4th FEB 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Cholletနှင့် NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ ဆွေးနွေး

📌 ၂။ နယူးယောက်မြို့တွင်ကျင်းပသောခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု နှစ်ပြည့်လူထုစုဝေးပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်အားပေး

📌 ၃။ နွေဦးတော်လှန်ရေး နှစ်ပြည့်နှစ်ပတ်လည်နေ့ ဝါရှင်တန်ဒီစီ အိမ်ဖြူတော်ရှေ့ ဆန္ဒထုတ်ဖော်ရာ ဒုဝန်ကြီး ဦးမိုးဇော်ဦးတက်ရောက်အားပေး

📌 ၄။ တိုက်ပွဲတွင်ကျဆုံးခဲ့သောပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော် (၆၁)   ဦးအတွက် သိန်း၆၀၀ ကျော်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကျန်ရစ်သူမိသားစုများထံ  ထောက်ပံ့ပေးအပ်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပျက်ကျနေသော စစ်တပ်ရဟက်ယာဉ်တစင်းနှင့်အတူ အောင်ပွဲခံနေသော AA ရဲဘော်များ မှတ်တမ်းဓာတ်ပုံ ညီနောင် ဖွဲ့ ထုတ်ပြ

🚩 ၂။ PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်သဖြင့် သံဃာအပါး ၅ဝဝ ကျော် သီတင်းသုံး သည့် စာသင်တိုက်ပျက်စီး

🚩 ၃။ အကြမ်းဖက်စစ်တပ် နှင့် SNA ပူးပေါင်းတပ်ဖွဲ့များ အင်အား (၄၀၀) ဖြင့် ရွှေပြည်အေးမြို့အားပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အလုံးအရင်းထိုးစစ်ဆင်ခဲ့သော်လည်း အကျအရှုံးများ၍ မြို့မှ ခွာစစ်ဆင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Cholletနှင့် NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ ဆွေးနွေး


ဖေဖော်ဝါရီ၄ရက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Cholletနှင့် NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ 

ဖေဖော်ဝါရီ၂ရက်နေ့ Twitterမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Cholletကလည်း အသိပေးရေးသားထားပါတယ်။


 "EROs နှင့် မကြာသေးမီက ပူးတွဲထုတ်ပြန်ချက်အပါအဝင် အဓိကသက်ဆိုင်သူများနှင့် NUG ညှိနှိုင်းဆောင်ရွက်မှုကို ကြိုဆိုပါတယ်။ မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ဒီမိုကရေစီရရှိရေး မျှဝေအမြင်ကို ပံ့ပိုးရန် အဓိကအခိုက်အတန့်"လို့ရေးသားထားပါတယ်။


နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အမေရိကန် နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့တွေ့ဆုံခဲ့တယ်လို့လည်း နိူင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ  Twitterမှာရေးသားဖော်ပြထားပါတယ်။


========================


📌📌 ၂။ နယူးယောက်မြို့တွင်ကျင်းပသောခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု နှစ်ပြည့်လူထုစုဝေးပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်အားပေး


ဖေဖော်ဝါရီ ၄ရက်


နယူးယောက်မြို့တွင်ကျင်းပသောခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု နှစ်ပြည့်လူထုစုဝေးပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်အားပေးခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Time Square ရင်ပြင်တွင်  ခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု နှစ်ပြည့်လူထုစုဝေးပွဲကို ဒေသစံတော်ချိန် ယနေ့ ဖေဖော်ဝါရီ ၃ရက် နေ့လည် ၂နာရီမှ ညနေ ၄နာရီအထိ NYCBC အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ပြီး မြန်မာ့နွေဦး တော်လှန်ရေးနှင့်ပတ်သက်ပြီးနိုင်ငံတကာ၏သဘောထားများ ဆက်လက်လုပ်ဆောင်နေသော ကိစ္စရပ်များ သိသင့်သိထိုက်သည်များကို တက်ရောက်လာသော ပြည်သူလူထုအားရှင်လင်းပြောကြားခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုတန်းပြည်နယ်တော်တော်များများက တက်ရောက်ခဲ့သော အဆိုပါလူထုစုဝေးတွင် အာဏာသိမ်းစစ်တပ်အား မြန်မာပြည်တွင်းမှ ပထဆုံး လူထုဆန့်ကျင်လှုပ်ရှားမှုဖြစ်သော သံပုံးတီးသပိတ်ကို ပြည်လည်အသက်သွင်း ပုံဖော်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေး နှစ်ပြည့်နှစ်ပတ်လည်နေ့ ဝါရှင်တန်ဒီစီ အိမ်ဖြူတော်ရှေ့ ဆန္ဒထုတ်ဖော်ရာ ဒုဝန်ကြီး ဦးမိုးဇော်ဦးတက်ရောက်အားပေး


ဖေဖော်ဝါရီ၄ရက်


နွေဦးတော်လှန်ရေး နှစ်ပြည့်နှစ်ပတ်လည်နေ့ ဝါရှင်တန်ဒီစီ အိမ်ဖြူတော်ရှေ့ ဆန္ဒထုတ်ဖော်ရာ ဒုဝန်ကြီး ဦးမိုးဇော်ဦးတက်ရောက်အားပေးခဲ့ပါတယ်။


ဖေဖော်ဝါရီ၃ရက်နေ့ နွေဦးတော်လှန်ရေး နှစ်ပြည့်နှစ်ပတ်လည်နေ့အဖြစ်အမေရိကန် နိူင်ငံဝါရှင်တန်ဒီစီမှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အအခမ်းအနားသို့ NUGနိူင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦးတက်ရောက်ကာ ဟောပြောအားပေးခဲ့ပါတယ်။


ထို့နောက်မြန်မာအင်အားစုများက စစ်အာဏာရှင်အုပ်စုကိုဖိအားပေးအရေးယူမှုများအမေရိကန်အစိုးရကလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြပါတယ်။


========================


📌📌 ၄။ တိုက်ပွဲတွင်ကျဆုံးခဲ့သောပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော် (၆၁)   ဦးအတွက် သိန်း၆၀၀ ကျော်အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာနကျန်ရစ်သူမိသားစုများထံ  ထောက်ပံ့ပေးအပ်


ဖေဖော်ဝါရီ၄ရက်


တိုက်ပွဲတွင်ကျဆုံးခဲ့သောပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော် (၆၁)   ဦးအတွက် သိန်း၆၀၀ ကျော်အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာနကျန်ရစ်သူမိသားစုများထံ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်းကို ဖေဖော်ဝါရီ၃ရက်မှာ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"နွေဦးတော်လှန်ရေးအတွင်း အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်  ပေါ်ပေါက်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီအား    ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ခိုက်ရင်း  မြင့်မြတ်စွာကျဆုံးခဲ့ရသော     ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊   ကာကွယ်ရေးဝန်ကြီး ဌာနမှ    ဦးညွှတ်ဂုဏ်ပြုလွှာနှင့်   ချီးမြှင့်ထောက်ပံ့ငွေကျန်ရစ်သူမိသားစုများထံပေးအပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ကျဆုံးရဲဘော်များအတွက် တစ်ဦးလျင်ကျပ်ဆယ်သိန်းပေးအပ်  လျက်ရှိရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော် (၆၁)   ဦးအတွက်   သိန်းခြောက်ရာ့  တစ်ဆယ်)ကျပ်ကို  ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ  ကျန်ရစ်သူမိသားစုများထံ  ထောက်ပံ့ပေး  အပ်ပြီးဖြစ်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ပျက်ကျနေသော စစ်တပ်ရဟက်ယာဉ်တစင်းနှင့်အတူ အောင်ပွဲခံနေသော AA ရဲဘော်များ မှတ်တမ်းဓာတ်ပုံ ညီနောင် ဖွဲ့ ထုတ်ပြ


တောတွင်းတနေရာမှာ ပျက်ကျပြီး ပျက်စီးနေတဲ့ စစ်တပ်ရဟက်ယာဉ်တစင်းနဲ့အတူ အောင်ပွဲခံနေတဲ့ ရခိုင့် တပ်တော်က တပ်ဖွဲ့ဝင်တွေပါတဲ့ ဓာတ်ပုံမှတ်တမ်းကို ညီနောင်မဟာမိတ် ဖွဲ့က ၁ဝ၂၇ စစ်ဆင်ရေး ရက် ၁ဝဝ ပြည့်နေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ 

ဖေဖော်ဝါရီလ ရက်နေ့ညပိုင်းကထုတ်ပြန်တဲ့ ၁ဝ၂၇ စစ်ဆင်ရေး ရက် ၁ဝဝ ပြည့် စစ်ရေးသတင်းတွေမှာတော့  အဆိုပါစစ်ရဟက်ယာဉ်နဲ့ပတ်သက်ပြီး ယနေ့ မွန်းတည့်ချိန်အထိ ညီနောင် ဖွဲ့က အသေးစိတ်အခြေအနေကို အသိပေးဖော်ပြထာခြင်း မရှိသေးပါဘူး။

ပျက်ကျပြီး ပျက်စီးနေတဲ့ စစ်တပ်ရဟက်ယာဉ်နဲ့အတူ အောင်ပွဲခံနေတဲ့ ရခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တွေပါတဲ့ မှတ်တမ်းပုံကို ညီနောင်မဟာမိတ် ဖွဲ့ဘက်က ထုတ်ပြလိုက်တာဟာ စစ်ကောင်စီအရှိုက်ကိုထိုးနှက်လိုက်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ 

အဆိုပါစစ်ရဟက်ယာဉ်ဟာ Mi 17 လို့ခေါ်တဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ 

ရခိုင်ဘက်ကလာတဲ့ စစ်ရေးသတင်းတွေအရ ဒီရဟက်ယာဉ်ဟာ ရမ်းဗြဲမြို့နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲတွေမှာ ပစ်ချခံလိုက်ရတဲ့ စစ်ရဟက်ယာဉ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်သဖြင့် သံဃာအပါး ၅ဝဝ ကျော် သီတင်းသုံး သည့် စာသင်တိုက်ပျက်စီး


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် သံဃာအပါး ၅ဝဝ ကျော် သီတင်းသုံးနေတဲ့ ဇဝနာရာမပရိယတ္တိ စာသင်တိုက်က အဆောက်အအုံအချို့ ပျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ရက်နေ့က မြေပြင်မှာတိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက တနေကုန်နီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ သလို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် ဆီဆိုင်မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်က အဆောက်အအုံအချို့ပျက်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဇဝနာရာမပရိယတ္တိစာသင်တိုက်ဟာ ပအိုဝ်းဒေသတွင်းမှာ အကြီးဆုံး စာသင်တိုက်ဖြစ်ပြီး သံဃာအပါး ၅ဝဝ ကျော်ကို ဗုဒ္ဓစာပေတွေသင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းဖြစ်တယ်လို့ ပြောပါတယ်။

အေးချမ်းစွာသာသနာပြုနေတဲ့ စာသင်တိုက်ဖြစ်တာကြောင့် ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်နေတဲ့ ဘုန်းကြီးကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်တဲ့ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးကို စစ်ကောင်စီက ဗုံးကြဲ ဖျက်စီးခြင်းဟာ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကိုဖျက်စီးတဲ့လုပ်ရပ်ဖြစ်ပြီး ပအိုဝ်းတမျိုးသားလုံး၏ နှလုံးသည်းအူကို မီးရှို့တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း PNLA က ပြောပါတယ်။

စစ်ကောင်စီက ဗုံးကြဲဖျက်စီးခဲ့တဲ့ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးဟာ တိုက်ပွဲဖြစ်ပွားရာနေရာလည်းမဟုတ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာလည်း မဟုတ်ဘူးလို့ သိရပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်‌ပြီး စစ်ကောင်စီဘက်က တိုက်ခိုက်နေတာကြောင့် လက်ရှိမှာ ဘုန်းကြီးကျောင်း ကျောင်း၊ ဓမ္မာရုံ တခု၊ ဘုရားရှိခိုးကျောင်း ကျောင်း၊ စာသင်ကျောင်းတကျောင်းနဲ့ မိဘပြည်သူတွေရဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီဖြစ်တယ်လို့လည်း PNLA မှတ်တမ်းတွေအရ သိရပါတယ်။

ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်နဲ့အပေါင်းအပါတေါဟာ ၎င်းတို့အာဏာတည်မြဲရေးအတွက် ပြည်သူများရဲ့ ကိုးကွယ်ယုံကြည်မှုများ၊ အိုးအိမ်စည်းစိမ်များကို အညှာအတာကင်းမဲ့စွာ ဖျက်စီးနေသူများဖြစ်တာကို တွေ့မြင်နေရတယ် လို့ ပြောပါတယ်။

ဒါ့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA အနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး မိဘပြည်သူ များနဲ့အတူ ဆက်လက်ချီတက်သွားမှာဖြစ်ပြီး သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အဆုံးသတ် ရေး သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်တပ် နှင့် SNA ပူးပေါင်းတပ်ဖွဲ့များ အင်အား (၄၀၀) ဖြင့် ရွှေပြည်အေးမြို့အားပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အလုံးအရင်းထိုးစစ်ဆင်ခဲ့သော်လည်း အကျအရှုံးများ၍ မြို့မှ ခွာစစ်ဆင်


ဖေဖော်ဝါရီ၄ရက်


အကြမ်းဖက်စစ်တပ် နှင့် SNA ပူးပေါင်းတပ်ဖွဲ့များ အင်အား (၄၀၀) ဖြင့် ရွှေပြည်အေးမြို့အားပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အလုံးအရင်းထိုးစစ်ဆင်ခဲ့သော်လည်း အကျအရှုံးများ၍ မြို့မှ ခွာစစ်ဆင်သွားခဲ့တယ်လို့ဆိုပါတယ်။


ဖေဖော်ဝါရီ၄ရက် ခန္တီးခရိုင် အမှတ် တပ်ရင်းကစစ်ရေးသတင်းကိုအသိပေးဆိုပါတယ်။


ဇန်နဝါရီ ၂၃ရက် မှစတင်ပြီး အကြမ်းဖက်စစ်တပ် နှင့် SNA ပူးပေါင်းတပ်ဖွဲ့များ ခန့်မှန်း အင်အား (၄၀၀) ဖြင့် ရွှေပြည်အေးမြို့အားပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အလုံးအရင်းထိုးစစ်ဆင်ခဲ့တယ်လို့ဆိုပါတယ်။


ရွှေပြည်အေးမြို့အားစကစတပ်များ ဝင်လျင်ဝင်ချင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏ ပိုင်းဖြတ်တိုက်ခိုက်မှုခံရပြီး စစ်ကောင်စီတပ်များ ပထမနေ့တွင်ပင် စစ်ဦးကျိုးကာ တပ်လှန်သွားခဲ့ပြီး ကာကွယ်ရေးတပ်များ ဝိုင်းပတ်တပ်ဖြန့်ထားသည့်အနေအထားတွင် ရန်သူမှ နှစ်ကြိမ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ၏ စုစည်းညီညွတ်မှုဖြင့် ရန်သူ့ထိုးစစ်အား ဟန့်တားနိုင်ခဲ့တယ်လို့ဆိုပါတယ်။


ဖေဖော်ဝါရီ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ရန်သူ့ပူးပေါင်းစစ်ကြောင်းသည် ရွှေပြည်အေးမြို့အား ခွာစစ်ဆင် တပ်ဆုတ်သွားခဲ့ပြီး၁၀ရက် ကြာတိုက်ပွဲအတွင်း ရန်သူခြေကုပ်ယူခဲ့သောနေရာများတွင် မြေမြှုပ်ထားသော ရန်သူ့အလောင်း (၁၅) လောင်း နှင့် ထိခိုက်ဒဏ်ရာရ (၄၀) ဝန်းကျင်ရှိကြောင်း သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment