25th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ သြစတြေးလျနိူင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်ခဲ့

📌 ၂။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများအတွက် အရေးပေါ် လူသားစာနာ အထောက်အပံ့များကို NUGက ကူညီ ပံ့ပိုးပေးခဲ့

📌 ၃။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ငွေကြေးထောက်ပံ့မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားမြှင့်တင်ခြင်း၊ဥပဒေရေးရာ အကူအညီပေးခြင်းတို့ကို အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကအထူးဆောင်ရွက်ခဲ့

📌 ၄။ အမေရိကန်ပြည်ထောင်စု အော်စတင်မြို့ တက္ကဆက်ပြည်နယ်တွင်ဖျော်ဖြေခဲ့သည့် တော်လှန်ရေး ရံပုံငွေရှာ ဆုံမှတ် ဂီတအကပွဲမှရံပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁,၁၁၀ နှင့် အမည်မဖော်လိုသူ အလှူရှင် တဦးထံ မှ လက်စွပ် ၂ကွင်းလက်ခံ ရရှိခဲ့

📌 ၅။ ကွတ်ခိုင်မှာ တတိယအကြိမ်မြောက် ဆရာ၊ဆရာမများ စွမ်းရည်မြှင့်သင်တန်းဖွင့် 


၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရှိ ကျေးရွာများကိုစစ်ကြောင်းထိုးတဲ့စကစတပ်များအား ကာကွယ်ရေးတပ်များဝိုင်းဝန်းတိုက်ခိုက်ရာ ၇ဦးသေဆုံးကာ ၃၀ဦးထိခိုက်ဒဏ်ရာရ

🚩 ၂။ နွားထိုးကြီးမြို့နယ်အတွင်း စစ်တပ်တပ်စွဲရာနေရာများကို တော်လှန်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက် 

🚩 ၃။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ရွှေပေါက်ကံမြို့သစ်ရဲစခန်းကိုမိုင်း၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

🚩 ၄။ ကျိုက်ထိုမြို့နယ်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

🚩 ၅။ မတ္တရာတွင် မြို့နယ်အုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

🚩 ၆။ မြင်းခြံနယ်မှာ ဆင်မင်းစစ်ဆင်ရေးအဖြစ် စစ်စခန်း ခုကိုတိုက်ခိုက်၊ အရာရှိအပါ ၁၉ ဦးသေဆုံးပြီး ဦး အရှင်မိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သြစတြေးလျနိူင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်ခဲ့


ဧပြီလ၂၄ရက်။

သြစတြေးလျနိူင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ဧပြီ၂၄ရက်နေ့မှာ Monash university ကသတင်းထုတ်ပြန်ဖော်ပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးနှင့် ရာသီဥတု၊ ပထဝီဝင်နိုင်ငံရေးနှင့် တိုးပွားနေသော လူ့အဖွဲ့အစည်းများနှင့် မည်သို့မည်ပုံ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပုံတို့ကို အလေးထားဆွေးနွေးပြီး သုံးရက်ကြာ ထိတွေ့ဆက်ဆံမှု၊ ထိုးထွင်းသိမြင်မှု၊ အားပေးမှုနှင့် အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုအပြီး  ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး ပြီးဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။

အဆိုပါအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးလည်းတက်ရောက်ခဲ့ကြောင်း Monash university ကမှတ်တမ်းဓာတ်ပုံများနှင့်တကွဖော်ပြပါတယ်။

ကမ္ဘာတစ်ဝှမ်းမှ ကျွန်ုပ်တို့၏ အံ့သြဖွယ်ကောင်းသော စကားပြောဆိုသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ကောင်းမွန်သောပွဲအတွက် ပါဝင်ပတ်သက်သူအားလုံးကို ဂုဏ်ပြုအပ်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများအတွက် အရေးပေါ် လူသားစာနာ အထောက်အပံ့များကို NUGက ကူညီ ပံ့ပိုးပေးခဲ့


 ဧပြီလ၂၄ရက်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများအတွက် အရေးပေါ် လူသားစာနာ အထောက်အပံ့များကို NUGက ကူညီ ပံ့ပိုးပေးခဲ့ပါတယ်။

ဧပြီ၂၄ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ (၂၁)ရက်နေ့မှစ၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နှင့် မဟာမိတ်တပ်ပေါင်းစုတို့ကတဖက်၊ အကြမ်းဖက်စစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံ PNO အသွင်ပြောင်းပြည်သူ့စစ်တို့က တဖက် ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံပြည်သူ (၉၅,၀၀၀)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါတိုက်ပွဲအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု (၅၉)ဦး ရှိခဲ့ပြီး၊ အဆောက်အအုံ (၁၇၀)ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရတယ်လို့ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အဆိုပါ စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာနေရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ငွေကျပ် ၁၀,၀၀၀,၀၀ဝိ/- (သိန်းတစ်ရာကျပ်) နှင့်ညီမျှသော ဘတ်ငွေ ၉၆,၈၉၉ (ကိုးသောင်းခြောက်ထောင် ရှစ်ရာကိုးဆယ့်ကိုးဘတ်)ကိုဧပြီ၂ ရက်နေ့တွင် ပံ့ပိုးပေးခဲ့တယ်လို့ဖော်ပြပါတယ်။

အဆိုပါထောက်ပံ့မှုကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနကြီးက အဆိုပါ အကူအညီများကို ပြည်သူများထံ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၃။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ငွေကြေးထောက်ပံ့မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားမြှင့်တင်ခြင်း၊ဥပဒေရေးရာ အကူအညီပေးခြင်းတို့ကို အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကအထူးဆောင်ရွက်ခဲ့


ဧပြီလ၂၄ရက်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ငွေကြေးထောက်ပံ့မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားမြှင့်တင်ခြင်း၊ဥပဒေရေးရာ အကူအညီပေးခြင်းတို့ကို အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကအထူးဆောင်ရွက်ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကပြောကြားပါတယ်။

ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ သုံးနှစ်ပြည့် ပြည်သူသို့အစီရင်ခံရာမှာ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကပြောပါတယ်။

"ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျွန်မတို့ဝန်ကြီးဌာနက ငွေကြေးထောက်ပံ့တာလုပ်ခဲ့တာဆိုလို့ရှိရင်စုစုပေါင်း လူဦးရေနှစ်သိန်းကျော်အထိကိုထောက်ပံ့မှုတွေလုပ်ပေးနိူင်ခဲ့ပါတယ်။ စိတ်အားဆိုင်ရာတိုးတက်ဖို့မတွက်လည်းကျမတို့ တယ်လီဂန်ချန်နယ်တွေနဲ့ ကူညီမှုတွေကိုလုပ်ပေးတဲ့အခါမှာတိုင်ပင်ဖော်လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာမြှင့်တင်တဲ့ ဆွေးနွေးနှစ်သိမ့်မှုတွေကို ကျွမ်းကျင်တဲ့လူတွေကပြုလုပ်ပေးပြီးတော့မျှတလမ်းညွှန်ဆိုတဲ့ ဥပဒေဆိုင်ရာများကို ကျွမ်းကျင်တဲ့ရှေ့နေများကနေပြီးတော့ လုပ်ပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။

ထို့အပြင် အမျိုးသမီးများစွမ်းအင်ပိုမိုတိုးတက်ရေးနှင့်လူငယ်များနိူင်ငံရေးတွင်ပိုမိုပါဝင်နိူင်ရေးတို့ကိုလည်း လူထုကမ်ပိန်းများ ပါဝင်လှုပ်ရှားနိူင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကဆိုပါတယ်။


========================


📌📌 ၄။ အမေရိကန်ပြည်ထောင်စု အော်စတင်မြို့ တက္ကဆက်ပြည်နယ်တွင်ဖျော်ဖြေခဲ့သည့် တော်လှန်ရေး ရံပုံငွေရှာ ဆုံမှတ် ဂီတအကပွဲမှရံပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁,၁၁၀ နှင့် အမည်မဖော်လိုသူ အလှူရှင် တဦးထံ မှ လက်စွပ် ၂ကွင်းလက်ခံ ရရှိခဲ့


ဧပြီလ၂၄ရက်။

အမေရိကန်ပြည်ထောင်စု အော်စတင်မြို့ တက္ကဆက်ပြည်နယ်တွင်ဖျော်ဖြေခဲ့သည့် တော်လှန်ရေး ရံပုံငွေရှာ ဆုံမှတ် ဂီတအကပွဲမှရံပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁,၁၁၀ နှင့် အမည်မဖော်လိုသူ အလှူရှင် တဦးထံ မှ လက်စွပ် ၂ကွင်းလက်ခံ ရရှိခဲ့ပါတယ်။

ဧပြီ၂၄ရက်မှာ Austin Myanmar Communityကသတင်းထုတ်ပြန်ဖော်ပြပါတယ်။

Austin Myanmar Community မှ ဦးစီး ကျင်းပခဲ့သည့် တော်လှန်သင်္ကြန် ရံပုံငွေရှာဆုံမှတ် ဂီတအကပွဲဖြစ်မြောက်ရန် နှင့် အောင်မြင်စွာပြီးမြောက်ရန် အတွက် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးကြသူများကိုလှိူက်လှိူက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်းဒီနေရာမှပြောကြားလိုပါတယ် လို့ဖော်ပြပါတယ်။

ရရှိထားသော ရံပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁,၁၁၀ မှ ကုန်ကျစရိတ်များ နှုတ်ပြီး ကျန်ငွေအားလုံးအား မြန်မာနိုင်ငံတွင်း အရေးပေါ်အကူညီ လိုအပ်နေသောမြေပြင်အဖွဲ့အစည်းများထံ မကြာခင် လှူဒါန်းပေးအပ်သွားပါမယ်လို့လည်းဆိုထားပါတယ်။

အော်စတင်မြို့ တက္ကဆက်ပြည်နယ်၊ တော်လှန်ရေးရံပုံငွေရှာဆုံမှတ်” Convergence ဂီတဖျော်ဖြေပွဲမှာ နိုင်ငံကျော်အဆိုတော် ရန်ရန်ချန်း (Acid) DJ Wine Mark Jason ထက်အောင်ရှိုင်း လင်းထက် တို့နှင့် Local Artists များလည်း ပူးပေါင်းပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။


========================


📌📌 ၅။ ကွတ်ခိုင်မှာ တတိယအကြိမ်မြောက် ဆရာ၊ဆရာမများ စွမ်းရည်မြှင့်သင်တန်းဖွင့် 


ဧပြီလ ၂၄ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းပြည်ပညာရေးကောင်စီ -TLEC က ဦးဆောင်ပြီး ဆရာ၊ဆရာမ စွမ်းရည်မြှင့်သင်တန်းကို ဧပြီလ ၂၂ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

တအာင်းပြည် တပ်မဟာ စစ်ဒေသဖြစ်တဲ့ သံလွင်ခရိုင်ထဲက ကွတ်ခိုင်မြို့မှာ ဖွင့်လှစ်တဲ့ အဆို့ပါအခမ်းအနားကို PSLF/TNLA ရဲ့ သံလွင်ခရိုင်မှူး၊ မြို့နယ်မှူး၊ ရဲမှူး၊ တအာင်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ ပညာရေးအဖွဲ့အသီးသီးမှ ဆရာ၊ဆရာမများနဲ့ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၃၀၀ ကျော် တက်ရောက် ခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောပါတယ်။ 

သင်တန်းကာလဟာ ရက်ပေါင်း ၃၀ ကြာမြင့်မှာဖြစ်ပြီး အနယ်နယ်အရပ်ရပ်ကနေ လာတက်ကြတဲ့ သင်တန်းသူ၊ သင်တန်းသား ၂၀၀ ကျော်ကို တစ်လအတွင်း CDM ဆရာ၊ဆရာမများက ဘာသာရပ်ပေါင်းစုံ သင်ကြားပို့ချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသင်တန်းက သင်တန်းသူ၊ သင်တန်းသားတွေကို လာမယ့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ တအာင်းပြည်ရဲ့ နေရာ ဒေသအသီးသီးမှာ ပြန်လည်တာဝန်ထမ်းဆောင်စေမှာလို့ TLEC တာဝန်ရှိသူတဦးက ပြောပါတယ်။

သင်တန်းသား သင်တန်းသူတွေအနေနဲ့ သင်ကြားရေးပိုင်းမှာ စနစ်တကျဖြစ်စေဖို့၊ ထိထိရောက်ရောက် ပြန်လည် သင်ကြားပေးနိုင်ဖို့နဲ့ သင်ကြားရေးပိုင်းမှာ လွယ်ကူစေဖို့ ရည်ရွယ်ပြီး စွမ်းရည်မြှင့်သင်တန်းဖွင့်တာလို့ သိရပါတယ်။ 

ဒီသင်တန်းမှာ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ နမ့်ခမ်းနဲ့ ၁၀၅ မိုင်က မူလတန်းပြ၊ မူအုပ်နဲ့အလယ်တန်းပြအဆင့် ဆရာ၊ ဆရာမတွေ အဓိကတက်ရောက်နေတယ်လို့လည်း သိရပါတယ်။

တအာင်းပြည်ပညာရေးကောင်စီ -TLEC အနေနဲ့ အခုဖွင့်လှစ်တဲ့ နွေရာသီ ဆရာ၊ဆရာမ စွမ်းရည်မြင့်မားရေး သင်တန်းကို TNLA အုပ်ချုပ်ရာ ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊မိုင်း‌ငေါ့နဲ့ မိုင်းလုံမြို့တို့မှာ လည်းဖွင့်လှစ်ခဲ့ဖူးတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

လာမယ့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်မှာ တအာင်းပြည်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်သင်ကြားနိုင်ဖို့ တအာင်းပြည်ပညာရေးကောင်စီ -TLEC က ရည်မှန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရှိ ကျေးရွာများကိုစစ်ကြောင်းထိုးတဲ့စကစတပ်များအား ကာကွယ်ရေးတပ်များဝိုင်းဝန်းတိုက်ခိုက်ရာ ၇ဦးသေဆုံးကာ ၃၀ဦးထိခိုက်ဒဏ်ရာရ


ဧပြီ၂၄ရက်

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရှိ ကျေးရွာများကိုစစ်ကြောင်းထိုးတဲ့စကစတပ်များအား ကာကွယ်ရေးတပ်များဝိုင်းဝန်းတိုက်ခိုက်ရာ ၇ဦးသေဆုံးကာ ၃၀ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဧပြီ၂၄ရက် စစ်ရေးသတင်းအား မြင်းခြံခရိုင်အမှတ်၆တပ်ရင်းကအတည်ပြုဖော်ပြပါတယ်။

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရှိ ဆင်ချောင်း၊ညောင်တို၊ရန္တပို၊ကိုင်းရွာများကို ဆက်တိုက် စစ်ကြောင်းထိုး မွှေနှောက်လာသော စကစတပ်နှင့်ပျူ အင်အား ၈၀ခန့်ပါ ပူးပေါင်းစစ်ကြောင်းသည် ကိုင်းရွာကို မီးရှို့ခဲ့အပြီးဧပြီ၂၂ရက်နေ့ မနက် ၈နာရီခွဲအချိန်ခန့်၌ ဂင့်ဂဲရွာ အရှေ့ဖက်ရှိ သိမ်ဒိုင်ရွာနှင့် ရွာသစ်ရွာ နှစ်ရွာဆီသို့ ရောက်ရှိလာချိန်တွင် တော်လှန်ရေး မဟာမိတ်ပူးပေါင်း စစ်ကြောင်းတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။

တိုက်ပွဲကြာမြင့်ချိန် ၂နာရီခန့်ရှိခဲ့ပြီး ၎င်းတို့ စကစနှင့်ပျူ ပူးပေါင်းစ.စ်ကြောင်းတို့မှ ရှုံးနိမ့်၍ ဖရိုဖရဲ ဆုတ်ခွာသွားခဲ့ပြီး၄င်းတို့ထဲမှ

စစ်ကြောင်းတစ်ကြောင်းသည် မရိုးကုန်းရွာအနောက်ဖက် ကိုင်းတောထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိ၍ တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းမှ နောက်တစ်ကြိမ်ထပ်မံသွားရောက် တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။

တိုက်ပွဲ တစ်နာရီခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရန်သူစ.စ်ကြောင်းသည်ဇလပ်ကုန်းရွာဖက်သို့ ဖယိုဖရဲ ဆုတ်ခွာထွတ်ပြေးသွားခဲ့ပြီး၎င်းတိုက်ခိုက်မှုကြောင့် စကစဘက်မှ ၇ဦးသေ၊ ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စကစနှင့်ပျူ စစ်ကြောင်းအား အောင်မြင်စွာတိုက်ခိုက်၍ ပြန်လာသော မဟာမိတ်ပူးပေါင်းစစ်ကြောင်းအား ကျေးရွာ၅ရွာရှိ စစ်ဘေးရှောင် ပြည်သူများမှ သောင်းသောင်းဖြဖြကြိုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

စစ်ဆင်ရေးကိုမြင်းခြံခရိုင် အမှတ်()တပ်ရင်း တပ်ခွဲ()၊မြင်းခြံခရိုင် အမှတ်()တပ်ရင်း (MBT)၊မြွေပွေးပြောက်ကျားတပ်ဖွဲ့ (LPDF)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


🚩🚩 ၂။ နွားထိုးကြီးမြို့နယ်အတွင်း စစ်တပ်တပ်စွဲရာနေရာများကို တော်လှန်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက် 


 မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် တပ်စွဲထားရာ နေရာ ခုကို ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ ထံကနေ သိရပါတယ်။ 

ဧပြီလ ၂၃ ရက် မနက် နာရီခန့်က နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာ ဆောက်လုပ်ရေးရုံးနဲ့ အေးကျောင်း ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ စခန်းထဲပြေးဝင်ပြီး ပုန်းအောင်း နေခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် တပ်ရင်းနဲ့ နွားထိုးကြီးမြို့နယ်- ကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိမရှိ စုံစမ်းနေဆဲတယ်လို့ အသိပေးပါတယ်။ 

ထို့တူ နွားထိုးကြီးမြို့နယ် ပြင်စည်ရွာစာသင်ကျောင်းနဲ့ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ မှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဧပြီလ ၂၃ ရက် နံနက် နာရီခန့်မှာ နွားထိုးကြီးမြို့နယ် ပြင်စီကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲနေတဲ့ အကြမ်းဖက် စစ်သားတွေကို Fix Wing ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ထို့အပြင် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်မှာလည်း ရန်ကုန်-မန်းလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ မှာ ဂိတ်ဖွင့်ပြီး ပြည်သူလူထုအပေါ် ငွေညစ်တောင်းခံနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဗုံးသီး လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲလို့ နွားထိုးကြီး PDF က ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကိုတော့ မြင်းခြံခရိုင်တပ်ရင်း NPDF Myingyan District Drone Strike MDDS နဲ့ MHLG Wings အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၃။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ရွှေပေါက်ကံမြို့သစ်ရဲစခန်းကိုမိုင်း၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်


ဧပြီ၂၄ရက်

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ရွှေပေါက်ကံမြို့သစ်ရဲစခန်းကိုမိုင်း၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ဧပြီ၂၄ရက် ညနေ၆နာရီ၄၅အချိန်စစ်ဆင်ရေးကိုဆင်နွှဲခဲ့ကြောင်း မြောက်ဥက္ကလာပ ပကဖကဖော်ပြပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ရွှေပေါက်ကံမြို့သစ်ရဲစခန်းကိုအားပြင်းသောမိုင်း၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ၂ဦးထိခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။

ထို့နောက် ရဲဘော်များဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

ရဲများ ကင်းလှည့်ရန်ထွက်လာသည့်အချိန်   ချိန်ကိုက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၄။ ကျိုက်ထိုမြို့နယ်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


ဧပြီလ ၂၄ ရက်။

Radio NUG

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာက သေနတ်ကိုင်ဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူးအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ Rehmonnya FM က ဖော်ပြပါတယ်။

ဧပြီလ ၂၃ ရက်နေ့ ညနေ နာရီခန့်မှာ ကျိုက်ထိုထွေအုပ်ရုံးက ပြန်လာတဲ့ ကော့ထင်းရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဝင်းကို ရွာအဝင်က ကြက်ခြံတွေနားမှာ သေနတ်သမား နှစ်ဦးက သေနတ်နဲ့ ချက် ပစ်ခတ်သွားခဲ့တာ လို့ ဆိုပါတယ်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းမှာ နေရာမှာပဲ သေဆုံးသွား ခဲ့ရပြီး သူ့ရဲ့ ရုပ်အလောင်းကို နယ်မြေခံ လူမှုကူညီရေး အသင်းတစ်ခုက ကျိုက်ထို ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဦးဝင်းဟာ သေနတ်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပြီး ကျေးရွာအတွင်း နည်းမျိုးစုံနဲ့ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေကာ စစ်မှုထမ်းဖို့ ကိစ္စကိုလည်း ဦးဆောင်ပြီး လုပ်ဆောင် နေတဲ့ သူလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ခုမှ UG ရဲဘော်များက လုပ်- ဆောင်ခဲ့တာ ဖြစ်ပြီး အသေးစိတ်ကို မကြာခင် သတင်းထုတ်ပြန် ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်း မွန်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ပတ်သက်သူ ၄၀ ထက်မနည်း ပစ်ခတ်ရှင်းလင်း ခံထားရပြီး ကျိုက်ထိုမြို့နယ် တစ်ခုထဲမှာတွင် ၁၅ ဦးအထိ ပစ်ခတ်ရှင်းလင်း ခံထားရတယ်လို့ သိရပါတယ်


========================


🚩🚩 ၅။ မတ္တရာတွင် မြို့နယ်အုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ


ဧပြီလ ၂၄ ရက်။

Radio NUG

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံ ခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ မြေလတ်အသံက ဖော်ပြပါတယ်။

မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် () ဗိုလ်မှူး သက်နိုင်စိုး အား ဧပြီ ၂၄ ရက်နေ့ မနက်က မတ္တရာမြို့နယ်၊ မတ္တရာ-မန္တလေး ကားလမ်းဘေး၊ ကန်သာယာကျေးရွာ အနီးကစုလဖက်ရည်ဆိုင်မှာ တဦးထဲ ထိုင်နေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့သေနတ်ကို ကားပေါ်မှာ ချန်ထားခဲ့ပြီး လဖက်ရည်ဆိုင်ကို တစ်ယောက်တည်း ရောက်လာတဲ့အချိန် အပစ်ခံလိုက်ရတာဖြစ်ပြီ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဗိုလ်မှူးသက်နိုင်စိုးဟာ သပိတ်ကျင်းအခြေစိုက် အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) တပ်က ဖြစ်ပြီး ပုဂံ-ညောင်ဦးဘက်ကို တာဝန်ချထားတာကြောင့် ညောင်ဦးနဲ့ မတ္တရာကို အသွား အပြန် လုပ်နေရသူ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး တော်လှန်ရေး အင်အားစုတွေ ဘက်ကနေပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မတ္တရာမြို့တွင်းနဲ့ မြို့အဝင်အထွက် နေရာတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေ က ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မြင်းခြံနယ်မှာ ဆင်မင်းစစ်ဆင်ရေးအဖြစ် စစ်စခန်း ခုကိုတိုက်ခိုက်၊ အရာရှိအပါ ၁၉ ဦးသေဆုံးပြီး ဦး အရှင်မိ  


မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းမှာရှိတဲ့ စစ်စခန်း ခုကို ဆင်မင်းစစ်ဆင်ရေးအဖြစ် ဧပြီလ ၂ဝ ရက်နေ့က တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ဦး အရှင်ဖမ်းမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် (MGN-Tiger) က ထုတ်ပြန်ပါတယ်။ 

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကြည်ရွာမှာရှိတဲ့ စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ဦးအရှင် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

မြင်းခြံမြို့နယ်မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးမှာရှိပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး စုစုပေါင်း ၆ဝ ခန့် အထိုင်ချ တပ်စွဲတဲ့ ကြည်ရွာကို မြင်းခြံခရိုင် အမှတ် တပ်ရင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ထိတွေ့တိုက်ပွဲဟာ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်စခန်းကို တော်လှန်ရေးရဲဘော်တွေ ရှင်းလင်းနေချိန်မှာ ဆီမီးခုံ (ဆမိတ်ခုံ ဟု ဖတ်ရသည်) ရေနက်ဆိပ်ကမ်းကနေ စစ်သင်္ဘောနဲ့ တပ်ကူတွေရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ MGN-Tiger က အသိပေးပါတယ်။

ဒီတိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ် တပ်ရင်းက စစ်ဆင်ရေးအရာရှိ ရဲဘော် အာကာမင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ဦး မစိုးရိမ်ရဒဏ်ရာခဲ့တယ်လို့လည်း သိရပါတယ်။ 

အဆိုပါစစ်စခန်းကနေ ၆ဝ မမ အထိုင်ပြောင်းတလက် ၆ဝ မမ ဗုံးသီး လုံး၊ MA-3 လက်၊ ပွိုင့် ၅၆ ကျည် ၁၂၅ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ထို့တူ ဧပြီလ ၂၀ ရက်နေ့ မနက် နာရီခန့်မှာလည်း မြင်းခြံမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ အထိုင်တပ်ရင်း ဖြစ်တဲ့ ခမရ- ၁၅တပ်ရင်း၊ ဆီမီးခုံရေနက်ဆိပ်ကမ်းမှာရှိတဲ့ စစ်သင်္ဘော စီးနဲ့ စစ်တပ်အထိုင်ရုံး၊ ဆီမီးခုံမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ကာ ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က အရာရှိတဦးအပါအဝင် ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် တပ်ရင်း (PDF - Taloke, MGN Tiger, Myingyan Ranger, MGN 21) မြင်းခြံခရိုင် အမှတ် တပ်ရင်း၊ Burmese Guerrilla Force - BGF (Myingyan) Myingyan District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့) CDSOM 001 ဒရုန်းတပ်ဖွဲ့ MP9 Myingyan Danger Dynamite နဲ့ မိုင်းဇာနည်အဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

အခုလိုစခန်းသိမ်းတိုက်ပွဲပေါင်းများစွာတိုက်ခိုက်နိုင်ဖို့ ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မြင်းခြံခရိုင် တပ်ရင်း တပ်ခွဲ၂ MGN Tiger က တောင်းဆိုထားပါတယ်။ 


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment