24th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၂) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်  စစ်ကိုင်း၊ မန္တလေး ဒေသများမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ထမင်းဟင်း နှင့် အာဟာရဒါန ကျွေးမွေးလှူဒါန်း

📌 ၂။ စကစရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ တိကျခိုင်လှုံမှုရှိသောစုံစမ်းစစ်ဆေးရရှိတဲ့အချက်ပေါင်းရှစ်ထောင်ကျော်ကိုလူ့အခွင့်ရေးဝန်ကြီးဌာနကစနစ်တကျ စုဆောင်းနိူင်ခဲ့

📌 ၃။ တိုင်ကြားရေးယန္တရားမှတဆင့် တိုင်ကြားလာသည့်အမှုစုစုပေါင်း ၁၃၀မှုရှိပြီး၁၀၂မှုကိုဖြေရှင်းဆောင်ရွက်နိူင်ခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နွားထိုးကြီး မြို့နယ်.ပြင်စီကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစတပ်များအား Fix Wing ဖြင့် ဗုံးသီး တစ်လုံးချ တိုက်ခိုက်ခဲ့

🚩 ၂။ နမ့်ဆန်မြို့မှာ ငှက်ပစ်ထွက်တဲ့ အမျိုးသားတဦး စစ်တပ်ကထောင်ထားတဲ့မြေမြှုပ်မိုင်းနင်းမိပြီး ခြေနှစ်ဖက်လုံး ပြတ်ထွက်

🚩 ၃။ ရှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း နှစ် ၆ဝ ပြည့်အခမ်းအနားသို့ PNLO ဂုဏ်ပြုသဝဏ်လွှာပေးပို့

🚩 ၄။ တမူးခရိုင်၊ခမ်းပတ်မြို့နယ်နှင့် ကလေးခရိုင်အတွင်းရှိ ကျေးရွာတစ်ချို့အား အကြမ်းဖက်စစ်ကောင်စီက  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ ငါးဦးသေဆုံးခဲ့ရ

🚩 ၅။ ဖားကန့် ဆယ်ဇင်းကျေးရွာက ခမရ ၁၁၆ စစ်စခန်းကို KIA က အပြီးသတ်သိမ်းပိုက် 

🚩 ၆။ တောကျီးကန်းစစ်ကြောင်း စတင်ဖွဲ့စည်းချိန်မှ စ၍ တစ်နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်တပ်နှင့်ထိတွေ့တိုက်ပွဲပေါင်း  (၃၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ စကစဖက် မှရဲဘော်နှင့် အရာရှိ (၁၀၀) ခန့်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၂) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်  စစ်ကိုင်း၊ မန္တလေး ဒေသများမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ထမင်းဟင်း နှင့် အာဟာရဒါန ကျွေးမွေးလှူဒါန်း


ဧပြီ၂၄


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၂) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်  စစ်ကိုင်း၊ မန္တလေး ဒေသများမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ထမင်းဟင်း နှင့် အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။


ဧပြီ၂၄ရက်မှာ ဝန်ကြီးချုပ်၏ဆိုရှယ်မီဒီယာကထုတ်ပြန်ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၂) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်  စစ်ကိုင်း၊ မန္တလေး ဒေသများမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ထမင်းဟင်း နှင့် အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ဖော်ပြပါတယ်။


ထိုသို့လှူဒါန်းမှုပြုရာမှာ စစ်ဘေးရှောင်များအာဟာရအတွက် (၁၇) သိန်း () သောင်းကျပ်၊ စစ်ဒေသ () ပြင်ဦးလွင်ခရိုင် PDF - 510 တပ်ရင်းသို့ (၁၀) သိန်းကျပ်၊ ဟင်္သာတခရိုင်အမှတ်() တပ်ရင်းသို့ () သိန်းကျပ်၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ  () သို့  () သိန်းကျပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း (၇၀၄) သို့ () သိန်းကျပ်၊ Spring Phoenix Force သို့ (၁၀) သိန်း () သောင်းကျပ် တို့ကို  လှူဒါန်းခြင်းများ ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ စကစရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ တိကျခိုင်လှုံမှုရှိသောစုံစမ်းစစ်ဆေးရရှိတဲ့အချက်ပေါင်းရှစ်ထောင်ကျော်ကိုလူ့အခွင့်ရေးဝန်ကြီးဌာနကစနစ်တကျ စုဆောင်းနိူင်ခဲ့


ဧပြီ၂၄ရက်


စကစရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ တိကျခိုင်လှုံမှုရှိသောစုံစမ်းစစ်ဆေးရရှိတဲ့အချက်ပေါင်းရှစ်ထောင်ကျော်ကိုလူ့အခွင့်ရေးဝန်ကြီးဌာနကစနစ်တကျ စုဆောင်းနိူင်ခဲ့တယ်လို့လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။


ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ သုံးနှစ်ပြည့် ပြည်သူသို့အစီရင်ခံရာမှာ လူ့အခွင့်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


"ပြည်သူတွေကပေးပို့ခဲ့တဲ့စကစရဲ့လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းရှစ်သောင်းကျော်ကိုလက်ခံရရှိခဲ့ပါတယ်။အဲဒီထဲမှာမှတိကျခိုင်လှုံမှုရှိသောစုံစမ်းစစ်ဆေးရရှိတဲ့အချက်ပေါင်းရှစ်ထောင့်ကိုးရာလေးဆယ်ကိုတော့စနစ်တကျ စုဆောင်းနိူင်ခဲ့ပါတယ်။ဒီထဲမှာ ခိုင်လုံသောအချက်တရားဥပဒေအတိုင်းဖော်ဆောင်နိူင်ဖို့အတွက်အမှုတွဲအဖြစ် တင်သွင်းနိူင်တဲ့အမှုပေါင်းထောင့်နှစ်ရာရှစ်ဆယ်ကို သေသေချာချာ စီစစ်မှတ်တမ်းတင်နိူင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်မြန်မာနိူင်ငံနှင့်ပတ်သတ်၍ အမှုများစုဆောင်းနေတဲ့ ဒဗယ်အမ်၊ဒဗယ်အိုင်ကိုလည်းအမှုပေါင်းသုံးရာ့တစ်ခု ခိုင်ခိုင်မာမာတင်ပြနိူင်ခဲ့ပါတယ်။


========================


📌📌 ၃။ တိုင်ကြားရေးယန္တရားမှတဆင့် တိုင်ကြားလာသည့်အမှုစုစုပေါင်း ၁၃၀မှုရှိပြီး၁၀၂မှုကိုဖြေရှင်းဆောင်ရွက်နိူင်ခဲ့


ဧပြီ၂၄ရက်


တိုင်ကြားရေးယန္တရားမှတဆင့် တိုင်ကြားလာသည့်အမှုစုစုပေါင်း ၁၃၀မှုရှိပြီး၁၀၂မှုကိုဖြေရှင်းဆောင်ရွက်နိူင်ခဲ့တယ်လို့အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဍ ကပြောပါတယ်။


ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ သုံးနှစ်ပြည့် ပြည်သူသို့အစီရင်ခံရာမှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဍ ကရှင်းလင်းပြောပါတယ်။


"အလုပ်သမားတိုင်ကြားရေးယန္တရားစတင်ချိန်မှ၂၀၂၄ ခုနှစ် မတ်လအထိ တိုင်ကြားရေးယန္တရားမှတဆင့် တိုင်ကြားလာသည့်အမှုစုစုပေါင်း ၁၃၀မှုရှိပြီး၄င်းတို့အနက် ဖြေရှင်းဆောင်ရွက်ပြီးသောအမှု ၁၀၂မှုနှင့် ဆောင်ရွက်ဆဲ၂မှုရှိပါတယ်။ကျန်အမှု၂၂မှုတို့မှာ နှစ်သိမ့်ဆွေးနွေး၊အကြံပြုမှုတို့ ဆောင်ရွက်ခဲ့ပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။


ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများရောက်ရှိနေသော ထိုင်း၊မလေးရှား၊ဂျပန်နှင့်ကိုရီးယားနိူင်ငံတို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ များကိုသက်ဆိုင်ရာနိူင်ငံရှိအလုပ်သမားအရေး၊လူမှုရေး ဆောင်ရွက်သူများပါဝင်ကာ အလုပ်သမားများကိုကာကွယ်စောင့်ရှောက်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ နွားထိုးကြီး မြို့နယ်.ပြင်စီကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစတပ်များအား Fix Wing ဖြင့် ဗုံးသီး တစ်လုံးချ တိုက်ခိုက်ခဲ့


ဧပြီ၂၄


နွားထိုးကြီး မြို့နယ်.ပြင်စီကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစတပ်များအား Fix Wing ဖြင့် ဗုံးသီး တစ်လုံးချ တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီ၂၃ရက် မနက်ပိုင်း နွားထိုးကြီး မြို့နယ်.ပြင်စီကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစတပ်များအား Fix Wing ဖြင့် ဗုံးသီး တစ်လုံးချ တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစသုံးဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။


အလားတူရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (320)တွင် ဂိတ်ချကာ ပြည်သူများ အပေါ် ငွေညှစ်တောင်းခံနေသော စစ်ဆေးရေး ဂိတ်အား Natogyi People Defence Force မြင်းခြံခရိုင် အမှတ်()တပ်ရင်း မှ ဗုံးသီး () လုံးချ တိုက်ခိုက်ခဲ့ရာအထိအခိုက် စုံစမ်းဆဲ ဖြစ်ပါတယ်။


စစ်ဆင်ရေးများကိုမြင်းခြံခရိုင်တပ်ရင်း () NPDFMyingyan District Drone Strike MDDSMHLG Wings အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၂။ နမ့်ဆန်မြို့မှာ ငှက်ပစ်ထွက်တဲ့ အမျိုးသားတဦး စစ်တပ်ကထောင်ထားတဲ့မြေမြှုပ်မိုင်းနင်းမိပြီး ခြေနှစ်ဖက်လုံး ပြတ်ထွက်


ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အမျိုးသားတဦး ခြေထာက် နှစ်ဖက်လုံး ပြတ်ထွက်သွားတယ်တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန် ပါတယ်။  

နမ့်ဆန်မြို့ က ယခင်စစ်တပ်ကုန်းဟောင်းအနီးကို ငှက်ပစ်သွားတဲ့ အသက် ၂၀ အရွယ်ရှိ မောင်ကျော်ဇင်ဟိန်းဆို သူဟာ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ပြတ်ထွက် သွားခဲ့တာကြောင့် လက်ရှိအချိန်အထိ နမ့်ဆန်ဆေးရုံးမှာ ဆေးကုနေရတယ်လို့ ဆိုပါတယ်။ 

မိုင်းနင်းမိခဲ့သူဟာ လားရှိုးမြို့ ရပ်ကွက်-၁၂ မှာနေထိုင်သူဖြစ်ပြီး နမ့်ဆန်မြို့မှာ အလုပ်လာရောက်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီထောင်ထားတဲ့မိုင်းတွေကို တအာင်းတပ်မတော် PSLF/TNLA မိုင်းရှင်းလင်း ရေးအဖွဲ့က မြေမြှုပ်မိုင်း ၄၁ လုံး၊ ပေါင် ၃၀၀ ဗုံးတလုံးနဲ့ ပေါင်ံ ၅၀၀ ဗုံးတလုံးကို ဧပြီလအတွင်း ရှင်းလင်းခဲ့ပြီး ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အခု မိုင်းပေါက်ကွဲတဲ့နေရာဟာ ချုံပင်တွေထူထပ်တာကြောင့် မိုင်းရှင်းလင်းရေးဆောင်ရွက်ဖို့ ခက်ခဲတဲ့အတွက် မိုင်းရှင်း လင်းမှုမလုပ်ရသေးတဲ့နေရာဖြစ်ပြီး မိုင်းအန္တရာယ်ရှိတဲ့ ဧရိယာဖြစ်ကြောင်း သတိပေးစာကပ်ထားတဲ့ နေရာဖြစ်တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ရှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း နှစ် ၆ဝ ပြည့်အခမ်းအနားသို့ PNLO ဂုဏ်ပြုသဝဏ်လွှာပေးပို့


ရှမ်းပြည်တပ်မတော် Shan State Army-SSA တည်ထောင်ခြင်း နှစ် ၆ဝ ပြည့်အခမ်းအနားသို့ ပအိုးအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမတ္တဖြစ်တဲ့ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ရဲ့ မဟာဒေဝီ စပ်နန်းဟိန်းခမ်းကို နာယကအဖြစ် တင်မြှောက်ပြီး ရှမ်းပြည်တပ်မတော် Shan State Army-SSA ကို တည်ထောင်ခဲ့တာဟာ ဒီနေ့ ဧပြီ ၂၄ မှာ နှစ် ၆ဝ ပြည့်ပြီ လို့ ဆိုပါတယ်။ 

ရှမ်းပြည်လူထု ကိုယ့်ကံကြမ္မာ ဖန်တီးပိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝ အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေ စီ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ရှမ်းပြည်တပ်မတော် SSA တည်ထောင်ပြီး စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ဖြတ်ကျော် ကာ လက်ရု့းရည် နှလုံးရည် အပြည်နဲ့ တိုက်ပွဝြင်လာခဲ့တာဟာလည်း နှစ် ၆ဝ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့အတွက် ရှမ်းပြည် လူထုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းမြောက်ဂုဏ်ယူတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးခရီးကြမ်းမှာ အသက် သွေး ချွေးနဲ့ ခန္ဓာကိုယ်ပေးလှူသွားခဲ့ကြတဲ့ ရှမ်းပြည်တပ်မတော်က အာဇာနည်သူရဲကောင်းတွေနဲ့ အသက် အိုးအိမ် စည်းစိမ်တွေ စွန့်လွှတ်ပေးခဲ့တဲ့ ရှမ်းလူထုတရပ်လုံးကိုလည်း လေးနက်စွာ ဦးညွတ်ကြောင်းလည်း ပါဝင်ပါတယ်။

မြန်မာပြည်သူတရပ်လုံးနဲ့အတူ ရှမ်းအမျိုးသားတွေလည်း အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်ရေးနဲ့ ကိုယ့် ကံကြမ္မာ ဖန်တီးပိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝ အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မပြီးပြတ်သေးတဲ့၊ ပြီးပြည့်စုံခြင်းမရှိသေးတဲ့ ရှမ်းပြည်တိုင်းရင်းသားများအရေး အတူတကွ ချီတက်ပြီး တိုက်ပွဲဝင်ကြဖို့ ပအိုးအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တိုက်တွန်းထားပါတယ်။ 


========================


🚩🚩 ၄။ တမူးခရိုင်၊ခမ်းပတ်မြို့နယ်နှင့် ကလေးခရိုင်အတွင်းရှိ ကျေးရွာတစ်ချို့အား အကြမ်းဖက်စစ်ကောင်စီက  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ ငါးဦးသေဆုံးခဲ့ရ


ဧပြီ၂၄


တမူးခရိုင်၊ခမ်းပတ်မြို့နယ်နှင့် ကလေးခရိုင်အတွင်းရှိ ကျေးရွာတစ်ချို့အား အကြမ်းဖက်စစ်ကောင်စီက  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ ငါးဦးသေဆုံးခဲ့ရပါတယ်။


ဧပြီ၂၂ရက်နေ့မှာ စကစတပ်ကဗုံးကြဲခဲ့တာလို့စစ်ကိုင်းတိုင်းပကဖကအတည်ပြုထားပါတယ်။


တမူးခရိုင်၊ခမ်းပတ်မြို့နယ်နှင့် ကလေးခရိုင်အတွင်းရှိ ကျေးရွာတစ်ချို့အား အကြမ်းဖက်စစ်ကောင်စီက  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူတို့သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။


ဧပြီ၂၂ရက်မနက်၂နာရီခန့်မှာစကစဘက်ကလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ၁၀ဦးအထက်ရှိပြီးနေအိမ်များပျက်စီးဆုံးရှုံးခဲ့ပါတယ်။


========================


🚩🚩 ၅။ ဖားကန့် ဆယ်ဇင်းကျေးရွာက ခမရ ၁၁၆ စစ်စခန်းကို KIA က အပြီးသတ်သိမ်းပိုက် 


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဆယ်ဇင်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခမရ- ၁၁၆ တပ်စခန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။ 

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက ခမရ ၁၁၆ စစ်စခန်းအပါအဝင် စစ်ကောင်စီလက်အောက်ခံစခန်းတွေကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဧပြီ ကစပြီး တိုက်ခိုက်ခဲ့ရာ ဒီနေ့ ဧပြီလ ၂၄ ရက် မနက်အစောပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ဧပြီ ရက်မနက်မှာ ဖားကန့်မြိုနယ် ဆယ်ဇင်းရဲစခန်းနဲ့နန့်ယားစရဲစခန်းကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှာ ဆယ်ဇင်းရဲစခန်းက ရဲ ၂၂ ဦး လက်နက်ချအညံ့ခံခဲ့ပြီး နန့်ယားစခန်းကိုတော့ ဧပြီလ ၁၁ရက် မနက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ခမရ ၁၁၆ ကစစ်သားတွေနဲ့ SNA ပူးပေါင်းတပ်စွဲနေတဲ့ ဆယ်ဇင်းတပ်စခန်းကိုရဖို့ ဧပြီ ၂ဝ ကစတိုက်တော့ ရန်သူ (စစ်အုပ်စု) က စခန်းအပြင် နေရာကနေ ခုခံတယ်။ စစ်ကူလာတဲ့အဖွဲ့ကလည်း လမ်းမှာဖြတ်တိုက်ခံရတာ ရှိတယ်။ ဧပြီ ၂၃ ၁၂ ကျော်မှာ စခန်းကိုအပြီးသိမ်းနိုင်ခဲ့တာ။ စစ်အုပ်စုဘက်က အကျအဆုံးများစွာနဲ့ ထွက်ပြေးသွားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ 

လက်ရှိမှာ KIA က သိမ်းပိုက်ရရှိတဲ့ ဆယ်ဇင်းကျေးရွာက ခမရ ၁၁၆ တပ်စခန်းကို နယ်မြေရှင်းလင်းနေပြီး စစ်သားသေဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုကို စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်-တာမခန်-ဆယ်ဇင်းလမ်းတလျှောက်က စစ်ကောင်စီတပ်တွေကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဒီနယ်မြေကို ၁၀၀ ရာခိုင်နှုန်း စိုးမိုးထိန်းချုပ်နိုင်ပြီလို့လည်း သိရပါတယ်။ 


========================


🚩🚩 ၆။ တောကျီးကန်းစစ်ကြောင်း စတင်ဖွဲ့စည်းချိန်မှ စ၍ တစ်နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်တပ်နှင့်ထိတွေ့တိုက်ပွဲပေါင်း  (၃၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ စကစဖက် မှရဲဘော်နှင့် အရာရှိ (၁၀၀) ခန့်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့


ဧပြီ၂၄


တောကျီးကန်းစတင်ဖွဲ့စည်းချိန်မှ  တစ်နှစ်ကျော်ကာလအတွင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၏ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင်စစ်ရေးလှုပ်ရှားခဲ့ပြီးအကြမ်းဖက်စစ်တပ်နှင့်ထိတွေ့တိုက်ပွဲပေါင်း  (၃၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ စကစဖက် မှရဲဘော်နှင့် အရာရှိ (၁၀၀) ခန့်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ ဧပြီ၂၄ရက် တောကျီးကန်းစစ်ကြောင်း ကတရားဝင်အသိပေးဖော်ပြပါတယ်။


ယင်းတိုက်ပွဲများအနက် မွန်ပြည်နယ်ဘီးလင်းမြို့နယ်အတွင်း ကျုံအိတ်တံတားတိုက်ပွဲ၊ ဒေါက်ရပ်ကျေးရွှာတိုက်ပွဲ၊ကျိုက်ထိုမြို့နယ်အတွင်း အစူးချောင်းရွာတိုက်ပွဲ၊ မုပ္ပလင်ဂိတ်တိုက်ပွဲများမှာ ရန်သူအထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပြီး ပဲခူးတိုင်းအတွင်းထိန်တောတိုက်ပွဲ၊ဇရပ်ကြီးတိုက်ပွဲနှင့်နတ်သံကွင်းတိုက်ပွဲများတွင်လည်း ကျရာတာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့အသိပေးဆိုပါတယ်။

 

အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment