8th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေး အစမှ အဆုံးတိုင် ပါဝင်ထောက်ပံ့ခြင်းဖြင့် အောင်ပွဲခံကြရန်One Day Challenge မန်ဘာများကို ဝန်ကြီးဦးတင်ထွန်းနိုင်တိုက်တွန်း

📌 ၂။ အသက်မွေးဝမ်းကြောင်းပညာ စက်သင်တန်းအောင်မြင်စွာ ပြီးမြောက်သူများအား ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုး သင်တန်းဆင်းလက်မှတ်ပေးအပ်

📌 ၃။ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၄၆ဝဝ ကျော်ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ပြော

📌 ၄။ ပြည်သူများအင်တာနက်အသုံးပြုပြီး အွန်လိုင်းနဲ့ပညာသင်ကြားတာတွေမှာ ပါဝင်လာဖို့ပိုပြီး လိုလားတယ်လို့ ပညာရေးဒုဝန်ကြီးဆို

📌 ၅။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဟုမ္မလင်းHPDF - 124ကို အမှတ် () စစ်ဒေသရဲ့ ခန္တီးခရိုင် အမှတ် () တပ်ရင်းအဖြစ် အသိအမှတ်ပြု

📌 ၇။ KNLA ဗဟိုစစ်ဌာနချုပ်မှာ ဆေးသင်တန်းဆင်းပွဲကျင်းပ 

📌 ၈။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေး အစမှ အဆုံးတိုင် ပါဝင်ထောက်ပံ့ခြင်းဖြင့် အောင်ပွဲခံကြရန်One Day Challenge မန်ဘာများကို ဝန်ကြီးဦးတင်ထွန်းနိုင်တိုက်တွန်း


ဇန်နဝါရီလ ၇ရက်။

တော်လှန်ရေး အစမှ အဆုံးတိုင် ပါဝင်ထောက်ပံ့ခြင်းဖြင့် အောင်ပွဲခံကြရန်One Day Challenge မန်ဘာများကို ဝန်ကြီးဦးတင်ထွန်းနိုင်မှ တိုက်တွန်းလိုက်ပါတယ်။


ဇန်နဝါရီ ၇၊ ဘူဖျောင်းမြို့၊ ကိုရီးယားတွင် ကျင်းပတဲ့ မန်ဘာများတွေ့ဆုံပွဲသို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ပါတယ်။


ဝန်ကြီးဦးတင်ထွန်းနိုင်က "One Day Challenge စံပြဖြစ်မှုမှာ သမိုင်းတွင် မှတ်တမ်းဝင်ဖြစ်ကြောင်း၊ တော်လှန်ရေး အစမှ အဆုံးတိုင် ပါဝင်ထောက်ပံ့ခြင်းဖြင့် အောင်ပွဲခံကြရန်" တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။


One Day Challenge ရန်ပုံငွေ လုပ်ငန်းစဉ်မှ NUG သို့ တိုက်ရိုက်ပေးပို့ငွေ အမေရိကန် ဒေါ်လာ ဒသမ သန်း ရှိပြီ ဖြစ်ပြီး၊ PDF, CDM, IDP များသို့ ထောက်ပံ့ငွေပေါင်း ဝမ်သိန်းပေါင်း သုံးထောင်သုံးရာခန့် (329,095,406) ရှိကြောင်း ကော်မတီက ကြေညာခဲ့ပါတယ်။


ထို့အပြင် NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က One Day Challenge အရှိန်မပြတ် တည်တံ့နေသည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်ကို လေးစားပါကြောင်း၊ တော်လှန်ရေးအတွက် ထိရောက်သည့် ထောက်ပံ့မှုလည်း ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။


========================


📌📌 ၂။ အသက်မွေးဝမ်းကြောင်းပညာ စက်သင်တန်းအောင်မြင်စွာ ပြီးမြောက်သူများအား ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုး သင်တန်းဆင်းလက်မှတ်ပေးအပ်


ဇန်နဝါရီလ ၇ရက်။

အသက်မွေးဝမ်းကြောင်းပညာ စက်သင်တန်းအောင်မြင်စွာ ပြီးမြောက်သူများအား ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုး သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပါတယ်။


ဇန်နဝါရီလ ၇ရက်မှာ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးက ပြောပါတယ်။


"ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော အသက်မွေးဝမ်းကြောင်းပညာ စက်သင်တန်း /၂၀၂၄ အောင်မြင်စွာ ပြီးမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနဟာ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုအပြင် သက်မွေးပညာများပါသင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၄၆ဝဝ ကျော်ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ပြော


ဇန်နဝါရီလ ၇ရက်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် တနှစ်တာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၄၆ဝဝ ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ 


၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက ကောက်ယူရရှိထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ဝန်ကြီးက ဇန်နဝါရီလ ရက်နေ့မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 


၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက ကောက်ယူရရှိတဲ့ လူအခွင့်အရေးချိုးဖောက်မှု ဆိုင်ရာ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ လက်လှမ်းမမှီခဲ့တဲ့ ချိုးဖောက်မှုများစွာ ကျန်ခဲ့နိုင်ပါတယ်။ အရပ်သား ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေ ဂုဏ်သိက္ခာတွေပါဝင်နေတဲ့ ကိန်းဂဏန်းတွေဖြစ်ပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။ 


၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တနှစ်တာကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်ရပ်ပေါင်း ၄၆၅၆ ခုရှိခဲ့ပြီး ၆၅၇ ခုကို မှတ်တမ်းတင်သိမ်းဆည်းနိုင်ခဲ့ကာ ခိုင်ခိုင်မာမာ အတည်ပြုနိုင်တဲ့ ဖြစ်စဉ် ၃၂၂ ခုရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနလည်း ထုတ်ပြန်ထားပါတယ်။


အတည်ပြုနိုင်ခဲ့တဲ့ဖြစ်စဉ်တွေထဲကမှ ဖြစ်စဉ် ၁၆၅ ခုကို IIMM နဲ့ နိုင်ငံတကာကို ပေးပို့နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ထိုသို့ကောက်ယူမှုတွေကို ခိုင်မာတဲ့သတင်းမီဒီယာတွေကို လေ့လာစောင့်ကြည့်မှုနဲ့ Online Monitoring တို့ ကတဆင့် ကောက်ယူခဲ့တာလို့ သိရပါတယ်။ 


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်အတိုင်း ခိုင်ခိုင်မာမာ လက်ကိုင်ထားပြီး အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့  အစွမ်းကုန်တာဝန်ယူဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနဖြစ်ပါတယ်။


========================


📌📌 ၄။ ပြည်သူများအင်တာနက်အသုံးပြုပြီး အွန်လိုင်းနဲ့ပညာသင်ကြားတာတွေမှာ ပါဝင်လာဖို့ပိုပြီး လိုလားတယ်လို့ ပညာရေးဒုဝန်ကြီးဆို


ဇန်နဝါရီလ ၇ရက်။

ပြည်သူများအင်တာနက်အသုံးပြုပြီး အွန်လိုင်းနဲ့ပညာသင်ကြားတာတွေမှာ ပါဝင်လာဖို့ ပိုပြီးလိုလားတယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကပြောပါတယ်။


ဇန်နဝါရီလ ၇ရက် Federal Net အတွက်  Live Talk Show စကားဝိုင်းမှာပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကပြောကြားပါတယ်။


"အခုလိုကျောင်းတွေပိတ်ထားတဲ့အချိန်မှာ၊ ပညာရေးစနစ်ကလည်း စစ်ကောင်စီရဲ့လက်အောက်မှာ တော်တော်လေး အဆင်မပြေဖြစ်နေတဲ့အချိန်မှာ၊ အင်တာနက်ကိုအသုံးပြုပြီးမှ ပညာသင်ကြားလို့အများကြီးရတာဖြစ်ပါတယ်။ မိဘပြည်သူများလည်း အင်တာနက်အသုံးပြုပြီး အွန်လိုင်းနဲ့ပညာသင်ကြားတာတွေမှာ ပါဝင်လာဖို့ ကျွန်မတို့ပိုပြီးလိုလားပါတယ်။ အင်တာနက်နဲ့ပညာသင်ကြားဖို့ မြေပြင်မှာပိုပြီးလည်းအားသန်ကြတယ်။ မြေပြင်မှာပညာသင်ကြားတာကို စကစကလေယာဥ်နဲ့ လာဗုံးကြဲတာကိုပစ်မှတ်ထားလာကြတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေပါတယ်။


Federal Net Campaign"ကမ်ပိန်းကာလကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီးကမ်ပိန်းသတ်မှတ်ချက်လိုအပ်နေပါသေးတယ်။


========================


📌📌 ၅။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး


ဇန်နဝါရီလ  ၇ရက်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇန်နဝါရီလ ၇ရက်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကအသိပေးဆိုပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ၊ ၇ရက်နေ့မနက် (၁ဝ :၀၀)နာရီအချိန်တွင် ကျင်းပခဲ့တယ်လို့ဆိုပါတယ်။


တွေ့ဆုံပွဲမှာ ကြားကာလဖက်ဒရယ်ယူနစ်ဆိုင်ရာ လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးအကြံပြုခဲ့ကြပြီး ( ၁၂:၃၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးပွဲအားအောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဟုမ္မလင်းHPDF - 124ကို အမှတ် () စစ်ဒေသရဲ့ ခန္တီးခရိုင် အမှတ် () တပ်ရင်းအဖြစ် အသိအမှတ်ပြု


ဇန်နဝါရီလ ၇ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဟုမ္မလင်းHPDF - 124ကို အမှတ် () စစ်ဒေသ ရဲ့ ခန္တီးခရိုင် အမှတ် () တပ်ရင်း အဖြစ် အသိအမှတ်ပြု လိုက်ပါတယ်။


ဇန်နဝါရီလ ၇ရက် မှာ ဟုမ္မလင်းHPDF - 124 ကအသိပေးဆိုပါတယ်။


"ကျနော်တို့ HPDF - 124 ဟာ 2021 ခုနှစ် နွေဦးတော်လှန်ရေးအစကတည်းက ကျရာကဏ္ဍကနေ ပါဝင်ခဲ့ကြပြီး လက်နက်စွဲကိုင်တော်လှန်ရာမှာလဲ MOD ရဲ့ ညွန်ကြားမှုအောက်ကနေ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတဲ့အဖွဲ့ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ယခု အချိန်မှာလည်း ကျွန်တော်တို့ HPDF - 124 ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် () စစ်ဒေသ ရဲ့ ခန္တီးခရိုင် အမှတ် () တပ်ရင်း အဖြစ် အသိအမှတ်ပြုခံရပြီပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ HPDF - 124 ဟာ ခန္တီးခရိုင် အမှတ် () တပ်ရင်းတပ်ဖွဲ့  အဖြစ်နဲ့ သမိုင်းကပေးလာတဲ့ စစ်အာဏာရှင်ပပျောက်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြမှာပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဟုမ္မလင်းHPDF - 124ဟာ စကစတပ်ကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လည်းဖြစ်ပါတယ်။


========================


📌📌 ၇။ KNLA ဗဟိုစစ်ဌာနချုပ်မှာ ဆေးသင်တန်းဆင်းပွဲကျင်းပ 


ဇန်နဝါရီလ ရက်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဌာနချုပ်မှာ ဒုတိယအကြိမ်မြောက် ဆေးသင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ 


ဒီသင်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဌာနချုပ် စစ်ဆေးဌာနနဲ့ B.P.H.W.T အဖွဲ့အစည်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံးက အုပ်ချုပ်ရေးဆိုင်ရာ ခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာ အရာရှိများနဲ့ရဲဘော်များ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ - KNSO က ခေါင်းဆောင်များ၊ ကျောင်းသားတပ်မတော် ABSDF က အရာရှိတွေနဲ့ရဲဘော်များ၊ NGLP မျိုးဆက်သစ်ကျောင်းက ကျောင်းသားတွေတက်ရောက်ခဲ့ပြီး ဒေါက်တာ ကိုကိုနိုင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 


အဆိုပါဆေးသင်တန်းမှာ အောင်မြင်ခဲ့တဲ့ သင်တန်းသား ၁၈ ဦးနဲ့ သင်တန်းသူ ၂၂ ဦးကို သက်ဆိုင်ရာတာဝန်ရှိ သူတွေက အောင်လက်မှတ်တွေ ဂုဏ်ပြုချီးမြင့်ခဲ့တယ်လို့လည်း အသိပေးပါတယ်။ 


ဒီအခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး-ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး- ပဒိုစောလှထွန်း၊ ကရင်အမျိုးသားအစည်းအရုံး-ဗဟို ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟိုစစ်ဌာနချုပ် တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းဖန်းလုံ့ဟိန်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟိုစစ်ဌာနချုပ် စစ်ဆေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်စေးဒေးကဲ၊ (KNLA) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ- ဆေးဌာနတာဝန်ခံ - ဗိုလ်ကြီးစောအဲမှီ၊ ကရင်နီအမျိုးသားအစည်းလုံးညီညွတ်‌ရေးအဖွဲ့ (KNSO) မှ စောမူးလာ တို့က ကျောင်းသူ ကျောင်းသား တွေကို ဂုဏ်ပြုအားပေးစကားပြောကြားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှား


ဇန်နဝါရီလ ၇ရက်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားခဲ့ပါတယ်။


ဇန်နဝါရီလ ၇ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို လှုပ်ရှားကျင်းပခဲ့တယ်လို့ Free Burma Action Committeeကဖော်ပြပါတယ်။


"ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ နှစ်ဆယ့်လေးမှာ အပြီးရုန်းစို့" ခေါင်းစဥ်ဖြင့် ဆန်ဖရန်စစ္စကိုမြို့ City Hall ရှေ့တွင်ကျင်းပခဲ့ပါတယ်။


လူထုသပိတ်ဆန္ဒပြပွဲကို  Free Burma Action Committee-Northern California က ဦးဆောင်ကာ နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မျိုးဆက်သစ်လူငယ်ကျောင်းသားများနှင့် ထောက်ပို့ပြည်သူများတက်ရောက်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့် က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment