18th MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဂျာမနီနိုင်ငံရောက်ရှိစဥ်က ဂျာမာန်ပါလီမန်အမတ်နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ မြန်မာ့နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအကြောင်းဆွေးနွေးခဲ့

📌 ၂။ "တော်လှန်ရေးက သွေးအေးသွားလို့မရသလို ပုံမှန်အသားကျသွားလို့လဲ မဖြစ်ဘူး"လို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးအသိပေးဆို

📌 ၃။ New York မြို့တွင် NYCBC အဖွဲ့၏ နွေဦးတော်လှန်ရေးရံပုံငွေဈေးရောင်းပွဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်အားပေး

📌 ၄။ စစ်မှုထမ်းဥပဒေကို အကြောင်းပြ ငွေညှစ်နေသူများကို မန္တလေးတော်လှန်ရေးအဖွဲ့အစည်းများ ရှုံ့ချ  

📌 ၅။စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ"ဘန်နာကိုကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှား


၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် စစ်တပ်ဘက်က ဦးသေဆုံး

🚩 ၂။ ရေဦး ထွေအုပ်ရုံး ရွှေနဒီဦးခန်းမရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၃။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူရွာကို Shar Htoo Waw နည်းပညာဖြင့်အကြမ်းဖက် ပျူစောထီးများ စားသောက်ချိန်ဝေဟင်မှဗုံးသီးကြဲချ

🚩 ၄။ ကလေးမြို့ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာရှိစကစတပ်များအား တိုက်ခိုက်ခဲ့ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရရှိ

🚩 ၅။ ကလေးတောင်ပိုင်း GTCအနီး သာယာဝတီကျေးရွာ မီးရှို့ခံရ

🚩 ၆။ ရန်သူ့တပ်ကင်းပုန်း၀ပ် အထိုင်ချထားသောစစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိနေရာများသို့ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ရာ စကစဘက်ကထိခိုက်သေဆုံးမှုရှိ

🚩 ၇။ Pakokku People Defense Force (PPDF) ထံသို့ အကြမ်းဖက် စကစမှ တပ်သားတစ်ဦး လက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့၍ ဆုကြေးငွေ သိန်း (၅၀)ချီးမြှင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဂျာမနီနိုင်ငံရောက်ရှိစဥ်က ဂျာမာန်ပါလီမန်အမတ်နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ မြန်မာ့နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအကြောင်းဆွေးနွေးခဲ့


မတ်လ ၁၇ရက်။

ဂျာမနီနိုင်ငံရောက်ရှိစဥ် ဂျာမာန်ပါလီမန်အမတ်နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ မြန်မာ့နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအကြောင်းဆွေးနွေးခဲ့ပါတယ်။


မတ်လ ၁၇ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။


"ဂျာမနီနိုင်ငံ မြို့တော် ဘာလင်ရှိ ဖက်ဒရယ်ပါလီမန်သို့ ရောက်ရှိခဲ့စဉ်အတွင်း၊ တွေ့ဆုံမှုများထဲမှ တစ်ခုအနေဖြင့် ဒေါက်တာ ခရစ်စတိုဟော့ဖ်မန်းနှင့် တွေ့ဆုံခဲ့ပါတယ်။  ဒေါက်တာ Christoph Hoffmann သည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါတယ်။ သစ်တောသိပ္ပံနဲ့ Ph.D ဘွဲ့ကိုရရှိပြီးသူပီပီ ကျွန်တော်တို့နိုင်ငံအကြောင်းကို ကောင်းကောင်းသိသူတစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့၏ တွေ့ဆုံမှုအတွင်း မြန်မာ့နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအကြောင်း၊ ကျွန်တော်တို့နိုင်ငံအား ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးအကြောင်း အကျိုးရှိစွာဆွေးနွေးခဲ့ကြပါတယ်"လို့ဆိုပါတယ်။


၎င်းသည် ဂျာမနီဖက်ဒရယ်ပါလီမန်၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ သဘာပတိဖြစ်ပြီး လစ်ဘရယ်ပါတီ FDP ၏ပါလီမန်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီးမြန်မာနိုင်ငံ၏လွတ်လပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ဂျာမနီ၏ ထောက်ခံမှုကိုလည်း အပြည့်အဝအာမခံခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ "တော်လှန်ရေးက သွေးအေးသွားလို့မရသလို ပုံမှန်အသားကျသွားလို့လဲ မဖြစ်ဘူး"လို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးအသိပေးဆို


မတ်လ ၁၇ရက်။

"တော်လှန်ရေးက သွေးအေးသွားလို့မရသလို ပုံမှန်အသားကျသွားလို့လဲ မဖြစ်ဘူး"လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လ၁၇ရက်မှာ ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။


"တော်လှန်ရေးက သွေးအေးသွားလို့မရဘူး။ နောက်ပြီး တော်လှန်ရေးက ပုံမှန်အသားကျသွားလို့လည်း မဖြစ်ဘူး"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်ကနိုင်ငံတော်အာဏာလုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနှင့်အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


လက်ရှိမှာ ပြည်သူလူထုဟာ အသံတိတ်သပိတ်၊ ပန်းသပိတ်၊ စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ခြင်းတို့မှာ ဆက်လက်ပါဝင်နေကြဆဲ ဖြစ်ပါတယ်။


========================


📌📌 ၃။ New York မြို့တွင် NYCBC အဖွဲ့၏ နွေဦးတော်လှန်ရေးရံပုံငွေဈေးရောင်းပွဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်အားပေး


မတ်လ ၁၇ရက်။

အမေရိကန်ပြည်ထောင်စု New York မြို့တွင် NYCBC အဖွဲ့၏ နွေဦးတော်လှန်ရေးရံပုံငွေဈေးရောင်းပွဲသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်အားပေးခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စု New York City တွင် NYCBC အဖွဲ့၏ နွေဦးတော်လှန်ရေး ရံပုံငွေဈေးရောင်းပွဲကို မတ်လ ၁၆ရက်နေ့ စနေနေ့ကကျင်းပခဲ့တယ်လို့ NYCBCကအသိပေးဖော်ပြပါတယ်။


အဆိုပါရန်ပုံငွေဈေးရောင်းပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်အားပေးပြီး ကြွရောက်လာသော တော်လှန်ထောက်ပို့ ပြည်သူများကို ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။


"ဒီပွဲမှာ နယူးယောက်မှာရှိတဲ့ အင်အားစုတွေကလာရောက်ကူညီပေးတဲ့အတွက် BYCBCက အထူးကျေးဇူးတင်ရှိပါတယ်။ အခုလိုလုပ်ဆောင်ခြင်းဟာ အမိမြန်မာပြည်အတွက် တော်လှန်ရေးအတွက်လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်"လို့ NYCBCမှ  အမှုဆောင်ဦးနေတင်မြင့်ကလည်းပြောပါတယ်။

မြန်မာပြည်ဖွားတိုင်းရင်းသားမျိုးစုံ ကြွရောက်အားပေးသော အဆိုပါရန်ပုံငွေဈေးရောင်းပွဲတွင် အမေစု၏ ပန်ချီကားကိုလဲ လေလံတင်ရောင်းချခဲ့ပြီး အစားအသောက်နှင့် လက်ဆောင်ပစ္စည်းရောင်းချရငွေများမှ တော်လှန်ရေးအတွက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂သောင်းကျော် ရရှိခဲ့ပါတယ်။


========================


📌📌 ၄။ စစ်မှုထမ်းဥပဒေကို အကြောင်းပြ ငွေညှစ်နေသူများကို မန္တလေးတော်လှန်ရေးအဖွဲ့အစည်းများ ရှုံ့ချ  


မတ်လ ၁၇ရက်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ပြည်သူလူထံကို ငွေညှစ်နေတဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချတယ်လို့ မန္တလေး တော်လှန်ရေးအင်အားစုများက မတ်လ ၁၇ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းထုတ်ပြန်ချက်ကို အခွင့်ကောင်းယူပြီး ငွေညှစ်နေတဲ့ မန္တလေး မြို့နယ် ခုက လဝက၊ ထွေအုပ်၊ ရပ်ကျေး ရာအိမ်မှူး ဆယ်အိမ်မှူးတွေနဲ့ စစ်ကောင်စီနောက်လိုက်တွေသိစေဖို့ ထုတ်ပြန်လိုက်တာဖြစ် ပါတယ်။

၎င်းတို့ဟာ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ပြည်သူလူထုကို မတရားခြိမ်းခြောက်ငွေညှစ်ကာ ကိုယ်ကျိုးအတွက် စီးပွားရှာနေတာလို့ဆိုပါတယ်။ 

တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်တွင်းစစ်ဘေးကြောင့် ဒုက္ခရောက်နေကြသူတွေကို လစ်လျူရှုပြီး မိမိကိုယ်ကျိုးစီးပွားအတွက် ရှေ့တန်းတင်နေတဲ့သူတွေအနေနဲ့ မိမိတို့ လုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရမယ်လို့ တော်လှန်ရေး အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ 

တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးပြီး ကိုယ်ကျိုးစီးပွားရှာနေတဲ့သူတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ပြည်သူလူထုက အမည်တပ်ပြီး တိုင်ကြားလာမယ်ဆိုရင် ထိရောက်တဲ့အရေးယူမှုတွေ ခံယူရမယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ၎င်းတို့လက်ပါးစေတွေက မတရားလာရောက်ဖမ်းဆီးလာခဲ့ရင်လည်း တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေထံ အသိပေးတိုင်ကြားဖို့လည်း တိုက်တွန်းထားပါတယ်။  

ထို့အပြင် စစ်ကောင်စီရဲ့ လူအင်အားဖြည့်စုဆောင်းလိုခြင်းအတွက် အလိမ်အညာ စစ်မှုထမ်းဥပဒေကိုလည်း ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း မန္တလေးတော်လှန်ရေး အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ"ဘန်နာကိုကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှား


မတ်လ ၁၇ရက်။

"စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ"ဘန်နာကိုကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က မတ်လ ၁၇ရက်မှာ အသိပေးဆိုပါတယ်။


"နေရာစုံ အဘက်ဘက်မှရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့အာဏာသိမ်းသက်တမ်းကို ဆွဲဆန့်နိုင်ရန်အတွက် ပြည်သူလူထုကို ကျွန်ပြုအသုံးချပြီး စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မ အသက်သွင်းနေပြီဖြစ်ပါတယ်။ သို့ပါ၍ ပြည်သူလူထုအနေဖြင့် ဖက်ဆစ်တပ်၏စစ်ကျွန်ပြုမှုကိုလက်မခံပဲ ရရာနည်းလမ်းမျိုးစုံဖြင့်တွန်းလှန်ခြင်းဖြစ်စေ၊ လွတ်မြောက်ရေးနည်းလမ်းများဖြင့် ကြိုးစားခြင်းဖြစ်စေ ငြိမ်ခံမနေပဲ တခုခုလုပ်ကြဖို့ကျွန်တော်တို့ တော်လှန်လူငယ်များမှ တပ်လှန့်နှိုးဆော်အပ်ပါတယ်"လို့ဖော်ပြပါတယ်။


'စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ' ဆိုသလို မန္တလေးသားတွေ၊ တောင်ပေါ်မြေပြန့်သွေးချင်တွေအားလုံး စစ်ကျွန်မခံပဲ အတူတူရုန်းရမယ့်အချိန်ရောက်ပြီလို့လည်းအသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် စစ်တပ်ဘက်က ဦးသေဆုံး


မတ်လ ၁၇ရက်။

ပဲခူးတိုင်းအ‌နောက်ခြမ်း သာယာဝတီခရိုင်ထဲက လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့နယ် ရေငံအုပ်စု ထန်းပင်ချောင်ရွာကနေ ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့တို့ မတ်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲဟာ မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ပြောပါတယ်။

အဆိုပါထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဦး သေဆုံးသွားတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲမှာ တော်လှန်ရေးအဖွဲ့ဘက်က ရှေ့ထွက်မိုင်း ၂လုံး ဆုံးရှုံးခဲ့ပေမယ့် စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့လည်း အသိပေးထားပါတယ်။

သာယာဝတီခရိုင်အတွင်းက ပဲခူးရိုးမပေါ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ပြည်သူများအနေနဲ့ ရိုးမအတွင်း သွားလာမှုတွေ မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက အသိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ရေဦး ထွေအုပ်ရုံး ရွှေနဒီဦးခန်းမရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး


မတ်လ ၁၇ရက်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရွှေနဒီဦးခန်းမမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုံးနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးသွားတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF ထံကနေ သိရပါတယ်။ 

ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ၎င်းတို့လက်ပါးစေတွေ ခြေရှုပ်နေတယ်လို့ သတင်းရတဲ့အတွက် မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ရေဦး PDF က Fixed Wings Drone စင်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

ယခုတိုက်ခိုက်မှုမှာ ရန်သူစစ်ကောင်စီတပ်ဖွဲ့ ထိခိုက်မှုရှိနိုင်တယ်လို့သိရတဲ့အတွက် ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ အသိပေးထားပါတယ်။  

ရန်သူစစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး ထွေအုပ်ရုံးလမ်းကိုပိတ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ရေဦး PDF က ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၅ ရက်နေ့ကလည်း အထွေအထွေအုပ်ချုပ်ရေးမှူးရုံး ရွှေနဒီဦးခန်းမမှာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ လက်ပါးစေတွေ အစည်းအဝေးပြုလုပ်နေချိန်မှာ ရေဦး PDF က Fixed Wings Drone စင်းနဲ့ ဗုံးသီး လုံးချ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ဒဏ်ရာရသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး မတ်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူရွာကို Shar Htoo Waw နည်းပညာဖြင့်အကြမ်းဖက် ပျူစောထီးများ စားသောက်ချိန်ဝေဟင်မှဗုံးသီးကြဲချ


မတ်လ ၁၇ရက်။

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူရွာကို Shar Htoo Waw နည်းပညာဖြင့် အကြမ်းဖက် ပျူစောထီး များ စားသောက်ချိန်ဝေဟင်မှ ဗုံးသီးကြဲချခဲ့တယ်လို့ မတ်လ၁၇ရက်မှာ မုံရွာခရိုင်အမှတ်() တပ်ရင်းက Droneစစ်ဆင်ရေးကိုအသိပေးပါတယ်။


"မတ်လ၁၅ရက်မနက်ပိုင်း စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူရွာကို မုံရွာခရိုင်တပ်ရင်း()မှ Shar Htoo Waw နည်းပညာဖြင့် အကြမ်းဖက် ပျူစောထီးများ စားသောက်ချိန်အတိကျ ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် ပျူ၆ဦးထိခိုက်ကာ အသေအပျောက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။


စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း()နှင့်၊ ရွှေဘိုဇေယျာသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့ ဗိုလ်မိချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ WTO PDFတပ်ရင်း() DMKP ညီကိုများ ပူးပေါင်းဖော်ဆောင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ကလေးမြို့ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာရှိစကစတပ်များအား တိုက်ခိုက်ခဲ့ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရရှိ


မတ်လ (၁၇) ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့အနီး၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကလေးခရိုင် တပ်ပေါင်းစုအဖွဲ့တို့ မတ်လ (၁၆) ရက်နေ့တွင်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရရှိခဲ့တယ်လို့အတည်ပြုပါတယ်။

အထူးလှုပ်ရှား တပ်ရင်း (၂၊ ) ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF-KKG RKDF RCDF EFDF HNB နှင့် ဒေါင်းသွေးရာဇာ ပူးပေါင်းအဖွဲ့တို့မှ ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာအား တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့မှလည်း မင်းလှရွာအား ဖြတ်တောက်ရေးတာဝန် ယူပေးခဲ့တယ်လို့ စစ်ရေးသတင်းအား အမှတ် () စစ်ဒေသကဖော်ပြပါတယ်။


အောင်မြင်သာရွာ၌ ဗိုလ်ကြီး ကျော်လင်းမောင် ဦးစီးသော စစ်ကောင်စီ ထုတ်နုတ်အင်အား (၂၂) ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၄၀) ဦး အခြေချနေထိုင်ပြီး ကျောင်းတိုက်ရွာ၌ ဗိုလ် ဖြိုးသန့် ဦးစီးသော စစ်ကောင်စီ ထုတ်နုတ်အင်အား (၂၇) ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၅၉) ဦး အခြေချ နေထိုင်တယ်လို့သိရပါတယ်။

          

၎င်းတိုက်ပွဲတွင် စစ်ကောင်စီဝင် () ဦး သေဆုံးပြီး () ဦး ထိခိုက်ဒဏ်ရာရကာ ကျောင်းတိုက်ရွာအား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျောင်းတိုက်ရွာမှ ရန်သူများ ဆည်တော်ဦးရွာနှင့် အောင်မြင်သာရွာသို့ ဆုတ်ခွာသွားခဲ့ပါတယ်။ 


ကျောင်းတိုက်ရွာသို့ ကလေးမြို့မှ တက်လာသော Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှု () ကြိမ် ပြုလုပ်ခဲ့ပြီးတော်လှန်ရေးဘက်မှ ရဲဘော် () ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။ 


ရန်သူ့ထံမှ MA-15 (ငါးကြင်းမြှီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက်ငယ် (၁၇) လက်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ ဗုံးသီးမျိုးစုံ အလုံး (၁၀) ကျော်၊ ကျည်အိမ် (၃၀) ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။


ဒါ့အပြင် နန်းစောင်းပုရွာသစ်၌ ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ-၂၂ လက်အောက်ခံ စစ်ကောင်စီ ထုတ်နုတ်အင်အားနှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀) ခန့်အား အထူးလှုပ်ရှား တပ်ရင်း (၂၊ )  ကလေးခရိုင် ဒရုန်းတပ်ဖွဲ့၊ ကလေးခရိုင် တပ်ရင်း (၂၊ ၄၊ ) ကလေးမြို့နယ် ပကဖ၊ RKDF HNB EFDF ဒေါင်းသွေးရာဇာ၊ S2UG GRF TCDF ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။


၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒရုန်းများဖြင့်လည်း တိုက်ခိုက်ခဲ့ကြပြီး ရန်သူ့ဘက်မှ ဗိုလ်ကြီး () ဦးနှင့် ဒု-တပ်ကြပ် () ဦး၏ အလောင်း () လောင်း ရရှိခဲ့ကာ ရန်သူ့ထံမှ လက်နက်ငယ် () လက်၊ MA ကျည် (၁၇) တောင့်နှင့် ကျည်အိမ် () ခု သိမ်းဆည်းရမိခဲ့ပါတယ်။


စစ်ကောင်စီဘက်မှ ကလေးမြို့ အနီးဝန်းကျင်ရှိ တိုက်ပွဲမဖြစ်ပွားသော နေရာများသို့လည်း လက်နက်ကြီးများဖြင့် မီးလောင်ဗုံးအပါ ဗုံးအလုံး (၂၀၀) ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ့နေအိမ်အချို့မီးလောင်ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရသည်ဟု ကနဦး သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ ကလေးတောင်ပိုင်း GTCအနီး သာယာဝတီကျေးရွာ မီးရှို့ခံရ


မတ်လ ၁၇ရက်။

ကလေးတောင်ပိုင်း GTCအနီး သာယာဝတီကျေးရွာ မီးရှို့ခံရတယ်လို့ သတင်းရရှိပါတယ်။


မတ်လ ၁၇ရက် စကစတပ်များရဲ့ ကျူးလွန်မှုကို ဒေသခံ သတင်းအရင်းအမြစ်များကဆိုပါတယ်။


"ကလေးတောင်ပိုင်း GTC နား ထိုမာလမ်းခွဲလို့ခေါ် တဲ့ သာယာဝတီကျေးရွာ မီးရှို့ခံရပါတယ်"လို့ဆိုပါတယ်။


ကလေးမြို့အနီးစကစတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှုများလည်းရှိနေပါတယ်။


========================


🚩🚩 ၆။ ရန်သူ့တပ်ကင်းပုန်း၀ပ် အထိုင်ချထားသောစစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိနေရာများသို့ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ရာ စကစဘက်ကထိခိုက်သေဆုံးမှုရှိ


မတ်လ ၁၇ရက်။

ရန်သူ့တပ်ကင်းပုန်း၀ပ် အထိုင်ချထားသော စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိနေရာများသို့ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ရာ စကစဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့သိရပါတယ်။


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာသုသာန်တွင်ဝင်ရောက်ကင်းပုန်းဝပ်နေသော စကစများကို ပုဝါနီပြောက်ကျားပွိုင့်မှ မတ်လ၁၆ရက်ည၈နာရီအချိန် 40mm နှင့် လက်နက်ငယ်အချို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


အလားတူမတ်လ၁၆ရက်နေ့ည၉နာရီ၃၀ မိနစ်ခန့်တွင် ဆွာမြို့အရှေ့ဘက်ရှိ စစ်တောင်းမြစ်ကူး ကူးတို့ဆိပ်တွင် ကင်းပုန်း၀ပ်နေသော စစ်ကောင်စီအင်အား ၂၀ ကျော်ခန့်ကို တော်လှန်ရေး အင်အားစုများမှ 40mm လက်နက်ငယ်များဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားချိန် မိနစ်20 ခန့်ကြာမြင့်ခဲ့တယ်လို့အတည်ပြုပါတယ်။


အဆိုပါတိုက်ခိုက်မှု့ကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ 3501(တပ်ခွဲ )နှင့် ရေတာရှည်မြို့နယ် ပကဖ တို့ကပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


ဒိုးတန်းကျေးရွာသုသာန်တွင် ဝင်ရောက်ကင်းပုန်းဝပ်နေသော စကစများကို ပစ်ခတ်ရာမှာ စကစဘက်မှ ထိခိုက်မှု့တစ်ချို့ရှိခဲ့သည်ဟု သိရပြီး နံနက်အစောပိုင်း သုံးဘီးဖြင့် အလောင်းနှစ်လောင်းလာရောက်သယ်ဆောင်သွားသည်ဟု အရပ်ဘက်သတင်းအရ သိရှိရပြီး အတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့သိရပါတယ်။

ကူးတို့ဆိပ်တိုက်ပွဲတွင်လည်း စကစဘက်မှ ထိခိုက်ဒဏ်ရာရရှိသည်ဟုသိရပြီး ဆေးရုံတွင် နှစ်ဦးသေ၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု အရပ်ဘက်သတင်းအရသိရှိရပါတယ်။


========================


🚩🚩 ၇။ Pakokku People Defense Force (PPDF) ထံသို့ အကြမ်းဖက် စကစမှ တပ်သားတစ်ဦး လက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့၍ ဆုကြေးငွေ သိန်း (၅၀)ချီးမြှင့်


မတ်လ ၁၇ရက်။

Pakokku People Defense Force (PPDF) ထံသို့ အကြမ်းဖက် စကစမှ တပ်သားတစ်ဦး လက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့၍ ဆုကြေးငွေ သိန်း (၅၀)ချီးမြှင့်ခဲ့တယ်လို့မတ်လ၁၇ရက်မှာ Pakokku People Defense Force (PPDF)ကတရားဝင်အသိပေးဖော်ပြပါတယ်။


"Pakokku People Defense Force (PPDF) ထံသို့ အကြမ်းဖက် စကစမှ တပ်သားတစ်ဦး အလင်းဝင်ရောက်ခဲ့ပါတယ်။ သေနတ် () လက်၊ ကျည် () ဘောက်လဲ အတူတကွ သယ်ဆောင်လာပါတယ်"လို့ဖော်ပြပါတယ်။


အလင်းဝင်လာသည့် တပ်သားအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး ဆုကြေးငွေ သိန်း (၅၀) ကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။


ယခုအချိန်ထိ အကြ.မ်းဖက် စကစမှ တာဝန်ထမ်းဆောင်နေကြသူများလည်း အာဏာရှင်ကို အသက်ပေးမည့်အစား  ပြည်သူ့တပ်ဖွဲ့ထံ အမြန်ခိုလှုံရန် အသိပေးကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment