24th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူတွေအပေါ်မှာ နိူင့်ထက်စီးနင်းလုပ်တဲ့ကိစ္စရပ်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ရှင်းလင်းပြောကြား

📌 ၂။ ပြင်သစ်တော်လှန်သင်္ကြန်ပွဲအခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက မြန်မာ့တော်လှန်ရေးအခြေအနေများရှင်းလင်းပြောကြားခဲ့

📌 ၃။ မြေပြင်တွင်ဆောင်ရွက်နေသော ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ ပိုမိုချိတ်ဆက်လုပ်ဆောင်သွားနိုင်ရေး ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေး

📌 ၄။ လစဥ် ဝန်ကြီးဌာနအသုံးစရိတ်ကျပ်သိန်း၁၅၀ကို ရုံးလုပ်ငန်းဆောင်ရွက်နေသူများ  ဒေတာထောက်ပံ့ကြေးနဲ့ခက်ခဲတဲ့နာမကျန်းဝန်ထမ်းတွေအတွက် အသုံးပြုခဲ့ကြောင်း ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ပြောကြား

📌 ၅။ G7 အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအခြေအနေများကို ထည့်သွင်း ဆွေးနွေးခဲ့ပြီး စကစရဲ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်မှုကိုလည်း ရှုတ်ချခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မွန်ပြည်သစ်ပါတီ (AD) နှင့် မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) တို့ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုကယ်ဆယ်ရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

🚩 ၂။ စစ်တောင်း တံတားဂိတ် ကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်

🚩 ၃။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပေးထုတ်ပြန်ခြင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================

📌📌 ၁။ ပြည်သူတွေအပေါ်မှာ နိူင့်ထက်စီးနင်းလုပ်တဲ့ကိစ္စရပ်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ရှင်းလင်းပြောကြား


ဧပြီလ၂၃ရက်။

ပြည်သူတွေအပေါ်မှာ နိုင့်ထက်စီးနင်းလုပ်တဲ့ကိစ္စရပ်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ရှင်းလင်းပြောကြားလိုက်ပါတယ်။


ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ သုံးနှစ်ပြည့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ပြည်သူသို့အစီရင်ခံတင်ပြရာမှာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။


"တခါတခါမှာလည်းပအဖ၊ ပကဖ၊ ပလဖရဲ့ လုပ်ပိုင်ခွင့်နဲ့အခွင့်အရေးကို အလွဲသုံးစားလုပ်မှုတွေ၊ ပြည်သူတွေအပေါ်မှာ နိုင့်ထက်စီးနင်းလုပ်တဲ့ကိစ္စရပ်တွေရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့ဆီကို တိုင်ကြားတဲ့တိုင်ကြားစာတွေရရှိထားပါတယ်။ဒါတွေကလည်းပြည်သူတွေဆီကပဲ ပြန်ပြီးတော့တိုင်ကြားလာတဲ့ကိစ္စရပ်တွေရှိပါတယ်။ ကျွန်တော်တို့အခု၂၀၂၄ ခုနှစ်မှာတော့တိုင်းယန္တရားကို မြေပြင်မှာတိုင်းရုံးဖွင့်မယ်။ ပြီးရင်ဝန်ကြီးဌာနရုံးတွေပါ သေချာဖွင့်ပြီးတော့မြေပြင်မှာ သေသေချာချာ တိုင်းနဲ့ဗဟိုနဲ့ပေါင်းစပ်ပြီးတော့ အုပ်ချုပ်ရေးယန္တရားတွေ ပိုမိုအားကောင်းအောင်ဆောင်ရွက်သွားမှာဖြစ်သလို တစ်ဖက်မှာလည်းပဲ ပြည်သူတွေအပေါ်မှာ နိုင့်ထက်စီးနင်းကျူးလွန်တဲ့ကျူးလွန်မှုတွေအပေါ် လက်တွေ့ကျကျထိန်းကျောင်းတည့်မတ်နိုင်ဖို့ အရေးယူဆောင်ရွက်နိုင်ဖို့ကိုလည်း  ကျွန်တော်တို့အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် အကျင့်ပျက်ခြစားနေတဲ့ကိစ္စရပ်များရှိခဲ့ပါကလည်း ပြည်သူနှင့်အတူပူးပေါင်း၍ ၂၀၂၄ ခုနှစ် အတွင်းကိုင်တွယ်ဖြေရှင်းမယ်လို့ ပြည်ထောင်စုဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၂။ ပြင်သစ်တော်လှန်သင်္ကြန်ပွဲအခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက မြန်မာ့တော်လှန်ရေးအခြေအနေများရှင်းလင်းပြောကြားခဲ့


ဧပြီလ၂၃ရက်။

ပြင်သစ်တော်လှန်သင်္ကြန်ပွဲအခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက မြန်မာ့တော်လှန်ရေးအခြေအနေများရှင်းလင်းပြောကြားခဲ့ပါတယ်။


ဧပြီလ ၂၁ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်တို့သည် ပြင်သစ်ရောက်မြန်မာမိသားစုဝင်များက ကျင်းပခဲ့သောတော်လှန်သင်္ကြန်ပွဲသို့တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အခမ်းအနားတွင်ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက မြန်မာ့တော်လှန်ရေးအခြေအနေများရှင်းလင်းပြောကြားခဲ့ပါတယ်။ 


ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်ကလည်း ကိုယ်စားလှယ်ရုံး နှစ်အတွင်း လုပ်ဆောင်ခဲ့မှုများနှင့်ကြုံတွေ့ခဲ့ရသောအခက်အခဲအခြေအနေများရှင်းလင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မြေပြင်တွင်ဆောင်ရွက်နေသော ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ ပိုမိုချိတ်ဆက်လုပ်ဆောင်သွားနိုင်ရေး ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေး


ဧပြီလ ၂၃ရက်။

မြေပြင်တွင်ဆောင်ရွက်နေသော ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ ပိုမိုချိတ်ဆက်လုပ်ဆောင်သွားနိုင်ရေး ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ဟာ မြေပြင်တွင် ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းအစီအစဥ်အား  ဧပြီလ ၂၂ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် မြေပြင်တွင် ပညာရေးဆောင်ရွက်နေကြသည့် ဆရာ၊ ဆရာမများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများကို ရဲဘော်ရဲဘက်အချင်းချင်း ဝေမျှဆွေးနွေးလိုခြင်းဖြစ်ကြောင်း  နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ယခုကာလသည် ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အရေးကြီးသည့်ကာလဖြစ်ကာ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ကြောင်း  ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပညာရေးကော်မတီဝင်များက Grade 12 သင်ရိုးညွှန်းတမ်း ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြေပြင်ကျောင်းများ အသိအမှတ်ပြုမှုအခြေအနေ၊ Migrant School များအား ကူညီဆောင်ရွက်ပေးမှုအခြေအနေနှင့် မြေပြင်လိုအပ်ချက်အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဂျာထွယ်ပန် အပါအဝင် တာဝန်ရှိသူများအနေဖြင့် ပြန်လည်တင်ပြဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးပွဲအား ၁၇:၂၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ လစဥ် ဝန်ကြီးဌာနအသုံးစရိတ်ကျပ်သိန်း၁၅၀ကို ရုံးလုပ်ငန်းဆောင်ရွက်နေသူများ  ဒေတာထောက်ပံ့ကြေးနဲ့ခက်ခဲတဲ့နာမကျန်းဝန်ထမ်းတွေအတွက် အသုံးပြုခဲ့ကြောင်း ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ပြောကြား


ဧပြီလ ၂၃ရက်။

လစဥ် ဝန်ကြီးဌာနအသုံးစရိတ်ကျပ်သိန်း၁၅၀ကို ရုံးလုပ်ငန်းဆောင်ရွက်နေသူများ  ဒေတာထောက်ပံ့ကြေးနဲ့ ခက်ခဲတဲ့နာမကျန်းဝန်ထမ်းတွေအတွက် အသုံးပြုခဲ့ကြောင်းပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်ကပြောပါတယ်။


ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ သုံးနှစ်ပြည့် ပညာရေးဝန်ကြီးဌာန၏ ပြည်သူသို့အစီရင်ခံတင်ပြရာမှာ ဒုဝန်ကြီးဂျာထွယ်ပန်ကထည့်သွင်းပြောကြားပါတယ်။


"စီမံကိန်းနှင့်ဘဏ္ဍာရေး၊ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ထောက်ပံ့ပေးတဲ့ လစဥ် ဝန်ကြီးဌာနအသုံးစရိတ်သိန်း၁၅၀ကိုလည်း ဝန်ကြီးဌာနလည်ပတ်နိုင်ရေး ရုံးလုပ်ငန်းဆောင်ရွက်နေသူများကို  ဒေတာထောက်ပံ့ကြေးအနေနဲ့တဦးလျှင် တသိန်းထောက်ပံ့နိုင်တာဖြစ်ပါတယ်။ ခက်ခဲတဲ့နာမကျန်းဝန်ထမ်းတွေအတွက် ဝန်ကြီးဌာနရဲ့ တလလျာထားချက်ကတော့သိန်းငါးဆယ်ရှိပြီးမှ တယောက်ကိုငါးသောင်း ဒါမှမဟုတ်တသိန်းနှုန်းနဲ့ ထောက်ပံ့နိုင်တာဖြစ်ပြီးမှ ဒီပမာဏာဟာတကယ်အကူအညီလိုနေတဲ့အရေအတွက်နဲ့ဆိုလို့ရှိရင် နည်းပါးသေးတဲ့ပမာဏဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ကြားကာလမှာ ဆရာ၊ဆရာမတွေကို အတတ်နိုင်ဆုံးထောက်ပံ့လျက်ရှိပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနဟာ ကြားကာလပညာသင်ကြားရေးအစီအစဥ်ကိုအကောင်အထည်ဖော်ဆောင်နေပြီး မြေပြင်နှင့်အွန်လိုင်းကျောင်းများကိုလည်းအသိအမှတ်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။


========================


📌📌 ၅။ G7 အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအခြေအနေများကို ထည့်သွင်း ဆွေးနွေးခဲ့ပြီး စကစရဲ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်မှုကိုလည်း ရှုတ်ချခဲ့


ဧပြီလ၂၃ရက်။

G7 အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအခြေအနေများကိုထည့်သွင်း ဆွေးနွေးခဲ့ပြီး စကစရဲ့ စစ်မှုထမ်းဥပဒေ

အကောင်အထည်ဖော်မှုကိုလည်း ရှုတ်ချခဲ့ပါတယ်။


ဧပြီလ၂၃ရက်မှာ ဂျာမန်သံရုံး ရန်ကုန်ကတရားဝင်အသိပေးဖော်ပြပါတယ်။


အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည့် အီတလီနိုင်ငံ Capri ဧပြီလ (၁၇) ရက်မှ (၁၉) ရက်အထိကျင်းပခဲ့သော G7 အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအခြေအနေများကိုထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။


G7- တွင်ပါဝင်သောကနေဒါ၊ အမေရိကန်၊ပြင်သစ်၊ ဂျပန်၊ အီတလီ၊ ယူကေ၊ ဂျာမနီ နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းမှုအတွက် မြန်မာပြည်သူများကို ထောက်ခံပါကြောင်းနှင့် ၄င်းတို့နှင့်အတူစည်းလုံး ညီညွတ်စွာရှိပါကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။


စကစ၏ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုကိုလည်း ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှု အားလုံးကို ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားခြင်းခံရသော အကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် သက်ဆိုင်သူအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ရန်မြန်မာ စစ်တပ်ကို တိုက်တွန်းခဲ့တယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ၆။ ပရာဟာ တော်လှန်သင်္ကြန်မှ တန့်ဆည် စစ်ဘေးရှောင်များအတွက် မြေပြင်တွင်လှူဒါန်း


ဧပြီလ ၂၃ရက်။

ပရာဟာ တော်လှန်သင်္ကြန်မှ တန့်ဆည် စစ်ဘေးရှောင်များအတွက် မြေပြင်တွင်လှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီ၂၃ရက်မှာ ချက်သမ္မတ နိုင်ငံNUGကိုယ်စားလှယ်ရုံးကတရားဝင်သတင်းထုတ်ပြန်ပါတယ်။


"ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာ တော်လှန်သင်္ကြန် စစ်ဘေးရှောင် ရံပုံငွေ စျေးရောင်းပွဲတော်မှ ရရှိသော အလှူငွေ ကျပ် ၆၂၉၁၇၁၆ ( ၆၂ သိန်းကျော်) ထဲမှ စစ်ကိုင်းတိုင်းဒေသတွင်း တန့်ဆည်မြို့နယ်တွင်းက စစ်ဘေးရှောင်များအတွက် ကျပ် ၂၁၉၁၇၁၆ အား  မြေပြင်မှာလှူဒါန်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ရံပုံငွေ စျေးရောင်းပွဲတော်မှာ ပါ၀င် အားဖြည့်ခဲ့ကြတဲ့ ချက်-မြန်မာ-နိုင်ငံတကာမိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ အဖက်ဖက်က ပါ၀င်ခဲ့ကြသူများအားလုံးကို ဦးဆောင်ကျင်းပသူများက အထူးပဲ ကျေးဇူးတင်ကြောင်းလည်း ပြောဆိုထားကြပါတယ်။ 


ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာတွင် ချက်နိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာမိသားစုများစုစည်း ကျင်းပခဲ့ကြတဲ့ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာ သင်္ကြန်ပွဲကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မွန်ပြည်သစ်ပါတီ (AD) နှင့် မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) တို့ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုကယ်ဆယ်ရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ


ဧပြီလ ၂၃ ရက်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖြတ်ရေး) NMSP-AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးမှုတွင် နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုကယ်ဆယ်ရေး အပါအဝင် ကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြတယ်လို့ သတင်းထုတ်ပြန်လာပါတယ်။


ဧပြီလ ၂၂ ရက်နေ့က မွန်ပြည်သစ်ပါတီ (AD) နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး NMSP-AD မှ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်အဖွဲ့ဝင် () ဦးနဲ့ MSFC မှ ကောင်စီဝင် () ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။


 ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကနေ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုကယ်ဆယ်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်သင့်တာတွေကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားကြဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် လုပ်ငန်းများကို ဆက်လက် ဆွေးနွေးနိုင်ဖို့လုပ်ငန်းညှိနှိုင်းရေးအဖွဲ့များဖွဲ့စည်းသွားဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။


မွန်ပြည်သစ်ပါတီ (AD) က ဧပြီလ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေး ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်ထဲမှာ မွန်တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ရက်နေ့ကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ  (MSFC) နဲ့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းကာ မွန်ပြည် ထူထောင်နိုင်တဲ့ထိ အတူတိုက်ပွဲဝင်သွားဖို့ သဘောတူခဲ့ကြပါသေးတယ်။


========================


🚩🚩 ၂။ စစ်တောင်း တံတားဂိတ် ကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်


ဧပြီလ ၂၃ရက်။

စစ်တောင်း တံတား စစ်ဆေးရေးဂိတ်ကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ (/) တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ (EROs) နဲ့ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး ဧပြီလ (၂၃) ရက်နေ့၊ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ မှ ဖော်ပြထားချက်အရ သိရှိရပါတယ်။


ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တွေ အနေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အပါအဝင် လက်နက်ကိုင် အင်အားစု အသီးသီးနဲ့ ပူးပေါင်းပြီး အကြမ်းဖက် စစ်တပ်ကို စည်းစည်းလုံးလုံး ချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်။

စစ်တပ် အနေနဲ့ နယ်စပ်ဒေသကနေ နိုင်ငံအတွင်းပိုင်း ဒေသတွေမှာ ပြောင်းလဲ ခံစစ်စည်းယူလာရတာကို စစ်တောင်းတံတား တိုက်ခိုက်မှု အပါအဝင် မြေပြန့် ဒေသ တိုက်ခိုက်မှု မျိုးစုံက ပြသလျက်ရှိကြောင်းဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပေးထုတ်ပြန်ခြင်း


ဧပြီလ ၂၃ ရက်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်လို့ ဇိုမီးဖက်ဒရယ်အစည်းအရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို (၂၂.၁၂.၂ဝ၂၃)ရက်နေ့မှစတင်၍ CDF ပူးပေါင်းတပ်များနှင့် PDF တပ်တို့ ပူးပေါင်းပြီး တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ရာ စခန်းရလုနီးအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုများနှင့်အတူ စစ်ကူတပ်အင်အား ထပ်မံဖြည့်တင်းခြင်းများ လုပ်ဆောင်လာသဖြင့် အနည်းငယ်နောက်ဆုတ်ပေးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။


ال ၂ဝ၂၄ ခုနှစ်၊မတ်လ ရက်နေ့မှစတင်ပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ပြီး ကျင်ဒွေးမြို့နှင့်( )ကီလိုမီတာအကွာ အရှေ့ဘက် ကားလမ်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထို့နောက် မြို့ကိုပတ်လည်ပိတ်ဆို့ တိုက်ခိုက်ပြီး (၂၃..၂ဝ၂၄)တွင် မြို့၏အရှေ့မြောက် ()ကီလိုမီတာအကွာတွင် ရန်သူဘက်မှ ဟတ်စကီး()စီးဖြင့် ()ကြိမ်တိုင် ရန်သူခန့်မှန်းအင်အား (၁ဝဝ)ကျော် ထပ်မံဖြည့်တင်းလာရာ တပ်ကူအဖြစ်ရောက်လာသည့် ရန်သူကို ပိတ်ဆို့ကာ (၂၇..၂ဝ၂၄)တွင် ကျင်ဒွေး-ကန်ပက်လက်၊ ကျင်ဒွေး-လောင်းရှည်လမ်းဆုံတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။


ကျင်ဒွေးမြို့ပေါ်ရှိ ရန်သူနှင့် တပ်ကူရောက်လာသည့် ရန်သူကို ()နေရာစလုံးတွင်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှ လေကြောင်းပစ်ကူဖြင့် အဆက်မပြတ်လာရောက် တိုက်ခိုက်မှုရှိ သော်လည်း မိမိတို့ဘက်မှ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် (၃၁..၂ဝ၂၄)ရက်နေ့ တွင် တပ်ကူရောက်လာသည့် ရန်သူအဖွဲ့ နောက်ဆုတ်ပြီး လောင်းရှည်(ကပစ)ထဲတွင် ပြန်လည် ဝင်ရောက်သွားခဲ့ပါသည်။

ကျင်ဒွေးမြို့တွင်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်ခဲ့ပြီး (၁၆..၂ဝ၂၄)ရက်နေ့မှ စတင်၍ ရန်သူဘက်မှ အင်အားထပ်မံဖြည့်တင်းရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မိမိတို့ဘက်မှ တန်ပြန်ပစ်ခတ်ဟန့်တားနိုင်ခဲ့ပြီး ရန်သူမှ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်သဖြင့် ကျေးရွာရှိ စာသင်ကျောင်းများနှင့် အရပ်သားနေအိမ်များ ပျက်စီးကာ အရပ်သားပြည်သူ ထိခိုက်မှု များလည်းရှိခဲ့ပါတယ်။


(၂ဝ..၂ဝ၂၄)ရက်နေ့တွင် ကျင်ဒွေးမြို့၏အနောက်တောင်ဘက် ()ကီလိုမီတာအကွာတွင် ဟတ်စကီး()စီးဖြင့် ()ကြိမ်၊ ရန်သူခန့်မှန်းအင်အား(၁၆ဝ)ကျော်ကို ထပ်မံဖြည့်တင်းလာသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပါသည်။

G ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် အစစအရာရာကူညီပေးသော အာရက္ခတပ်တော်ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ထို့အတူ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသော မြို့သိမ်းတိုက်ပွဲကို ရန်သူဘက်မှ မည်သို့ပင်အင်အားဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စေကာမှု လုံးဝနောက်ဆုတ်မည် မဟုတ်ဘဲ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီကျရှုံးပြီးကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်သူများသို့ အသိပေးထုတ်ပြန်အပ်ပါတယ်လို့ ဖော်ပြပါရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment