20th MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်စနစ်ဆိုး ပြန်လည်ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ရမည်ဟု NUG ယာယီသမ္မတ ပြော

📌 ၂။ လူထုဆန္ဒကိုဆန့်ကျင်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသော အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာ အရေးယူမည်ဟု TNLA သတိပေး

📌 ၃။ ရခိုင်ပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို စစ်ကောင်စီမှ ခရီးသွားခွင့်ပိတ်

📌 ၄။ ကနီမြို့နယ်က စစ်ရှောင်ပြည်သူ ,၂၀၀ ကျော်အတွက် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ဆီနှင့် ရိက္ခာများ ထောက်ပံ့


၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KNLA နှင့် ပူးပေါင်းတပ်များရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေး

🚩 ၂။ မြင်းခြံတွင် စစ်တပ်စစ်ကြောင်း ကြိမ် မိုင်းဆွဲခံရပြီး ၁ဝ ဦးသေဆုံး

🚩 ၃။ ပခုက္ကူမြို့ အနီးတွင် စစ်ကား စီး အနီးကပ် မိုင်းဆွဲ တိုက်ခိုက်ခံရ

🚩 ၄။ လက်ပံတန်းမှာ တစ်ရက်ထဲ တိုက်ပွဲ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်စနစ်ဆိုး ပြန်လည်ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ရမည်ဟု NUG ယာယီသမ္မတ ပြော


မတ်လ ၁၉ရက်။

နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အံ့ဩမှင်သက်ရလောက်အောင် ပြောင်းလဲတိုးတက်မှုတွေကို မြင်နေရပြီဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ဆိုး ပြန်လည်ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ကပြောကြားလိုက်ပါတယ်။ 

မတ်လ ၁၉ ရက်နေ့မနက်ကကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၁/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း ခုခံတော်လှန်စစ်အခြေအနေတွေကိုကြည့်ရင် တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခု ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်စနစ်ချေမှုန်းရေးနဲ့ ရခိုင်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။ အဲဒီမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း အရေးတကြီးတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တွန်းတွန်းတိုက်တိုက် ဆွေးနွေးအဖြေရှာတာတွေကို တွေ့မြင်ရပါတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းဖို့ ကြိုးစားနေတာကြောင့် နယ်စပ်ဖြတ်ကျော် ပြည်ပထွက်ခွာမှုတွေကလည်း အလုံးအရင်းနဲ့ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအတိတ် သမိုင်းကို ကြည့်ရင်၊ ပြည်တွင်းရေးဖြစ်ရပ်တွေဟာ ကမ္ဘာ့အခြေအနေတွေနဲ့ ဆက်စပ်ဖြစ်ထွန်းတာကို တွေ့ရလေ့ရှိပါတယ်။ အခုလို ၂၁ ရာစုမှာ နိုင်ငံတကာရေစီးနဲ့ ပြည်တွင်းရေးဖြစ်ရပ်တွေက ပိုပြီး ရောယှက်လာတာကို တွေ့မြင်ရပါတယ်။ ပြည်တွင်းရေးကိစ္စတွေရဲ့ ပြောင်းလဲဖြစ်ပေါ်မှုတွေဟာ ကျွန်တော်တို့ရဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ အထွေထွေ ရှုမြင်ချက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ မူဝါဒသဘောထားတွေနဲ့ အံဝင်ခွင်ကျ ချိတ်ဆက်ပြီး လက်တွေ့ကျကျစဉ်းစားကြည့်ဖို့လည်း ယာယီသမ္မတ က ပြောပါတယ်။

ဆက်လက်ပြီး အခုဆိုရင် နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အံ့ဩမှင်သက်ရလောက်အောင် ပြောင်းလဲတိုးတက်မှုတွေကို မြင်နေရပြီဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ခုခံတော်လှန်စစ်အောင်မြင်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသလို၊ အခုလည်း ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားလွတ်မြောက်ရေးကို လက်တွေ့ကျကျ မြင်တွေ့လာရပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ်အတွင်းမှာ ကချင်ပြည်နယ် ဧရိယာအတွင်းက ခုခံတော်လှန်စစ်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲခံလာနိုင်တာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်လို့လည်း အသိပေးထားပါတယ်။ 

ဒါတွေဟာ လူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်သလို အနှစ်နှစ်အလလက သိုမှီးထားတဲ့ တိုင်းရင်းသား တော်လှန်ရေးသက်လုံတွေရဲ့ ကျေးဇူးပြုမှုတွေလည်းဖြစ်ပါတယ်။ ဒီလိုအောင်ပွဲရလဒ်တွေကို ကျွန်တော်တို့အားလုံး အညီညွတ်ပြုပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ရေးအထိ သယ်ဆောင်သွားနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးအလွန်ကာလမှာ အသွင်ကူးပြောင်းရေးအခြေအနေတရပ်ကို မဖြစ်မနေ ဖြတ်သန်းရမှာဖြစ်ပါတယ်။ အဲဒီလို ဖြတ်သန်းကြတဲ့အခါမှာ ကျွန်တော်တို့ဟာ ဉာဉ်ဆိုး၊ စရိုက်ဆိုးတွေကို ပြန်လည်အသက်သွင်းတဲ့လုပ်ရပ်တွေကို လုံးဝ လုပ်လို့ မရဘူးလို့လည်း ပြောထားပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးကိစ္စတွေဟာ ယခင်အခြေအနေဟောင်းနဲ့မတူတဲ့ အသစ်အသစ်သော ဖြစ်ထွန်းမှုဖြစ်ပေါ်နေတာတွေ့ရပြီး အဟောင်းကိုပြန်သွားဖို့ အစီအစဉ်မရှိပါဘူး။ ပြည်သူလူထုတရပ်လုံးကလည်း အခြေအနေသစ်၊ အခင်းအကျင်းသစ်၊ စနစ်သစ်ကိုလည်း မျှော်လင့်တောင့်တနေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ရဲ့ အသီးအပွင့်ကို ပြည်သူလူထုအနေနဲ့ လက်တွေ့ ကာယကံမြောက် သုံးဆောင်ခံစားနိုင်အောင် ဝိုင်းဝန်း အားထုတ်ကြရမှာဖြစ်ပါတယ်လို့လည်း တိုက်တွန်းပြောကြားခဲ့တယ်။ 

ဒါ့အပြင် သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်ရေးအတွက် ခွန်ပြည့်အားပြည့် ကြိုးစားကြရမှာပြီး အရေးအကြီးဆုံးက စစ်အာဏာရှင်စနစ်ဆိုး ပြန်လည်ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ရမယ့်ကိစ္စဖြစ်ကြောင်းနဲ့ ပေါ့ပေါ့ လျော့လျော့မလုပ်ကြဖို့လည်း NUG ယာယီသမ္မတ က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ လူထုဆန္ဒကိုဆန့်ကျင်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသော အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာ အရေးယူမည်ဟု TNLA သတိပေး


မတ်လ ၁၉ရက်။

လူထုဆန္ဒကိုဆန့်ကျင်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ တအာင်းတပ်မတော် TNLA က သတိပေးပြောကြားလိုက်ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းက ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဒေသထဲမှာရှိတဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက်ကာ စစ်မှုထမ်းဖို့ အဓမ္မစစ်သားစုဆောင်းနေတယ်လို့ ပြည်သူလူထုက တိုင်ကြားလာတဲ့အတွက် အခုလို သတိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်သားသစ်တွေစုဆောင်းနေတဲ့ပုံစံဟာ ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူးတွေကို သတ်မှတ်ထားတဲ့တပ်သားသစ်ဦးရေအတိုင်း ကောက်ခံပေးဖို့ ချမှတ်ထားတယ်လို့ ဆိုပါတယ်။

ရပ်ရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ဖိအားပေး ခိုင်းစေမှုတွေကို မလွှဲမရှောင်သာပဲရှိနေတာကြောင့် အချို့သောနေရာတွေမှာ စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းနိုင်ဖို့ အကောင်အထည်ဖော်နေရတယ်လို့လည်း ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကိုအသုံးချပြီး အဓမ္မစစ်သားတွေ စုဆောင်းခိုင်းစေခြင်းကို မြို့မိမြို့ဖတွေ၊ ရပ်ရွာလူထုနဲ့ PSLF/TNLA က လက်မခံဘူးလို့ ပြောပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ လူထုဆန္ဒကိုဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေး တာမလုပ်ဖို့နဲ့ တပ်သားသစ်စုဆောင်းပေးတဲ့အုပ်ချုပ်ရေးမှူးကို PSLF/TNLA က ပြင်းထန်ထိရောက်စွာ အရေးယူသွားမယ် လို့ TNLA သတင်းနှင့်ပြန်ကြားရေးက သတိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ရခိုင်ပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို စစ်ကောင်စီမှ ခရီးသွားခွင့်ပိတ်


မတ်လ ၁၉ ရက်။

Radio NUG


ရခိုင်ပြည်နယ်ရဲ့ မှတ်ပုံတင်အမှတ် ၁၁ မျဉ်းစောင်း နိုင်ငံသားစီစစ်ရေးကတ် ကိုင်ဆောင်ထား သူများကို စစ်ကောင်စီတပ်က ပြည်တွင်းခရီးသွားလာခွင့် ပိတ်ပင်လိုက်တယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။


 မတ်လ ၁၈ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ပြည်တွင်းခရီး သွားလာခွင့် ပိတ်လိုက်ကြောင်း စာပို့လာတယ်လို့ ရန်ကုန်မြို့မှ အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများထံက သိရပြီး အခုလို ပိတ်ခိုင်းရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


ထို့အပြင် ရခိုင်ပြည်နယ် မှတ်ပုံတင် မဟုတ်သူများကိုလည်း ကားလက်မှတ် ရောင်းချရာမှာ မှတ်ပုံတင်၊ စမတ်ကတ်နဲ့ ထောက်ခံစာတွေပါမှ ရောင်းချပေးဖို့ကိုလည်း စစ်ကောင်စီက ညွန်ကြားထားကြောင်း ယာဉ်လိုင်း ပိုင်ရှင် တချို့ထံကနေ သိရပါတယ်။


ယခင်က လမ်းပိုင်းများမှ ဂိတ်များတွင်သာ စစ်ဆေးမှုများ ရှိခဲ့သော်လည်း ယခုတွင် လက်မှတ်ဝယ်ထဲက ရပ်ကွက်၊ ရဲစခန်း၊ သွားမယ့်နေရာကလိပ်စာ၊ ဖုန်းနံပါတ်နဲ့ အလုပ်အတွက်ဆို အလုပ်ခေါ်စာအထိပါ တောင်းခံပြီး ကန့်သတ်မှုတွေကို လုပ်ဆောင်နေပြီး ထောက်ခံစာများ မပါပါက လက်မှတ်ဝယ်ခွင့် မရဘဲ ပြန်လွှတ်နေတယ်လို့ ခရီးသည်များက ဆိုပါတယ်။


 ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ကုန်းလမ်း ခရီးစဉ်များမှာ အခုလို သွားလာခွင့် ပိတ်လိုက်ပေမယ့် လေကြောင်းခရီးစဉ် ကနေတော့ သွားလာလို့ ရသေးကြောင်း လေယာဉ်လက်မှတ် အရောင်းဌာန တစ်ခုကနေ RFA က အတည်ပြုချက် ရယူဖော်ပြထားပါတယ်။


 တစ်ဖက်မှာလည်း ဖေဖော်ဝါရီ ၂၆ ရက်မှာ ရန်ကုန်ကနေ လေကြောင်းလိုင်းနဲ့ စစ်တွေ ပြန်မယ့် ဒေသခံ တချို့ ဖမ်းဆီးစစ်ဆေး ခံခဲ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ရန်ကုန်ကနေ ရခိုင်ကို အဝေးပြေး ကားနဲ့ ပြန်ကြမယ့်  ရခိုင်လူငယ် တစ်ရာကျော်  ရွှေပြည်သာမြို့နယ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ ရတာတွေ ရှိနေခဲ့ပါတယ်။


========================


📌📌 ၄။ ကနီမြို့နယ်က စစ်ရှောင်ပြည်သူ ,၂၀၀ ကျော်အတွက် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ဆီနှင့် ရိက္ခာများ ထောက်ပံ့


မတ်လ ၁၉ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ရှောင် ပြည်သူများအတွက် အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့က ဆီနှင့် ရိက္ခာများ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။


ကနီမြို့နယ်မှာ တိုက်ပွဲများကြောင့် စစ်ရှောင်နေရတဲ့ မြို့ပေါ် ရပ်ကွက် () ရပ်ကွက်နဲ့ ကျေးရွာ () ရွာမှ စစ်ရှောင်ပြည်သူ (,၂၀၀) ကျော်၊ အိမ်ထောင်စု (၄၀၀) အတွက် ဆီနှင့် ရိက္ခာများကို ထောက်ပံ့ခဲ့တယ်လို့ အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့က ဆိုပါတယ်။


စစ်ရှောင်ပြည်သူများအနေနဲ့ လိုအပ်ချက်တွေ များစွာရှိနေခဲ့ပြီး အညာပစ်တိုင်းထောင်လေးများ အနေနဲ့ တစ်အိမ်ထောင်လျှင် ဆီ (၅၀) ကျပ်သား၊ မားမား () ထုတ်နဲ့ ငါးသေတ္တာ တစ်ဗူးနှုန်းဖြင့် အိမ်ထောင်စု (၄၀၀) အတွက် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


လက်ရှိ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စစ်ရှောင်နေကြရတာလည်း ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းနွေဦးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ KNLA နှင့် ပူးပေါင်းတပ်များရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေး


မတ်လ ၁၉ ရက်။

Radio NUG

မြန်မာ-ထိုင်းနယ်စပ် မယ်သရောခီး တပ်စခန်းမှ စစ်ကောင်စီတပ်သားများကို KNLA နှင့် PDF ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားခဲ့ပြီး ထိုင်းစစ်တပ်က ထိန်းသိမ်းထားတယ်လို့ VOA သတင်းဌာနက ဖော်ပြထားပါတယ်။


KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ () မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် မတ်လ ၁၉ ရက် နေ့လည်ပိုင်းက ထိုင်းနိုင်ငံ၊ အုန်းဖြန့်မြို့နယ်၊ ပိုင်ခလန် ကျေးရွာထဲကို စစ်ကောင်စီ တပ်သား ၄၀ ကျော် ထွက်ပြေးသွားခဲ့ပြီး အဲ့ဒီဘက်က ကွမ်းသီးခြံတွေထဲမှာ နေရာယူထားခဲ့ကြတာပါ။


၎င်းထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားများဟာ လက်နက်တွေကိုပါ သယ်ဆောင်လာခဲ့တဲ့အတွက် ထိုင်းစစ်တပ်က သူတို့ကို ဖမ်းဆီးထားပြီး လက်နက်တွေကို သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ထိုင်းနိုင်ငံဘက်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပုံတွေဟာလည်း Facebook စာမျက်နှာပေါ်မှာ ပြန့်နေတာကို တွေ့ရပြီး ၎င်းဓါတ်ပုံများအရ စစ်ကောင်စီ တပ်သား ၄၅ ယောက်ခန့် ရှိနိုင်တယ်လို့ သိရပါ တယ်။


အခုထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားများကိုတော့ ထိုင်းစစ်တပ်က မြန်မာဘက် ပြန်အပ်မလား ဆိုတာကို သေချာမသိရသေးပေမယ့် လူသားချင်းစာနာတဲ့ အကူအညီအဖြစ် အစားအသောက်နဲ့ သောက်ရေကို အကူအညီ ပေးထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မြင်းခြံတွင် စစ်တပ်စစ်ကြောင်း ကြိမ် မိုင်းဆွဲခံရပြီး ၁ဝ ဦးသေဆုံး


မတ်လ ၁၉ရက်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ စစ်သား ၁ဝ ဦး သေဆုံးသွားတယ်လို့ မြင်းခြံ နဂါးနီပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ 

မြင်းခြံမြို့နယ်ထဲက မကျည်းစုကျေးရွာကို မီးရှို့ပြီး ဖြူတွင်းကုန်းကျေးရွာကတဆင့် နှပ်ချိုတောကျေးရွာဘက် စစ်ကြောင်း ထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးရဲဘော်တွေက မတ်လ ၁၅ ရက် မနက် နာရီခန့်မှာ ပဒေသာမိုင်း လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး များစွာဒဏ်ရာရသွားတဲ့အတွက် ရှေ့ဆက်မတိုးတော့ဘဲ ပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းက ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မတ်လ ၁၆ ရက်နေ့မှာ နှပ်ချိုတောကျေးရွာမှာ ညအိပ်တပ်စွဲပြီး ၁၇ ရက်နေ့မှာ နှပ်ချိုတောရွာကနေ ပြန်ထွက်လာတယ်လို့ သိရပါတယ်။ 

အဆိုပါစစ်ကြောင်းက ဆိုင်ကယ် စီးနဲ့ရှေ့ပြေးထွက်လာတဲ့ စစ်သားနဲ့ရဲ စုစုပေါင်း ၇ဦးဟာ နောက်မှာကျန်နေတဲ့ စစ်ကြောင်းကိုစောင့်ရင်း ရပ်နားနေတဲ့နေရာဟာ တော်လှန်ရေးတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းကွင်းအလယ်တည့်တည့်မှာ ရှိနေတာကြောင့် ပေပါမိုင်း လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ဦးစလုံး သေဆုံးသွားတယ်လို့ မြင်းခြံ နဂါးနီပြောက်ကျား တပ်ဖွဲ့က အသိပေးပါတယ်။ 

စစ်တပ်ဘက်က သေဆုံးအလောင်းတွေနဲ့ဒဏ်ရာရရှိသူများကို နာရေးကားတစီးနဲ့ သယ်ဆောင်သွားပြီးနောက် အခင်းဖြစ်နေရာကို နဂါးနီအဖွဲ့သားတွေသွားရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာ ဆိုင်ကယ်တစီး သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုအနေနဲ့ စစ်ကား၊ ရဲကားတွေနောက်ကနေ ကပ်မလိုက်ကြဖို့နဲ့ နာရီခွဲနောက်ပိုင်း အသွားအလာမလုပ်ကြဖို့ မြင်းခြံ နဂါးနီပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူမြို့ အနီးတွင် စစ်ကား စီး အနီးကပ် မိုင်းဆွဲ တိုက်ခိုက်ခံရ


မတ်လ ၁၉ ရက်။

Radio NUG

မကွေးတိုင်း၊ ပခုက္ကူမြို့ အနီးတွင် စစ်ကောင်စီ စစ်ကား စီး အနီးကပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စီး ပျက်စီးကာ ဒဏ်ရာရသူများနိုင်တယ်လို့ Pakokku Special Task Force (ပခုက္ကူမြို့နယ် ပကဖ - တပ်ခွဲ ) က သတင်းထုတ်ပြန်ထားပါတယ်။


မတ်လ ၁၈ ရက်နေ့ ညနေ နာရီခွဲခန့်က ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ် ဘုရားအနီးတွင် စစ်သားအင်အား ၃၅ ဦးခန့်ပါတဲ့ ကား စီးကို ပဒေသာမိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စီးပျက်စီးပြီး ထိခိုက်ဒဏ်ရာရရှိသူများနိုင်တယ်လို့ Pakokku Special Task Force က ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ပြန်လည်ပစ်ခတ်တာတွေ မပြုလုပ်ခဲ့ဘဲ  ပခုက္ကူမြို့ထဲကို ပြန်မောင်းသွားကာ တစ်စီးက ရဲစခန်းထဲ ဝင်သွားခဲ့ပြီး တစ်စီးက ဆေးရုံထဲကို ဝင်သွားခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖ - တပ်ခွဲ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

၎င်းတိုက်ခိုက်မှုကို Pakokku Special Task Force (ပခုက္ကူမြို့နယ် ပကဖ - တပ်ခွဲ ) ပခုက္ကူ မြို့နယ် ပကဖ တပ်ခွဲ () မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ (M.R.G) ပခုက္ကူခရိုင် တပ်ရင်း- ၁၃ နဲ့ Bagan- Nyaung U Special Task Force အဖွဲ့တို့က ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ လက်ပံတန်းမှာ တစ်ရက်ထဲ တိုက်ပွဲ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံး


မတ်လ ၁၉ ရက်။

Radio NUG


ပဲခူးတိုင်း‌၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ငှက်ပျောတုန်းရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ တစ်ရက်တည်း တိုက်ပွဲ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ မြေလတ်အသံက ဖော်ပြထားပါတယ်။


ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၁၀ နာရီခန့်က ငှက်ပျောတုန်းရွာ အနီးမှာ ပဲခူးရိုးမထဲကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်သား ဦး သေဆုံးခဲ့တယ်လို့ သာယာဝတီ ဂဠုန်တပ်ဖွဲ့က ဆိုပါတယ်။


အဲ့ဒီနောက် နေ့လယ် ၁၁ နာရီခန့်မှာ ပြန်လည်ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီ ဂဠုန်တပ်ဖွဲ့ နဲ့ လက်ပံတန်းအခြေစိုက် ရွှေတန်းမြေ ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ရွှေတန်းမြေ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက အတည်ပြု ပြောဆိုထားပါတယ်။


စစ်သား ဦး သေဆုံးတာကို မျက်မြင် တွေ့ခဲ့ရပြီး တိုက်ပွဲဖြစ်ပြီးနောက် ညနေ နာရီကျော်မှာ သေဆုံး အလောင်းတွေကို စစ်ကောင်စီတပ်က တာပေါ်လင် မိုးကာစတွေနဲ့ ပတ်ပြီး သယ်သွားကြတယ်လို့ ၎င်းက ပြောပြပါတယ်။


မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတော့ ပဲခူးရိုးမပေါ်က စစ်တပ်စခန်းတချို့ကို စစ်ကောင်စီက လေယာဥ် တစ်စီးနဲ့ အင်အားဖြည့်နေသလို မြေပြင်ကနေလည်း စစ်ကားတွေနဲ့ အင်အားဖြည့်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံ ကာကွယ်ရေး ရဲဘော်များထံက သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment