10th MAR 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ စစ်တွေမြို့ရှိ မွတ်ဆလင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရ 

🚩၂။ မင်းပြား တိုင်းဗဟို အုပ်ချုပ်ရေးဌာနမှူး ဒုဗိုလ်မှူးကြီးနှင့်အဖွဲ့ဝင်များကို အသေဖမ်းမိဟု AA အသိပေး

🚩၃။ တာမခန်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖားကန့်အဝင်လမ်းများကို KIA ထိန်းချုပ် 

🚩၄။ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးမှုအတွက် ဦးဆောင်နေသည့် MEC အရာရှိများ၏ မြ၀တီရိပ်သာအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်

🚩၅။ မြင်းမူရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲတဦးသေဆုံးကာ ရဲများ၏ ပစ်ခတ်မှုကြောင့် အရပ်သား တဦးသေဆုံးခဲ့ရ

🚩၆။ ချောင်းဦးနယ် ခရေဖြူအထိုင်စခန်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ဂိတ်စခန်းမီးလောင်ကာ စစ်သား ဦးသေဆုံး

🚩၇။ ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးများ အရေးပေါ် လိုအပ်နေ

🚩၈။ အသက်မပြည့်သေးသူ မိန်းကလေးတဦးအား ကာမလိမ်လည်ရယူခဲ့သည့် အမျိုးသား ဦးကို မုံရွာပလဖ ဖမ်းဆီး


========================


🚩🚩၁။ စစ်တွေမြို့ရှိ မွတ်ဆလင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရ 

 

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့တွင်းက မွတ်ဆလင်ရပ်ကွက်ထဲကို မတ်လ ရက်နေ့ည နာရီကျော်အချိန်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင် ဦးသေဆုံးပြီး ၁၂ ဦးပြင်းထန်ဒဏ်ရာများ ရရှိသွားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ 


စက်ရုံစုရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်းအမှတ် ၁၂ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် လုံး ထဲက တလုံးဟာ မွတ်ဆလင်လူမျိုးများနေထိုင်ရာ ကသဲရွာရပ်ကွက်နဲ့ အင်ဘာလာရပ်ကွက်ကြားမှာ ကျရောက်ပေါက်ကွဲခဲ့ တာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Western News မှာ ဖော်ပြထားပါတယ်။


အဆိုပါလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ဖနရာမှာ ဦးသေဆုံးကာ ဦးက ဆေးရုံ မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။ 


ထို့အပြင် ဒဏ်ရာရသွားတဲ့ ၁၂ ဦးကလည်း စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး အသက်အန္တရယ် စိုးရိမ်ရ တဲ့သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ 


သေဆုံးသူထဲမှာ သက်ကြီးပိုင်း၂ဦးနှင့် ကလေး၂ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေဟာ အမျိုးသမီးတွေ အများစုပါဝင် နေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း ပြည်တော်သာရပ်ကွက်မှာရှိတဲ့ စစ်တွေရေတပ်စခန်းက စစ်တွေမြို့မဈေးကြီး  လူစည်ကားနေချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။

 

အကြမ်းဖက်စစ်ကောင်စီက စစ်တွေမြို့တွင်းသို့ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတာကြောင့် မြို့တွင်းက ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာနေရာတွေကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ မင်းပြား တိုင်းဗဟို အုပ်ချုပ်ရေးဌာနမှူး ဒုဗိုလ်မှူးကြီးနှင့်အဖွဲ့ဝင်များကို အသေဖမ်းမိဟု AA အသိပေး

 

ရခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မင်းပြားမြို့ ကမ်းနီရွာအနီးမှာရှိတဲ့ အမှတ် တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကနေ ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးဌာနမှူး ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနဲ့ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင် များစွာကို အသေဖမ်းမိခဲ့တယ်လို့ AA က ယနေ့မနက်ပိုင်းမှာ အသိပေးထုတ်ပြန် လိုက်ပါတယ်။

ကျောက်တော်၊ တပ်မဌာနချုပ်နဲ့ တိုင်းဗဟို လို့ခေါ်တဲ့ အမှတ် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအပါအဝင် အခြားသောနေရာတွေကနေထွက်ပြေးပြီး လွတ်မြောက်ဖို့ကြိုးစားနေကြသူတွေထဲက အချို့ကို နေ့စဉ်နဲ့အမျှ ဖမ်းဆီးရမိနေ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တိုင်းဗဟို ကနေ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက အပြစ်မဲ့ အရပ်သား ၂၀ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ဆိုပါတယ်။


လက်ရှိမှာ အဆိုပါဓားစာခံတွေကို ရခိုင့်တပ်တော်က ကယ်တင်နိုင်ခဲ့ပြီး ဓားစာခံတွေကို ဦးဆောင်ခေါ်ယူသွားတဲ့ တိုင်းဗဟို အုပ်ချုပ်ရေးဌာနမှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနဲ့ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို မတ်လ ရက် မနက် ပိုင်းမှာ အသေဖမ်းမိခဲ့တာလို့ သိရပါတယ်။ 


ရခိုင့်တပ်တော်အနေနဲ့ မိမိတို့သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်တွေကိုတခုပြီးတခု ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့စခန်းတွေကနေ ခြေဦးတည့်ရာ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိဖို့ လည်း ကြိုးပမ်းနေတယ်လို့ အသိပေးထားပါတယ်။

ကစဉ့်ကလျားထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောတောင်တွေထဲမှာ အုပ်စုငယ်များ သို့မဟုတ် တဦးချင်းအနေနဲ့ ရှိနေနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ သတိထားသွားလာကြဖို့နဲ့ လုံခြုံရေးသတိရှိကြဖို့ AA က သတိပေးထားပါတယ်။


ရခိုင်ဒေသအတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်မနှောင်းခင် လက်နက်ချဖို့နဲ့ အလံဖြူထောင်ဖို့ ထပ်မံသတိပေးထားပြီး လက်နက်ချအညံ့မခံတဲ့စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း ကြေညာ ထားပါတယ်။ 


========================


🚩🚩၃။ တာမခန်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖားကန့်အဝင်လမ်းများကို KIA ထိန်းချုပ် 


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ တာမခန်ကျေးရွာက စစ်ကောင်စီရဲ့ ခမရ ၁၁၉ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက် ပြီးနောက် ဖားကန့်အဝင်လမ်းတွေကို KIA က ထိန်းချုပ်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တာမခန်မှာရှိတဲ့ စစ်ကောင်စီစခန်းကို KIA ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၁၃ ရက်ကြာ တိုက်ခိုက်ပြီး သိမ်းပိုက်ရရှိခဲ့ တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး တာမခန်ကျေးရွာက စစ်ကောင်စီရဲ့ ခမရ ၁၁၉ စခန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ် တွေက စတင်တိုက်ခိုက်ခဲ့ရာမှာ တာမခန်ကျေးရွာနယ်မြေရဲစခန်းကို အရင်သိမ်းပိုက်ခဲ့ပြီးမှ စစ်တပ်စခန်းကို မတ်လ ရက် နေ့ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ 


အခုလို ဖားကန့်ဘက်ကိုဝင်နိုင်တဲ့ အဝင်အထွက်လမ်းတွေကို KIA ကထိန်းချိန်ထားတာကြောင့် စစ်ကောင်စီဟာ ယနေ့မနက် ပိုင်းကစပြီး မိုးညှင်းမြို့နယ်ကို အင်တာနက် ဝိုင်ဖိုင်တွေ ဖြတ်တောက်ထားတယ်လို့ ဒေသတွင်းသတင်းတွေအဆိုအရ သိရပါတယ်။ 


လက်ရှိမှာလည်း KIA ရဲ့ လိုင်ဇာဌာနချုပ်အနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ တွေက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် တိုက်ပွဲတွေဆက်ရှိနေဆဲဖြစ်ပါတယ်။


========================


🚩🚩၄။ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးမှုအတွက် ဦးဆောင်နေသည့် MEC အရာရှိများ၏ မြ၀တီရိပ်သာအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်


လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရာမှာ အဓိက ဦးဆောင်နေတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း -MEC အရာရှိများ နေထိုင်ရာ မြ၀တီအရာရှိရိပ်သာအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖထံကနေ သိရပါတယ်။

ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် နာရီအချိန်မှာ စစ်ကောင်စီလက်အောက်ခံ MEC လေယာဉ်ဆီဌာနက အရာရှိ တွေ အများစုနေထိုင်ရာ ရန်ကုန်မြို့လယ်မှာရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းပေါ်က မြဝတီအရာရှိရိပ်သာကို ရန်ကုန်တိုင်းပကဖ အထူးတပ်ဖွဲ့က ပြင်းအားမြင့်ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။

အဲဒီနေရာဟာ စစ်တပ်ဧရိယာဖြစ်ပြီး အောင်ဆန်းကွင်းနဲ့ထွေအုပ်ရုံးတွေမှာ စစ်တပ်က တပ်စွဲထားသလို ဖောက်ခွဲတိုက်ခိုက် ခဲ့တဲ့ ဧရိယာအနီးမှာ စစ်တပ်ဈေးလည်းရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေအတွက် နေရာတိုင်း အချိန်မရွေးစစ်မြေပြင်ဖြစ်နိုင်တာကို အသိပေးလို တာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ယခုတိုက်ခိုက်မှုဟာ တိုင်းရင်းသားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးရာ မြန်မာ့စီးပွားရေး ကော်ပရေးရှင်း MEC က အရာရှိတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့လည်း ရန်ကုန်ပကဖ အထူးတပ်ဖွဲ့က အသိပေးထားပါတယ်။  

ရန်ကုန်ပကဖ အထူးတပ်ဖွဲ့ရဲ့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများတဲ့အတွက် ရန်ကုန်မြို့လယ် အထက် ပန်းဆိုးတန်းလမ်းကို စစ်တပ်ကပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့က စစ်ကောင်စီအဖွဲဝင်တွေရှိတဲ့နေရာတွေကို ရန်ကုန်တိုင်း ပကဖအပါအဝင်မြိုပြပြောက်ကျားအဖွဲ့တွေက အခုမတ်လထဲမှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။


========================


🚩🚩၅။ မြင်းမူရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲတဦးသေဆုံးကာ ရဲများ၏ ပစ်ခတ်မှုကြောင့် အရပ်သား တဦးသေဆုံးခဲ့ရ


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြို့မရဲစခန်းက ထွက်လာတဲ့ရဲတွေကို လက်ပစ်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ရဲတဦးသေဆုံးပြီး ရဲတေါရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတဦးသေဆုံးခဲ့ရတယ်လို့ True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

မတ်လ ရက်နေ့ ၁၀ နာရီခွဲခန့်က မြင်းမူမြို့မရဲစခန်းက ရဲ ဦး မြန်မာ့စီးပွားရေးဘဏ်ရုံးမှာ ကင်းချိန်းဖို့ ဆိုင်ကယ် စီးနဲ့ ထွက်လာရာ မြင်းမူမြို့ကျောက်တိုင်အနီးသို့ရောက်ရှိချိန်မှာ မြို့ပြပြောက်ကျားရဲဘော်တွေက လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရဲ ဦးစီးလာတဲ့ ဒုတိယမြောက်ဆိုင်ကယ်ကို ထိမှန်ခဲ့ပြီး ရဲတဦး ပွဲချင်းပြီးသေဆုံးကာ ဦး ပြင်းထန်ဒဏ်ရာရသွားတာကြောင့် ဆေးရုံပို့ဆောင်ထားရတယ်လို့လည်း True Fighter က အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကို TRUE Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့ နဲ့ ZERO ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် အိမ်တွင်းမှာ ထိုင်နေတဲ့အမျိုးသမီး တဦး ပေါင်ကိုကျည်ထိမှန်တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့အပြင် မတ်လ ရက် မနက် နာရီခွဲခန့်မှာ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဆိုင်ကယ်ပျက်ကိုလာယူချိန်မှာ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတဦး ကျည်ထိမှန်သေဆုံးခဲ့ရတာလို့ သိရပါတယ်။


========================


🚩🚩၆။ ချောင်းဦးနယ် ခရေဖြူအထိုင်စခန်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ဂိတ်စခန်းမီးလောင်ကာ စစ်သား ဦးသေဆုံး


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက ခရေဖြူဂိတ် အထိုင်စခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဂိတ်စခန်း မီးလောင် ပျက်စီးကာ စစ်သား ဦး သေဆုံးသွားတယ်လို့ ရွှေဘိုဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ 

အဆိုပါ ခရေဖြူဂိတ် စစ်တပ်အထိုင်စခန်းကို မတ်လ ရက် မွန်းတည့် ၁၂ နာရီအချိန်မှာ Shar Htoo Waw နည်းပညာသုံး ဒရုန်းလေယာဉ်နဲ့ ဗုံးသီး ၂၂ လု့း ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဂိတ်စခန်း မီးလောင်ပြာကျသွားပြီး စစ်သား ဦးသေဆုံးတဲ့အပြင် ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့လည်း အသိပေးထားပါတယ်။ 

မီးလောင်ပျက်စီးသွားတဲ့ စစ်တပ်ဂိတ်စခန်းကို ချောင်းဦးမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား စီးနဲ့ လာရောက်ငြှိမ်းသတ် ခဲ့သလို စစ်တပ်ဘက်က ၆ဝ မမ လက်နက်ကြီးနဲ့ ချက် ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်မိချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မုံရွာခရိုင် တပ်ရင်း FRF WTO PDF တပ်ရင်း မုံရွာခရိုင် တပ်ရင်း ၁၂ နဲ့ MSDF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။

စစ်ရေးအရှိန် ဆက်လက်မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ ထောက်ပို့ကူညီပေးကြဖို့ ရွှေဘိုဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၇။ ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးများ အရေးပေါ် လိုအပ်နေ


စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေစရာအိမ်မရှိတော့တဲ့ ကျေးရွာ ရွာက ပြည်သူတွေကို ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က မတ်လ ရက်နဲ့ ရက်နေ့တွေမှာ ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့တာနဲ့ပတ်သက်လို့ အခုလိုအသိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

သဲဘုတ်ကြီးရွာ၊ ရှိမ်းမကားရွာ၊ ရွာသစ်ရွာနှင့် အင်ဒေါင်းရွာမှ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်သောနေရာတွေကို CDM ကျန်းမာရေးဆရာ၊ ဆရာမတွေ သွားရောက်ကုသပေးခဲ့တာဖြစ်ပြီး အများစုဟာ အဖျားရောဂါခံစားနေရကာ ဆေးဝါး မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

မတ်လ ရက်နေ့က စစ်ဘေးရှောင် ၁၈ဝ ကျော်၊ မတ်လ ရက်နေ့မှာ စစ်ဘေးရှောင် ၂ဝဝ ကျော်ကို ဆေးကုသပေးခဲ့ပြီး ဆေးဝါးပြတ်လပ်သွားတာကြောင့် ရပ်ထားရတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ဘေးရှောင်တွေဟာ နေအိမ်မီးရှို့ဖျက်ဆီးခ့ရတာကြောင့် ဘုန်းကြီးကျောင်း၊မြစ်ကမ်းဘေးနဲ့တောတွေထဲမှာ တဲထိုးနေရ တာကြောင့် အပူရှပ်ပြီး အဖျားရာဂါခံစားနေကြရတာလို့လည်း သိရပါတယ်။ 

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ဆီးချိုသွေးချို၊ သွေးတိုးရောဂါခံစားနေရသူများရှိနေပြီး အနာကြီးရောဂါ ခံစားနေရသူ တွေလည်းတွေ့ရတယ်လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူအရေအတွက်များတာကြောင့် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ ရန်ပုံငွေနဲ့ မလုံလောက် တဲ့အတွက် ပြည်တွင်း ပြည်ပကအလှူရှင်တွေအနေနဲ့ ဆေးဝါးတွေ လှူဒါန်းပေးကြဖို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၈။ အသက်မပြည့်သေးသူ မိန်းကလေးတဦးအား ကာမလိမ်လည်ရယူခဲ့သည့် အမျိုးသား ဦးကို မုံရွာပလဖ ဖမ်းဆီး


စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတဦးအား ကာမလိမ်လည်ရယူခဲ့တဲ့ အမျိုးသား ဦးကို ဖမ်းဆီးထားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

မုံရွာမြို့နယ်ထဲက အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးအား အလိုမတူဘဲ ကာမလိမ်လည်ရယူခဲ့ကြတဲ့ အမျိုးသား ဦးကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒီအမျိုးသား ဦးဟာ ဓား၊ ကတ်ကြေးတွေနဲ့ ခြိမ်းခြောက်ကာ လိင်အမြတ်ထုတ်ကျူးလွန်ခဲ့တာလည်း သိရပါတယ်။

ဆန်နှစ်ပြည်၊ ငွေကျပ်ငါးထောင်နဲ့မုန့်များပေးပြီး တယောက်တနေရာစီ ကျူးလွန်ခဲ့ကြတာကို စစ်ဆေးတွေ့ရှိ ရတာကြောင့် မုံရွာမြို့နယ် ပလဖ က အမှုဖွင့်အရေးယူကာ ဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ 

ကျူလွန်ခံရတဲ့ မိန်းကလေးငယ်ရဲ့ မိခင်မှာ စိတ်ကျန်းမာရေးအားနည်သူဖြစ်နေတာကို စိတ်မကောင်းစွာနဲ့ သိရှိခဲ့ရတယ်လို့ လည်း မုံရွာမြို့နယ် ပလဖက အသိပေးထားပါတယ်။

မုံရွာမြို့နယ်အတွင်း ကာမလိမ်လည်ရယူမှုများ၊ အခြားသောခိုးဆိုးလုနှိုက်မှုများကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူ သွားမယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment