15th MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဥရောပပါလီမန်၏ အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာကိုယ်စားလှယ်အဖွဲ့တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့

📌 ၂။ စကစတပ်ဖွဲ့များ အလင်းဝင်ခိုလှုံလိုပါက ပြည်သူ့အစိုးရNUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ဖို့ ကာကွယ်ရေးဝန်ကြီးတိုက်တွန်းပြောကြား

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၄။ အဓမ္မ စစ်သားစုဆောင်းဖို့ လိမ်ညာဆင့်ခေါ်မှုကို ပြည်သူတွေမလိုက်တာလည်း အာဏာဖီဆန်မှု CDM ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးပြောကြား

📌 ၅။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူ ၃၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရ

📌 ၆။ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ရှစ်ဆယ်နီးပါးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ


၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့်အတူ ရှိနေသူ ဦးအားလိုအပ်ချက်အရ ခေါ်ယူထိန်းသိမ်းထားရာမှ ပြန်လည်စေလွှတ်ပေးခဲ့

🚩 ၂။ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာတို့ကို အစွမ်းကုန် အသုံးချရန် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ဘွဲ့နှင်းဘသင် အခမ်းအနားမှာ ဗိုလ်ချုပ်ဂွမ်မော်ပြော

🚩 ၃။ မိုးမောက်မြို့နယ် ဒါဆိုင်းတောင်တပ်စခန်းကို KIA သိမ်းပိုက်

🚩 ၄။ ပခုက္ကူမြို့မှ ထွက်လာသော ကား()စီးပါ ရိက္ခာယာဉ်တန်းအား လုံခြုံရေးယူပေးသော စစ်ကောင်စီတပ်သားများကို ပခုက္ကူလေယာဉ်ကွင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်

🚩 ၅။ စစ်ကောင်စီတပ်သားများ အခြေနေထိုင်လျက်ရှိသော မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား  "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ()လုံး ကြဲချ

🚩 ၆။ မုံရွာမြို့တောင်ဘက် စက်မှုဇုန်နဲ့ အနီးကပ်ရှိနေတဲ့ လယ်ဇင် သက္ကယ်ကျင်းရွာကြီးတွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး

🚩 ၇။ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူများ သတိပြုနေထိုင်ကြဖို့ PDF သတိပေး

🚩 ၈။ ကမ္မတိုက်နယ် သာကြီးတောင် ရေနံမြေရဲစခန်းမှ BA 63 ( G3 )  သေနတ် လက် အား စနစ်တကျ ယူဆောင် ထွက်ပြေးလာသော ရဲဘော်အား မြိုင် ပကဖ မှ ဆုငွေ သိန်း ၁၀၀ ကျပ် ချီးမြှင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဥရောပပါလီမန်၏ အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာကိုယ်စားလှယ်အဖွဲ့တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့


မတ်လ ၁၄ ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဥရောပပါလီမန်၏ အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာကိုယ်စားလှယ်အဖွဲ့တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဥရောပပါလီမန်၏ အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာကိုယ်စားလှယ်အဖွဲ့အား မတ်လ၁၄ရက်တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ဥရောပသမဂ္ဂ၏ European External Action Service (EEAS) မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီးတွေ့ဆုံမှုတွင် လက်ရှိနိုင်ငံရေးအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အခြေအနေများနှင့် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူများအပေါ်၌ ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် တိုက်ခိုက်မှုများအပါအဝင် မြန်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။


ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာ့အရေးဖြေရှင်းမှုတွင် ဆက်လက်ပံ့ပိုးကူညီပေးရန် ဥရောပပါလီမန်အား တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအသိပေးဖော်ပြပါတယ်။


========================


📌📌 ၂။ စကစတပ်ဖွဲ့များ အလင်းဝင်ခိုလှုံလိုပါက ပြည်သူ့အစိုးရNUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ဖို့ ကာကွယ်ရေးဝန်ကြီးတိုက်တွန်းပြောကြား


မတ်လ၁၄ရက်။

စကစတပ်ဖွဲ့များ အလင်းဝင်ခိုလှုံလိုပါက ပြည်သူ့အစိုးရNUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုပါတယ်။


စစ်အုပ်စုလက်အောက်ခံ တပ်မှုးတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား အထူးအသိပေးနှိုးဆော်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြရာမှာ ဝန်ကြီးကဆိုထားပါတယ်။


"ကျွန်တော်တို့က စနစ်ကို တိုက်နေတာပဲ ဖြစ်တယ်။ လူကို တိုက်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ အသက်တွေ ဘဝတွေ အချီးနှီး မဆုံးရှုံးစေလိုသလို ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ ကျွန်တော်တို့ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး။ စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့ မဖမ်းလိုဘူး။ ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ဂုဏ်သိက္ခာကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်။ ဒါကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊ စကခ၊ ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရNUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ပါ"လို့ဝန်ကြီးကဆိုထားပါတယ်။


လက်ရှိမှာ စကစထံကနေ အလင်းဝင်ခိုလှုံလာတဲ့ စကစတပ်ဖွဲ့ဝင် တစ်သောင်းငါးထောင်ကျော်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


မတ်လ ၁၄ ရက်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(/၂၀၂၄)ကို မတ်လ၁၄ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးသို့   ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အဓမ္မ စစ်သားစုဆောင်းဖို့ လိမ်ညာဆင့်ခေါ်မှုကို ပြည်သူတွေမလိုက်တာလည်း အာဏာဖီဆန်မှု CDM ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးပြောကြား


မတ်လ ၁၄ရက်။

အဓမ္မ စစ်သားစုဆောင်းဖို့ လိမ်ညာဆင့်ခေါ်မှုကို ပြည်သူတွေမလိုက်တာလည်း အာဏာဖီဆန်မှု CDM ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက မတ်လ၁၄ရက်မှာ ဆိုရှယ်မီဒီယာမှာ ပြောဆိုထားပါတယ်။


"မရှုမလှရှုံးနိမ့်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူကို လူသားဒိုင်းသဖွယ်သုံးဖို့ ရန်ကုန်လိုနေရာမျိုးမှာတောင် ရပ်ကွက်ရုံးကနေတဆင့် မပျက်မကွက်လာရောက်တွေ့ဆုံဖို့ဆင့်ခေါ်တဲ့စာဖြစ်ပါတယ်။ အဓမ္မ စစ်သားစုဆောင်းဖို့ ဒီလိုလိမ်ညာဆင့်ခေါ်မှုကို ပြည်သူတွေမလိုက်တာလည်း အာဏာဖီဆန်မှု CDM ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ၁၀ရက်နေ့မှာ စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းခဲ့ပါတယ်။

လတ်တလောမှာ ဆင့်ခေါ်ရေးအဖွဲ့တွေကို ဖွဲ့စည်းနေပြီး လူငယ်များကို ခစာရင်းသွင်း မှတ်သားတာတွေ စတင်လုပ်ဆောင်လာပါတယ်။


========================


📌📌 ၅။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူ ၃၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရ


မတ်လ ၁၄ရက်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူ ၃၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။


အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ် ကို UN OCHA Myanmarက မတ်လ၁၄ရက်မှာ ဖော်ပြပါတယ်။


ရခိုင်ပြည်နယ်မှာ ဆိုးရွားလာတဲ့အခြေအနေ၊ ကချင်ပြည်နယ်က ပဋိပက္ခသွင်ပြင်အသစ်နဲ့အတူ နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်လို့ဖော်ပြပါတယ်။ 


ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူ ၃၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး လိုအပ်ချက်တွေလည်း တိုးပွားလာနေတယ်လို့ဖော်ပြပါတယ်။


မတ်လ () ရက်နေ့မှာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေရှိ လူနေရပ်ကွက်တစ်ခုအတွင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရိုဟင်ဂျာ ဦးထက်မနည်းသေဆုံးပြီး ကလေးသူငယ် ဦးအပါအဝင် ၁၂ ဦီး ဒဏ်ရာ ရရှိခဲ့ပါတယ်။


ဒါဟာ စစ်တွေမြို့လယ်အတွင်းမှာ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုဖြစ်ပွားရာမှာ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ရှစ်ဆယ်နီးပါးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ


မတ်လ ၁၄ရက်။

စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၄ ဖေဖော်ဝါရီ လကုန်အထိ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ရှစ်ဆယ်ကျော်မှာ ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့အသံအဖွဲ့က မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


အဲ့ထဲမှာ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနီးပါး ပါဝင်ပြီး စစ်ကိုင်းတိုင်းထဲက ကလေးမြို့နယ် တောင်ပိုင်း အပါအဝင် ၂၇ မြို့နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထား ရတယ်လို့ အသံအဖွဲ့က ဖော်ပြထားပါတယ်။


အင်တာနက်လိုင်းကို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ အဓိက ဖြတ်တောက်လေ့ရှိပြီး ဖြတ်လေးဖြတ် နည်းဗျူဟာကို စစ်ကောင်စီက သတင်းအချက်အလက် စီးဆင်းမှုကို ဖုံးကွယ်ချင်တာနဲ့ တော်လှန်ရေး လုပ်ငန်းတွေကို မချိတ်ဆက်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာလို့လည်း ဆိုထားပါတယ်။


ဒီလို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ သတင်းမှန် ရရှိဖို့ ခက်ခဲနေပြီး အဲ့ဒီမြို့နယ် ရှစ်ဆယ်မှာ ဘဏ်လုပ်ငန်းတွေနဲ့ အင်တာနက်လိုင်းကို အခြေခံပြီး လုပ်ရတဲ့ ငွေလွှဲ လုပ်ငန်းတွေ၊ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်တန့်လုနီးပါး ဖြစ်နေတယ်လို့ အသံအဖွဲ့က ထောက်ပြထား ပါတယ်။


လက်ရှိ ချင်းပြည်နယ်မှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရဆဲဖြစ်ပြီး ဖုန်းလိုင်းတွေလဲ မကြာခဏ ပြတ်တောက်နေလေ့ ရှိတယ်လို့ ဒေသခံမီဒီယာ တစ်ခုဖြစ်တဲ့ Zalen Media ကဖော်ပြထားပါတယ်။


အမေရိကန် အခြေစိုက် Freedom House အဖွဲရဲ့  ၂၀၂၃ အောက်တိုဘာလ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု အဆိုးဆုံး ခံနေရတဲ့ တရုတ်ပြီးရင် ဒုတိယမြောက် အဆိုးဆုံး နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့်အတူ ရှိနေသူ ဦးအားလိုအပ်ချက်အရ ခေါ်ယူထိန်းသိမ်းထားရာမှ ပြန်လည်စေလွှတ်ပေးခဲ့


မတ်လ ၁၄ ရက်။

PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့်အတူ ရှိနေသူ ဦးအားလိုအပ်ချက်အရ ခေါ်ယူထိန်းသိမ်းထားရာမှ ပြန်လည်စေလွှတ်ပေးခဲ့တယ်လို့သိရပါတယ်။


(ဆီဆိုင်)မြို့နယ် လွယ်ပွတ်ကျေးရွာအနီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးတပ်ဖွဲ့အား ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့်အတူ ရှိနေသူ ဦးအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ရက်တွင် ခေါ်ယူထိန်းသိမ်းထားခဲ့တယ်လို့PNLAကအတည်ပြုပါတယ်။


ထိုသူ ဦးမှာ ဦးခွန်မောင်လာ အသက် ၅၄ နှစ်နှင့် ဦးခွန်မောင်စိန် အသက် ၄၅ နှစ်တို့ဖြစ်ကာ ၎င်းတို့ ဦးအား ဖမ်းဆီးရမိသည့်အချိန်တွင် ဦးခွန်မောင်စိန်ထံမှ ၎င်းဝတ်ဆင်ထားသည့် PNOပြည်သူ့စစ်ယူနီဖောင်းတစုံနှင့် စကားပြောစက်တလုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။


စစ်ဆေးမေးမြန်းချက်အရ   ၎င်းတို့သည် ကျေးရွာခေါင်းဆောင် ကော်မတီဝင်များဖြစ်ပြီး PNOပြည်သူ့စစ်က ၎င်းတို့၂ဦးကို လူသားဒိုင်းအဖြစ်ခေါ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး

ဦးခွန်မောင်လာ ထွက်ဆိုချက်အရ PNO ပြည်သူ့စစ်က ၎င်းကို ခေါ်ယူထားခြင်းဖြစ်ကာ ရပ်ရွာဖျက်ဆီးမှုမခံရရေး၊ ပြည်သူ့စစ်များကို ထမင်း ဟင်း စသည်များ ဧည့်ခံရေးအတွက် ပြည်သူ့စစ်များနှင့်အတူရှိနေခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။


ထို့ကြောင့် ၎င်းတို့ ဦးအား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA )မှ ယမန်နေ့တွင် နေရပ်သို့ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။


========================


🚩🚩 ၂။ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာတို့ကို အစွမ်းကုန် အသုံးချရန် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ဘွဲ့နှင်းဘသင် အခမ်းအနားမှာ ဗိုလ်ချုပ်ဂွမ်မော်ပြော


မတ်လ ၁၄ ရက်။

စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာတို့ကို အစွမ်းကုန် အသုံးချရန် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ဘွဲ့နှင်းဘသင် အခမ်းအနားမှာ ဗိုလ်ချုပ်ဂွမ်မော်ပြောကြားခဲ့ပါတယ်။


ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကိုမတ်လ၁၄ရက် ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ကျင်းပရာမှာ တက္ကသိုလ်အဓိပတိ ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားခဲ့ပါတယ်။


ဘွဲ့ယူမောင်မယ်တို့သည် ၂၁ ရာစု ပညာခေတ်၏ စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားပြီး မိမိတို့၏ ဇာတိမြေကို ခေတ်နှင့်အညီ ဖွံဖြိုး တိုးတက်အောင် စွမ်းဆောင်ရန်သာမက ၂၀၂၁ ခုနှစ်က စတင်ခဲ့ပြီး ယနေ့တိုင် ဆင်နွှဲနေဆဲဖြစ်သည့် စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အရေးတော်ပုံကြီး အောင်ပန်း ဆွတ်ခူးနိုင်အောင် မိမိတို့ တက်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာတို့ကို အစွမ်းကုန် အသုံးချခြင်းအားဖြင့် အမိတက္ကသိုလ်၊ ဒေသအတွက် ဂုဏ်ရောင် ထွန်းပြောင်သည့် ကျောင်းတော်ထွက် နိုင်ငံသားကောင်းများ ဖြစ်လာအောင် ကြိုးစားအားထုတ်ကြစေရန် အလေးအနက် တိုက်တွန်းကြောင်းပြောကြားခဲ့ပါတယ်။


အခမ်းအနားကို တက္ကသိုလ်၏ အဓိပတိဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ- ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကချင်လွတ်လပ်ရေးအဖွဲ့ မှ အရာရှိကြီးများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား/သူများ၊ မိဘများ တက်ရောက်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်တွင် ကြားကာလ ယာယီ ဆေးတက္ကသိုလ်ကောင်စီများမှ ကျင်းပသည့် စာမေးပွဲအောင်မြင်သူ ဆေးပညာဘွဲ့()ဦး ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ကျင်းပပြုလုပ်သည့် စာမေးပွဲအောင်မြင်သူ မဟာသိပ္ပံဘွဲ့ ()ဦး၊ မဟာဝိဇ္ဇာဘွဲ့ ()ဦး၊ ဂုဏ်ထူးတန်း ()ဦး၊ မဟာအရည်အချင်းစစ် ဘွဲ့လွန်တန်း ()ဦး၊ သိပ္ပံဘွဲ့ (၁၀)ဦး ဝိဇ္ဇာဘွဲ့ (၁၀၄)ဦး၊ စုစုပေါင်း (၁၃၉)ဦးအား ဘွဲ့ဒဂရီအသီးသီး ချီးမြှင့်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ မိုးမောက်မြို့နယ် ဒါဆိုင်းတောင်တပ်စခန်းကို KIA သိမ်းပိုက်


မတ်လ ၁၄ရက်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက ဒါဆိုင်းကျေးရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော်-KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်က မတ်လ ၁၄ ရက်နေ့မှာ ဝင်ရောက်စီးနင်း သိမ်းပိုက်ထားပြီလို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

မိုးမောက်မြို့နယ် ဒါဆိုင်းတောင်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ကို KIA KPDF ပူးပေါင်းတပ်ဖွဲ့က မတ်လ ၁၄ ရက်နေ့ မနက် နာရီခန့်အချိန်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

KIA က မိုးမောက်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ တပ်ရင်းဌာနချုပ်တွေကို တိုက်ခိုက်သိမ်းပိုက်နေရာ မတ်လ ၁၄ ရက်နေမှာ တပ်ရင်းတခုကို ထပ်မံသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ် ကျွန်းတောကျေးရွာအနီးက စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ ခန့်ရှိတဲ့ ခလရ ၂၃၇ တပ်ရင်း ဒါဆိုင်းတပ်စခန်းကို သိမ်းပိုက်ခဲ့တာလို့ The 74 Media ကလည်း ဖော်ပြထားပါတယ်။

The 74 Media ရဲ့ ဖော်ပြချက်အရ ဒါဆိုင်းတပ်စခန်းကို KIA က သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ အသိပေးထားပါတယ်။

ဒါဆိုင်းတပ်စခန်းဟာ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စခန်းတခုဖြစ်ပြီး ကချင် လွတ်မြောက်ရေးတပ်-KIA တပ်မဟာ ၅၊ တပ်မဟာ ၃၊ တပ်ရင်း ၁၅ တပ်ရင်း ၁၉ နဲ့ တပ်ရင်း ၂၅ တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။ 

KIA အနေနဲ့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်ရင်းကိုလည်း မတ်လ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူမြို့မှ ထွက်လာသော ကား()စီးပါ ရိက္ခာယာဉ်တန်းအား လုံခြုံရေးယူပေးသော စစ်ကောင်စီတပ်သားများကို ပခုက္ကူလေယာဉ်ကွင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်


မတ်လ ၁၄ရက်။

မတ်လ (၁၄) ရက်နေ့ မနက်()နာရီအချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့မှ ထွက်လာသော ကား()စီးပါ ရိက္ခာယာဉ်တန်းအား ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူပေးသော စစ်ကောင်စီတပ်သားများအား ပခုက္ကူလေယာဉ်ကွင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()(Young Force UG)ကအတည်ပြုပါတယ်။


အဆိုပါစစ်‌ကောင်စီယာဉ်တန်းကို ပခုက္ကူ-ရေစကြိုလမ်းတစ်နေရာတွင်လည်း ထပ်မံ၍ မိုင်း()ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ()စီးထိခိုက်သွားတယ်လို့ သိရှိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် .က.ဖ၊ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()(Pakokku Ranger) ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()(Taty Gyi)နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()(Young Force UG) တို့မှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီတပ်သားများ အခြေနေထိုင်လျက်ရှိသော မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား  "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ()လုံး ကြဲချ


မတ်လ၊ ၁၄ရက်။

၂၀၂၄ခုနှစ်၊ မတ်လ၊ ၁၃ရက်နေ့ မနက်ခင်း ၁၁နာရီ၁၅မိနစ်ခန့်မှ နေ့ခင်း ၁နာရီအချိန်ခန့်ထိ စစ်ကောင်စီတပ်သားများ အခြေချနေထိုင်လျက်ရှိသော မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDF/MSDFနှင့်အတူ ညီနောင်မဟာမိတ်တပ်များမှ "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ()လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


တိုက်ခိုက်မှုတွင် AIR BOMBများ စခန်းအတွင်းသို့ ကျသောကြောင့် စစ်ကောင်စီဘက်မှ အထိခိုက်များ ရှိနိုင်တယ်လို့သိရပါတယ်။


 DRONE MISSIONတွင်  စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော - မြင်းခြံခရိုင်အမှတ်()တပ်ရင်း-NRDF မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ() မိတ္ထီလာခရိုင်အမှတ်()တပ်ရင်း၊ CHAUK PDF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၆။ မုံရွာမြို့တောင်ဘက် စက်မှုဇုန်နဲ့ အနီးကပ်ရှိနေတဲ့ လယ်ဇင် သက္ကယ်ကျင်းရွာကြီးတွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး


မတ်လ၁၄ရက်။

မတ်လ၁၄ရက် မွန်းလွဲပိုင်းမှာ စကစတပ်များက ကျူးလွန်ခဲ့ကြောင်းအနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက အတည်ပြုဆိုထားပါတယ်။

"မုံရွာမြို့တောင်ဘက် စက်မှုဇုန်နဲ့ အနီးကပ်ရှိနေတဲ့ လယ်ဇင်၊ သက္ကယ်ကျင်းစတဲ့ ရွာကြီးတွေ ကို စစ်အုပ်စုလက်ပါးစေ တပ်သားတွေကနေပြီး တိုက်ပွဲ ထိတွေ့ မဖြစ်ပါပဲနဲ့ အသက်လွက်ကြီး ဝင်ပြီး မီးတင်လို့ ထွက်ပေါ်လာတဲ့ မီးခိုးလုံးကြီးတွေပါ။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင် စစ်ပွဲဟာ လူကြီးမင်းတို့ရဲ့ အိမ်တံခါးဝကို ရောက်နေပြီဆိုတာပါပဲ စစ်ပွဲအသိ စစ်ပွဲသတိရှိကြပါ လူကြီးမင်းတို့ရဲ့ အိမ်ရှေ့လူကြီးမင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ဘယ်အချိန်လက်နက်ကြီးကျလာမယ်ဆိုတာ ဘယ်အချိန် ပေါင်ဗုံးတွေ ကျလာမယ်ဆိုတာမသိနိုင်လို့ ကြိုတင်ပြင်ဆင်ကြပါ"လို့အသိပေးဆိုထားပါတယ်။


မုံရွာမြို့နေပြည်သူများအနေနဲ့ ပြည်သူအချင်းချင်းအပေါ် အပြန်အလှန်ကူညီပေးကြဖို့နှင့် စစ်ပွဲသတိပြုရန်လည်းနှိုးဆော်သတိပေးထားပါတယ်။


========================


🚩🚩 ၇။ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူများ သတိပြုနေထိုင်ကြဖို့ PDF သတိပေး


မတ်လ ၁၄ရက်။

ပဲခူးတိုင်း အနောက်ပိုင်းက ပေါင်းတည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ထိစပ်ရာနေရာမှ ကျေးရွာများကို စစ်ကောင်စီ တပ်မှ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ သိရပြီး ပြည်သူများ သတိပြု နေထိုင်သွားလာကြဖို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၁ မှ သတိပေးထားပါတယ်။


အဆိုပါ စစ်ကောင်စီ တပ်သားများဟာ ပေါင်းတည်နှင့် ပေါက်ခေါင်း မြို့နယ်များမှ လှည်းကူး ကျေးရွာ- အုပ်စုနှင့် အောင်သပြေ ကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ စတဲ့ အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို သုံးဖွဲ့ခွဲကာ စစ်ကြောင်းဖြန့်ထားတယ်လို့ သိရပါတယ်။


လက်ရှိအချိန်ထိ စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက်နေသော ကျေးရွာများတွင် ဒေသခံပြည်သူများ အား ဖမ်းဆီးခြင်းနှင့် နေအိမ်များကို ဖျက်ဆီးခြင်းများ ကြားသိရတာ မရှိသေးပေမယ့် ပြည်သူများအနေနဲ့ သတိပြုပြီး သွားလာနေထိုင်ကြဖို့  ပြည်ခရိုင်တပ်ရင်း ၃၆၀ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


========================


🚩🚩 ၈။ ကမ္မတိုက်နယ် သာကြီးတောင် ရေနံမြေရဲစခန်းမှ BA 63 ( G3 )  သေနတ် လက် အား စနစ်တကျ ယူဆောင် ထွက်ပြေးလာသော ရဲဘော်အား မြိုင် ပကဖ မှ ဆုငွေ သိန်း ၁၀၀ ကျပ် ချီးမြှင့်


မတ်လ ၁၄ရက်။

ကမ္မတိုက်နယ်သာကြီးတောင် ရေနံမြေရဲစခန်းမှ BA 63 ( G3 )  သေနတ် လက် အား စနစ်တကျ ယူဆောင် ထွက်ပြေးလာသော ရဲဘော်အား မြိုင် ပကဖ မှ ဆုငွေ သိန်း ၁၀၀ ကျပ် ချီးမြှင့်ခဲ့တယ်လို့ မတ်လ၁၄ရက်မှာ မြိုင်ပကဖကတရားဝင်အသိပေးဖော်ပြပါတယ်။


"မတ်လ၁၃ ရက်နေ့  ညနေ :၃၀ အချိန်တွင် ကမ္မတိုက်နယ် သာကြီးတောင် ရေနံမြေရဲစခန်းအား မိမိတို့ဘက်မှ စနစ်တကျ သင်တန်းပေးထားသော သပ်လျှို ရဲဘော်မှ အလစ်အငိုက် အခွင့်ကောင်းယူကာ BA 63 (G3) သေနတ် လက် နှင့် BA 94 ( Uzi) တို့အား တစ်ဦးထဲ မနိုင်မနင်း ထမ်း၍ ထွက်ပြေးလာစဉ် နောက်မှ လိုက်လံပစ်ခတ်သောကြောင့် သေနတ် လက် ထဲမှ BA 94 (Uzi) သေနတ်မှာ ပြုတ်ကျ ကျန်ခဲ့ကာ မိမိတို့ ကာကင်းမှ ပြန်လည်ပစ်ခတ်သောကြောင့် အထိအခိုက်မရှိ သေနတ် လက် နဲ့အတူ ဘေးကင်းရာသို့ ရောက်ရှိခဲ့တယ်"လို့ဖော်ပြပါတယ်။


BA 63 (G3) သေနတ် လက် ကျည်ဘောက် ခု 7.62 (G3) ကျည် ၈၀ တို့အား ရရှိခဲ့ပြီးBA 63 ( G3 )  သေနတ် လက်အား စနစ်တကျ ယူဆောင် ထွက်ပြေးလာသော ရဲဘော် အား မြိုင် ပကဖ မှ ဆုငွေ သိန်း ၁၀၀ ကျပ် ချီးမြှင့်ခဲ့တယ်လို့ဖော်ပြပါတယ်။


ယခုလုပ်ဆောင်မှုတွင် ပါဝင်သော တပ်ဖွဲ့ဝင်နှစ်ဦးမှာ မြိုင် ပကဖ တပ်ဖွဲ့ဝင်နှင့် ကမ္မ Oxygen တပ်ဖွဲ့ မှ ရဲဘော်တို့၏ စွန့်စားစွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့အတည်ပြုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment