20th MAR 2024 - Evening Daily News by Radio NUG

 

၂၀၂၄ မတ်လ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ဝယ်သူမရှိသဖြင့် လေလံပွဲပျက်

📌 ၂။ အပစ်ရပ်အဖွဲ့ ဖွဲ့တွင် PNLO နှင့် LDU အဖွဲ့တို့ မပါလို့ တုန့်ပြန်


၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။  စစ်ကောင်စီက ပအိုဝ်းဒေသကို လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်ဖျက်ဆီးနေပြီး မပေါက်ကွဲသေးသော လက်နက်ကြီးကျည် များစွာရှိနေဟု PNLA ပြော

🚩 ၂။ အမှတ် () ပြည်ထောင်စု လမ်းမကြီး ရေး-ထားဝယ် လမ်းပိုင်းတွင် ပူးပေါင်းမဟာမိတ် တပ်ပေါင်းစုက နယ်မြေ စိုးမိုးရေး ဆောင်ရွက်

🚩 ၃။ ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၁၁ ဦးသေဆုံး၊ လက်နက်ချသော ဗျူဟာမှူးနှင့် အရာရှိ ၁၂ ဦး အပါအဝင် စစ်သား ၆၆ ဦးကို ကောင်းမွန်စွာထားဟု KNU ပြော

🚩 ၄။ ပြည်ထောင်စုလမ်းမ မလွဲတောင်ခြေရှိ သစ်တောရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ မီးရှို့ရှင်းလင်း

🚩 ၅။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့သား ပိုင်တဲ့ မန္တလေး ရတနာပုံခန်းမကို ရှော့ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ၆။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊သင်တန်းအပတ်စဉ် ()သင်တန်းဆင်းပွဲကျင်းပပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ဝယ်သူမရှိသဖြင့် လေလံပွဲပျက်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံအမှတ် ၅၄ ကို ယနေ့မနက်ပိုင်းက လေလံတင်ရောင်း ချခဲ့ရာမှာ ဝယ်ယူသူမရှိတာကြောင့် လေလံပွဲပျက်သွားတယ်လို့ သိရပါတယ်။ 

လေလံစီမံခန့်ခွဲတဲ့ တရားရုံးအရာရှိနဲ့ တရားရုံးစာရေးက ခြံနံပါတ် ၅၄ ကို လေလံဆွဲမယ့်သူ ရှိ မရှိ ကြိမ် မေးခဲ့ပေမယ့် လေလံဆွဲမယ့်သူမရှိတာကြောင့် လေလံပွဲမအောင်မြင်ဘူးလို့ လေလံစီမံခန့်ခွဲတဲ့ တရားရုံး အရာရှိကဒီနေ့ မတ်လ ၂၀ မှာ ခြံရှေ့မှာပဲ ကြေညာခဲ့ပါတယ်။

အခုလို လေလံတင်ရောင်းချခဲ့ရာမှာ ဝယ်ယူသူမရှိတာကြောင့် နောက်တကြိမ် လေလံတင်ရောင်းချမဲ့ရက်ကို သက်ဆိုင်ရာ တရားရုံးက ထပ်မံကြေညာရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။  

ဒီနေ့မှာ လေလံစွဲပြီး ဝယ်ယူသူမရှိတာကြောင့် တရားနိုင်သူဖြစ်တဲ့ ဦးအောင်ဆန်းဦးအနေနဲ့ အနိုင်ရဒီဂရီအတိုင်း ဆက်လက် ဆောင်ရွက်ခွင့်ရှိသလို တရားရုံးဘက်ကလည်း နောက်တပ်လေလံပွဲကျင်းပဖို့ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ သမိုင်းဝင် ခြံအမှတ် ၅၄ ကနေအိမ်ကို ကမာရွတ်မြို့ နယ်တရားရုံးက အမေရိကန်ဒေါ်လာ သန်း ၉ဝ နဲ့ လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းမှာရှိတဲ့ ခြံအမှတ် ၅၄/၅၆ ကို လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။   

အဆိုပါနေအိမ်ဟာ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်နာမည်နဲ့ အမည်ပေါက်ဖြစ်ပြီး ဒသမ ၉၂၃ ဧက ကျယ်ဝန်း ကာ ၎င်းကွယ်လွန်တဲ့အထိ နေထိုင်ခဲ့သလို ယခင်စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ခန့် နေထိုင်ခဲ့ရာအိမ်လည်း ဖြစ်ပါတယ်။ 

အဆိုပါအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ -NUG က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာ ရက်မှာပဲ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ကြေညာထားပါတယ်။

အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဒီအိမ်နဲ့ပတ်သက်ပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်းအသုံးချခြင်းတို့ကို တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်မယ်ဆိုရင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ-၂၀၁၉ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ-၁၉၈၇၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့နဲ့ အရေးယူခံရမယ့်အပြင် လုပ်ဆောင်တဲ့လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အမည်ပျက်စာရင်းသွင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG က သတိပေးထားပါတယ်။ 


========================


📌📌 ၂။ အပစ်ရပ်အဖွဲ့ ဖွဲ့တွင် PNLO နှင့် LDU အဖွဲ့တို့ မပါလို့ တုန့်ပြန်


Radio NUG မတ် ၂၀၊ ၂၀၂၄


နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ ကျော်လွှားနိုင်ရေး သက်ဆိုင်ရာ အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်း မည်ဟု အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့ မျက်နှာစုံညီအစည်းအဝေး က သဘောထား ကြေညာခဲ့ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဌ ခွန်သူရိန်က ပြောကြားလိုက်သည်။


စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဦးဆောင်ပြီး မတ်လ ၁၇ရက်၊ ၁၈ရက်များ၌ ကျင်းပခဲ့သည့် NCA လက်မှတ်ထိုး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး ထုတ်ပြန်ချက်တွင် PNLO အမည်နာမကို ဖော်ပြခဲ့ရာ PNLO ဥက္ကဌက ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။


အဆိုပါ အစည်းအဝေးသို့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ တက်ရောက်ခြင်းမှာ ၎င်း၏ ပုဂ္ဂိုလ်ရေးအရ သွားရောက်သည်ဟု ပြောကြားလိုကြောင်း ခွန်သူရိန်က ပြောသည်။


ထို့အတူ - အပစ်ရပ် ဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိကြောင်းဟု လားဟူအဖွဲ့ LDU ကလည်း ကြေညာလိုက်ပါသည်။ LDU အမည်ကိုဆက်လက် ထည့်သွင်းသုံးစွဲခြင်းမပြုရန် အပစ်ရပ်ခေါင်းဆောင်များအား သတိပေးတယ်လို့ မတ်လ ၁၉ ရက် ထုတ်ပြန်ချက်မှာပါရှိပါသည်။


မျက်နှာစုံညီ အစည်းအဝေး ကြေညာချက်တွင် တက်ရောက်သော အဖွဲ့အမည်စာရင်း၌ LDU ပါဝင်နေကြောင်း၊ အစည်းအဝေးသို့ LDUမှ တက်ရောက်ခြင်းမရှိကြောင်း ဖော်ပြကာ အစည်းအဝေး တက်ရောက်ခဲ့သည့် ကျာဆော်လမွန် နှင့် အပေါင်းအပါများသည် LDU မဟုတ်ကြောင်း တုန့်ပြန်လိုက်သည်။


ကျာဆော်လမွန်အား ၂၀၂၂ ဇူလိုင်လ ၈ရက်တွင် LDU ဗဟိုကော်မတီ အဖွဲ့မှ လုပ်ငန်းတာဝန်နှင့် ရာထူးများမှ ထုတ်ပယ်ထားပြီး ယင်းနောက်ပိုင်း LDU အမည်နာမအား အသုံးမပြုရန် အကြိမ်ကြိမ် သတိပေး ပြောဆိုခဲ့ကြောင်း၊ LDU အမည် အလွဲသုံးကာ စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ အပစ်ရပ်လက်မှတ်ထိုး အဖွဲ့များ၏ အစည်းအဝေးသို့ တက်ရောက်နေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရှင်းလင်းထားသည်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်း‌နွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။  စစ်ကောင်စီက ပအိုဝ်းဒေသကို လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်ဖျက်ဆီးနေပြီး မပေါက်ကွဲသေးသော လက်နက်ကြီးကျည် များစွာရှိနေဟု PNLA ပြော


အကြမ်းဖက်စစ်ကောင်စီက ပအိုဝ်းတိုင်းရင်းသားတွေအများစုနေထိုင်ရာ ပအိုဝ်းဒေသကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်ဖျက်ဆီးနေဆဲဖြစ်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ များစွာရှိနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် - PNLA က မတ်လ ၂ဝ မှာ ထုတ်ပြန်ပါတယ်။ 

ဆိုက်ခေါင်ကျေးရွာမှာအခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မတ်လ ၁၉ ရက်နေ့ကလည်း လက်နက်ကြီးတွေနဲ့  ဆီဆိုင်မြို့ကို အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဆီဆိုင်မြို့တွင်းမှာရှိတဲ့ လမ်းမကြီးတွေပေါ် နဲ့ ကျေးရွာအချို့မှာ စစ်ကောင်စီကပစ်ခတ်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ အများအပြားရှိနေဆဲလို့ အသိပေးထားပါတယ်။

ထို့အပြင် ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက မတ်လ ၁၉ ရက်နေ့မှာ လက်နက်ကြီးနဲ့ အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ အိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။ 

စစ်ရာဇဝတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပအိုဝ်းတိုင်းရင်းသားတွေအများစုနေထိုင်ရာ ပအိုဝ်းဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်ဖျက်ဆီးနေတာကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေသလို လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးဆုံးရှုံးနေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ အမှတ် () ပြည်ထောင်စု လမ်းမကြီး ရေး-ထားဝယ် လမ်းပိုင်းတွင် ပူးပေါင်းမဟာမိတ် တပ်ပေါင်းစုက နယ်မြေ စိုးမိုးရေး ဆောင်ရွက်


Radio NUG မတ်လ ၂၀ ရက်။


ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ ၃၃ နယ်မြေထဲမှ အမှတ် () ပြည်ထောင်စုလမ်းမကြီး ရေး - ထားဝယ် လမ်းပိုင်းပေါ်တွင် ဒေါနစစ်ကြောင်း အပါအဝင် ပူးပေါင်းမဟာမိတ် တပ်ပေါင်းစုတို့မှ နယ်မြေစိုးမိုးရေး လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန် ထားပါတယ်။


မတ်လ ၁၉ ရက်နေ့ (မနေ့က) မနက် နာရီမှ ညနေ နာရီခွဲ အချိန်အထိ အမှတ် () ပြည်ထောင်စု လမ်းမကြီး ရေး - ထားဝယ် လမ်းပိုင်း၊ မလွဲတောင်နှင့် ကလိန်အောင်ကြားတွင် ပူးပေါင်းမဟာမိတ် တပ်ပေါင်းစုမှ တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးမှု ရယူနိုင်ခဲ့ပြီး စစ်ဆေးရှင်းလင်းမှုများ ဆောင်ရွက်ခဲ့တာပါ။


ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေချိန်မှာ စစ်ကောင်စီတပ်ရဲ့ မလွဲတောင် ဂိတ်စခန်းမှ ခရီးသွားပြည်သူများ သွားလာမှုကို ပိတ်ဆို့ဖြတ်တောက်ခဲ့ပြီး မလွဲတောင်ဂိတ်တံခါးအား သော့ဂလောက်ဖြင့်ပိတ်ကာ စခန်းအတွင်းမှာ ပုန်းအောင်းနေခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီဘက်မှ ကင်းထောက်လေယာဉ် နှစ်ကြိမ်ပျံသန်းခဲ့ပြီး မော်လမြိုင် .. ဘက်မှ Mi-35 တစ်စီး တက်လာခဲ့တယ်လို့ သတင်းရရှိခဲ့ပြီး စစ်ကောင်စီဘက်က အခြားတုံပြန်မှုများကို ပြုလုပ်နိုင်ခဲ့တာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


နယ်မြေစိုးမိုးဆောင်ရွက်စဉ်အတွင်း အမျိုးသမီးခရီးသွားပြည်သူများကို စစ်ဆေးရာမှာ စစ်ကြောင်းထဲက အမျိုးသမီး ရဲမေများလည်း ပါဝင်တာဝန်ထမ်းဆောင် ခဲ့ကြတယ်လို့ ဒေါနစစ်ကြောင်းက အသိပေးထားပါတယ်။


ယခု နယ်မြေစိုးမိုးရေး လှုပ်ရှားမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF ဒေါနတပ်ခွဲ () ထားဝယ်ကာကွယ်ရေးအဖွဲ့ DDT ဒေါနတပ်ခွဲ() ဝေဟင်‌ ဒေါနတပ်ခွဲ () တနင်္သာရီ တပ်ရင်း () ရေးသိမ်းငှက်၊ YDF ရေးပြောက်ကျားတပ် ဒေါနတပ်ခွဲ () မွန်ပြည် တော်လှန်ရေးတပ် MSRF ABSDF‌ ကျောင်းသားတပ်မတော် တပ်ရင်း () YAF KNLA တပ်ရင်း (၂၇) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါစစ်ဆေးမှုများအပြင် မဟာမိတ်ပူးပေါင်းတပ်များ အနေနဲ့ မလွဲတောင်တောင်ခြေ၊ အလယ်စခန်းရွာ သစ်တောရုံးကိုလည်း ရှင်းလင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သေးကြောင်း ဒေါနစစ်ကြောင်းရဲ့ သတင်းထုတ်ပြန် -ချက်အရ သိရပါတယ်။


========================


🚩🚩 ၃။ ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၁၁ ဦးသေဆုံး၊ လက်နက်ချသော ဗျူဟာမှူးနှင့် အရာရှိ ၁၂ ဦး အပါအဝင် စစ်သား ၆၆ ဦးကို ကောင်းမွန်စွာထားဟု KNU ပြော


ကရင်အမျိုးသားအစည်းအရုံး ဒူးပလာခရိုင် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံဗျူဟာကုန်းတိုက်ပွဲမှာ စစ်သား ၁၁ ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိကာ လက်နက်ချအညံ့ခံခဲ့တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးနဲ့ အရာရှိ၁၂ ဦး အပါအဝင် ၆၆ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

KNU တပ်မဟာ နယ်မြေထဲမှာရှိတဲ့ ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ အခြေစိုက် စကခ ၁၃ လက်အောက်ခံ နဗဟ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်တဲ့ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မတ်လ ၁၃ ရက် မနက် နာရီကစပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ မတ်လ ၁၄ ရက် ညနေ နာရီခန့်မှာ စစ်ကောင်စီတပ်မှ ဗျူဟာမှူးဗိုလ်မှူးကြီး အောင်ကျော်စိုးနဲ့အရာရှိ ၁၂ ဦး အပါအဝင် ၆၆ ဦးက အလံဖြူထောင်ကာ လက်နက်ချအညံ့ခံခဲ့တာကြောင့် စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၃၃ လက်၊ မိုင်းမျိုးစုံနဲ့ ခဲယမ်းမျိုးစုံ တသောင်းကျော်အပါအဝင် ဓာတ်မှန်ရိုက်စက်တလုံးနဲ့မီးစက် ၂လုံး အပြင် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဘက်က ဦး တိုင်းပြည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး တဦးဒဏ်ရာရရှိခဲ့တဲ့ အပြင် တိုက်ပွဲအတွင်း လိုအပ်တာတွေကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့တဲ့ အရပ်သားပြည်သူတဦးလည်း နင်းမိုင်းထိမှန် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကျိုက်ဒုံဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက စခန်းမကျရေးအတွက် လေကြောင်း ပစ်ကူ ၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်တာနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့တဲ့ ဗျူဟာမှူးနဲ့ အရာရှိ ၁၂ ဦး အပါအဝင် စစ်သား ၆၆ ဦးကို ညှင်းပန်း နှိပ်စက်ခြင်းမရှိဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဘေးကင်းလုံခြုံစွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ကထုတ်ပြန်ထားပါတယ်။  

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို စခန်း သိမ်းတိုက်ပွဲအဖြစ်သော်လည်းကောင်း မြို့တွင်းတိုက်ပွဲအဖြစ်သော်လည်းကောင်း ဖော်ဆောင်နေတာကြောင့် နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း သိရပါတယ်။ 


========================


🚩🚩 ၄။ ပြည်ထောင်စုလမ်းမ မလွဲတောင်ခြေရှိ သစ်တောရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ မီးရှို့ရှင်းလင်း

 

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ် အမှတ် ပြည်ထောင်စုလမ်းမကြီး ရေး - ထားဝယ်လမ်းပိုင်းမှာရှိတဲ့ မလွဲတောင်နဲ့ ကလိန်အောင်ကြားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲက နယ်မြေစိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး မလွဲတောင်ခြေမှာရှိတဲ့ သစ်တောရုံးကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ နယ်မြေအတွင်းမှာရှိတဲ့ အမှတ် ပြည်ထောင်စုလမ်းမ ရေး-ထားဝယ် လမ်းပိုင်း မလွဲတောင်နဲ့ ကလိန်အောင်ကြား နယ်မြေစိုးမိုးမှုရယူနိုင်ခဲ့တာနဲ့ပတ်သက်လို့  ဒေါနစစ်ကြောင်းက အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။


ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုဟာ မတ်လ ၁၉ ရက်နေ့က အမှတ် ပြည်ထောင်စုလမ်းမမှာရှိတဲ့ ရေး-ထားဝယ်လမ်းပိုင်းက မလွဲတောင်နဲ့ကလိန်အောင်ကြားမှာ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနဲ့ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF ဒေါနတပ်ခွဲ-၄၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ DDT ဒေါနတပ်ခွဲ -၇၊ ဝေဟင်‌ဒေါနတပ်ခွဲ -၆၊ တနင်္သာရီ တပ်ရင်း - ၊ရေးသိမ်းငှက်၊ YDF ရေးပြောက်ကျားတပ် ဒေါနတပ်ခွဲ-၃၊ မဟာမိတ်တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ABSDF‌ ကျောင်းသား တပ်မတော်တပ်ရင်း -၁၊YAF KNLA တပ်ရင်း-၂၇ တို့က အမှတ် လမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ မိဘပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင်များ ဖြတ်သန်းသွားလာမှုအခြေအနေကိုလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ တယ်လို့ ပြောပါတယ်။

 

ခရီးသွားပြည်သူတွေထဲမှာ အမျိုးသမီးတွေပါရှိနေတဲ့အတွက် စစ်ကြောင်းမှာရှိတဲ့ ရဲမေတွေလည်း နယ်မြေစိုးမိုးလှုပ်ရှား မှုမှာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။


အခုလိုစစ်ဆေးချိန်မှာ မလွဲတောင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ခရီးသွားပြည်သူတွေရဲ့ သွားလာမှုလမ်းကြောင်းတွေ ကို ပိတ်ဆို့ဖြတ်တောက်မှုတွေပြုလုပ်ခဲ့ပြီး ဂိတ်တံတားကိုလည်း သော့ပိတ်ကာ စခန်းအတွင်း ပုန်းအောင်းနေခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

 

ထို့အပြင် မော်လမြိုင်ဘက်ကတက်လာတဲ့ စစ်ကောင်စီရဲ့ Mi -35 ရဟတ်ယာဉ်တစင်းကလည်း ကြိမ် ကင်းထောက် ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။


နယ်မြေစိုးမိုးရေးရှင်းလင်းမှုကို မနက် နာရီကနေ မွန်းလွဲ နာရီခွဲအထိလုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် ဘက်က ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မလွဲတောင် တောင်ခြေအလယ်စခန်းရွာက သစ်တောရုံးအတွင်း ဝင်ရောက်ရှင်းလင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၅။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့သား ပိုင်တဲ့ မန္တလေး ရတနာပုံခန်းမကို ရှော့ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်


အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သား အပိုင်စီးရယူထားတဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနဲ့ (၃၈)လမ်းထောင့်က ရတနာပုံခမ်းမကို မတ်လ(၁၉)ရက်မနက်ပိုင်းက ရှော့ဒုန်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။


ဒီနေ့ မတ်(၁၉)ရက်၊ မနက်()နာရီခွဲက၊ မန္တလေးမြို့လည်ခေါင်၊ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနဲ့ (၃၈)လမ်းထောင့်က စစ်တပ်ဝန်းအတွင်း တည်ဆောက်ထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့သား ပိုင်တဲ့ ရတနာပုံခန်းမကို (၁၀၇မမ) ရှော့ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မန္တလေး မြို့ပြပြောက်ကျား No More Dictatorship People Defence Force – NMD-MDYက  ဆိုပါတယ်။


ထိုခန်းမသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်ပြီး ၂၀၂၁၊ မေလ(၁၇) ရက်တွင် မင်းအောင်လှိုင် ကိုယ်တိုင် ဦးစီးဖွင့်လှစ်ခဲ့သော ခန်းမဖြစ်ပြီး စစ်အုပ်စု ခေါင်းဆောင် အကြီးပိုင်းများ အစည်းအဝေး ပြုလုပ်ခြင်း၊ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်း၊ စကစ နောက်လိုက် ဝန်ထမ်းများအား ဝါဒဖြန့်ရန် အသုံးပြုလျက် ရှိသော အရေးပါသော ခန်းမနေရာ ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်လို့ NMD က ဖော်ပြပါတယ်။


အဲ့ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်မှု အခြေအနေကိုတော့ MFP အနေနဲ့ မသိရသေပါဘူး။


အဲ့ဒီ တိုက်ခိုက်မှုကို No More Dictatorship People Defence Force_ NMD နဲ့ Security & Special Task Force (SSTF-MDY) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ NMD က ထုတ်ပြန်ထားပါတယ်။ 


ဗျူဟာမြောက် မစ်ရှင်တွေ ဖော်ဆောင်ဖို့ ပြည်သူတွေရဲ့ အထောက်အပံ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း NMD က အကူအညီတောင်းထားပါတယ်။


========================


🚩🚩 ၆။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊သင်တန်းအပတ်စဉ် ()သင်တန်းဆင်းပွဲကျင်းပပြုလုပ်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် စစ်ကြောင်း  တပ်ရင်းအမှတ် ၁၂ ယောဒေသမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( /၂၀၂၄ ) သင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနားကို မကွေးတိုင်း ယောဒေသမှာ မတ်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်


အဆိုပါ သင်တန်းကို ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် ၃၆ ဦး  သင်တန်းဆင်းခဲ့ကြပြီး တပ်ဖွဲ့ဝင် အလံကိုင်သစ္စာ ဆိုခဲ့ကြပါတယ်


အဆိုပါသင်တန်းဆင်းပွဲကို ABSDFတပ်ဖွဲ့ဝင်များ ဒေသအတွင်းရှိ .က. များနဲ့ ပြည်သူလူထုများ တက်ရောက်ခဲ့ကြပါတယ်


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment