4th FEB 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ α€–ေα€–ေါ်ဝါα€›ီα€œ ( ၄ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ ထာဏာα€žိα€™်း α€žုံးα€”ှα€…်ထတွင်း ချင်းα€œူα€™ျိုး ၆၀၀ α€€ျော် α€‘α€žα€€်ဆုံးα€›ှုံး

 

α€™ြα€”်α€™ာα€…၊α€…်တပ် ထာဏာα€žိα€™်းတဲ့ α€žုံးα€”ှα€…်ထတွင်း ချင်းα€œူα€™ျိုး α†ααˆ ဦး α€‘α€žα€€်ဆုံးα€›ှုံးခဲ့α€›α€α€š်α€œို့ ချင်းα€›ေးα€›ာထဖွဲ့ချုပ် (ICA) α€€ α€–ေα€–ော်ဝါα€›ီ ၁ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€™ှ ထာဏာα€žိα€™်းပြီး ၃ α€”ှα€…်တာထတွင်း ချင်းထမျိုးα€žားα€™ျားထပေါ် α€œူ့ထခွင့်ထရေးချိုးα€–ောα€€်α€™ှုα€”ဲ့ ချင်းပြα€Š်α€”α€š်ထပေါ် α€›ိုα€€်ခတ်α€™ှုထစီရင်ခံα€…ာα€™ှာ ထခုα€œိုα€–ော်ပြတာပါ။

 

ချင်းပြα€Š်၊ တွα€”်းဇံα€™ြို့α€”α€š် ၃ α€₯ီး၊ တီးတိα€”်α€™ြို့α€”α€š် ၃၉ α€₯ီး၊ α€–α€œα€™်းα€™ြို့α€”α€š် ၆၉ α€₯ီး၊ ထန်α€α€œα€”်α€™ြို့α€”α€š် ၆၄ α€₯ီး၊ α€Ÿားခါးα€™ြို့α€”α€š် ၇၇ α€₯ီး၊ မတူပီα€™ြို့α€”α€š် ၇၂ α€₯ီး၊ မင်းတပ်α€™ြို့α€”α€š် α‰αˆ α€₯ီး၊ α€•α€œα€€်ဝမြို့α€”α€š် ၁၀ α€₯ီးα€”ဲ့ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š် ၁၃ α€₯ီးတို့ α€–ြα€…်ပါα€α€š်။

 

α€’ါ့ထပြင် ချင်းပြα€Š်ပြင်ပရှိ ချင်းထမျိုးα€žားတွေα€”ေထိုင်တဲ့ α€…α€…်α€€ိုင်း၊ α€™α€€ွေး၊ α€›α€”်α€€ုα€”်၊ α€™α€”္α€α€œေးα€”ဲ့ ထခြားα€’ေα€žα€€ ချင်းထမျိုးα€žား α€žေဆုံးα€™ှု ၁၇၃ α€₯ီးထထိ α€›ှိα€α€š်α€œို့ α€–ော်ပြထားပါα€α€š်။

 

α€‘α€žα€€်ဆုံးα€›ှုံးα€›α€žူ α†ααˆ ဦးထဲα€™ှာ ထရပ်α€žားပြα€Š်α€žူα€”ဲ့ α€…α€…်α€€ောင်α€…ီα€€ို α€œα€€်α€”α€€်α€€ိုင် ခုခံတော်α€œှα€”်တဲ့ ချင်းတော်α€œှα€”်α€›ေးတပ်α€–ွဲ့ဝင် ပါဝင်α€α€š်α€œို့ (ICA) α€€ ပြောပါα€α€š်။

 

ထရပ်α€žားα€žေ၊ဆုံးα€™ှု α€…ာရင်းα€™ှာတော့ α€…α€…်α€€ောင်α€…ီα€€ ပြα€Š်ပရန်α€žူα€žα€–ွα€š် α€œေα€€ြောင်းα€‘α€žုံးပြု ထကြα€™်းα€–α€€်တာ၊ α€™ြေα€™ြှပ်α€™ို၊င်းထောင်တာ၊ α€…ွပ်α€…ွဲα€–α€™်းဆီးα€”ှိပ်α€…α€€်ခံα€›α€œို့α€žေ၊ဆုံးတာ၊ α€œူα€žားα€’ိုင်းထဖြα€…်α€–α€™်းဆီး α€ž၊တ်α€–ြ၊တ်ခံရတာတွေ ပါဝင်ပါα€α€š်။

 

α€žုံးα€”ှα€…်ထတွင်း ချင်းပြα€Š်တခုα€œုံးα€™ှာ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုပေါင်း αˆα„ α€€ြိα€™်ထက်α€™α€”α€Š်းခံရပြီး ပြα€Š်α€žူပိုင်α€”ေထိα€™်α€”ဲ့ α€˜ာα€žာα€žာα€›ေးထဆောα€€်ထထုံ ၂၀၀၀ α€€ျော် α€™ီးα€›ှို့α€–ျα€€်ဆီးခံထားရပါα€α€š်။

 

ထာဏာα€žိα€™်းα€€ာα€œ ၂ α€–α€€်တို၊α€€်ပွဲα€€ြောင့် α€”ေရပ်α€…ွα€”့်ခွာထွα€€်ပြေးα€”ေရတဲ့ ချင်းတိုင်းရင်းα€žား α€…ုα€…ုပေါင်း αˆα€α€α€α€ (α€›ှα€…်α€žောင်း) α€€ျော်α€›ှိα€”ေα€α€š်α€œို့α€œα€Š်း (ICA) α€€ ထုတ်ပြα€”်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α‚။ CDF α€€α€”်ပက်α€œα€€် တပ်ရင်း (၅) ရင်းကချင်းα€Šီα€”ောင်α€”ဲ့ထတူ α€œα€€်တွဲα€™α€š်α€œို့ဆို

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) တပ်ရင်း ၇ ခုထဲα€€ တပ်ရင်း ၅ ခုထနေα€”ဲ့ချင်းα€Šီα€”ောင်α€”ဲ့ ထတူα€œα€€်တွဲα€™α€š့် α€˜ုံα€žα€˜ောထား α€€ြေα€Šာချα€€်တစောင် ထုတ်ပြα€”်α€œာပါα€α€š်။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) Tumee တပ်ရင်း၊ Khonu တပ်ရင်း၊ Vakok တပ်ရင်း၊ Victoria တပ်ရင်းα€”ဲ့ Mahuyar တပ်ရင်း ၅ ခုα€€ ၂၀၂၄ ဇန်နဝါα€›ီ ၃၁ α€›α€€်α€”ေ့ α€›α€€်α€…ွဲα€”ဲ့ ထခုα€œို ထုတ်ပြα€”်α€œာတာပါ။

 

ချင်းα€Šီα€”ောင်α€Ÿာ ချင်းပြα€Š် α€…α€…်α€›ေး၊ α€”ိုင်ငံα€›ေးα€€ိα€…္စထဝဝကို ပူးပေါင်းα€€ိုင်တွα€š်α€–ို့ ZFU/PDF Zoland, CNC - Mindat/CDF Mindat, CNO/CNDF တို့α€€ ၂၀၂၃ ခုα€”ှα€…် α€’ီဇင်α€˜ာα€œα€™ှာ စတင်α€–ွဲ့α€…α€Š်းα€€ြောင်းα€€ြေα€Šာတဲ့ ထဖွဲ့α€–ြα€…်ပါα€α€š်။

 

တဖက်α€™ှာ Maraland Territorial Council (MTC/MDF) ထနေα€”ဲ့ ချင်းα€Šီα€”ောင်α€™ှာ ပူးပေါင်းပါဝင်α€œာတဲ့ ပူးတွဲ α€€ြေα€Šာချα€€်တစောင် ဇန်နဝါα€›ီ ၃၁ α€›α€€်α€€ ထုတ်ပြα€”်တာ α€›ှိပါα€α€š်။

 

ထခု ချင်းα€Šီα€”ောင်α€™ှာ ပူးပေါင်းα€œα€€်တွဲα€–ို့ ထုတ်ပြα€”်တဲ့ CDF – Kanpetlet, CDF – Mindat, CNO/CNDF, ZFU/PDF – Zoland α€œေးα€–ွဲ့α€Ÿာ ၂၀၂၁ ဩဂုတ်α€œα€€α€α€Š်းα€€ α€™α€Ÿာα€™ိတ်α€–ွဲ့α€…α€Š်းထားα€€ြတဲ့ ထင်ထားα€…ုတွေ α€–ြα€…်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ αƒ။ α€€α€”်ပက်α€”α€š်α€™ြို့α€”α€š်α€™ှာ α€šာဉ်α€™ောင်းထရပ်α€žား ပ၊α€…်α€žα€်ခံα€›၊ α€…ုံα€…α€™်းα€…α€…်ဆေးα€™ှုတွေ ပြုα€œုပ်α€žွားα€™α€š်α€œို့ဆို

 

α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်၊ တိုα€€်α€”α€š်ထမှတ် (၅) α€™α€€ြားα€€ျေးα€›ွာထုပ်α€…ု၊ α€œုံα€˜ောα€€်α€€ျေးα€›ွာα€”α€š်ထဲα€™ှာ α€€ားα€”ှα€…်α€…ီး α€‘α€™α€Š်α€™α€žိα€œα€€်α€”α€€်α€€ိုင်တချို့α€›ဲ့ ပစ်ခ၊တ်α€™ှုα€€ြောင့် α€šာဉ်α€™ောင်း ထရပ်α€žား ၁ ဦး ပွဲချင်းပြီး α€žေဆုံးα€™ှုα€–ြα€…်စဉ် ဇန်နဝါα€›ီ ၂၇ α€›α€€်α€”ေ့α€€ α€–ြα€…်ပွားခဲ့α€α€š်α€œို့ CDF - Kanpetlet α€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

α€žေဆုံးα€žူα€Ÿာ ထရပ်α€žား ထမျိုးα€žားα€œို့α€žိရပြီး ထခြားα€”ောα€€်ဆက်တွဲ ထိခိုα€€်α€™ှုတွေ α€™α€žိα€›α€žေးပါα€˜ူး။

ခရီးα€žွား ထရပ်α€žားတွေα€€ို ပစ်α€™ှတ်ထား ပ၊α€…်ခတ်တာα€™ျိုးα€€ို ပြင်းပြင်းထန်ထန်α€›ှုပ်ချပြီး ထမှုα€™ှα€”်ပေါ်ပေါα€€်α€›ေးထတွα€€် α€…ုံα€…α€™်းα€…α€…်ဆေးα€™ှုတွေ ပြုα€œုပ်α€žွားα€™α€š်α€œို့ CDF - Kanpetlet α€€ ပြောပါα€α€š်။

 

α€€α€”်ပက်α€œα€€်α€”α€š်ထတွင်း ခရီးα€žွားပြα€Š်α€žူတွေ α€œုံခြုံα€…ိတ်ချခရီးα€žွားα€œာα€”ိုင်α€–ို့ ထူးခြားα€–ြα€…်စဉ်တွေα€›ှိα€œာရင် α€žα€€်ဆိုင်α€›ာα€€ို ထကြောင်းα€€ြားပေးα€€ြα€–ို့ α€‘α€žိပေးထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α„။ α€žာα€™α€”်ထ‌ခြေထ‌α€”ေ α€™α€Ÿုတ်α€žေးတာα€€ြောင့် ထရေးပေါ်α€€ာα€œ ၆ α€œ ထပ်တိုးတာα€œို့ α€…α€…်ခေါင်းဆောင်ပြော

 

α€…α€…်ထုပ်ချုပ်α€›ေး ထရေးပေါ်α€€ာα€œ α€žα€်α€™ှတ်ပြီး α€žα€€်တမ်းတိုး ထုပ်ချုပ်α€œာα€”ေတဲ့ α€…α€…်α€€ောင်α€…ီα€Ÿာ ထခုα€”ောα€€်ထပ် ၆ α€œ α€žα€€်တမ်းတိုးα€œိုα€€်ပြီα€œို့ (ဇန် ၃၁) α€€ α€€ြေα€Šာပါα€α€š်။ 

 

ထရေးပေါ်α€€ာα€œ ၆ α€œ α€žα€€်တမ်းα€€ို ထကြိα€™်α€€ြိα€™် တိုးα€œာခဲ့တာα€–ြα€…်ပြီး α€’ီတကြိα€™်α€Ÿာ ၅ α€€ြိα€™်α€™ြောα€€် α€–ြα€…်ပါα€α€š်။

 

တိုင်းရင်းα€žားα€”α€š်α€™ြေတွေα€™ှာ တိုα€€်ခိုα€€်α€™ှုတွေα€›ှိα€”ေ‌‌α€žေးတာ၊ α€™ူးα€šα€…်ဆေးဝါးထုတ်α€œုပ်α€›ောင်းချα€™ှုα€”ဲ့ ထွα€”်α€œိုင်းα€œိα€™်α€œα€Š်α€™ှု ( α€€ျားα€–ြα€”့်)‌ α€™ှုတွေα€€ို α€”ှိα€™်နင်းα€–ို့၊ ပါတီα€…ုံα€’ီα€™ိုα€€α€›ေα€…ီထထွေထွေ α€›ွေးα€€ောα€€်ပွဲ α€€ျင်းပဖို့ α€žα€”်းခေါင်းα€…ာရင်းα€€ောα€€်α€šူα€–ို့တွေα€€ို ဆက်α€œုပ်α€–ို့α€œိုထပ်တဲ့ထတွα€€် ပုα€’်α€™ ၄၂၅ ထရ α€žာα€™α€”်‌ထခြေထနေ α€™α€Ÿုတ်တာα€€ြောင့် α€œိုထပ်ချα€€်α€”ဲ့ α€œုပ်ဆောင်α€›α€™α€š့်ထချα€€်တွေα€€ြောင့် ထာဏာα€žα€€်တမ်းဆက်α€šူတာα€œို့ α€…α€…်α€€ောင်α€…ီထုတ်ပြα€”်ချα€€်ထဲ α€–ော်ပြပါα€α€š်။

 

ချင်းထမျိုးα€žားတပ်ဦး (CNF) ကရင်α€”ီထမျိုးα€žားတိုးတက်α€›ေးပါတီ (KNPP) ကရင်ထမျိုးα€žားα€‘α€…α€Š်းထရုံး (KNU) α€”ဲ့ ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› (NUG) ကတော့ α€™ြα€”်α€™ာα€…α€…်တပ် α€”ိုင်ငံα€›ေးထဲပါဝင်တာ ထဆုံးα€žα€်α€–ို့ထပါထဝင် ဦးα€α€Š်ချα€€် ၆ ချα€€် α€œα€€်ခံရင် တွေ့ဆုံဆွေးα€”ွေးα€™α€š်α€œို့ α€žα€α€„်းထုတ်ပြα€”်ထားပါα€α€š်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment