25th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ် သယံဇာတမူဝါဒတစ်ရပ် ထွက်ရှိလာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ကူညီပံ့ပိုးပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်အထူးတိုက်တွန်း

📌 ၂။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ကျင်းပတဲ့  The Right to Protest ခေါင်းစဉ်နဲ့  အလုပ်ရုံဆွေးနွေးပွဲကို CRPH Support Group - Norway ရဲ့ အထွေထွေအတွင်းရေးမှူးတက်ရောက်

📌 ၃။ စကစဟာ ဒယိမ်းဒယိုင် အဆင့်ကို ရောက်နေတာသေချာနေပြီလို့ဆို

📌 ၄။ စကစရဲ့စစ်မှုထမ်းဥပဒေဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ အမေရိကန်New York မြို့ လူစည်းကားရာ Times Square မှာ ကျင်းပမယ်


၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအဖွဲ့ပေါင်းစုံက ရော့ကတ်၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများနိုင်

🚩 ၂။ ဝက်လူးရဲစခန်းကနေထွက်လာတဲ့ စစ်အုပ်စုတိုက်ခိုက်မှု ကားတွေထားပြီးထွက်ပြေး 

🚩 ၃။ ဂန့်ဂေါမြို့နယ်တနေရာတွင် ခေတ္တခိုလှုံနေကြသော မြောက်ခင်ရန်း (ပျူစောထီးရွာ) မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများကိုတွေ့ဆုံအားပေးစကားပြောကြား

🚩 ၄။ လယ်ဒိုမြို့နယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အတွက် အရပ်သား ဦးသေဆုံးကာ ဦးဒဏ်ရာရ

🚩 ၅။ အောင်မြေ project မှရရှိလာသော ဘဏ္ဍာများဖြင့် ဝယ်ယူထားသော လက်နက် ခဲယမ်းများကို ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO PDF စစ်ဖက်ဆိုင်ရာ တာဝန်ခံများ နှင့် ဗျူဟာမှူးများမှ တပ်သားသစ်များအား တပ်ဆင်ပေးခဲ့

🚩 ၆။ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ဦး ပြင်းထန်ဒဏ်ရာရ

🚩 ၇။ စစ်တောင်းတံတားမှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ပူးပေါင်းတိုက်ခိုက်

🚩 ၈။ အကြမ်းဖက် စစ်တပ်ရန်ကြောင့် ကျေးရွာ () ရွာမှ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ပြည်သူ (၈၉၉) ဦး ကို သပိတ်ကျင်း တိုက်နယ် ပကဖ အဖွဲ့က ငွေ နဲ့ စားနပ်ရိက္ခာတွေ ကူညီ ပံ့ပိုးပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ် သယံဇာတမူဝါဒတစ်ရပ် ထွက်ရှိလာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ကူညီပံ့ပိုးပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်အထူးတိုက်တွန်း


ဧပြီ၂၅


ဖက်ဒရယ် သယံဇာတမူဝါဒတစ်ရပ် ထွက်ရှိလာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ကူညီပံ့ပိုးပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတိုက်တွန်းပြောကြားပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၄) အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ရာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


"ယခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍကို လေ့ကျင့်ပျိုးထောင်နိုင်ရန်  တာဝန်ရှိသူများအားလုံးက ကြိုးစားအားထုတ်နေကြတာဖြစ်ပြီး သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များ ပေါ်ပေါက်လာတာနဲ့အမျှ သယံဇာတအခန်းကဏ္ဍသည်လည်း အင်မတန်အရေးကြီးလာမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့သည် ဖက်ဒရယ်စနစ်ကို ဦတည်သွားနေတာဖြစ်တဲ့အတွက် ဖက်ဒရယ်ယူနစ်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရန် ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြသူတွေက ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ဖက်ဒရယ် သယံဇာတမူဝါဒတစ်ရပ် ထွက်ရှိလာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ကူညီပံ့ပိုးပေးဖို့ကိုလည်း အထူးတိုက်တွန်းမှာကြားလိုပါကြောင်း၊ ဒါမှသာ မိမိတို့လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အုတ်မြစ်ခိုင်မာပြီး ပြည်သူပြည်သားအားလုံးအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ညီမျှ မျှတမှာဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်၍ (/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပြီး

သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြရာ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ကျင်းပတဲ့  The Right to Protest ခေါင်းစဉ်နဲ့  အလုပ်ရုံဆွေးနွေးပွဲကို CRPH Support Group - Norway ရဲ့ အထွေထွေအတွင်းရေးမှူးတက်ရောက်


ဧပြီ၂၅


ဧပြီလ ၂၃ ရက်နေ့ အင်္ဂါနေ့မှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ကျင်းပတဲ့  The Right to Protest ခေါင်းစဉ်နဲ့  အလုပ်ရုံဆွေးနွေးပွဲကို CRPH Support Group - Norway ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ မဝတ်မှုန်ဝင်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။


ဆွေးနွေးခဲ့တဲ့ အဓိက ခေါင်းစဉ်ကတော့ တော်လှန်ရေးထဲက မြန်မာလူငယ်များနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပြီး၄င်းနဲ့အတူ နီဂွါရာဂွါက ကျောင်းသားသမဂ္ဂခေါင်းဆောင် အမျိုးသမီးတဦးကလည်း ဦးဆောင် ဆွေးနွေးခဲ့ပါသေးတယ်။ 


မြန်မာနိုင်ငံ အပါအဝင် ဆူဒန်နဲ့ အီသီယိုပီးယားနိုင်ငံတွေမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ တိုးပွားလာနေသလို၊ ဂါဇာနဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း နိုင်ငံတကာဥပဒေတွေ ပျက်ပြားလုနီးပါး ဖြစ်နေတယ်လို့ Amnesty International ကထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြခဲ့ထားပါတယ်။


 ဒါ့အပြင် နိုင်ငံပေါင်း ၁၅၅ နိုင်ငံမှာ ကျား- တန်းတူညီမျှမှုကို ဆန့်ကျင်မှုတွေ တိုးလာနေတယ်လို့လည်း အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ စကစဟာ ဒယိမ်းဒယိုင် အဆင့်ကို ရောက်နေတာသေချာနေပြီလို့ဆို


ဧပြီ၂၅ရက်


စကစဟာ ဒယိမ်းဒယိုင် အဆင့်ကို ရောက်နေတာသေချာနေပြီလို့ ဧပြီ၂၅ရက် စစ်ရေးအခြေအနေများကို သုံးသပ်ဖော်ပြတဲ့ PDFInsightကအသိပေးဖော်ပြပါတယ်။


"လက်ရှိအချိန်မှာ စကစဟာ ဒယိမ်းဒယိုင် အဆင့်ကို ရောက်နေတာသေချာပါတယ်၊ လုံးဝပြိုလဲသွားဖို့က အားလုံးကြိုးပမ်းရအုံးမှာပါ၊ အဓိကအားဖြင့် စစ်ရေးနဲ့ပဲ နောက်ဆုံးအဆင့်ကို ရောက်အောင်တွန်းတင်ရမှာပါ။ ဒီအတွက် နေပြည်တော်သိမ်းမဲ့တပ်တွေ၊ မြေပြန့်ဒေသတိုက်ပွဲဝင်မယ့်တပ်တွေ အပြည့်အဝတည်ဆောက်ပြီးစီးဖို့လိုပါတယ်။စစ်တပ်ဟာအဆင့်ဆင့်အမိန့်ပေးစနစ်ကို နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့အတွက် အဆင့်တခုက ဖောက်ပြီး ပုန်ကန်ဖို့ အလားအလာနည်းပါတယ်။ ဒါကြောင့် ကိုယ့်အစွမ်းအစနဲ့ ဒီတပ်ကိုဖြိုချရမှာပါ"လို့သုံးသပ်ဖော်ပြထားပါတယ်။


၂၀၂၄ ခုနစ်၊ ဧပြီလ ရက်နေ့ကလည်းနေပြည်တော်မှာရှိတဲ့ စစ်ရုံးချုပ်၊ စစ်အာဏာရှင် မင်းအောင်လှိုင် နေအိမ်၊ အေလာ လေတပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ Shar Htoo Waw ဒရုန်းအဖွဲ့တို့က တိုက်ခိုက်နိုင်ခဲ့ပါတယ်။


စကစရဲ့ စစ်အရာရှိတွေနဲ့ ရဲ အရာရှိ ရာထူး အဆင့်ဆင့် ကျဆုံးမှုကို ကြည့်ရင် ၂၀၂၄ ခုနစ် ပထမ () တာမှာ စုစုပေါင်း (၄၀၉) ဦး ရှိခဲ့ပါတယ်။ 


========================


📌📌 ၄။ စကစရဲ့စစ်မှုထမ်းဥပဒေဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ အမေရိကန်New York မြို့ လူစည်းကားရာ Times Square မှာ ကျင်းပမယ်


ဧပြီ၂၅ရက်


စကစရဲ့စစ်မှုထမ်းဥပဒေဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ အမေရိကန်New York မြို့ လူစည်းကားရာ Times Square မှာ ကျင်းပမယ်လို့သိရပါတယ်။


ဧပြီလအတွင်း မှာ ဆန္ဒထုတ်ဖော်ပွဲကိုကျင်းပမည့်အကြောင်း NYCBCကဖော်ပြအသိပေးပါတယ်။


 တရားမဝင်ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကို ပြည်တွင်းရော ပြည်ပပါ ဆန့်ကျင်ကြောင်း ပြသဖို့နဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ ဖိအားပေးမှုတွေ ပိုမိုရရှိဖို့အတွက် ဧပြီလ ၂၇ ရက်နေ့ ( စနေနေ့ )မွန်းလွဲ နာရီကနေ နာရီအထိ New York မြို့ လူစည်းကားရာ Times Square မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အမိမြန်မာပြည်ကို ချစ်မြတ်နိုးကြသော တော်လှန်ရေး ညီအကိုမောင်နှမများ၊ လာရောက်ပူးပေါင်းပါဝင် အားဖြည့်ပေးဘို့၊ ဖိတ်ခေါ်အပ်ပါတယ်လို့ဖော်ပြပါတယ်။ 


လာရောက်ဝန်းရံကြတဲ့ညီအကိုမောင်နှမတွေအတွက်၊ အနည်းငယ်ကျန်ရှိနေသောအာဇာနည် တကိုယ်တော် တေးဂီတဖြေဖျော်မှု့ လက်မှတ်များကိုလည်း၊ လွယ်လင့်တကူဝယ်ယူနိုင်အောင် ရောင်းချပေးသွားမှာဖြစ်တယ်လို့အသိပေးဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအဖွဲ့ပေါင်းစုံက ရော့ကတ်၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများနိုင်


စစ်ကိုင်းတိုင်း မုံရွာမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေးအဖွဲ့တွေက ရှော့တိုက်ဒုံးတွေအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား အများအပြားသေဆုံးနိုင်တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။  

မနေ့ ဧပြီလ ၂၄ ရက် နာရီခန့်အချိန်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခအတွင်း ရော့ကတ်အလုံး ၂၀ ၊ပစ်ခတ်ပြီး ဒရုန်း စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဌာနချုပ်အတွင်းမှာရှိတဲ့ ဗဟိုကင်းအပါအဝင် ပစ်မှတ် နေရာအများစုကို ထိမှန်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်ဘက်က အရာရှိကြီးတွေအပါအဝင် သေဆုံးသူများနိုင်တယ်လို့ ကျောက်လုံးကြီး KLG PDF က ပြောထားပါတယ်။

လက်ရှိမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူများနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။

 စစ်ရေးလေ့လာစောင့်ကြည့်သူတွေအဆိုအရ သေဆုံးသူအလွန်များတယ်လို့ သိရပါတယ်။ 

ဘာလက်နက်တွေနဲ့ ဘယ်လိုတိုက်ခိုက်ခဲ့တာကြောင့် နမခအထိနာသွားတယ်ဆိုတာ တော်လှန်ရေးတပ်ဖွဲ့တွေက ထိခိုက်မှု အသေးစိတ် စာရင်းတွေနဲ့အတူ မကြာခင်မှာ သတင်းထုတ်ပြန်လာဖို့ရှိပါတယ်။ 

အခုလို တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က YAK – 130 တိုက်လေယာဉ်နဲ့ ကြိမ်တိုင် ကင်းလှည့် စစ်ဆေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့တုန်းကလည်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှေ့ာတိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရဘူးပြီး အရာရှိအပါအဝင် အကြမ်းဖက်စစ်သား ၄ဝ ကျော် သေဆုံးခဲ့ပါသေးတယ်။ 


========================


🚩🚩 ၂။ ဝက်လူးရဲစခန်းကနေထွက်လာတဲ့ စစ်အုပ်စုတိုက်ခိုက်မှု ကားတွေထားပြီးထွက်ပြေး 


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရဲစခန်းကနေ ကား၂စီးနဲ့ထွက်လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ စစ်အုပ်စုက ကားတွေထားထွက်ပြေးသွားတာကြောင့် ကား၂စီးလုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း() Natogyi People Defence Force ထံကနေ သိရပါတယ်။

မနေ့ ဧပြီ ၂၄ ရက် မနက် နာရီခွဲခန့်မှာ ဝက်လူးရဲစခန်းကနေထွက်လာပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ လိုက်ပါလာတဲ့ အိမ်စီးကား၂စီးကို ဝက်လူးရွာအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရဲကား စီးပေါ်မှာပါတဲ့ စစ်အုပ်စုဟာ တော်လှန်ရေးရဲဘော်တွေကို တွေ့ချိန်မှာ ခုခံပစ်ခတ်တာမရှိဘဲ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားခဲ့တာလို့ စစ်ဆင်ရေးမှာပါတဲ့ မြင်းခြံခရိုင် တပ်ရင်း က ရဲဘော်တွေက ပြောပါတယ်။  

အဲဒီကားပေါ်ကနေ ခြောက်လုံးပြူးတလက်၊ ဖုန်းတလုံး၊ စကားပြောစက်တလုံးနဲ့ ငွေသားအချို့ သိမ်းဆည်းရမိခဲ့ တယ်လို့လည်း သိရပါတယ်။

မြင်းခြံခရိုင်တပ်ရင်း နဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၂၃ ရက် မနက် နာရီခန့်ကလည်း နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ ဆောက်လုပ်ရေးရုံးနဲ့အေးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိပါတယ်။ 


========================


🚩🚩 ၃။ ဂန့်ဂေါမြို့နယ်တနေရာတွင် ခေတ္တခိုလှုံနေကြသော မြောက်ခင်ရန်း (ပျူစောထီးရွာ) မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများကိုတွေ့ဆုံအားပေးစကားပြောကြား


ဧပြီ၂၅ရက်


ဂန့်ဂေါမြို့နယ်တနေရာတွင် ခေတ္တခိုလှုံနေကြသော မြောက်ခင်ရန်း (ပျူစောထီးရွာ) မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများကိုတွေ့ဆုံအားပေးစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီ၂၅ရက်မှာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ကတရားဝင်အသိပေးဖော်ပြပါတယ်။


"ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဗဟိုဦးဆောင်ကော်မတီဥက္ကဌ ရဲဘော်ယောလေးနှင့် နာယက၊ အဖွဲ့ဝင်များ၊ အရပ်ဖက်အကြံပေးအဖွဲ့ဝင်များ၊ တပ်ဖွဲ့တာဝန်ရှိသူများသည် ဧပြီလ ၂၃ ရက်နေ့နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ်တနေရာတွင် ခေတ္တခိုလှုံနေကြသော မြောက်ခင်ရန်း (ပျူစောထီးရွာ) မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများကို သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခြင်း၊ တပ်ဖွဲ့အခြေအနေများ ရှင်းလင်းတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်"လို့ဖော်ပြပါတယ်။


အဆိုပါတွေ့ဆုံပွဲတွင် တပ်ဖွဲ့ဥက္ကဌမှ တွေ့ဆုံရသည့် အကြောင်းရင်းနှင့် တပ်ဖွဲ့အခြေအနေ၊ လက်ရှိတော်လှန်ရေးအရွေ့အပြောင်းအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများမှလည်း တော်လှန်ရေးအခြေအနေများ၊ လုပ်ဆောင်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။


ထို့အပြင် တက်ရောက်လာသော စစ်ဘေးရှောင်များမှ သိလိုသည်များကို မေးမြန်းခြင်း၊ သဘောထားအမြင်များ ပြန်လည်ရှင်းလင်းခြင်းများကို လုပ်ဆောင်ခဲ့ကြပြီး ရင်းနှီးစွာလက်ဆွဲနှုတ်ဆက်၍ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ 


========================


🚩🚩 ၄။ လယ်ဒိုမြို့နယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အတွက် အရပ်သား ဦးသေဆုံးကာ ဦးဒဏ်ရာရ


ကရင်ပြည်နယ် ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်ထဲက လယ်ဒိုမြို့နယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ 

ဧပြီလ၂၂ ရက်နဲ့ ၂၃ ရက် မွန်းတည့်၁၂ နာရီအချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကြိမ်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ဦးသေဆုံးခဲ့သလို ပြည်သူပိုင်အဆောက်အအုံတွေနဲ့ စာသင်ကျောင်းဆောင်တခု၊ ဘုန်းကြီးကျောင်းဆောင်တခုလည်း ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်က အော်လီဂန်းနဲ့ ပစ်ခတ်ခဲ့တာလို့ KNU ဗဟို က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ဧပြီလ၂၂ ရက်နဲ့ ၂၃ ရက် မွန်းလွဲ တနာရီခွဲခန့်အချိန်မှာလည်း ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းကနေ ၁၅၅ မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ လုံးပစ်ခတ်ခဲ့ရာ ဘုရားကြီးရွာနဲ့ ဘောကထာရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ၆ဝ မမ ကျည် လုံးက အင်ဗလာနဲ့ သံဆိပ်ရွာကြားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

ထို့အတူ ဧပြီလ ၂၃ ရက်နေ့ မနက် နာရီခွဲဝန်းကျင်မှာလည်း စစ်တပ် ဂျက်ဖိုက်တာတစင်းက ဘောကထာရွာထဲကို ဗုံးသီးတလုံးကြဲချခဲ့တဲ့အပြင် အော်လီဂန်နဲ့ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ခလယ်လွီထူခရိုင်-သတင်းနှင့်ပြန်ကြားရေး ကလည်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ အောင်မြေ project မှရရှိလာသော ဘဏ္ဍာများဖြင့် ဝယ်ယူထားသော လက်နက် ခဲယမ်းများကို ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO PDF စစ်ဖက်ဆိုင်ရာ တာဝန်ခံများ နှင့် ဗျူဟာမှူးများမှ တပ်သားသစ်များအား တပ်ဆင်ပေးခဲ့


ဧပြီ၂၅ရက်


ဧပြီ၂၅ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO PDFက အခုလို တရားဝင်အသိပေးဖော်ပြပါတယ်။


၂၀၂၃ နိူဝင်ဘာ၂၆ရက်မှ၂၀၂၄ ဇန်နဝါရီ၁၀ရက်နေ့အထိ ပြုလုပ်ခဲ့သော Target ပြည့်မှီခဲ့သည့်  အောင်မြေ project မှရရှိလာသော ပြည်သူ့ ဘဏ္ဍာများဖြင့် ဝယ်ယူထားသော လက်နက် ခဲယမ်းများကို ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO PDF စစ်ဖက်ဆိုင်ရာ တာဝန်ခံများ နှင့် ဗျူဟာမှူးများမှ တပ်သားသစ်များအား တပ်ဆင်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို   အောင်မြေ project အောင်မြင်စေရေးအတွက် တတပ်တအား ပါဝင်ဦးဆောင်ပေးခဲ့ကြသော WLMF နှင့် အဖွဲ့သားများ မမများနှင့်ပွဲကမယ် နှင့်ငါတို့နိုင်မှာ ပရောဂျက် အဖွဲ့ဝင်မိသားစုများဖြစ်ကြသော နိုင်ငံတကာမှ Fundraiser ညီအကိုမောင်နှမများ ဒေါက်တာ ဖြိုးသီဟတို့အပြင် ပြည်တွင်းပြည်ပမှ အလှူရှင်များ သက်ဆိုင်ရာအဖွဲ့စည်းအသီးသီးမှ အလှူရှင်များ ပြည်တွင်းပြည်ပနှင့် မြေပြင်မှ Fundraiser များ မီဒီယာအဖွဲ့အစည်းများ နှင့် တပ်တွင်းရှိ ထောက်ပို့ ရဲဘော်များ အားလုံးတို့အားပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆိုမှ ကျေးဇူးအထူးတင်ရှိကြောင်း အသိပေးဆိုထားပါတယ်။


========================


🚩🚩 ၆။ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ဦး ပြင်းထန်ဒဏ်ရာရ


ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မျာရှိတဲ့ ရွှေပေါက္ကံမြို့သစ်ရဲစခန်းကို ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ မြောက်ဥက္ကလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့ ညနေ နာရီ ၄၅ မိနစ်ခန့်အချိန်က ရွှေပေါက္ကံမြို့ သစ် နယ်မြေရဲစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတွေ ကင်းပတ်ဖို့ထွက်လာချိန်မှာ ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရပြီး မိနစ်ပိုင်းအကြာမှာ ရွှေပေါက္ကံတံတားကို အကြမ်းဖက်စစ်သားတွေ ကား စီးနဲ့ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ် (ပကဖ) ပြည်သူကာကွယ်ရေးအဖွဲ့ - က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဟာ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ ထောက်တိုက်တွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ စစ်တောင်းတံတားမှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ပူးပေါင်းတိုက်ခိုက် 


ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ စစ်တောင်းတံတားပေါ်က စစ်တပ် စစ်ဆေးရေးဂိတ်တွေကို ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့- ဆီကနေသိရပါတယ်။


စစ်တောင်းမြစ်ကူးတံတား ပဲခူးတိုင်း ဝေါမြို့နယ်ဖက်ခြမ်းက သပြေကန်စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၃ ရက် မနက်အာရုဏ် တက် နာရီခွဲခန့်အချိန်ကစပြီး ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


အကြမ်းဖက်စစ်သားတွေ တပ်စွဲထားရာဂိတ်အတွင်းကို ဗုံးသီး လုံးနဲ့ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဲဒီနောက် စစ်တောင်းမြစ်ကူးတံတား မွန်ပြည်နယ် မုတ္တပ္ပလင်ဘက်ခြမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ ၎င်းတို့တပ်စွဲရာ ဘန်ကာတွေပေါ်ကို ဒရုန်းဗုံးသီး လုံးကြဲချခဲ့ပြီး ပစ်မှတ်နေရာတွေကို ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်လို့လည်း အသိပေး ထားပါတယ်။

 

အဆိုပါတိုက်ခိုက်မှုတွေကို နာရီအတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က စစ်ကူထိုးလာနိုင်တဲ့လမ်းကြောင်းတွေကို ပူးပေါင်းတပ်တွေက ဖြတ်တောက်ပိတ်ဆို့ဖို့ ပြင်ဆင်ထားပေမယ့် စစ်ကူရောက်လာတာမရှိဘဲ အထိုင်စခန်းမှာရှိတဲ့ စစ်သား တွေကသာ စခန်းအတွင်းကနေ လက်နက်ငယ်တွေ၊ ၈၁ မမ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စနိုက်ဘာနဲ့ ပစ်ခတ် တာတွေသာ လုပ်ဆောင်နိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။


တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်တောင်းတံတားကို မနက်ပိုင်းမှာ ပိတ်ထားခဲ့ကြောင်းနဲ့ စစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးမှုတွေရှိနိုင်ပေမယ့် အသေးစိတ်သိနိုင်ဖို့ စုံစမ်းနေ တယ်လို့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့- က ထုတ်ပြန်ထားပါတယ်။


အဆိုပါစစ်ဆင်ရေးကို KNLA ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ -၁၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ -၂၊ PDF-Khayan (ပကဖ ခရမ်း) ဒရုန်းတပ်ဖွဲ့ ပကဖ တွံတေး ဒရုန်းတပ်ဖွဲ့ သေမင်းတမန် (HOD) တပ်ဖွဲ့ ကျေးနယ်ကာကွယ် ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူပေါင်းအဖွဲ့ဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 


========================


🚩🚩 ၈။ အကြမ်းဖက် စစ်တပ်ရန်ကြောင့် ကျေးရွာ () ရွာမှ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ပြည်သူ (၈၉၉) ဦး ကို သပိတ်ကျင်း တိုက်နယ် ပကဖ အဖွဲ့က ငွေ နဲ့ စားနပ်ရိက္ခာတွေ ကူညီ ပံ့ပိုးပေး


ဧပြီ၂၅


အကြမ်းဖက် စစ်တပ်ရန်ကြောင့် ကျေးရွာ () ရွာမှ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ပြည်သူ (၈၉၉) ဦး ကို သပိတ်ကျင်း တိုက်နယ် ပကဖ အဖွဲ့က ငွေ နဲ့ စားနပ်ရိက္ခာတွေ ကူညီ ပံ့ပိုးပေးလျက်ရှိပါတယ်လို့ ဧပြီလအတွင်း ပကဖအသံကအသိပေးဖော်ချက်အရသိရပါတယ်။


ထောက်ပံ့မှုများအနေနဲ့ကျပ်ငွေ (၁၅) သိန်း၊ ဆန် (၁၂) အိတ်၊ စားဆီ (၁၅) ပိသာ၊ ဟင်းချိုမှုန့် () ပိသာ၊ ငါးပိ () ပိသာ၊ ပဲ () အိတ်၊ ဆား () ပိသာ တို့ကို ဧပြီလနှောင်းပိုင်းတွင်း စစ်ရှောင် ပြည်သူတွေကို ကူညီ ခဲ့တာဖြစ်ပါတယ်။


ပကဖ အဖွဲ့တွေ အနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာ အရ ရန်သူ ကို ပြောက်ကျားနည်း နဲ့ တိုက်ခိုက်လျက်ရှိသလို လူထု ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကိုလဲ ထမ်းဆောင်လျက်ရှိတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment