21st MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အစီရင်ခံစာကို NUG လူ့အခွင့်အရေးဝန်ကြီး ထောက်ခံကြိုဆို

📌 ၂။ အကြမ်းဖက်စစ်တပ်က ULA/AA အပေါ် ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့ ရိုဟင်ဂျာတွေကို ကြားခံအဖြစ် အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးဒုဝန်ကြီး သတိပေး

📌 ၃။ တာဝန်ယူ၊ တာဝန်ခံနိုင်ခြင်းကသာ တော်လှန်ရေး အောင်မြင်ခြင်းကို သေချာစေမှာ ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးဆို 

📌 ၄။ စစ်မှုထမ်းဥပဒေအတွက် ပြည်သူ၏ ဆုံးဖြတ်ချက်အမြန်ချဖို့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် သတိပေး

📌 ၅။ ၁၀၂၇ စစ်ဆင်ရေး ရပ်နေခြင်းမဟုတ်၊ တော်လှန်ရေးဖွဲ့အားလုံး စစ်ကောင်စီကို တွန်းလှန်ကြမည်ဆိုပါက မကြာမီ စစ်အာဏာရှင် ပြိုလဲသွားမည်ဟု ဗိုလ်ချုပ် တာဘုန်းကျော်ပြော

📌 ၆။ နိုင်ငံတော် အကြမ်းဖက်တရားခံ မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ၏လိုလားချက်များအတိုင်းလိုက်ပါဆောင်ရွက်နေသော တိုင်း/ ခရိုင်/ မြို့နယ်/ ရပ်ကျေး ဒေသအသီးသီးမှ ပုဂ္ဂိုလ်များ အမြန်ဆုံးရပ်တန့် နုတ်ထွက်ရန် မကွေးခရိုင်ကွပ်ကဲရေးရုံးထုတ်ပြန်

📌 ၇။ အမေရိကန်ပြည်ထောင်စု နယူးယောက် Queens မှာ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပမယ်


၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်တပ်က နှစ်ပေါင်း (၄ဝ) နီးပါး သိမ်းပိုက်ထားသော KIA ဌာနချုပ်ဟောင်း နားဖော့စခန်းနှင့် ဘူဂါရှန်စခန်းကို ပြန်လည် သိမ်းပိုက်

🚩 ၂။ KNU တပ်မဟာ - နယ်မြေရှိ အရပ်သားနေထိုင်ရာများကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးအလုံး (၂၀၀) ကျော် ကြဲချတိုက်ခိုက်

🚩 ၃။ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အရပ်သား () ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အစီရင်ခံစာကို NUG လူ့အခွင့်အရေးဝန်ကြီး ထောက်ခံကြိုဆို


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အစီရင်ခံစာနဲ့ ပတ်သက်လို့ မတ်လ (၂၁) ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ အခုလို ပြောကြားလိုက်ပါတယ်။

"ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Mr. Thomas Andrew ရဲ့  အစီရင်ခံစာကို ကြိုဆိုပါတယ်။ အခန်း (၁၀) ခန်းနဲ့ လက်ရှိအခြေအနေကို ပြည့်ပြည့်စုံစုံတင်ပြသွားပါတယ်။

အရပ်သားပြည်သူအပေါ်သတ်ဖြတ်မှု၊ ပဋိပက္ခတွင်းဖြစ်ပွားသော လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု၊ မြေမြုပ်မိုင်းများနှင့် ဆွဲမိုင်းများ၊ အဓမ္မလုပ်အားစေခိုင်းမှုနှင့် စစ်မှုထမ်းစေမှု၊ အခြားတပ်ဖွဲ့ဝင်များရဲ့ ချိုးဖောက်မှုများ ဆိုတဲ့ခေါင်းစဥ်တွေ ပါဝင်ပါတယ်။" လို့ ဝန်ကြီးက ဖော်ပြထားပါတယ်။

နိုင်ငံတကာအနေနဲ့ NUG ERO CSO များနဲ့တိုက်ရိုက်လုပ်ဆောင်ဖို့နဲ့ စစ်တပ်ကို လုံးဝအဆက်ဖြတ်ဖို့တို့ကို ပိုမိုခိုင်မာစွာပြောဆိုလာကြောင်းနဲ့ စစ်တပ်တင်မက အခြားအဖွဲ့အစည်းတွေရဲ့ ရဲ့ကျူးလွန်မှုတွေကို ထည့်သွင်းပြောကြားလာတာတွေ့ရပါကြောင်းနဲ့ ICC တရားရုံးအနေနဲ့ NUG က တင်သွင်းထားတဲ့ တရားရုံးရဲ့တရာစီရင်ပိုင်ခွင့်ကို လက်ခံဖိတ်ကြားမှုကိုလက်ခံဆောင်ရွက်ပေးဖို့  တိုက်တွန်း

သွားတဲ့အကြောင်းကိုပါ ထည့်သွင်းပြောကြားထားပါတယ်။ 

နိုင်ငံပေါင်း(၃၆) နိုင်ငံမှဝင်ရောက်ဆွေးနွေးခဲ့သည့် အဆိုပါဆွေးနွေးပွဲမှာ ရောမစာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံများအနေဖြင့် စာချုပ်အပိုဒ် (၁၄) အရ မြန်မာနိုင်ငံအား စုံစမ်းစစ်ဆေးဖို့ တရားသူကြီးများကို တိုက်တွန်းမှုလုပ်ဆောင်သင့်ကြောင်း တောင်းဆိုခဲ့ကြောင်း၊

နိုင်ငံအများစုက စစ်မှုမထမ်းမနေရဥပဒေ၊ ရိုဟင်ဂျာများအပေါ် လူသားချင်းစာနာမှုအကူအညီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားချင်း စာနာမှုအကူအညီများအပေါ်ပိတ်ဆို့မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သား ပြည်သူများအပေါ် တိုက်ခိုက်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းဆိုင်ရာဥပဒေများ ချိုးဖောက်ခြင်း၊ ICC သို့ထပ်မံလွဲပြောင်းပြီး လုပ်ဆောင်နိုင်ရေးတို့ကို တိုက်တွန်းပြောဆိုသွားကြပြီး မကြာခင် ဆုံးဖြတ်ချက်တခု ထွက်ပေါ်လာမှာဖြစ်ကြောင်းလည်း ဝန်ကြီးက လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားထားပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်က ULA/AA အပေါ် ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့ ရိုဟင်ဂျာတွေကို ကြားခံအဖြစ် အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးဒုဝန်ကြီး သတိပေး


အကြမ်းဖက်စစ်တပ်က ULA/AA အပေါ် ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့ ရိုဟင်ဂျာတွေကို ကြားခံအဖြစ် အသုံးပြုနေတယ်လို့ မတ်လအတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှာ သတိပေးလိုက်ပါတယ်။

"လတ်တလော ဘူးသီးတောင်မြို့မှာ ပြုလုပ်နေကြတဲ့ ULA/AA ဆန့်ကျင့်ကြောင်း ဆန္ဒပြပွဲတွေကို အကြမ်းဖက်စစ်ကောင်စီက နောက်ကွယ်ကနေ စေခိုင်းနေမှုက ပေါ်လွင်နေပါတယ်။အကြမ်းဖက်စစ်တပ်က ULA/AA အပေါ် ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့ ရိုဟင်ဂျာတွေကို ကြားခံအဖြစ် အသုံးပြုနေတာပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူငယ်တွေကို စစ်သားအဖြစ် စုဆောင်းပြီး စစ်သင်တန်းပေးတာနဲ့ အခုလိုမျိုး လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ ဆန္ဒပြပွဲတွေကို လုပ်ခိုင်းနေတာဟာ စစ်ကောင်စီအတွက်ပဲ အကျိုးအမြတ်ရှိနေတာဖြစ်ပြီး ရိုဟင်ဂျာအပါအဝင် အာရကန်ဒေသခံ မည်သူတစ်ဦးတဖွဲ့အတွက်မှ အကျိုးရလဒ် မရှိပါ" လို့ ဆိုပါတယ်။

အကြမ်းဖက်စကစဟာ ရိုဟင်ဂျာများကို အတင်းအဓမ္မ ခေါ်ဆောင်၍ စစ်သင်တန်းပေးကာစစ်ပွဲများတွင်အသုံးပြုနေမှုများလည်းရှိနေတယ်လို့သိရပါတယ်။

"ရိုဟင်ဂျာတွေအတွက် ဒီအချိန်နဲ့ အခြေအနေဟာ အလွန်အင်မတန် အရေးကြီးနေပြီး အမှန်တရားဘက် ရပ်တည်ခဲ့တဲ့ သမိုင်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းဖို့ လိုပါတယ်"လို့ ဒုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ တာဝန်ယူ၊ တာဝန်ခံနိုင်ခြင်းကသာ တော်လှန်ရေး အောင်မြင်ခြင်းကို သေချာစေမှာ ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးဆို 


မတ်လအတွင်းမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဆိုရှယ်မီဒီယာမှာ အခုလိုပြောကြားလိုက်ပါတယ်။

"တော်လှန်ရေး ရည်မှန်းချက်ကို ဘက်စုံ စစ်ပွဲနွှဲပြီး အကောင်အထည်ဖော်နေခြင်း ဖြစ်ပါတယ်။ စစ်တိုက်ရတဲ့ ရည်မှန်းချက်သည် ဒီတော်လှန်ရေး ရည်မှန်းချက် ကို အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ တော်လှန်ရေး ရည်မှန်းချက်သည် ကဏ္ဍတိုင်းကို တိုင်းတာမည့် ဘက်မလိုက်သည့် ပေတံဖြစ်ပါတယ်။ ပြတ်သား လက်တွေ့ကျသော မဟာဗျူဟာ ရှိခြင်း၊ ယင်းမဟာဗျူဟာကို တိုင်းတာနိုင်ခြင်း၊ တာဝန်ယူတာဝန်ခံ နိုင်ခြင်းကသာ တော်လှန်ရေးအောင်မြင်ခြင်းကို သေချာစေမှာ ဖြစ်တယ်"လို့ ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ရေးနိူင်ငံရေးအတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှမ်းလျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်မှုထမ်းဥပဒေအတွက် ပြည်သူ၏ ဆုံးဖြတ်ချက်အမြန်ချဖို့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် သတိပေး


စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး အချိန်မနှောင်းခင် ဆုံးဖြတ်ကြဖို့ လိုကြောင်း၊ မဆုံးဖြတ်နိုင်ခဲ့ရင် - မြန်မာပြည်သူလူထုသည် ပြင်ဆင်ခွင့်မရှိသည့် ခရီးကြမ်းကို လျောက်လှမ်းကြရလိမ့်မည်ဟု KIO ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေထုတ်ပြန်ထားသည်မှာ ရက်ပေါင်း (၄၀) ပြည့်ပြီဖြစ်ကြောင်း၊ အိမ်အပြင်မထွက်ပဲနေလျှင် လုံခြုံမည်ဟု ယူဆသူအများအပြားရှိသည်ကို သုံးသပ်ရကြောင်း၊ ယခုဆိုလျှင် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာပို့ပြီး ခေါ်ဆောင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ထောက်ပြထားပါတယ်။

ပြည်သူများအနေဖြင့် ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန်သွားပါက ပြင်ဆင်ခွင့်မရနိုင်သော ခရီးလမ်းကို လျှောက်ရမည်ဖြစ်သောကြောင့် အမြန်‌ဆုံးဖြတ်ရန် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က သတိပေးလိုတယ်လို့ ရေးသားလိုက်ပါတယ်။

စစ်ကောင်စီသည် စစ်မှူထမ်းဥပဒေအတည်ပြုကြောင်း ဖေဖော်ဝါရီ (၁၀) ရက်တွင် ထုတ်ပြန်ခဲ့ပြီး မတ်လအတွင်း၌ တိုင်းနှင့်ပြည်နယ်အသီးသီး၌ ၎င်းတို့သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှ ပြည်သူများကို စစ်မှူထမ်းရန် မဲနှိုက်ရွေးချယ်ခြင်းများ အတင်းအကျပ်လုပ်ဆောင်နေပါပြီ။ ရွေးချယ်ခံရသူများကို ဧပြီလအတွင်း၌ သင်တန်းစတင်ပေးမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။


========================


📌📌 ၅။ ၁၀၂၇ စစ်ဆင်ရေး ရပ်နေခြင်းမဟုတ်၊ တော်လှန်ရေးဖွဲ့အားလုံး စစ်ကောင်စီကို တွန်းလှန်ကြမည်ဆိုပါက မကြာမီ စစ်အာဏာရှင် ပြိုလဲသွားမည်ဟု ဗိုလ်ချုပ် တာဘုန်းကျော်ပြော


ရှမ်းပြည်နယ်မြောက်ပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရပ်တန့်နေတာမဟုတ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအပါအဝင် နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေအားလုံး စည်းလုံး ညီညွတ်စွာ ပူးပေါင်းတွန်းလှန်ကြမည်ဆိုပါက မကြာမီ စစ်အာဏာရှင် ပြိုလဲသွားမှာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA   ဗိုလ်ချုပ် တာဘုန်းကျော်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသမှာသာ ရပ်ထားခြင်းဖြစ်ပြီး ရခိုင်ဒေသက စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့တွေကို ရခိုင့်တပ်တော် AA က ဆက်တိုက်သိမ်းပိုက်နေတဲ့ အ‌ခြေအနေနဲ့ ပတ်သက်လို့ PSLF/TNLA အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဗိုလ်ချုပ် တာဘုန်းကျော်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးဟာ မြို့တွေကို ဒီလိုသိမ်းလို့ရတယ်။ စခန်းတွေ ဒီလိုသိမ်းလို့ရတယ်။ ဝိုင်းလုပ်ရင်ဖြစ်တယ်ဆိုတာ တပ်လှန့်နှိုးဆော်လိုက်တာလို့ ပြောပါတယ်။ 

လတ်တလောမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် ဟိုင်ဂင် သဘောတူညီချက်အရ အပစ်ရပ်ခဲ့ရပေမယ့် ညီနောင်မဟာမိတ်တွေဘက်က လက်မခံချင်ပေမယ့် လက်ခံခဲ့ရသလို စစ်ကောင်စီဘက်ကလည်း ၎င်းတို့ ဆုံးရှုံး လက်လွှတ်ခဲ့ရတာတွေအတွက် မကျေနပ်မှုတွေရှိနေတယ်လို့ ဗိုလ်ချုပ် တာဘုန်းကျော်က ရှင်းပြပါတယ်။   

၁၀၂၇ စစ်ဆင်ရေး အရှိကောင်းနေချိန်မှာ ရုတ်တရက်စစ်ဆင်ရေးအရှိန် လျော့ချလိုက်ရတဲ့အတွက် ပြည်သူလူထုအနေနဲ့ အားမလိုအားမရ ဖြစ်ခဲ့ရတာကိုလည်း နားလည်ပါတယ်လို့ ဆိုပါတယ်။  

လက်ရှိမှာ ကချင်၊ ရခိုင်၊ ကရင်နဲ့ ကရင်နီဒေသတွေမှာ တိုက်ပွဲတွေအားကောင်းနေတဲ့အပြင် နွေဦးတော်လှန်ရေးက ပေါက် ဖွားလာတဲ့ PDF အဖွဲ့တွေ အားကောင်းနေပြီဖြစ်တာကြောင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အားလုံးပူးပေါင်း လုပ်ဆောင်ကြဖို့လည်း ဗိုလ်ချုပ် တာဘုန်းကျော်က တိုက်တွန်းထားပါတယ်။ 

 စစ်အာဏာရှင်သက်ဆိုးရှည်နေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဆုံးရှုံးနစ်နာမှုတွေ ပိုများလာမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

လက်ရှိအချိန်မှာ စစ်ကောင်စီဘက်က အင်အားချိနဲ့နေပြီး စိတ်ဓာတ်ရေးရာပျက်စီးနေပြီးဖြစ်တာကြောင့် အားလုံးဝိုင်းဝန်း တွန်လှန်မယ်ဆိုရင် စစ်အာဏာရှင် ပြိုကြသွားမှာဖြစ်တာ‌ကြောင့် လက်တွေ့ကျကျ ပူးပေါင်းတော်လှန်ကြဖို့ ဗိုလ်ချုပ် တာဘုန်းကျော်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။


========================


📌📌 ၆။ နိုင်ငံတော် အကြမ်းဖက်တရားခံ မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ၏လိုလားချက်များအတိုင်းလိုက်ပါဆောင်ရွက်နေသော တိုင်း/ ခရိုင်/ မြို့နယ်/ ရပ်ကျေး ဒေသအသီးသီးမှ ပုဂ္ဂိုလ်များ အမြန်ဆုံးရပ်တန့် နုတ်ထွက်ရန် မကွေးခရိုင်ကွပ်ကဲရေးရုံးထုတ်ပြန်


ဒီသတင်းနှင့် ပတ်သက်ပြီး မကွေးခရိုင် ကွပ်ကဲရေးရုံး အမှတ် - စစ်ဒေသက မတ်လ (၂၁) ရက်မှာ တရားဝင်ထုတ်ပြန်အသိပေးလိုက်ပါတယ်။

"နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းတို့ဖြင့်အဓမ္မ သိမ်းယူခဲ့သော မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များသည် နိုင်ငံတော်အကြမ်းဖက်လက်နက်ကိုင်များဖြစ်သည့်အတွက် နိုင်ငံနှင့် လူထုအပေါ်တွင် မည်သည့် ဥပဒေအခွင့်အာဏာကိုမှ ရယူသုံးစွဲခွင့်မရှိဘူး" လို့ ဖော်ပြပါတယ်။

"နိုင်ငံတော် အကြမ်းဖက်တရားခံ မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ၏ လိုလားချက်များအတိုင်း လိုက်ပါဆောင်ရွက်နေသော တိုင်း/ ခရိုင်/ မြို့နယ်/ ရပ်ကျေး ဒေသအသီးသီးမှ ပုဂ္ဂိုလ်များသည် လက်ရှိပူးပေါင်းပါဝင်နေခြင်းမှ အမြန်ဆုံးရပ်တန့် နုတ်ထွက်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်း သတိပေးအပ်တယ်" လို့ ဖော်ပြပါရှိပါတယ်။

သတိပေးတားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဆက်လက်ကျူးလွန်နေသူများကို အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များအဖြစ် သတ်မှတ်ပြီး စစ်ရေးပစ်မှတ်များအဖြစ် မှတ်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။


========================


📌📌 ၇။ အမေရိကန်ပြည်ထောင်စု နယူးယောက် Queens မှာ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပမယ်


အမေရိကန်ပြည်ထောင်စု နယူးယောက် Queens မှာ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်နဲ့ မြန်မာမိသားစုများတွေ့ဆုံပွဲကျင်းပမယ်လို့ အမေရိကန်အခြေစိုက် NYCBC က မတ်လ (၂၁) ရက်မှာ အသိပေးလိုက်ပါတယ်။

"နယူးယောက် Queens မှာ မတ်လ (၂၃) ( စနေနေ့)နဲ့ Albany မှာ မတ်လ (၂၄) (တနဂ်နွေ) နေ့တွေမှာ Dr. Miemie Winn Byrd နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲတွေရှိပါတယ်။ အားလုံးကို ဖိတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစံနစ် ပြန်လည်ရှင်သန်ရေးနဲ့ စစ်အာဏာရှင်အမြစ်ဖြတ် တွန်းလှန်ရေးတွေအတွက် အားလုံးအတူကြိုးစားကြရအောင်ပါ" လို့ ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲတွင် ပါမောက္ခဒေါ်မီမီဝင်းဘတ်က မြန်မာပြည်သူများအား ရင်းနှီးစွာတွေ့ဆုံ၍ သိလိုသည်များကိုဖြေကြားပေးသွားမှာလည်းဖြစ်တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နဲ့ မင်းနွေဦးတို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်တပ်က နှစ်ပေါင်း (၄ဝ) နီးပါး သိမ်းပိုက်ထားသော KIA ဌာနချုပ်ဟောင်း နားဖော့စခန်းနှင့် ဘူဂါရှန်စခန်းကို ပြန်လည် သိမ်းပိုက်

 

အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း (၄ဝ) နီးပါးသိမ်းပိုက်ထားတဲ့ KIA ဌာနချုပ်ဟောင်း နားဖော့စခန်းနဲ့ ဘူဂါရှန်စခန်းကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဌာနချုပ် လိုင်ဇာအနီး ဝိုင်းမော်မြိုနယ် နားဖော့ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA က ယနေ့ မတ် (၂၁) မနက်ပိုင်းမှာ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

နားဖော့ဒေသမှာ မတ်လ (၂ဝ) ရက်နေ့က တိုက်ပွဲတွေ တနေကုန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးပြီး တိုက်ခိုက်နေတဲ့ကြားက ဒေသတွင်း တပ်စခန်း () ခုအနက် စခန်း () ခုကို မတ်လ (၂၀) ရက်မှာ သိမ်းယူနိုင်ခဲ့သလို စခန်း () ခုကို ယနေ့မတ်လ (၂၁) ရက်မှာ ထပ်မံသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

မတ်လ (၂၁) ရက်နေ့ နံနက် () နာရီအချိန် ကချင်ပြည်နယ် (KIO) လိုင်ဇာဌာနချုပ်အနီးက ဗျူဟာမှူးအပါအဝင် အင်အား (၁၅၀) ခန့်ရှိ နားဖော့စခန်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဘူဂါရှန်စခန်းကို လည်း ယနေ့မနက်မှာပဲ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ 

နားဖော့စခန်းဟာ ၁၉၈၆-၁၉၈၇ ကာလတွေမှာ KIA ဌာနချုပ်ဖြစ်ခဲ့ပြီး စစ်တပ်၏ တိုက်ခိုက်မှုကြောင့် လက်လွှတ်ခဲ့ရသော စခန်းတခုဖြစ်တယ်လို့လည်း သိရပါတယ်။ 

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းနေ‌တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။  

မတ်လ () ရက်နေ့ကစတင်ခဲ့တဲ့ KIA ရဲ့စစ်ဆင်ရေးကြောင့် လက်ရှိအချိန်အထိ (၁၄) ရက်အတွင်း စစ်ကောင်စီ တပ်စခန်း ပေါင်း (၄၀) ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကျန်နေသေးတဲ့စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ KNU တပ်မဟာ - နယ်မြေရှိ အရပ်သားနေထိုင်ရာများကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးအလုံး (၂၀၀) ကျော် ကြဲချတိုက်ခိုက်


ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင် တပ်မဟာ - နယ်မြေထဲက အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီး အလုံး (၂ဝဝ) ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ - က ထုတ်ပြန်ပါတယ်။

မတ်လ (၁၉) ရက်နဲ့ (၂၀) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုပြီး ဗုံးသီးချ တိုက်ခိုက်မှုအခြေအနေကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

မူတြော်ခရိုင်လို့ခေါ်တဲ့ ဖာပွန်ခရိုင်ထဲက ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုက ဘော့ထာကျေးရွာအတွင်းနဲ့ ကျေးရွာ ပြင်ပအပါအဝင် လူသွားလမ်းတွေပေါ်ကို မတ်လ (၂ဝ) ရက်နေ့ မနက်ပိုင်းက ဒရုန်းနဲ့ () ကြိမ်ပျံဝဲကာ ဗုံးသီး (၂၇) လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ 

အလားတူ ဒွယ်လိုးမြို့နယ်ထဲက မထောကျေးရွာအုပ်စု စောခလီးလိုကျေးရွာအတွင်းကိုလည်း ဒရုန်းဗုံးသီး () လုံးကြဲချ တိုက်ခိုက်ခဲ့သလို လူသောမြို့နယ် ဘောသေထာကျေးရွာအုပ်စုထဲက ထူမောဒဲ၊ တာဒိုထာနဲ့ နီးဒို့ထာကျေးရွာအတွင်းသို့လည်း ဒရုန်းဗုံးသီး (၇၄) လုံးကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါကျေးရွာတွေကို ညနေပိုင်းမှာ ဒရုန်းဗုံးသီး (၆၃) လုံးထပ်မံကြဲချခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

မတ်လ (၁၉) ရက်ကလည်း လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနှင့် နီးဒို့ထာကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဒရုန်းဗုံးသီး (၅၀) လုံးကြဲချခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ () ရက်အတွင်း ဒရုန်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ပြီး ဗုံးသီး (၂၂၂) လုံး အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်ခြင်းခံရတဲ့ ကျေးရွာတွေက အိမ်ထောင်စု (၁ဝ၂) စုက လူဦးရေ တထောင့်နှစ်ရာကျော် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တပ်မဟာ - က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အရပ်သား () ဦးသေဆုံး


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် အပြစ်မဲ့အရပ်သား () ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သားပြည်သူ () ဦး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ 

မတ်လ (၁၈) ရက်နေ့က ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အသက် (၇ဝ) အရွယ် အမျိုးသားတဦးကို ဖမ်းဆီးပြီး ကြိုးနှင့်တုပ်ကာ ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ မတ်လ () ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ လမင်းသာကျေးရွာက အသက် (၆၅) နှစ်အရွယ် အမျိုးသားတဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ရာ ကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးနေရတဲ့အပြင် အိုးအိမ်တွေလည်း ပျက်စီးနေရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နဲ့ မင်းနွေဦးတို့က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment