28th APR 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ ဧပြီα€œ ( α‚αˆ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့α€”α€š် တိုα€€်α€”α€š်ဆေးα€›ုံ α€œေα€€ြောင်းတိုα€€်ခို၊α€€်ခံα€›၊ ဆေးα€€ုα€žα€™ှု ခံα€šူα€”ေα€žူတွေ ထိခိုα€€်α€žေဆုံးα€™ှုα€›ှိ

 

မင်းတပ်α€™ြို့α€”α€š် တိုα€€်α€”α€š်ဆေးα€›ုံ α€œေα€€ြောင်းတိုα€€်ခိုα€€်ခံရပြီး α€žေဆုံးα€žူ ၂ ဦးထက်α€™α€”α€Š်းα€”ဲ့ ထိခိုα€€်ဒဏ်α€›ာα€›α€žူတွေ α€™ျားα€€ြောင်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

၂၀၂၄ ဧပြီ ၂၅ α€›α€€် α€Š ၈ α€”ာα€›ီα€€ျော်α€™ှာ တိုα€€်ခို၊α€€်ခံရတာα€–ြα€…်ပြီး ဆေးα€›ုံထဆောα€€်ထထုံတွေα€”ဲ့ α€œူα€”ာဆောင်တွေ ပျα€€်α€…ီးα€žွားα€α€š်α€œို့ ဆိုပါα€α€š်။

 

ထိခိုα€€်ဒဏ်α€›ာα€› α€œူα€”ာတွေα€™ျားα€…ွာ α€›ှိα€”ေပြီး ၂၀၂၄ မတ်၊ ဧပြီ ၂ α€œα€‘α€ွင်း မင်းတပ်α€™ြို့α€”α€š်α€›ှိ α€€ျေးα€›ွာ ၈ α€›ွာဝန်းα€€ျင်α€™ှာ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှု ခံထားရပြီး α€žေဆုံးα€žူ ၄ ဦးα€”ဲ့ ၁၅ ဦးဝန်းα€€ျင် ထိခိုα€€်ဒဏ်α€›ာ ရထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ တူα€™ီးα€”ဲ့စခဲ့တဲ့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) တော်α€œှα€”်α€›ေး α€žုံးα€”ှα€…်ပြα€Š့်

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) တော်α€œှα€”်α€›ေး α€žုံးα€”ှα€…်ပြα€Š့်ထခမ်းထနားα€€ို (ဧပြီ ၂၄) α€€ ပြုα€œုပ်ခဲ့ပါα€α€š်။

 

ထွα€”်α€œိုင်းα€€ ပြုα€œုပ်တဲ့ α€’ီထခမ်းထနားα€™ှာ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€…α€…်ဦးα€…ီးချုပ် တက်α€›ောα€€်ခဲ့ပြီး တော်α€œှα€”်α€›ေး ၃ α€”ှα€…် α€€ြာα€œာချိα€”်α€™ှာ ထားα€”α€Š်းချα€€်တွေ၊ ထားα€žာချα€€်တွေ ထများα€€ြီးα€›ှိခဲ့α€žα€œို တော်α€œှα€”်α€›ေးα€€ိုα€œα€Š်း ထထိုα€€်α€‘α€œျောα€€် α€…α€Š်းα€…α€Š်းα€œုံးα€œုံးα€”ဲ့ ထောင်α€™ြင်α€™ှုတွေα€›α€›ှိα€”ေပြီး α€œα€€်α€›ှိတိုင်α€œα€Š်း ချင်းပြα€Š်α€”α€š်ထတွင်းα€€ ချင်းα€Šီα€”ောင်α€™α€Ÿာα€™ိတ်ထပါထဝင် တခြားတိုင်းရင်းα€žားα€œα€€်α€”α€€်α€€ိုင်တပ်α€–ွဲ့တွေα€”ဲ့ α€™α€Ÿာα€™ိတ်တိုးချဲ့ပြီး ပူးပေါင်းပြီး ထာဏာα€žိα€™်းα€…α€…်တပ်α€€ို ဆက်α€œα€€် တော်α€œှα€”်α€”ေα€α€š်α€œို့ ပြောပါα€α€š်။

 

၂၀၂၁ ဧပြီα€œ ထစောပိုင်းα€€ မင်းတပ်α€™ြို့ပေါ်α€™ှာ ဆန္ဒထုတ်α€–ော်α€žူ ၇ ဦး (ထမျိုးα€žား ၂ ဦး၊ ထမျိုးα€žα€™ီး ၅ ဦး) α€€ို α€…α€…်α€€ောင်α€…ီα€€ ထင်ထားα€žုံးα€–α€™်းဆီးပြီး α€™ြို့တွင်းα€™ှာ စတင်ပစ်ခတ်α€œာတာα€€ြောင့် ၂၀၂၁ ဧပြီα€œ ၂၄ α€›α€€်α€”ေ့α€™ှာ α€›α€›ာα€œα€€်α€”၊α€€်α€€ိုင်α€…ွဲပြီး တော်α€œှα€”်α€›ေး စတင်α€œာခဲ့တာပါ။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€Ÿာ α€”ွေဦးတော်α€œှα€”်α€›ေးα€™ှာ ထစောဆုံးα€œα€€်α€”၊α€€်α€€ိုင်ပြီး α€…α€…်α€€ောင်α€…ီα€€ို တော်α€œှα€”်α€œာတဲ့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့တခုα€–ြα€…်ခဲ့α€žα€œို ၃ α€”ှα€…်α€›ှိα€œာတဲ့ α€œα€€်α€›ှိထချိα€”်ထိα€œα€Š်း α€™α€Ÿာα€™ိတ်တွေα€”ဲ့ ပူးပေါင်းပြီး α€…α€…်α€€ောင်α€…ီα€€ို ထပြင်းထန်ဆုံး တော်α€œှα€”်α€”ေပါα€α€š်။

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€Ÿာ ၃ α€”ှα€…်တာ α€€ာα€œα€‘α€ွင်း မင်းတပ်α€™ြို့α€”α€š်ထဲα€™ှာ α€…α€…်α€€ောင်α€…ီတပ်α€”ဲ့ ၂၅၂ α€€ြိα€™် တို၊α€€်ပွဲα€–ြα€…်ခဲ့α€žα€œို မတူပီα€™ြို့α€”α€š်ထပါထဝင် α€™α€€ွေးတိုင်းα€”ဲ့ တခြားα€’ေα€žα€ွေα€™ှာα€œα€Š်း α€™α€Ÿာα€™ိတ်တပ်ပေါင်းα€…ုတွေα€”ဲ့ ပူးပေါင်းပြီး စခန်းα€žိα€™်းတို၊α€€်ပွဲတွေ α€–ော်ဆောင်ခဲ့α€”ိုင်α€α€š်α€œို့ α€žα€α€„်းα€”ှင့်ပြα€”်α€€ြားα€›ေးα€Œာα€”α€€ ပြောပါα€α€š်။

 

α€…α€…်α€€ောင်α€…ီတပ်α€›ဲ့ α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှုα€”ဲ့ α€œα€€်α€”α€€်α€€ြီးα€€ျα€Š်တွေα€€ြောင့် မင်းတပ်α€™ြို့α€”α€š်α€›ှိ ထရပ်α€žား ၄၀ α€€ျော် α€‘α€žα€€်ဆုံးα€›ှုံးခဲ့ရပြီး ထိခိုα€€်ဒဏ်α€›ာα€›α€žူတွေα€›ှိα€žα€œို α€”ေထိα€™်၊ ထဆောα€€်ထထုံ ၉၀ ဝန်းα€€ျင်ထထိ ထိခိုα€€်ပျα€€်α€…ီးခဲ့α€α€š်α€œို့ α€žိရပါα€α€š်။

 

α€žုံးα€”ှα€…်တာα€€ာα€œα€™ှာ α€‘α€žα€€်၊ ခန္ဓာပေးဆပ်တို၊α€€်ပွဲဝင်α€”ေα€€ြတဲ့ α€›ဲα€˜ော်ထားα€œုံးα€€ို α€œေးα€œေးα€”α€€်α€”α€€် ဦးα€Šွတ်α€€ြောင်း α€…α€…်ဦးα€…ီးချုပ်α€€ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€žုံးα€”ှα€…်ပြα€Š့်ထခမ်းထနားα€™ှာ ပေးပို့တဲ့ α€žα€α€်α€œွှာα€™ှာ α€–ော်ပြပါα€α€š်။

 

α€’ါ့ထပြင် α€…α€…်α€€ောင်α€…ီα€€ မင်းတပ်α€™ြို့α€”α€š်ထတွင်း ပြα€Š်α€žူတွေα€€ို ပစ်α€™ှတ်ထား တို၊α€€်ခိုα€€်α€™ှု ဆက်တိုα€€်α€œုပ်α€”ေပေα€™α€š့် α€’ီα€œိုထခြေထနေα€™ှာ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€”ဲ့ထတူ α€™ားα€™ားမတ်မတ် ရပ်α€α€Š်ပံ့ပိုးα€”ေα€€ြတဲ့ ပြα€Š်α€žူတွေα€€ို ဂုဏ်ပြုထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€™α€œေးα€›ှားα€™ှာ ချင်းα€œူα€„α€š်တဦး ဓား၊ထိုးခံα€›α€œို့ α€žေဆုံး

 

α€™α€œေးα€›ှားα€”ိုင်ငံ α€€ွာα€œာα€œα€™်ပူ၊ α€˜ူချုံးα€™ြို့α€™ှာ ချင်းα€œူα€™ျိုး ထမျိုးα€žားတဦး ဓား၊ထိုးခံα€›α€œို့ α€žေဆုံးတဲ့α€–ြα€…်စဉ် α€–ြα€…်ပွားခဲ့ပါα€α€š်။

 

ဧပြီ ၂၂ α€›α€€်α€Šα€€ α€–ြα€…်ပွားခဲ့တာα€–ြα€…်ပြီး α€žေဆုံးα€žူα€Ÿာ မင်းတပ်α€™ြို့α€”α€š် α€’ေα€žα€ံ α€‘α€žα€€် ၃၀ α€€ျော်ထရွα€š် α€–ြα€…်ပါα€α€š်။

 

α€Šα€€ ခိုα€€်α€›α€”်α€–ြα€…်ရင်းα€€α€”ေ ထဲα€œောα€€်ထိα€–ြα€…်α€žွားတာ၊ α€–ြα€…်α€–ြα€…်ချင်း ဆေးα€›ုံတင်ပေα€™α€š့် α€™α€™ီα€œိုα€€်α€˜ူး။ α€œောα€œောα€†α€š် α€˜ာα€™ှထတိထကျ ပြောα€™α€›α€žေးα€˜ူး။α€œို့ α€žေဆုံးα€žူα€›ဲ့ α€™ိတ်ဆွေα€€ ပြောပါα€α€š်။

 

ဧပြီ ၂၂ α€›α€€်α€Š α€œူ၊α€ž၊တ်α€™ှုα€€ျူးα€œွα€”်α€žူα€Ÿာ α€…α€…်α€€ိုင်းတိုင်း၊ α€€α€œေးα€™ြို့α€”α€š်α€˜α€€်α€€ α€™α€œေးα€›ှားα€›ောα€€်ခါα€… α€œူα€œα€်ပိုင်းထရွα€š်ထမျိုးα€žားα€œို့ α€žိရပြီး α€œα€€်α€›ှိα€™ှာ ထွα€€်ပြေးα€”ေတာα€€ြောင့် α€™α€œေးα€›ှားထာဏာပိုင်တွေα€€ α€œိုα€€်α€œံα€›ှာα€–ွေα€”ေα€α€š်α€œို့ ထဲα€’ီα€œူα€€ ဆက်ပြောပါα€α€š်။

 

ထခုα€”ှα€…် ဧပြီα€œα€œα€š်ပိုင်းα€€α€œα€Š်း α€™α€œေးα€›ှားα€™ှာ α€‘α€žα€€် ၈ α€”ှα€…်ထရွα€š် ချင်းα€œူα€™ျိုးα€€α€œေးα€„α€š် α€œ၊α€Š်ပင်းα€Šှ၊α€…် ထ၊α€žα€်ခံရတဲ့α€–ြα€…်စဉ် α€–ြα€…်ခဲ့ပြီး ပြα€…်α€™ှုα€€ျူးα€œွα€”်တဲ့ တရားခံα€€ို α€™α€œေးα€›ှားα€›ဲတပ်α€–ွဲ့α€€ α€–α€™်းဆီးα€”ိုင်ခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ NLD α€€α€”ေ ထုတ်α€•α€š်ခံရတဲ့ α€’ုα€žα€™္မတ ဦးα€Ÿα€„်α€”α€›ီα€—α€”်ထီးα€šိုα€€ို ထနားပေးα€€ြောင်း α€…α€…်α€€ောင်α€…ီα€€ြေα€Šာ

 

α€’ုα€žα€™္မတ ဦးα€Ÿα€„်α€”α€›ီα€—α€”်ထီးα€šိုα€€ို တာဝန်α€€α€”ေ ထနားပေးα€œိုα€€်ပြီα€œို့ α€…α€…်α€€ောင်α€…ီα€€ ဧပြီ ၂၂ α€›α€€်α€”ေ့ α€€ြေα€Šာα€œိုα€€်ပါα€α€š်။

 

α€€ျα€”်းα€™ာα€›ေးထခြေထနေထရ α€’ုα€žα€™္မတကို ထနားပေးတာα€œို့ ပြောထားပါα€α€š်။

 

၂၀၂၃ ဇူα€œိုင် ၃၁ α€›α€€်α€”ေ့ α€€ျင်းပတဲ့ α€€ာα€œုံ (ထမျိုးα€žားα€€ာα€€ွα€š်α€›ေးα€”ဲ့ α€œုံခြုံα€›ေးα€€ောင်α€…ီ) α€‘α€…α€Š်းထဝေး တက်α€›ောα€€်ခဲ့တဲ့ ဦးα€Ÿα€„်α€”α€›ီα€—α€”်ထီးα€šိုα€€ို α€…α€…်α€€ောင်α€…ီ ထောα€€်ခံα€α€š်ဆိုပြီး ထမျိုးα€žားα€’ီα€™ိုα€€α€›ေα€…ီထဖွဲ့ချုပ် (NLD) α€€ ပါတီα€€α€”ေ ထုတ်α€•α€š်ခဲ့ပါα€α€š်။

 

α€…၊α€…်တပ်ထငြိα€™်းα€…ားထရာα€›ှိα€Ÿောင်း ဦးα€Ÿα€„်α€”α€›ီα€—α€”်ထီးα€šိုα€Ÿာ ၂၀၁၅ ပါတီα€…ုံα€’ီα€™ိုα€€α€›ေα€…ီ α€›ွေးα€€ောα€€်ပွဲထပြီးα€™ှာ α€’ုတိα€šα€žα€™္မတထဖြα€…် ထမျိုးα€žားα€’ီα€™ိုα€€α€›ေα€…ီထဖွဲ့ချုပ် (NLD) α€€ ခန့်ထပ်ထားα€žူα€œα€Š်း α€–ြα€…်ပါα€α€š်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment