15th MAR 2024 - Evening Daily News by Radio NUG

 


၂၀၂၄ မတ်လ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယာယီသမ္မတဒူဝါလရှီးလနှင့်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းထံသို့ စစ်ရေးအခြေအနေများကို ကာကွယ်ရေးဝန်ကြီးနှင့်ဒုဝန်ကြီးတို့သွားရောက်အစီရင်ခံ

📌 ၂။ ပြည်သူများ အသက်ကယ်တင်ရန် ကုလသမဂ္ဂ ဘယ်ရောက်နေလဲ မေးခွန်းကို  မြန်မာပြည်သူများမေးနေပြီလို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းဖွင့်ဟပြောကြား

📌 ၃။ မန္တလေးလူထုဟာ စုစည်းညီညွတ်လျက် မမှိတ်မသုန် ချီတက်နေကြပြီလို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ပြောကြား

📌 ၄။ စကစကို   "ရင်းလုံးပြုတ်"   အောင်တိုက်မယ့် Cobra Column " ရဲ့ "Emergency Bullet" ကမ်းပိန်းယနေ့ စတင်


၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ငူ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးလုံးမှာ ရန်သူ တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့

🚩 ၂။ ဖလူးစခန်းအားသိမ်းပိုက်ရာတွင်ရရှိလာသောလက်နက်ခဲယမ်းများကို ထုတ်ဖော်ပြသ

🚩 ၃။ မြစ်ကြီးနားကစကစရဲ့လေတပ်မိသားစုတွေကို အများပြည်သူသုံးလေယာဉ်နဲ့ လုံခြုံရာမှာရွှေ့ပြောင်းထားပြီး လေတပ်ကာကွယ်ရေးကိုတိုးမြှင့်ထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ ယာယီသမ္မတဒူဝါလရှီးလနှင့်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းထံသို့ စစ်ရေးအခြေအနေများကို ကာကွယ်ရေးဝန်ကြီးနှင့်ဒုဝန်ကြီးတို့သွားရောက်အစီရင်ခံ


မတ်လ၁၅ရက်


ယာယီသမ္မတဒူဝါလရှီးလနှင့်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းထံသို့ စစ်ရေးအခြေအနေများကို ကာကွယ်ရေးဝန်ကြီးနှင့်ဒုဝန်ကြီးတို့သွားရောက်အစီရင်ခံတင်ပြခဲ့တယ်လို့သတင်းရရှိပါတယ်။


ယာယီသမ္မတ ဒူဝါလရှီးလထံကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သွားရောက်အစီရင်ခံတင်ပြခဲ့ပါတယ်။


အလားတူပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းထံကို ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်က သွားရောက်အစီရင်ခံတင်ပြခဲ့ကြပါတယ်။


ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေ ကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။


လက်ရှိမှာ တိုင်းရင်းသားEROsများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ ပူးပေါင်းစစ်ဆင်ရေးများကိုဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ ပြည်သူများ အသက်ကယ်တင်ရန် ကုလသမဂ္ဂ ဘယ်ရောက်နေလဲ မေးခွန်းကို  မြန်မာပြည်သူများမေးနေပြီလို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းဖွင့်ဟပြောကြား


မတ်လ၁၅


မတ်လ၁၃ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌  Promoting Conflict Prevention - Empowering All Actors Including Women and Youth ခေါင်းစဉ်ဖြင့်  ကျင်းပသည့် တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားလိုက်ပါတယ်။


"မိမိအပါအဝင်  မြန်မာပြည်သူပြည်သားများအနေဖြင့် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေး ကောင်စီမှ  ကူကယ်ရာမဲ့နေသော မြန်မာပြည်သူများအား ကူညီပေးရန် ကြိမ်ဖန်များစွာ မေတ္တာရပ်ခံတောင်းဆိုလျက်ရှိသော်လည်း မိမိတို့၏ တောင်းဆိုမှုများအတွက် ထိရောက် သော အရေးယူဆောင်ရွက်ချက်များ၊ အလေးဂရုပြုအာရုံစိုက်မှုများပင် မရရှိသည့်အတွက် ယခုကဲ့သို့ တောင်းဆိုနေရသည့်အပေါ်၌ စိတ်ပန်းလူပန်းဖြစ်လာပြီဖြစ်ကြောင်း၊ ပြည်သူများ အသက်ကယ်တင်ရန် ကုလသမဂ္ဂ ဘယ်ရောက်နေလဲ ဟူ၍ပင် ကုလသမဂ္ဂ အပေါ် မြန်မာပြည်သူများအနေဖြင့် မေးခွန်းထုတ်နေကြပြီဖြစ်ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အတည်ပြုချမှတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆို ၂၆၆၉ (၂၀၂၂) နောက်ဆက်တွဲအဖြစ် ပိုမိုထိရောက်၍ စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်အဆိုတစ်ခုအား ထပ်မံချမှတ်နိုင်ရန်  မောပန်းနွမ်းလျနေသော မြန်မာပြည်သူများကိုယ်စား ထပ်လောင်း တိုက်တွန်းလိုကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မန္တလေးလူထုဟာ စုစည်းညီညွတ်လျက် မမှိတ်မသုန် ချီတက်နေကြပြီလို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ပြောကြား


မတ်လ၁၅ရက်


ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံး တည်ဆောက်နိုင်ရေးတို့အတွက် မန္တလေးလူထုဟာ စုစည်းညီညွတ်လျက် မမှိတ်မသုန် ချီတက်နေကြပြီလို့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကပြောပါတယ်။


မတ်လ၁၄ရက်ဆိုရှယ်မီဒီယာမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကဆိုထားပါတယ်။


"ကျနော်တို့ မန္တလေးဒေသ လူထုတိုက်ပွဲကော်မတီဖြစ်တဲ့ Anti-junta Forces Coordination Committee - Mandalay 

အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC - Mdy) က လူထုတိုက်ပွဲ ရဲဘော်များဟာ မန္တလေးတိုင်းအတွင်းက ကျေးရွာများစွာမှာ လူထုသပိတ်တိုက်ပွဲ၊ လူထုစည်းရုံးရေး၊ တော်လှန်လူထုဟောပြောပွဲ၊ တော်လှန်ဖျော်ဖြေပွဲတွေကို ဆက်တိုက် ဆောင်ရွက် ဆင်နွှဲနေကြပါတယ်။ ဒီလူထုတိုက်ပွဲလှုပ်ရှားမှုတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေး (ပကဖ နဲ့ PDF) အင်အားစုများရဲ့ ပူးပေါင်းဝန်းရံမှုများနဲ့အတူ ပြည်သူများနဲ့ အတူလက်တွဲကာ ဖော်ဆောင်နေကြခြင်း ဖြစ်ပါတယ်။ပြည်သူလူထုတရပ်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေး၊ ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံး တည်ဆောက်နိုင်ရေးတို့အတွက် မန္တလေးလူထုဟာ စုစည်းညီညွတ်လျက် မမှိတ်မသုန် ချီတက်နေကြပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မန္တလေး (တိုင်း) တွင်းမှာလူထုတိုက်ပွဲအင်အားစုတွေရဲ့ မြေပြင်တော်လှန်တိုက်ပွဲလှုပ်ရှားမှုတွေက အင်နဲ့အားနဲ့၊ ထုနဲ့ ထည်နဲ့ အရှိန်အဟုန်ကောင်းစွာ ဖြစ်ထွန်းလည်ပတ်နေပြီလို့လည်း ဒေါက်တာတေဇာဆန်းကပြောပါတယ်။


========================


📌📌 ၄။ စကစကို   "ရင်းလုံးပြုတ်"   အောင်တိုက်မယ့် Cobra Column " ရဲ့ "Emergency Bullet" ကမ်းပိန်းယနေ့ စတင်


မတ်လ၁၅ရက်


စကစကို   "ရင်းလုံးပြုတ်"   အောင်တိုက်မယ့် Cobra Column " ရဲ့ "Emergency Bullet" ကမ်းပိန်းယနေ့ စတင်လိုက်ပြီလို့ မတ်လ၁၅ရက်မှာ ကော်ပရာစစ်ကြောင်းတပ်ခွဲ၃ကအသိပေးဖော်ပြပါတယ်။


"စကစကို   "ရင်းလုံးပြုတ်"   အောင်တိုက်မယ့် Cobra Column " ရဲ့ "Emergency Bullet" ကမ်းပိန်းယနေ့ စတင်လိုက်ပါပြီ။ ကမ်းပိန်းကာလကို ၂၅ရက် သတ်မှတ်ထားပါတယ်။မျှော်မှန်းငွေ ပမာဏကတော့ သိန်း "5000" ပါ"လို့ဆိုပါတယ်။


ခုလက်ရှိမှာCobra columnနဲ့ပူးပေါင်းစစ်ကြောင်းတွေဟာ စခန်းသိမ်းစစ်ဆင်ရေးတွေ၊စစ်ရေးဖော်ဆောင်မှူတွေဆက်တိုက်အရှိန်မြှင့်လာပြီးနယ်မြေစိုးမိုးမှူတွေလည်းပိုမိုကျယ်ပြန့်လာသလိုထိတွေ့တိုက်ပွဲတွေလည်းပိုမိုပြင်းထန်လာတဲ့အတွက်ကမ်ပိန်းကိုလုပ်ဆောင်ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တောင်ငူ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးလုံးမှာ ရန်သူ တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့


မတ်လ၁၅ရက်


တောင်ငူ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးလုံးမှာ ရန်သူ တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့တယ်လို့သတင်းရရှိပါတယ်။


ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရာ ဂျက်တိုက်လေယာဉ် စီး ထိမှန်ပျက်စီးပြီး လေကြောင်းနည်းပြ ဦး၏ ဦးခေါင်းတွင် စိုးရိမ်ရ ဒဏ်ရာရကာ လေတပ်အရာရှိ ဦးနှင့် တပ်ကြပ်ကြီးစာရေး ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 


 Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ဟာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ရက်၊ ၀၈း၄၄ အချိန်တွင် ပဲခူးတိုင်း၊ တောင်ငူ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။ရှော့ဒုံး သုံးလုံးမှာ ရန်သူ တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး ကျန် လုံးမှာ ပစ္စည်းချွတ်ယွင်းမှု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။


တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသော စစ်ကောင်စီ၏ အဓိကလေတပ်စခန်းတစ်ခုဖြစ်ပြီး  BWM နှင့် မဟာမိတ်အဖွဲ့သည် ကရင်ပြည်နယ် စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ တို့အပါအဝင် နိုင်ငံတဝှမ်း ကလေးသူငယ်ပါမကျန် ပြည်သူအားရက်စက်နေသော စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်တယ်လို့အတည်ပြုပါတယ်။


========================


🚩🚩 ၂။ ဖလူးစခန်းအားသိမ်းပိုက်ရာတွင်ရရှိလာသောလက်နက်ခဲယမ်းများကို ထုတ်ဖော်ပြသ


မတ်လ(၁၅)ရက် 


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ() တပ်မဟာစစ်ကြောင်းဦးဆောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှစစ်ကောင်စီတပ် ခလရ(၂၇၅)ဖလူးစခန်းအားသိမ်းပိုက်ရာတွင်ရရှိလာသောလက်နက်ခဲယမ်းများကို ထုတ်ဖော်ပြသခဲ့ပါတယ်။


မတ်လ၁၅ရက်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် --ဗဟိုကအသိပေးဖော်ပြပါတယ်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တမ်မဟာ() တပ်မဟာစစ်ကြောင်းဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကော့ကရိတ်မြို့နယ်၊ဖလူးအခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ ခလရ(၂၇၅)တပ်စခန်းအား မတ်၁၁ ရက်နေ့ ညနေ ၁၇၂၀ အချိန်မှ ၁၇၂၅ အချိန် ၅မိနစ်အတွင်းအပြီးပိုင်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။ 


ဖလူးစခန်းအားတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ထံမှ ငါးကြင်းမှီးစက်လတ်အပါအဝင်လက်နက်ငယ်()လက် ၆၀မမပြောင်းရှည်()လက် .ပွိုင့် 5ကျည် နှင့်စက်လတ်ကျည်အပါအဝင် လက်နက်ငယ်ကျည်(၂၀၂၆၈)တောင့် RPGနှင့် ၄၀မမကျည် (၇၄)လုံး ၊၈၁မမနှင့် ၆၀မမ ကျည်(၂၁)လုံး ၊မိုင်းမျိုးစုံ (၁၃၂)လုံး ၊စစ်အသုံးအဆောင်ပစ္စည်းများနှင့်ရိက္ခာများတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ မြစ်ကြီးနားကစကစရဲ့လေတပ်မိသားစုတွေကို အများပြည်သူသုံးလေယာဉ်နဲ့ လုံခြုံရာမှာရွှေ့ပြောင်းထားပြီး လေတပ်ကာကွယ်ရေးကိုတိုးမြှင့်ထား


မတ်လ၁၅ရက်


မြစ်ကြီးနားကစကစရဲ့လေတပ်မိသားစုတွေကို အများပြည်သူသုံးလေယာဉ်နဲ့ လုံခြုံရာမှာရွှေ့ပြောင်းထားပြီး လေတပ်ကာကွယ်ရေးကိုတိုးမြှင့်ထားတယ်လို့ မတ်လ၁၅ရက်မှာ ကချင် People's Defense Forces - NBPDFကအတည်ပြုဆိုထားပါတယ်။


"မြစ်ကြီးနား လေတပ်မိသားစုတွေကတော့ အများပြည်သူသုံးလေယာဉ်နဲ့ လုံခြုံရာမှာရွှေ့ပြောင်းထားပြီး လေတပ်ကာကွယ်ရေးကို လစ်ဟာမှုမရှိအောင်ချထားတယ်လို့ သတင်းရတယ်။မြို့အဝင် အထွက်တွေကိုလည်း ထောင့်စေ့အောင် ဂိတ်တွေပိတ်ထားတယ်။ညဘက် မြစ်ရိုး‌တလျှောက်မှာ ရိပ်ခနဲမြင်တာနဲ့ စလိုက်မီးတွေနဲ့ပါတ် ထိုးတော့တာပဲ ။မြို့စွန်ဖျားမှာရှိတဲ့ ရုံးတချို့နဲ့  ဗုဒ္ဓဘာသာဝင်ဘုန်းကြီးကျောင်းတချို့မှာလည်း လက်နက်ကြီး ထိုင်ထားတယ်လို့ သတင်းရပါတယ်"လို့ဆိုပါတယ်။


ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်KIAရဲ့ထိုးစစ်များကြောင့် စကစတပ်စခန်းများဟာ တခုပြီးတခုလက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment