26th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ တီမောနှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်သီးခြားစီ ထပ်မံတွေ့ဆုံဆွေးနွေး

📌 ၂။ စစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုကမ်ပိန်းတွင် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပါဝင်လှုပ်ရှား

📌 ၃။ ကိုရီးယားမှာကျင်းပတဲ့ တော်လှန်ရေးရန်ပုံငွေ ဖူဆယ်ဘောလုံးပွဲမှာနွေဦးထီ၊ နွေဦးဘဏ်၊ မြေကွက်၊ ကွန်ဒို၊ ငွေတိုက်စာချုပ် ရောင်းချခြင်း မြေပြင်ကင်ပိန်းကို ပြုလုပ်ခဲ့

📌 ၄။ နွေဦးတော်လှန်ရေးကို အပြစ်တင်စိတ်တွေအစား သင်ခန်းစာယူစိတ်တွေ၊ အောင်စိတ်တွေနဲ့ ဆက်လက် ချီတက်ကြဖို့ ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ဦးလင်းသန့်တိုက်တွန်း


၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကိုင်းရှိကျေးရွာများသို့ ကျောင်းသားလက်ရုံးတပ်တော်က သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့

🚩 ၂။ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာ အစည်ဝေး ပြုလုပ်နေချိန်အတွင်း မောင်းသူမဲ့လေယာဉ်ဖြင့်ဗုံ၊းသီများကြဲချတိုက်ခိုက်

🚩 ၃။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပထမဆုံးအကြိမ် အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

🚩 ၄။ မုံရွာခရိုင် ပြည်သူ့အခြေပြုကျောင်းအား ယာယီစာသင်ဆောင်နှင့် ကျောင်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ကူညီခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ တီမောနှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်သီးခြားစီ ထပ်မံတွေ့ဆုံဆွေးနွေး


မတ်လ၂၆ရက်


နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ တီမောနှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်သီးခြားစီ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့

မတ်လ၂၅ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အသိပေးဖော်ပြပါတယ်။


မြန်မာကိုယ်စားလှယ်အဖွဲ့သည် IPU148 ကာလအတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ တီမောနှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် မတ်လ ၂၄ ရက်က တွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။


 မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို သတင်းစကားပါးပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းပေးရန်အတွက် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။


မတ်လ၂၃ရက်ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ကျင်းပလျက်ရှိသည့်အမှုဆောင်ကောင်စီအစည်းအဝေးနှင့် ညီလာခံအစည်းအဝေးသို့ တက်ရောက်လျက်ရှိပြီး ဆွီဒင်၊ ထိုင်း၊ ကနေဒါ၊ ပေါ်တူဂီနိုင်ငံတို့မှ  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၂။ စစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုကမ်ပိန်းတွင် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပါဝင်လှုပ်ရှား


မတ်လ၂၆


စစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုကမ်ပိန်းတွင် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့ပါတယ်။


မတ်လအတွင်းသွေးစွန်းငွေဖြတ်တောက်မှုလှုပ်ရှားရေးကမ်ပိန်းက မှတ်တမ်းဓာတ်ပုံနှင့်တကွ ဖော်ပြပါတယ်။


လှုပ်ရှားမှုကမ်ပိန်းတွင် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက Sanction Aviation Fuel စာသားကိုကိုင်ဆောင်ကာ လှုပ်ရှားပါဝင်ခဲ့ပါတယ်။


လက်ရှိမှာ ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအားလုံးက "USA, UK, EU - Ban Jet Fuel Sales and shipment insurance to Myanmar"

"If the jets can't fly, they can't bomb."

"Ban Jet Fuel Exports to Myanmar Junta."

စသည့်စာသားများကို ကိုင်ဆောင်ကာ မြန်မာစစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုတစ်ခုကို အရှိန်အဟုန်နဲ့လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ ကိုရီးယားမှာကျင်းပတဲ့ တော်လှန်ရေးရန်ပုံငွေ ဖူဆယ်ဘောလုံးပွဲမှာနွေဦးထီ၊ နွေဦးဘဏ်၊ မြေကွက်၊ ကွန်ဒို၊ ငွေတိုက်စာချုပ် ရောင်းချခြင်း မြေပြင်ကင်ပိန်းကို ပြုလုပ်ခဲ့


မတ်လ၂၆


ကိုရီးယားမှာ မတ်လအတွင်းကျင်းပခဲ့တဲ့ တော်လှန်ရေးရန်ပုံငွေ ဖူဆယ်ဘောလုံးပွဲမှာ နွေဦးထီ၊ နွေဦးဘဏ်၊ မြေကွက်၊ ကွန်ဒို၊ ငွေတိုက်စာချုပ် ရောင်းချခြင်း မြေပြင်ကင်ပိန်းကို ပြုလုပ်ခဲ့တယ်လို့   သိရပါတယ်။


Chinland Club of South Korea မှ ကျင်းပတဲ့ တော်လှန်ရေးရန်ပုံငွေ ဖူဆယ်ဘောလုံးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။


ပွဲအခမ်းအနားတွင် ကိုယ်စားလှယ်ရုံး ဘဏ္ဍာရေးအေးဂျင့်မှ နွေဦးထီ၊ နွေဦးဘဏ်၊ မြေကွက်၊ ကွန်ဒို၊ ငွေတိုက်စာချုပ် ရောင်းချခြင်း မြေပြင်ကင်ပိန်းကို ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးကို အပြစ်တင်စိတ်တွေအစား သင်ခန်းစာယူစိတ်တွေ၊ အောင်စိတ်တွေနဲ့ ဆက်လက် ချီတက်ကြဖို့ ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ဦးလင်းသန့်တိုက်တွန်း


မတ်လ၂၆


နွေဦးတော်လှန်ရေးကို အပြစ်တင်စိတ်တွေအစား သင်ခန်းစာယူစိတ်တွေ၊ အောင်စိတ်တွေနဲ့ ဆက်လက် ချီတက်ကြဖို့ ချက်နိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးလင်းသန့်က မတ်လအတွင်းမှာ တိုက်တွန်းဆိုလိုက်ပါတယ်။


"စနစ်ပြောင်းတော်လှန်ရေးအတွက် နိုင်ငံသစ် တည်နေချိန်မှာ သူရဲကောင်းတွေဟာ သူတို့ ဘ၀တွေနဲ့ အသက်တွေပေးဆပ်နေကြရတယ်၊ အောင်ပွဲတွေကြားက ဆုံးရှုံးမှုတွေကြုံတိုင်း ၀မ်းစာပြည့်သူတွေအောင်ပွဲကို အဆုံးထိ သယ်ဆောင်ဖို့ ပိုအားထုတ်ကြ၊ ပိုရုန်းကန်ကြတယ်။ တလှမ်းချင်း ရှေ့သို့ ချီတက်ကာ လောကဓံတွေကို ရင်ဆိုင်ရင်း ရင်ဘတ်ချင်းတူသူတွေက စိတ်ချင်းချိတ်၊ လက်ချင်းတွဲပြီး ခရီးဆက်လျှက်။ အပြစ်တင်စိတ်တွေအစား သင်ခန်းစာယူစိတ်တွေ၊ အောင်စိတ်တွေနဲ့ ဆက်လက် ချီတက်ကြမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစဟာ စစ်ရေး၊နိူင်ငံရေး၊သံတမာန်ရေးအရရှုံးနိမ့်မှုများရင်ဆိုင်နေရပြီး မြို့ကြီးများတွင်သာ အခြေစိုက်နိူင်တော့တဲ့အနေအထားရောက်နေပြီဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်ကိုင်းရှိကျေးရွာများသို့ ကျောင်းသားလက်ရုံးတပ်တော်က သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့


မတ်လ ။၂၆


စစ်ကိုင်းတိုင်းရှိ ကျေးရွာအချို့ကို ကျောင်းသားလက်ရုံးတပ်တော်၊ ဆေးဌာနကြီးမှ ရဲဘော်များက မတ်လ ၂၄ ရက်နေ့တွင် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ သိရပါတယ်။


ကျောင်းသားလက်ရုံးတပ်တော် - SAF အနေဖြင့် အခြေစိုက်ရာစစ်ဒေသများရှိ ပြည်သူလုထုအား ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုထားပါတယ်။


မိမိတို့ကျောင်းသားလက်ရုံးတပ်တော် -SAF သည် 'လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသိို့' ဦးလည်မသုန် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။


ထို့အပြင်ကျွန်ုပ်တို့ကျောင်းသားလက်ရုံးတပ်တော်သို့ လာရောက်ဆက်သွယ်သူ ရဲဘော်များအား ကျွန်ုပ်တို့မှ စီစစ်လက်ခံနေပြီဖြစ်ပြီး ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ လက်တွဲတိုက်ပွဲဝင်လိုသည့် ရဲဘော်များအနေဖြင့်အောက်ပါ telegram channel မှတဆင့် ဆက်သွယ်ဝင်ရောက်နိုင်ပါသည်။


========================


🚩🚩 ၂။ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာ အစည်ဝေး ပြုလုပ်နေချိန်အတွင်း မောင်းသူမဲ့လေယာဉ်ဖြင့်ဗုံ၊းသီများကြဲချတိုက်ခိုက်


မတ်လ။၂၆ ရက်


ရွှေဘိုမြို့နယ်၊ပန်းရံကျေးရွာ ပန်းရံ .. စ၊ခ များ အစည်ဝေး ပြုလုပ်နေသည့်အချိန်အတွင်း သတင်းပေးပို့လာသေားကြောင့် တလရ တပ်ပေါင်းစုများ သွားရောက်  နံနက်11:45:အချိန်တွင် ချိန်ကိုက် မောင်းသူမဲ့လေယာဉ်ဖြင့်၊ဗုံးသီး () လုံး ချတိုက်ခိုက်ခဲ့ရာ (လန) ကိုင် ပျူ နတ်တူးနှင့်ပေါင်းပါ တစ်ကောင် ပြင်၊းထန် ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ မြေပြင် သတင်းပေးပို့မှုအရ သိရှိရပါတယ်။


 ထိခို၊က်သွား ပျူ စ၊ခ များ (လန) ငယ်များ ပြန်လည် ပစ်ခတ်ခဲ့တယ်၊ပျူ များကလည်း (လန) ငယ် ကောင်တာပြန်သည့်အတွက် တလရ ညီအကိုများ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ဆိုထားပါတယ်။ တလရ တပ်ပေါင်းစုများ မိဘပြည်သူ ပို့သသောမေတ္တာကြောင့် ဘေးကင်း အောင်မြင်စွာ ပြန်လည် ရောက်ရှိခဲ့တယ်။


 ယခု တိုက်ခိုက်မှုကို Shwebo Crocodile  ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊မဟာမိတ်ဖြစ်သော Buffalo Soldiers Freedom Force(BGS)X Force LPDF (shwebo) ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊သိခ်အားမာန်၊ ဗိုလ်လင်းရောင်(ဒပယ)၊ဇာမဏီဒေါင်း(ဒပယ) ရွှေဘိုမြို့နယ် တန() တပ်ပေါင်းစု ညီအကိုများ ဖော်ဆောင်နိင်ခဲ့ခြင်း ဖြစ်ပါတယ် ။စစ်ရေးရှိန် မြှင့်နိူင်ဖို့ ပြည်တွင်း ပြည်ပ ထောက်ပို့များ အနေဖြင့် ပါဝင်အားဖြည့်ပေးဖို့ မေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟုထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပထမဆုံးအကြိမ် အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်


မတ် ၂၆ရက်


အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီအားတော်လှန်တိုက်ခိုက်ရန်အတွက် မွန်ပြည်တော်လှန်ရေးတပ်(MSRF) သို့ ရောက်ရှိလာသည့် ရဲဘော်၊ရဲမေများ၏ အခြေခံစစ်သင်တန်းဆင်းပွဲကို မတ်လ ၂၅ ရက်နေ့နံနက်တွင် မွန်ပြည်တော်လှန်ရေးတပ်စခန်း၌ ပြုလုပ်ခဲ့သည်။ 


သင်တန်းဆင်းပွဲသို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ABSDF ကျောင်းသားတပ်မတော် တပ်ရင်း() ဒေါနစစ်ကြောင်း၊ Ye Air Force(YAF) Ye Defense Force (YDF) ရေးသိမ်းငှက်၊ ရေးပြောက်ကျားတပ် (YGF) မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) တို့ တက်ရောက်ခဲ့ကြသည်။


========================


🚩🚩 ၄။ မုံရွာခရိုင် ပြည်သူ့အခြေပြုကျောင်းအား ယာယီစာသင်ဆောင်နှင့် ကျောင်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ကူညီခဲ့


မတ်လ ၂၆


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ဘုတလင်မြို့နယ်အတွင်း ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းမှ ကျောင်းသူ ကျောင်းသားများအား ကျေးရွာပြည်သူလူထုနှင့်ပူးပေါင်း၍ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ယာယီစာသင်ဆောင်နှင့် ကျောင်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ယနေ့ မတ်လ ၂၅ရက်နေ့တွင် ထောက်ပံ့ကူညီခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ထားပါတယ်။


စစ်ကိုင်းတိုင်းဒေသအတွင်းရှိ စစ်တလင်းဒေသများတွင် ကျောင်းသားပြည်သူများ၏ ပညာရေး၊ကျန်းမာရေးယန္တရားများတွင် လိုအပ်ချက်များရှိနေပြီး အစရှိသော ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လိုသည်ဖြစ်စေ၊ လိုအပ်သော သင်ကြားရေး ဗလာစာအုပ်များ၊ကျန်မားရေးဆိုင်ရာ ဆေးဝါးများ လှူဒါန်းလိုသည်ဖြစ်စေ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ Page Messenger သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းဖိတ်ခေါ်ထားပါတယ်။


========================


🚩🚩 ၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၇၈၃) ဦး ရှိခဲ့ပြီဖြစ်ကာ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင်စာရင်းရှိ


မတ်လ၂၆


နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၇၈၃) ဦး ရှိခဲ့ပြီဖြစ်ကာ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင်စာရင်းရှိတယ်လို့သိရပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၇၈၃) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။


ထို့အပြင် အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဆိုပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၄၄၂) ဦးရှိပြီး ထိုအထဲမှ (၂၀၂၇၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၈၇၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment