17th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲ နိုင်ငံတော်ယာယီသမ္မတနှင့်ပြည်ထောင်စုဝန်ကြီးချုပ်တို့ တက်ရောက်

📌 ၂။ လူ့အခွင့်ရေးညီလာခံမှာမြန်မာနိူင်ငံ အရေးနဲ့ပတ်သက်လို့ထိရောက်ပြင်းထန်တဲ့အရေးယူမှုတွေဖြစ်ပေါ်လာဖို့ တောင်းဆိုခဲ့တယ်လို့ဆို

📌 ၃။ ကဏ္ဍပေါင်းစုံမှ ပြိုကျပြီးဖြစ်တဲ့စကစဟာ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုရန် အရှိန်မြှင့်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးပြောကြား

📌 ၄။ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာပြသတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ ရုပ်ရှင်ကား လူထုကအားပေးမှုရရှိ


၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အမျိုးသမီးငယ်တဦး သေဆုံး

🚩 ၂။ ဟိုပုံးမြို့နယ် ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အိမ် လုံးပျက်စီး

🚩 ၃။ ကျိုက်ဒုံဗျူဟာစခန်းသိမ်းပိုက်မှု လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၉၀ ကျော်ရဟု KNLA အသိပေး

🚩 ၄။ စစ်ကြောင်းထိုးပြီး ချောင်းဦးသို့ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၅။ CDF-ZOTUNG Special Force Training  သင်တန်းဆင်းပွဲအခမ်းအနားဇိုတုန်နယ် တစ်နေရာ၌ အောင်မြင်စွာကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲ နိုင်ငံတော်ယာယီသမ္မတနှင့်ပြည်ထောင်စုဝန်ကြီးချုပ်တို့ တက်ရောက်


မတ်လ၁၇ရက်


ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီလ နှင့်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တက်ရောက်ခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက် သောကြာနေ့တွင် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဖွဲ့စည်းထားသော ဖက်ဒရယ်ပညာရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


ထို့နောက် ဆက်လက် အကောင်အထည်ဖော်လုပ်ဆိုင်နိုင်ရေး လုပ်ငန်းများ၊ ပါဝင်သင့် ပါဝင်ထိုက်သည့် အစုအဖွဲ့များဆက်လက် ပါဝင်လာနိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များ ရယူခဲ့ပါတယ်။


အစည်းအဝေးသို့ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ် ၊အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ ကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာန၏တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးမူဝါဒ အကြံပေးပညာရှင် ဒေါက်တာသိန်းလွင် နှင့် ဖက်ဒရယ်ပညာရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါတယ်။


========================


📌📌 ၂။ လူ့အခွင့်ရေးညီလာခံမှာမြန်မာနိူင်ငံ အရေးနဲ့ပတ်သက်လို့ထိရောက်ပြင်းထန်တဲ့အရေးယူမှုတွေဖြစ်ပေါ်လာဖို့ တောင်းဆိုခဲ့တယ်လို့ဆို


မတ်လ၁၇ရက်


လူ့အခွင့်ရေးညီလာခံမှာမြန်မာနိူင်ငံ အရေးနဲ့ပတ်သက်လို့ထိရောက်ပြင်းထန်တဲ့အရေးယူမှုတွေဖြစ်ပေါ်လာဖို့ တောင်းဆိုခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီးကဆိုပါတယ်။


မတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတခုမှာ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။


"အခု၅၅ကြိမ်မြောက် လူ့အခွင့်ရေးညီလာခံမှာမြန်မာနိူင်ငံ အရေးနဲ့ပတ်သက်လို့ချမှတ်မယ့်အကြောင်းအရာရှိပါတယ်။EUကဒါကိုအဓိကထားပြီးဆွဲမယ်။အဲဒီထဲမှာ ထိရောက်ပြင်းထန်တဲ့အရေးယူမှုတွေ၊လက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်ရေးကိစ္စတွေကိုတောင်းဆို ထောက်ပြပြီးတော့ပိုမိုပြင်းထန်တဲ့စကားလုံးတွေပါဝင်ဖို့အတွက် နိူင်ငံတွေကဝိုင်းဝန်းထောက်ခံပေးဖို့၊တချိန်တည်းမှာပဲ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ကိစ္စတွေ၊စစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေ၊ ထင်ထင်ရှားရှားပြောကြားပေးဖို့ ဒါကိုတောင်းဆိုတာတခုရှိတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာမတ်လ () ရက်နေ့က ကုလသမဂ္ဂ  (Palais de nations) အတွင်း နိုင်ငံတကာ သံတမန်များနှင့် သံအရာရှိများအားမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ တင်ပြချက်နှင့် နိုင်ငံတကာသို့ တောင်းဆိုချက်များနှင့်ပတ်သက်၍  ရှင်းလင်းပွဲ တခုကို လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၃။ ကဏ္ဍပေါင်းစုံမှ ပြိုကျပြီးဖြစ်တဲ့စကစဟာ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုရန် အရှိန်မြှင့်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးပြောကြား


မတ်လ၁၇ရက်


ကဏ္ဍပေါင်းစုံမှ ပြိုကျပြီးဖြစ်တဲ့စကစဟာ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုရန် အရှိန်မြှင့်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဦးအောင်ကျော်မိုးက ပြောကြားပါတယ်။


မတ်လအတွင်း Twitterမှာ လူ့အခွင့်ရေးဒုဝန်ကြီးကရေးသားဆိုပါတယ်။


 စစ်မှုထမ်းရန်နှင့် အတင်းအကြပ်လူသစ်စုဆောင်းရန်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာမည့် အိမ်ထောင်စုတိုင်းသို့ (ပျက်ကွက်ခြင်းမရှိဘဲ) စစ်မှုထမ်းရန် တရားဝင် အသိပေးစာ ပေးပို့ခဲ့ကြပါတယ်။စကစဟာ ကဏ္ဍပေါင်းစုံမှ ပြိုကျပြီး အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုရန် အရှိန်မြှင့်နေကြတယ်"လို့ဆိုပါတယ်။


၂၀၂၄ ဖေဖော်ဝါရီ၁၀ရက်နေ့မှာ မထမ်းမနေရစစ်မှုထမ်းဥပဒေကို စကစဟာ အသက်သွင်းခဲ့ပါတယ်။


လက်ရှိမှာ ဆင့်ခေါ်ရေးစာများကို ပြည်သူအချို့ထံပေးပို့နေကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၄။ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာပြသတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ ရုပ်ရှင်ကား လူထုကအားပေးမှုရရှိ


မတ်လ၁၇ရက်


မတ်လ ၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာပြသတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားကို ပထမဆုံး "World Premiere Show" ဖြစ် Boston မြို့မှာ စတင်ပြသ ခဲ့တာလို့သတင်းရရှိပါတယ်။


ရုပ်ရှင်ပြပွဲလာရောက်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဇာတ်လမ်း () ခုမှာ ပါဝင်ထားတဲ့ အနု ပညာရှင်တချို့နဲ့ တွေ့ဆုံပြီး အမှတ်တရ စကားပြောခွင့်လည်းရရှိခဲ့ပါတယ်။


ပွဲမှာရရှိလာတဲ့ ရံပုံငွေတွေဟာ တော်လှန်ရေးရဲ့ လိုအပ်တဲ့နေရာတွေကို အားဖြည့်နိုင်ရန်အတွက် စီးဆင်းသွားမှာလို့လည်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အမျိုးသမီးငယ်တဦး သေဆုံး


ရခိုင်ပြည်နယ်ထဲက ရှေးဟောင်းမြောက်ဦးမြို့တော်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၀ အရွယ် မိန်းကလေးငယ်တဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။  


ယနေ့ မတ်လ ၁၇ ရက်နေ့ မနက် နာရီခန့်အချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဒေသတွင်း သတင်းတွေကိုဖော်ပြနေတဲ့ Western News က အသိပေးထားပါတယ်။ 

 

စစ်ကောင်စီက ကြဲချခဲ့တဲ့ဗုံးတွေဟာ မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်နဲ့ ကုန်သည်တန်းရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် နေအိမ်အများအပြားလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဘက်က မြောက်ဦးမြို့ကို ဗုံးကြဲတိုက်ခိုက်ရုံမက စစ်တွေမြို့အနီးရှိ စစ်ရေယာဉ်တွေပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ မနက် ၈နာရီခန့်အထိ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။


မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းကလည်း မြောက်ဦးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာက အသက် ၁၃ နှစ်အရွယ် မွတ်ဆလင်ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲသလို မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာဟောင်းတောကျေးရွာက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၂။ ဟိုပုံးမြို့နယ် ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အိမ် လုံးပျက်စီး


ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသက ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး တွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အိမ် လုံးပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA ကပြောပါတယ်။


မနေ့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ တာလို့ဆိုပါတယ်။


ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ် လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


မတ်လ ၁၅ ရက်ကလည်း စစ်ကောင်စီက ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေ၊ မီးလောင်ဗုံးတွေနဲ့ တရက် တည်း ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်၂ လုံး ပျက်စီးခဲ့ရပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ ပအိုဝ်းဒေသမှာရှိတဲ့ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်ထဲက ကျေးရွာတွေကို ဂျက်ဖိုက်တာတွေသုံး ပြီး ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်နေတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ကျိုက်ဒုံဗျူဟာစခန်းသိမ်းပိုက်မှု လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၉၀ ကျော်ရဟု KNLA အသိပေး


ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်ထဲက ကျိုက်ဒုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံ ၉ဝ ကျော်နဲ့ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ တယ်လို့ KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ကျိုက်ဒုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကျိုက်ဒုံမြို့မှာအခြေချတဲ့ စစ်ကောင်စီတပ် စကခ ၁၃ လက်အောက်ခံ ကျိုက်ဒုံဗျူဟာကိုသိမ်းပိုက်နိုင်ဖို့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ဇန်နဝါရီ ၂၇ ကစပြီး ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မတ်လ ၁၄ ရက်မှာ စခန်း ကို အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ KNLA က အသိပေးပါတယ်။

ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ထံကနေ RPG ပွိုင့်ဖိုက်၊ ငါးကြင်းမြီးစက်သေနတ် အပါအဝင် လက်နက်ငယ် ၈၆ လက် ရရှိခဲ့တဲ့အပြင် ၆၀ မမ ၄လက်၊ ၈၁ မမ ၂လက်၊ ၁၂၀ မမ တလက်၊ Drone Gun ၂လက် ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ များစွာသိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြ၀တီအနီး သင်္ဃန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း ခမရ - ၃၅၅ ကို သိမ်းပိုက်ထားပြီး အနီးအနားမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ ဗျူဟာစခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲလို့ သိရပါတယ်။ 


========================


🚩🚩 ၄။ စစ်ကြောင်းထိုးပြီး ချောင်းဦးသို့ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

ချောင်းဦးမြို့နယ် ကျီးအုပ်ကျေးရွာအတွင်း သံပြားကာ စီးနဲ့ စစ်ကြောင်းထိုးပြီး ချောင်းဦးမြို့ဘက် ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

မတ်လ ၁၆ ရက်နေ့ နာရီခွဲခန့်အချိန်က မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က စစ်သား ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းများစွာရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


========================


🚩🚩 ၅။ CDF-ZOTUNG Special Force Training  သင်တန်းဆင်းပွဲအခမ်းအနားဇိုတုန်နယ် တစ်နေရာ၌ အောင်မြင်စွာကျင်းပ


မတ်လ၁၇ရက်


CDF-ZOTUNG Special Force Training  သင်တန်းဆင်းပွဲအခမ်းအနားဇိုတုန်နယ် တစ်နေရာ၌ အောင်မြင်စွာကျင်းပခဲ့ပါတယ်။


CDF-ZOTUNG မှ ဦးစီးကျင်းပသည့် Special Force Training ပြီးစီးမှုနှင့် ရဲဘော်သစ်များ ဆုပေးခြင်း၊ ဆုတောင်ပေးခြင်းအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ဇိုတုန်နယ် တစ်နေရာ၌ကျင်းပခဲ့ပါတယ်။


ကာလကြာရှည်ပေးသည့် ၎င်းအထူးတပ်သင်တန်းအတွက်တာဝန်ယူ ဦးစီးပေးကြတဲ့ တာဝန်ရှိသူများနှင့် ကျွေးမွေးအားထည့်ပေးကြသည့် ပြည်တွင်း၊ ပြည်ပရှိ တော်လှန်မိဘပြည်သူများအပါ်အထူး ကျေးဇူးတင်ရှိတယ်လို့ဖော်ပြပါတယ်။


တန်းတူညီမျှမှုရှိသော ပြည်ထောင်စုမြန်မာပြည်တည်ဆောက်ရေးနှင့် အမိချင်းလဲန်းမြေ၊ ချင်းလဲန်းရှိပြည်သူများအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းChinland Defense Force - Zotungကအသိပေးဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment