15th APR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဧပြီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နယ်သာလန်တော်လှန်သင်္ကြန်ပွဲသို့  ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်တို့တက်ရောက်

📌 ၂။ ချစ်ခြင်းတည်စေမနောမြေကမ်ပိန်းကိုဝန်းရံကူညီပေးဖို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတိုက်တွန်း

📌 ၃။ ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာတွင်ကျင်းပတဲ့ ပရာဟာတော်လှန်သင်္ကြန်ပွဲ ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မီတီ ဥက္ကဋ္ဌ မစ္စတာ ပါဗဲလ် ဖစ်ရှာ အပါအဝင် ချက်နိုင်ငံမှ တာဝန်ရှိသူများတက်ရောက်ခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တော မြောက်ပိုင်းက နယ်ခြားစောင့်ရဲ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထပ်မံထွက်ပြေး

🚩 ၂။ မြဝတီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

🚩 ၃။ စစ်ကောင်စီတပ်မှ လက်နက် ခဲယမ်းများနှင့်အတူ CDM ဝင်လာသော တပ်သား နှစ်ဦးဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်း ဖော်ပြ

🚩 ၄။ စစ်ကောင်စီကို စစ်သားသစ် စုဆောင်းပေးနေတဲ့ တီးတိန်ခရိုင် လ၀ကမှူး ဖမ်းဆီးခံရ

🚩 ၅။ ညောင်ဦးတွင် စစ်မှုထမ်းဖို့ အဓမ္မလုပ်ဆောင်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နယ်သာလန်တော်လှန်သင်္ကြန်ပွဲသို့  ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်တို့တက်ရောက်


ဧပြီလ ၁၄ရက်။

နယ်သာလန်တော်လှန်သင်္ကြန်ပွဲသို့  ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင်တို့တက်ရောက်ခဲ့ကြပါတယ်။


ဧပြီလ ၁၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်တို့သည် နယ်သာလန်တော်လှန်သင်္ကြန်ပွဲသို့တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ထို့နောက်ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက နယ်သာရောက်မြန်မာများနှင့်ဒေသခံများအား မြန်မာ့တော်လှန်ရေးအခြေအနေများရှင်းပြပြောကြား၍ မေးခွန်းများပြန်လည်ဖြေကြားမှုများပြုလုပ်ခဲ့ပါတယ်။


နယ်သာလန်တော်လှန်သင်္ကြန်ဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဥ်သူ ဘုန်းဘုန်း အရှင်စန္ဒာဝရနှင့်Compassie Voor Myanmar အဖွဲ့အပါအဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။


========================


📌📌 ၂။ ချစ်ခြင်းတည်စေမနောမြေကမ်ပိန်းကိုဝန်းရံကူညီပေးဖို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတိုက်တွန်း


ဧပြီလ၁၄ရက်။

ချစ်ခြင်းတည်စေမနောမြေကမ်ပိန်းကိုဝန်းရံကူညီပေးဖို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကတိုက်တွန်းဆိုပါတယ်။


"ကျနော်တို့တိုင်းပြည်မှာ လူသားချင်းစာနာမှုအကူအညီတွေအများကြီးလိုအပ်နေပါတယ်။ တချိန်တည်းမှာလည်း ကိုယ့်ကိုလက်တွဲကူညီနိုင်မယ့် အင်အားတွေအများကြီးလိုအပ်နေပါသေးတယ်။ နှစ်ပေါင်းများစွာပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ ကချင်ပြည်နယ်က ပြည်သူတွေအတွက် ဒီကမ်ပိန်းလေးပေါ်လာတာကျေးဇူးတင်ပါတယ်။ ကျနော်တို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ တတ်နိုင်သရွေ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုမပါလို့မရပါဘူး။ ပြည်သူလူထုရဲ့ဝိုင်းဝန်းထောက်ခံမှု လက်တွဲဆောင်ရွက်မှုတွေနဲ့ကမ်ပိန်းအောင်မြင်အောင် လက်တွဲဝိုင်းဝန်းပူးပေါင်းကြပါ။ ဆောင်ရွက်ကြပါ"လို့ဝန်ကြီးကဆိုပါတယ်။


ချစ်ခြင်းတည်စေမနောမြေကမ်ပိန်းကို မတ်လ၂၇ရက်မှ မေလ၃၁ရက်နေ့အထိ သတ်မှတ်ထားပြီး ကမ်ပိန်းတားဂတ်မှာ ကျပ်သိန်းတစ်သောင်းခွဲအထိရည်မှန်းထားပါတယ်။


========================


📌📌 ၃။ ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာတွင်ကျင်းပတဲ့ ပရာဟာတော်လှန်သင်္ကြန်ပွဲ ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မီတီ ဥက္ကဋ္ဌ မစ္စတာ ပါဗဲလ် ဖစ်ရှာ အပါအဝင် ချက်နိုင်ငံမှ တာဝန်ရှိသူများတက်ရောက်ခဲ့


ဧပြီလ ၁၄ရက်။


ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာတွင် ကျင်းပတဲ့ ပရာဟာတော်လှန်သင်္ကြန်ပွဲ ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ပါဗဲလ် ဖစ်ရှာ အပါအဝင် ချက်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာတွင် ချက်နိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာမိသားစုများ စုစည်း ကျင်းပခဲ့ကြတဲ့ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာ သင်္ကြန်ပွဲကို ဧပြီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။


အခမ်းအနားတွင် ခေတ်အဆက်ဆက် လွတ်လပ်ရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများအတွက် ကျဆုံးသွားသူများ အပါအ၀င် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသူများအား အလေးပြုခြင်း အစီအစဥ်လည်း ပါ၀င်ခဲ့ပါတယ်။ 


အခမ်းအနားကို မြူမှုံဝေကင်း သင်္ကြန်တေးသံသာဖြင့် စတင်ဖွင့်လှစ်ကာ ချက်သမ္မတနိင်ငံဆိုင်ရာ NUG အစိုးရ၏ ကိုယ်စားလှယ် ဦးလင်းသန့်က အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံတွင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် ရံပုံငွေ အလှူအဖြစ် ဈေးရောင်းပွဲတော်လည်း ပါဝင်ခဲ့ပါတယ်။


တော်လှန် သင်္ကြန်ပွဲတော်သို့ ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ပါဗဲလ် ဖစ်ရှာ အပါအဝင် ချက် နိုင်ငံမှ တာဝန်ရှိသူများ၊ ချက်သမ္မတနိုင်ငံတွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားမိသားစုများ၊ ကျောင်းသား ကျောင်းသူများ ချက်နိုင်ငံသား မိတ်ဆွေများအပါအဝင် အိမ်နီးချင်း ဥရောပနိုင်ငံများက မြန်မာနိုင်ငံသားများ စုစုပေါင်း လူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မောင်တော မြောက်ပိုင်းက နယ်ခြားစောင့်ရဲ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထပ်မံထွက်ပြေး


ဧပြီလ ၁၄ ရက်။


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်းက တိုက်ပွဲများအတွင်း စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထပ်မံထွက်ပြေးခဲ့ကြတယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။


 ဧပြီ ၁၄ ရက်နေ့ မနက် ၁၀ နာရီကနေ ၁၁ နာရီဝန်းကျင်မှာ  ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်ရောက်လာကြတဲ့ အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များဟာ ကြိမ်ချောင်းကျေးရွာ အနီးမှ အောင်စစ်ပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ () ကို ရက္ခိုင့်တပ်တော် (AA)  ဝင်ရောက်တိုက်ခိုက်ချိန် ထွက်ပြေးခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားခရိုင် (Cox's Bazar) တက္ကနာ (Teknaf) မြို့နယ်၊ ခြံချောင်း ကျေးရွာ (Kharang Khali) ကို ထွက်ပြေးဝင်ရောက်လာတဲ့ ၎င်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ကြပြီး လက်ရှိမှာလည်း တိုက်ပွဲ ပြင်းထန်နေတဲ့ မောင်တော မြောက်ပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ခပ်စိပ်စိပ် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။


ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ထွက်ပြေးလာကြတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်ကောင်စီ တပ်သားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၃၃၀ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။


ဆက်လက်ပြီး မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၇၇ ဦး ကိုလည်း ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ နှစ်နိုင်ငံ ချိတ်ဆက်ဆွေးနွေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မြဝတီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ


ဧပြီလ ၁၄ ရက်။

KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ နေရာ အများစုကို ထိန်းချုပ်ထားတဲ့ မြဝတီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ တင့်ကားတွေပါဝင်တဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူ စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။


 ဧပြီလ ၁၃ ရက်က အဆိုပါ စစ်ကူစစ်ကြောင်းအား မြဝတီမြို့ကို မသွားနိုင်အောင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကျားဖြူတပ်ခွဲစစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


မြဝတီကို ဦးတည်ပြီး တင့်ကားတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို ကျားဖြူစစ်ကြောင်း အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ကော့ကရိတ်မြို့နယ် ကျိုးဒိုး၊ ချောင်းဖျား၊ မြပတိုင်၊ ကော့နွဲ စတဲ့ နေရာတွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း ဧပြီလ ၁၃ ရက် တိုက်ပွဲမှာတင် စစ်ကောင်စီဘက်က အယောက် ၃၀ လောက် သေဆုံးခဲ့ပြီး ဖောကားတစ်စီး ပျက်စီးခဲ့သလို စစ်သား အများအပြားလည်း ထွက်ပြေးသွားတယ်လို့ ကျားဖြူစစ်ကြောင်းက ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီဘက်က  Y-12 လေယာဉ်ဖြင့် လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာတွေထဲ ကျရောက်ပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


မြဝတီမြိုက စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင် အခြေစိုက်တပ်ရင်းတွေကို ဧပြီလ ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅) ကိုလည်း ဧပြီလ ၁၁ ရက်နေ့မှာ သိမ်းယူခဲ့ပြီး မြို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီတပ်မှ လက်နက် ခဲယမ်းများနှင့်အတူ CDM ဝင်လာသော တပ်သား နှစ်ဦးဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်း ဖော်ပြ


ဧပြီလ ၁၄ရက်။

စစ်ကောင်စီ တပ်မှ လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသော တပ်သား နှစ်ဦးဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းက ဧပြီ၁၄ရက်မှာ တရားဝင်ဖော်ပြပါတယ်။


"ဧပြီ၁၂နေ့တွင် KNDO( တပ်ရင်း ) ဂဠုန်စစ်ကြောင်း ကျားဖြူတပ်ခွဲ () Lion Battalion မွန်ပြည်သစ် ခွဲထွက် (AD) မွန်လွတ်မြောက်ရေး တပ်တော် (MLA) ပူးပေါင်း မဟာမိတ်များနှင့် စိုးမိုးမူ ရရှိထားသော နယ်မြေအတွင်းသို့ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းမှ လက်နက်နှင့် အတူ CDM ဝင်လာသော ရဲဘော် ဦး အား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့တယ်"လို့ဖော်ပြပါတယ်။

လက်ရှိမှာ စကစတပ်များဟာ တပ်ရင်းလိုက်လက်နက်ချအညံ့ခံမှုများလည်းရှိလာပြီး လက်နက်နှင့်အတူ တဦချင်းခိုလှုံလာမှုများလည်းရှိနေပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီကို စစ်သားသစ် စုဆောင်းပေးနေတဲ့ တီးတိန်ခရိုင် လ၀ကမှူး ဖမ်းဆီးခံရ


ဧပြီလ ၁၄ ရက်။

ချင်းပြည်နယ် တီးတိန်မြို့တွင် စစ်ကောင်စီအတွက် စစ်သားသစ် အဓမ္မစုဆောင်းပေးနေတဲ့ တီးတိန်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ PDF Zoland က အသိပေး ထုတ်ပြန်ပါတယ်။


ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ တီးတိန်မြို့မှ ခရိုင်လဝက ဦးစီးမှူး ဦးမိုးသူ ဆိုသူကို ချင်းကာကွယ်ရေး ရဲဘော်များက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။


 PDF Zoland ရဲ့ သတိပေး ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီအတွက် စစ်သားသစ် စုဆောင်းမှုများကို လိုက်ပါဆောင်ရွက်နေပြီး လူငယ်တွေကို အဓမ္မ စာရင်းကောက်ခံနေတဲ့အတွက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ကလည်း စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေတဲ့ တီးတိန်မြို့က ဦးကပ်ဆွင်းခွါလ် (လက်ထောက်အင်ဂျင်နီယာ(စည်ပင်) ဦးခွါလ်လျန်းမုန် (ဒုကြီးကြပ်(မွေး/ကု) ဦးလျန်းလမ်ခိုင် (အုပ်စုစာရေး(ထွေအုပ်) ဒေါ်ရှင်းခန့်ခွါလ် (အားကာမှူး) ဒေါ်နန်ဆွင်းဂင့် (အငယ်တန်းစာရေး(လ၀က) တို့ကိုလဲ PDF(Zoland) က ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။


၎င်းတို့အား စစ်ကောင်စီအတွက် စစ်သားမစုဆောင်းရန် သတိပေးထားသော်လည်း လိုက်နာခြင်း မရှိ၍ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်တယ်လို့ PDF Zoland က ဆိုထားပါတယ်။


ထို့အပြင် PDF Zoland အနေနဲ့ သည်းခံနားလည်ပေးမူဟာ အကန့်အသတ် ရှိတာကြောင့် စစ်ကောင်စီအတွက် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပံ့ပိုး သူတွေကို ဆက်လက် အရေးယူသွားမယ်လို့ PDF (Zoland) က အသိပေး ထားပါတယ်။


========================


🚩🚩 ၅။ ညောင်ဦးတွင် စစ်မှုထမ်းဖို့ အဓမ္မလုပ်ဆောင်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး


ဧပြီလ ၁၄ ရက်။

မန္တလေးတိုင်း၊ ညောင်းဦးမြိုနယ်၊ လက်ပန်ခြေပေါ်တိုက်နယ်၊ အုန်းနဲကျောင်းရွာတွင် ဒေသခံလူငယ်များကို စစ်မှုထမ်းဆောင်ဖို့ ပြည်သူ့စစ်ထဲမဝင်ပါက ဖမ်းမယ်လို့ ခြိမ်းခြောက်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


 ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ နာရီ ခန့်မှာ အုန်းနဲကျောင်းရွာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ် ခေါင်းဆောင်  ဦးတိုးလွင်ကို ညောင်ဦးမြို့နယ် ပကဖ အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ဦးတိုးလွင်ဟာ အသက်ပြည့်တဲ့ ဒေသခံလူငယ်တွေကို ပြည်သူ့စစ်ထဲ ဝင်ရမယ်လို့ အတင်းအဓမ္မ ပြုလုပ်နေပြီး မဝင်ပါက ဖမ်းမယ်ဟုလို့ဆိုကာ စစ်သားများကို ခေါ်ယူပြီး ခြိမ်းခြောက်လေ့ရှိတာကြောင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။


ညောင်ဦးမြိုနယ် ပကဖ အနေဖြင့် နှစ်သစ်တွင် ပြည်သူ့စစ်အင်အား စုဆောင်းပေးနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုများကို အရှင်ထားမှာ မဟုတ်ဘူးလို့ ညောင်ဦးမြိုနယ် ပကဖ တာ၀န်ခံက အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment