21st MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ မြန်မာစစ်တပ်က လူငယ်များကို စစ်သားအဖြစ် အဓမ္မစုဆောင်းမှုကိုတားမြစ်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ထပ်မံတင်ပြ

📌 ၃။ အမိန့်ချခံထားရတဲ့ နိုင်ကျဉ်း ၄၀ ကျော်ကို အကျဉ်းထောင်ကို မပို့ဘဲ ဂန့်ဂေါ ရဲစခန်းမှာ ချုပ်နှောင်ထား


၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘွမ်ရေဘွမ့် (ပွိုင့် ၇၇၁) စခန်းကို NUG ကာကွယ်ရေး ဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ သွားရောက်စစ်ဆေး

🚩 ၂။ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက်ခမရ ၃၅၆ တပ်ရင်းကို သိမ်းပိုက်၊ စစ်သား ၁၁ ဦးသေဆုံးပြီး သေနတ် ၁၀ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၃။ မြိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့ အနီးကပ် တိုက်ခိုက်ရပြီး  ဦးသေဆုံးကာ သေနတ် လက်သိမ်းပိုက် ရရှိ

🚩 ၄။ မောက်မယ်မြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

🚩 ၅။ ဂန့်ဂေါခရိုင်တပ်ရင်း ထံကို စစ်ကောင်စီ တပ်ကြပ် ဦးနဲ့ တပ်သား ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


မတ်လ ၂၀ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၂/၂၀၂၄)ကို မတ်လ ၂၀ရက် နေ့လယ်(:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(:၃၀) နာရီအချိန်တွင်‌ ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။ 


========================


📌📌 ၂။ မြန်မာစစ်တပ်က လူငယ်များကို စစ်သားအဖြစ် အဓမ္မစုဆောင်းမှုကိုတားမြစ်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ထပ်မံတင်ပြ


မတ်လ ၂၀ရက်။

အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုကို တားမြစ်နိုင်ရေး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လိုအပ်တဲ့ စီမံ ဆောင်ရွက်မှုတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုလိုက်ပါတယ်။ 

မတ်လ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၆၈ ကြိမ်မြောက် Commission on the Status of Women (CSW) ဆိုင်ရာ အထွေထွေဆွေးနွေးမှုအစည်းအဝေး၊ ဝန်ကြီးများအဆင့်စကားဝိုင်းနဲ့ အပြန်အလှန် ဆွေးနွေးမှုအစည်းအဝေးတွေမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောခဲ့ရာမှာ ထပ်မံတင်ပြတောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာလူငယ်တွေဟာ စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် အလွန်အမင်းစိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေတယ်လို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။ 

စစ်တပ်ရဲ့ တခုတည်းသောရည်မှန်းချက်ဟာ လူငယ်တွေကို လူသားဒိုင်းများအဖြစ် အသုံးချဖို့နဲ့ ပေါ်တာဆွဲဖို့ဖြစ်တာကြောင့် စစ်တပ်ရဲ့ တရားမဝင်စစ်သားစုဆောင်းရေးလုပ်ငန်းကို တားမြစ်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လိုအပ်တဲ့ စီမံဆောင်ရွက်မှုတွေ ချမှတ်လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူလူထုက တောင်းဆိုနေတဲ့အကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အသိပေးထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းခဲ့ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ပြည်သူလူထုက တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို ခုခံတွန်းလှန်ဆန့်ကျင်ခဲ့ရာမှာ စစ်အာဏာရှင်တွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုများစွာကို နိုင်ငံတဝန်းဖြန့်ကျက်ကျူးလွန်နေတယ်လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အများပြည်သူတွေရဲ့ ပိုင်ဆိုင်မှု ၇၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေရပ်စွန့်ခွာသူ ဒသမ သန်းကျော်ရှိလာခဲ့ပြီဖြစ်ကာ အမျိုးသမီးနဲ့ မိန်းကလေးငယ် သန်းကျော်အပါအဝင် လူပေါင်း ၁၉ သန်းနီးပါးဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း သံအမတ်ကြီးက အသိပေးခဲ့ကြောင်း သိရပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အထောက်အကူဖြစ်စေနိုင်တဲ့နည်းလမ်းအားလုံး အသုံးပြုဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေကို အပြီးတိုင်ဖယ်ရှားနိုင်ရေးနဲ့ စစ်တပ်က အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ကို ထိရောက်စွာဖြေရှင်းနိုင်မယ့် အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ အမှန်တကယ်လိုအပ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ အမိန့်ချခံထားရတဲ့ နိုင်ကျဉ်း ၄၀ ကျော်ကို အကျဉ်းထောင်ကို မပို့ဘဲ ဂန့်ဂေါ ရဲစခန်းမှာ ချုပ်နှောင်ထား


မတ်လ ၂၀ ရက်။

Radio NUG

မကွေးတိုင်း၊ ဂန့်ဂေါမြို့မ ရဲစခန်းတွင် အမိန့်ချ ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၄၀ ကျော်ကို အကျဉ်းထောင်ကို မပို့ဘဲ အချုပ်ခန်းမှာ ဆက်လက်ချုပ်နှောင်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်ထားပါတယ်။


နိုင်ကျဉ်းများ အပါအဝင် အကြမ်းဖက်ပုဒ်မများနဲ့ မတရားစွဲဆိုခံထားရတဲ့ တရားရင်ဆိုင် နေရသူများကို ပြီးခဲ့တဲ့ အောက်တိုဘာလလောက်ထဲက အကျဉ်းထောင်များကို ပြောင်းရွှေ့ရန် လုံခြုံရေး မလုံလောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လကျော်လောက်အထိ ချုပ်နှောင်ထားခဲ့တာ ဖြစ်တယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။


အဆိုပါ ဂန့်ဂေါမြို့မရဲစခန်းရှိ အချုပ်ခန်းများအနက် အမျိုးသမီး အချုပ်ခန်းများဟာ ၁၀ပေ×၁၂ပေ သာ အကျယ်ရှိတာကြောင့် အမျိုးသမီး အကျဉ်းသူများ ကျပ်ညှပ်နေပြီး အချုပ်ခန်း ထပ်ခိုးများအထိ တက်အိပ်နေကြရတယ်လို့ PPNM က ဆိုပါတယ်။


ထို့အပြင် အမျိုးသား အချုပ်ခန်းများဟာလည်း အကျယ်ပေ ၃၀ ဝန်းကျင်သာ ရှိတာကြောင့် တစ်ဦးပေါ်တစ်ဦး ထပ်ပြီး အိပ်နေကြရကာ အကျဉ်းသားများ အလှည့်ကျ အိပ်စက်နေရတဲ့ အဖြစ်မျိုးအထိ ရှိနေကြောင်း PPNM က ပြောပြပါတယ်။


အဆိုပါ ဂန့်ဂေါမြို့မ ရဲစခန်းဟာ ပျူစောထီးများနဲ့ ရှေ့တန်းကို ထွက်ရသူများ အဝင်အထွက် ပြုလုပ်တဲ့ စခန်း ဖြစ်တာကြောင့် နိုင်ငံရေး အကျဉ်းသားများကို မကြာခဏ ခေါ်ယူကာ ညှင်းပန်းနှိပ်စက်ခြင်းများ ရှိနေပြီး အကျဉ်းသားများရဲ့ အသက်အန္တရာယ်ကို မိသားစုဝင်များက စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်၊ မင်းနွေဦးနဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ ဘွမ်ရေဘွမ့် (ပွိုင့် ၇၇၁) စခန်းကို NUG ကာကွယ်ရေး ဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ သွားရောက်စစ်ဆေး


မတ်လ ၂၀ ရက်။

Radio NUG

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် စစ်ဒေသမှူး) ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွန်း (R Hkawng Lum) နဲ့အတူ ကချင်ဒေသ စစ်ဆင်ရေးအတွင်းမှာ သိမ်းပိုက်ရရှိခဲ့တဲ့ ဘွမ်ရေဘွမ့် (Bumre Bum) စခန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ ဘွမ်ရေဘွမ့် (Bumre Bum) စခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ပွိုင့် ၇၇၁ မဆုတ်တမ်း ခံစစ်စခန်းဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ KIA နှင့် ပူးပေါင်း မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ စခန်းကို သိမ်းပိုက်ခဲ့ပြီး ရက်အကြာမှာပဲ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်နဲ့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းတို့က မြေပြင်ထိ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း MOD က သတင်းထုတ်ပြန် ထားပါတယ်။


၎င်းစခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ကြီး လက်နက်ငယ်များနဲ့ ခဲယမ်း များကိုလဲ MOD ရဲ့ ထုတ်ပြန်ချက်မှာ ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။


ပွိုင့် ၇၇၁ စခန်းဟာ ယခင်က KIA အထိုင်ချထားတဲ့ စခန်းဖြစ်ခဲ့ပြီး ၂၀၁၀ အရှေ့ပိုင်း ကာလများမှာ စစ်တပ်က တိုက်ခိုက်သိမ်းယူခဲ့ပြီး  မဆုတ်တမ်းခံစစ်အဖြစ် ထားရှိခဲ့တာ ဖြစ်ပါတယ်။


 ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် KIA စစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းတို့က KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ် မံစီမြိုနယ်၊ မန်ဝိန်းကြီးနယ်မြေ ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသေးတယ်။


========================


🚩🚩 ၂။ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက်ခမရ ၃၅၆ တပ်ရင်းကို သိမ်းပိုက်၊ စစ်သား ၁၁ ဦးသေဆုံးပြီး သေနတ် ၁၀ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိ


မတ်လ ၂၀ရက်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင်မှာ အခြေစိုက်တဲ့ ခမရ ၃၅၆ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး သေနတ် ၁၀ လက်နဲ့ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

မြ၀တီမြို့နယ် သင်္ကန်းညီနောင်မှာ အ‌ခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၃၅၆ တပ်ရင်းကို KNU - တပ်မဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၁၅ ရက်နေ့ ညနေ နာရီခန့်အချိန်ကစပြီး တိုက်ခိုက်ခဲ့ရာ နာရီခန့်အချိန်မှာ စခန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်‌ကောင်စီဘက်က ၁၁ ဦး သေဆုံးတာကို မျက်မြင်တွေ့ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့တဲ့အပြင် MA-1 လက် MA-3 လက်၊ ငါးကြင်းမြီးစက်လက်တလက် ငါးကြင်းမြီး ပြောင်းတိုတလက် 81 MM ဗုံးသီး ၄၂ လုံး 60 MM ဗုံးသီး ၁၇ လုံး 81 MM နောက်ပွင့်‌ဗုံးသီး ၂၆ လုံး နင်းမိုင်းအသေး ၂၅ လုံး အီနာဂါ လုံး MA ကျည်ဘောက် ခု၊ MA ကျည် ၁၂၀၀ တောင့် လက်ပစ်ဗုံး လုံး RPG အသီး လုံး နင်းမိုင်းအကြီး ၂၇ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။


စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသား လွတ်‌‌‌မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ တဦးမှာ တိုင်းပြည်နဲ့ဖက်ဒရယ်ဒီမိုက‌ရေစီရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ မတ်လ ရက်နေ့ကလည်း မြ၀တီမြို့နယ် သင်္ဃန်းညီနောင်မှာရှိတဲ့ ခမရ ၃၅၅ ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ထဲက အကြမ်းဖက် စစ်ကောင်စီတပ် စခန်းတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ်သော်လည်းကောင်း မြို့တွင်းတိုက်ပွဲအဖြစ်သော်လည်းကောင်း ဖော်ဆောင်နေပြီး နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မြိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့ အနီးကပ် တိုက်ခိုက်ရပြီး  ဦးသေဆုံးကာ သေနတ် လက်သိမ်းပိုက် ရရှိ


မတ်လ ၂၀ ရက်။

Radio NUG

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ ရေစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်သားများကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကင်းပုန်းဝပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနဖြစ်တဲ့ မြေလတ်အသံက ဖော်ပြထားပါတယ်။

မတ်လ ၂၀ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ ဝန်းကျင်မှာ ကိုင်းတောမ ရေစက်ကနေ အင်အား ၁၂ ဦးလောက် နဲ့ ထွက်ခွာလာတဲ့ စစ်အုပ်စုနဲ့ ကိုင်းတောမ တိုက်နယ်ဆေးရုံ ရှေ့မှာ ကင်းပုန်းဝပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ မီတာ ၃၀ ခန့်အကွာကနေ ၁၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ပစ်ခတ်မှု အပြီးမှာ MA1 သေနတ် လက် MA3 သေနတ် လက် ကျည်ဘောက် ခု ကျည်ဆန် ၁၂၀ တောင့်၊ ဘေးလွယ်အိတ် လုံးနဲ့ ဖုန်း လုံးတို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့ တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။


၎င်း ကိုင်းတောမ ရေစက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ စက်မှု က စစ်သားတွေ ဖြစ်နိုင်ပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ဒေသခံ ပြည်သူတွေ နေထိုင်တဲ့ ရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Earthquake People Defence Force သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


ယခု တိုက်ခိုက်မှုကို မြိုင် ပကဖ၊ မြိုင် ပကဖ အဖွဲ့ဝင်ဖြစ်တဲ့ တပ်ရင်း ၁၊ တပ်ခွဲ (စက်ြာ) ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ မဟာမိတ် တပ်ပေါင်းစုဖြစ်တဲ့ (MUGDF  James Bond ဇာမဏီ ပြောက်ကျားတပ်ဖွဲ့) ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း (၂၊ ၆၊ ) မြိုင် ပကဖ IO အဖွဲ့၊ Pakokku People's Defense Force Young Force UG နဲ့  Earthquake People's Defence Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မောက်မယ်မြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်


မတ်လ ၂၀ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဟိုနမ့်ကျေးရွာအုပ်စု ထီရီးကျေးရွာအနီးကို အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ မောက်မယ်မြို့နယ်ထဲက ဟိုနမ့် ကျေးရွာအုပ်စု ထီရီးကျေးရွာအနီးရှိ ကောင်နွေတိုက်တောင်ပေါ်ကို မတ်လ ၁၉ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေသွားလာနေတဲ့ လမ်း အနည်းငယ်ပျက်စီးခဲ့ပေမယ့် အခြား ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ပအိုဝ်းဒေသကို လက်နက်ကြီးများ တိုက်လေယာဉ်များဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးနေတာကြောင့် ပအိုဝ်းတိုင်းရင်းသားတွေနဲ့ ဒေသနေပြည်သူတွေအနေနဲ့ သတိဝီရိယထားပြီး သွားလာကြဖို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-PNLA တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။ ဂန့်ဂေါခရိုင်တပ်ရင်း ထံကို စစ်ကောင်စီ တပ်ကြပ် ဦးနဲ့ တပ်သား ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်


မတ်လ ၂၀ ရက်။

Radio NUG

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် စစ်ဒေသ၊ အမှတ် တပ်ရင်းထံကို စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်ခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဂန့်ဂေါခရိုင် အမှတ် တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။


မတ်လ ၁၅ ရက်နေ့မှာ ဆောမြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅) မှ အသက် ၃၀ အရွယ်ရှိ တပ်ကြပ် ဦးက MA 3 သေနတ် လက်၊ ကျည်ဘောက်အပို ခု၊ ကျည်ကာအင်္ကျီ ထည်တို့နဲ့အတူ အလင်း ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အလားတူ ပြီးခဲ့တဲ့  ဖေဖော်ဝါရီ  ရက်နေ့ ကလည်း ဆောမြို့နယ်၊ မြို့မရဲစခန်းမှ စစ်ကောင်စီ တပ်သား ဦးဟာ စက်ကလေး (ခေါ်) MA 2 သေနတ် လက်၊ ကျည်ဆန်တွေနဲ့အတူ ကျည်ကာအင်္ကျီ ထည်၊ စကားပြောစက် လုံးတို့နဲ့ အလင်းဝင်ရောက်ခဲ့သေးတယ်လို့ ဂန့်ဂေါခရိုင် အမှတ် တပ်ရင်း သတင်းတာဝန်ခံက ပြောပြပါတယ်။


အခုလို စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာသူများကို ယူဆောင်လာတဲ့ လက်နက်အမျိုးအစားကို လိုက်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့် ပေးသွားမယ်လို့ ဂန့်ဂေါခရိုင် အမှတ် တပ်ရင်းက အသိပေး ထားပါတယ်။


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် တပ်ရင်းထံကို ဆက်သွယ် အလင်းဝင်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ရဲ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးအထိ ရှိလာပြီဖြစ်ပြီး လက်ရှိမှာ သူတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်၊ မင်းနွေဦးနဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment