ လူ့အခွင့်အရေးအချိုးဖောက်မှုအများဆုံးပြည်နယ်နဲ့တိုင်းထဲမှာ စစ်ကိုင်းတိုင်းကို စိတ်မကောင်းစရာ ညွှန်ပြရမှာဖြစ်ပါတယ်။စစ်ကိုင်းတိုင်းထဲမှာ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ကျနော်တို့ဆီကိုရောက်လာတဲ့အမှုက၃၄၄မှုရှိပါတယ်။အဲဒီအထဲမှာ မတရားသတ်ဖြတ်မှု၊တရားလက်လွတ်သတ်ဖြတ်မှုတွေအများကြီးရှိတယ်။အမှုပေါင်း၁၇၅မှုလက်ခံရရှိတယ်။သေဆုံးတဲ့အထဲမှာလည်းစစ်ကိုင်းတိုင်းက၁၀၂၅ဦးရှိတယ်။အဲဒီအတွက် စစ်ကိုင်းတိုင်းကအဆိုးဝါးဆုံးဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စုဆောင်းကောက်ယူခဲ့ပါတယ်။


ထိုသို့ ကောက်ယူရာတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး ခိုင်မာသည့် သတင်း မီဒီယာများကို စောင့်ကြည့်လေ့လာမှု၊  Online Monitoring တို့မှတဆင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်ပေါင်း (၄၆၅၆)ခု တို့ကို ကောက်ယူရရှိခဲ့ပြီး၊ မြေပြင်အခြေအနေနှင့် ဆန်းစစ်အတည်ပြုနိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် စုစုပေါင်း (၆၅၇)ခု ကို မှတ်တမ်းတင်သိမ်းဆည်းထားနိုင်ခဲ့တယ်"လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန မှ ကြီးမှူးကျင်းပမည့် Spring Success Research Conference အတွက် သုတေသနစာတမ်းများ တင်သွင်းရန် ဖိတ်ခေါ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန မှ ကြီးမှူးကျင်းပမည့် Spring Success Research Conference အတွက် သုတေသနစာတမ်းများ တင်သွင်းရန် ဖိတ်ခေါ်လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ CDM ဆရာ ဆရာမများ၊ ဝန်ထမ်းများအတွက် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန မှ ကြီးမှူး၍ Spring Success Research Conference ကိုမေလ၂၅ရက်မှ၂၇ရက်အထိ ကျင်းပမယ်လို့ဆိုပါတယ်။ 


သုတေသနစာတမ်းများ တင်သွင်းရန် ဖိန်ခေါ်ရခြင်းရည်ရွယ်ချက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ CDM ပညာရေးဝန်ထမ်းများ၏ သုတေသန အရည်အသွေးကို မြှင့်တင်ပေးရန်နှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရာတွင် ကွန်ဖရင့်မှ ရရှိလာသော သုတေသနရလဒ်များက အထောက်အကူပြုစေရန်၊ ဖက်ဒရယ်ပညာရေးစနစ်အတွက် လိုအပ်ချက်များကို သုတေသနရလဒ်များမှ ဖော်ထုတ် ဖြည့်ဆည်း ပေးနိုင်ရန်တို့ပါဝင်ပါတယ်။


သုတေသနစာတမ်းအကျဉ်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၈) ရက်နေ့ နောက်ဆုံးထား၍ သတ်မှတ် Mail နှင့် Google formကို ဖြည့်စွက်ပေးပို့နိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးဟာ အနိုင်အရှုံး ကွက်ကွက်ကွင်းကွင်းမြင်နိူင်တဲ့အခြေအနေရောက်နေပြီလို့ဆို


"နွေဦးမှန်ကူကွက်များ" အစီအစဉ် အပိုင်း (၁၀)မေးမြန်းခန်းမှာအမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အခုလိုပြောကြားထားပါတယ်။


"ဒီတော်လှန်ရေးမှာ ဘယ်သူကနိူင်မယ်။ဘယ်သူကရှုံးမယ်ဆိုတာအခုအချိန်မှာ ကွက်ကွက်ကွင်းကွင်းမြင်နိူင်တဲ့အခြေအနေလို့သုံးသပ်ချင်တယ်။တော်လှန်ရေးကတစ်ဆင့်တက်လာတယ်။ မြို့ပြကိုဝိုင်းရံတဲ့အဆင့်ကနေ သိမ်းပိုက်ထိန်းချုပ်လာနိူင်တယ်။တစ်ဘက်မှာလည်းမြို့တွေတစ်မြို့ပြီးတစ်မြို့သိမ်းပိုက်လာချိန်မှာပြည်သူတွေ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတယ်။လွယ်လွယ်နဲ့တော့မြို့တွေသိမ်းပိုက်နိူက်ခဲ့တာမဟုတ်ဘူးပေါ့"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကရင်နီဒေသ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့်ကရင်ပြည်နယ်တို့မှာအထိနာကျရှုံးလျက်ရှိနေပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဘေးဧရိယာတွင်ကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းဇန်နဝါရီလအတွက်အမေရိကန်ဒေါ်လာ ၁၄၈၀၀ကျော်ရရှိ


ဇန်နဝါရီ၈ရက်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဘေးဧရိယာတွင်ကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းဇန်နဝါရီလအတွက်အမေရိကန်ဒေါ်လာ ၁၄၈၀၀ကျော်ရရှိခဲ့တယ်လို့ ဇန်နဝါရီ၈ရက်တွင် နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှသတင်းရရှိပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမှ ၂၀၂၄ ဇန်နဝါရီလအတွက် စျေးရောင်းရငွေနဲ့အလှူခံရငွေစုစုပေါင်း ၁၄၈၃၄ဒေါ်လာရရှိတယ်လို့ဆိုပါတယ်။


 နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လစဥ်အစားအသောက်များချက်ပြုတ်ကာ ရောင်းချပေးခြင်းဖြင့်ထောက်ကူပေးလျက်ရှိတဲ့အဖွဲ့လည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment