28th APR 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဧပြီလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ Word Intellectual Property Day ကျင်းပ ပြည်ထောင်စုဝန်ကြီးများပါဝင်တက်ရောက်ခဲ့

📌 ၂။ NUG ကုလကိုယ်စားလှယ် ဦးကျော်မိုးထွန်းက စစ်ကောင်စီ၏ ရာဇဝတ်မှုများ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရဟု သတိပေးပြောကြားခဲ့

📌 ၃။ တန့်ဆည်မြို့ စစ်ဘေးရှောင်ပြည်သူများထံသို့ ကျန်းမားရေးစောင့်ရှောက်မှုပေး

📌 ၄။ မင်းတပ် တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနာ ဦးနှင့် လူနာစောင့် ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သရက်ကုန်းကျေးရွာတိုက်ပွဲတွင် စစ်လက်နက်ပစ္စည်းများစွာရရှိ

🚩 ၂။ သိမ်ဆိပ်ရဲစခန်း၊ ခမရ() နဲ့ ဇီးဝန်း အမြှောက်တပ်တို့ ဒရုန်းဖြင့် တပြိုင်နက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

🚩 ၃။ ရေဖြူတွင် ခရီးသည်တင်ယာဉ်များထံမှ ငွေကြေးကောက်ခံနေသော ဒုရဲအုပ် ပစ်ခတ်ခံရ

🚩 ၄။ ပန်းပင်နီလမ်း လူထုသပိတ်အား အကြမ်းဖက်ကားတိုက်၊ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိက ပါဝင်ခဲ့သော သတင်းပေးဒလန်ကို ပစ်ခတ်ရှင်းလင်း

🚩 ၅။ ပေါက်မြိုနယ် ရဲစခန်းမှ ရဲတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်

🚩 ၆။ စစ်ကောင်စီ လက်ဝေခံ SNA တပ်ဖွဲ့မှ ရဲဘော် ဦး ဟုမ္မလင်း ပကဖ ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ Word Intellectual Property Day ကျင်းပ ပြည်ထောင်စုဝန်ကြီးများပါဝင်တက်ရောက်ခဲ့


ဧပြီလ ၂၇ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ World Intellectual Property Day (2024)ကို ဧပြီလ ၂၆ရက်နေ့ မြန်မာစံတော်ချိန်ည ၈နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု၀န်ကြီးများ၊ အတွင်း၀န်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးတာ၀န်ခံများနှင့် CDM ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါတယ်။


ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ မြန်မာပြည်တွင် မူပိုင်ခွင့်ဥပဒေအတည်ပြု ပြဌာန်းခဲ့သော သမိုင်းကြောင်းအား ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်သော လူ့စွမ်းအားအရင်းအမြစ်များကို တိုးမြှင့်နိုင်ရန်အတွက် အထောက်အကူပြုမည့် မြန်မာပြည်၏ မူပိုင်ခွင့်ဥပဒေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆန္ဒပြုရင်း World Intellectual Property Day ကို ကြိုဆိုကြောင်း အဖွင့်အမှာစကားပြောဆိုခဲ့ပါသည်။


ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးမှ ယခု (၂၀၂၄) ခုနှစ်၏ theme သည့် IP and the SDGs: Building our common future with innovation and creativity ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသော အနာဂတ်တိုင်းပြည် တည်ဆောက်ရေး ခေါင်းစဉ်ဖြစ်သည့် အတွက် အလေးအနက်ထားပြီး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်မှု၊ မြှင့်တင်မှုများသည် ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေသော အရာများဖြစ်သည့်အတွက် Sustainable Development Goals များနှင့် ဆက်နွယ်ပတ်သက်မှုများရှိကြောင်း၊ Sustainable Development Goals များ ပြည့်မီအောင် ဆောင်ရွက်ရန်အတွက် အခြေတည်ထားသော ရှုထောင့်၃ခု၊ အရေးပါသော ပန်းတိုင် ၁၇ ခု အကြောင်းများအား ဆွေးနွေး ရှင်းလင်းခဲ့ပါသည်။ ဒုတိယအနေနှင့် Intellectual Property သည် စျေးကွက်တည်တံ့ခိုင်မြဲမှုနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင့်ပေးနိုင်ကြောင်း၊ Intellectual Property နှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ခြင်းများသည် အသိပညာ၊ နည်းပညာနှင့် တီထွင်ဖန်တီးနိုင်မှုများ၊ ဘဏ္ဍာရေး အကျိုးစီးပွားများအား စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ NUG ကုလကိုယ်စားလှယ် ဦးကျော်မိုးထွန်းက စစ်ကောင်စီ၏ ရာဇဝတ်မှုများ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရဟု သတိပေးပြောကြားခဲ့


ဧပြီလ ၂၇ရက်။

(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက် နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်သည့် “Preventing conflict-related sexual violence through demilitarization and gender-responsive arms control” အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်တပ်၏ ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်း ခံထားရသည့် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရေးက အလွန်အရေးပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို တရားနည်းလမ်းတကျ မဖြစ်မနေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လိုအပ်ပြီး ၎င်းတို့ ခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးတိုင်ရပ်တန့်ရမည်ဖြစ်၊ ဤနည်းအားဖြင့် အလားတူရက်စက်ကြမ်းကြုတ်မှုများနှင့် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားခြင်းကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


========================


📌📌 ၃။ တန့်ဆည်မြို့ စစ်ဘေးရှောင်ပြည်သူများထံသို့ ကျန်းမားရေးစောင့်ရှောက်မှုပေး


ဧပြီလ ၂၇ ရက်။

Radio NUG

တန့်ဆည်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင်ဖြစ်သော တန့်ဆည်မြို့နယ် အခြေစိုက် People For People Foundation အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခဲ့ပါသည်။ 


အလှူရှင် စေတနာရှင်များအနေဖြင့် စစ်ကိုင်းတိုင်းတွင်းရှိ  စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့မှုများ ပေးပို့လိုပါက စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်သို့ ချိတ်ဆက်လှူဒါန်းနိုင်ပါကြောင်းနှင့် ပြည်သူများထံသို့ အလေအလွင့်မရှိစေဘဲ အရောက်ပေးပို့ လှူဒါန်းသွားပေးမည်ဖြစ်ကြောင်း  အသိပေး‌ဖော်ပြထားပါသည်။


========================


📌📌 ၄။ မင်းတပ် တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနာ ဦးနှင့် လူနာစောင့် ဦး သေဆုံးခဲ့


ဧပြီလ ၂၇ ရက်။

Radio NUG

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူး ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတက်ရောက် ကုသနေတဲ့ အတွင်းလူနာ () ဦးနှင့် လူနာစောင့် () ဦး၊ စုစုပေါင်း () ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။


 ဧပြီလ ၂၅ ရက် နာရီ ဝန်းကျင်က မင်းတပ် တိုက်နယ် () ရှိ ဝမ္မသူး ပြည်သူ့ဆေးရုံကို စစ်ကောင်စီ တပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။


 အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး လူနာ ဦးနဲ့ လူနာစောင့်  ဦး သေဆုံးခဲ့ကာ အခြားလူနာများ၊ မိသားစုဝင်များ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။


 လက်ရှိတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း အရပ်သား ပြည်သူများရှိတဲ့ အခြားနေရာများအား လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်နေတာတွေရှိပြီး ပြည်သူများအနေနဲ့ လေကြောင်းရန်ကို အထူးသတိပြုကြဖို့ CDF-Mindat က ဧပြီလ ၂၁ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။


 ယခုလုပ်ရပ်ဟာ ဆေးရုံဆေးခန်းများ၊ လူနာများနဲ့ ကျန်းမာရေး ဝန်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီက ထပ်မံကြူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှု တစ်ခုဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။


 အခုလို လူမဆန်တဲ့ အစွန်းရောက် အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဝန်ကြီးဌာန အနေနဲ့ ချင်းပြည်နယ် ပြည်သူလူထုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိသော အဖွဲ့အစည်းများ နှင့်အတူ ခိုင်မာစည်းလုံးစွာ လက်တွဲရပ်တည်လျက် ရှိပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်မင်းနွေဦး၊ ခါးရှယ်နဲ့နဲ့ မင်းစစ်သွေးပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ သရက်ကုန်းကျေးရွာတိုက်ပွဲတွင် စစ်လက်နက်ပစ္စည်းများစွာရရှိ


ဧပြီလ ၂၇ရက်။

အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နှင့်ဆယ်မိုင်အကွာ ရှိ သရက်ကုန်း ကျေးရွာ စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်လက်နက်ပစ္စည်းအမြောက်အများရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး၊ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ (၁၄) ရက်နေ့၊ သင်္ကြန်အကျနေ့တွင် ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကျောင်းဝန်း အတွင်းသို့ ရှော့တိုက်ဒုန်းအလုံး (၂၀) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ဧပြီလ (၁၅) ရက်နေ့၊ နံနက်အစောပိုင်းတွင် ပြင်ဦးလွင်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသော သရက်ကုန်းကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တနေကုန် နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရန်သူ့ဘက်မှ လေကြောင်းတိုက်ခိုက်မှု () ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရှိရပြီး အဲ့ဒီနေ့ညနေပိုင်းမှာ သရက်ကုန်းကျေးရွာ စစ်စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ  သရက်ကုန်းကျေးရွာအား ပြန်လည်ရရှိရန် ဧပြီလ (၁၉) ရက်နေ့မှ စ၍  ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လျှက်ရှိပြီး ဧပြီလ (၁၉) ရက်နေ့ တိုက်ပွဲတွင် ထိုးစစ်ဆင်လာသော ရန်သူ့တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား (၁၅) ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ပြီး ဧပြီလ (၂၀) ရက်နေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် () ဦး ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။


အဆိုပါတိုက်ပွဲအတွင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ ပစ္စည်းများမှာ MA-1 MA-2 MA-3 MA-4 MA-5 MA-11 ၆၀ မမ မော်တာ စုစုပေါင်း (၆၁) လက်အပါအဝင် ခဲယမ်းမီးကျောက်များ သိမ်းဆည်း ရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ သိမ်ဆိပ်ရဲစခန်း၊ ခမရ() နဲ့ ဇီးဝန်း အမြှောက်တပ်တို့ ဒရုန်းဖြင့် တပြိုင်နက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ


ဧပြီလ ၂၇ ရက်။

Radio NUG

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်နယ်မြေ ရဲစခန်း၊ ဝင်းပကျေးရွာရှိ ခမရ () တပ်စခန်းနှင့် ဘီးလင်း မြို့နယ် ဇီးဝန်း အမြှောက်တပ် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ သထုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ TPDF ထံက ထုတ်ပြန်ပါတယ်။


ဧပြီလ ၂၇ ရက်နေ့ မနက် နာရီ ခွဲကနေ ၁၁ နာရီအတွင်းမှာ သိမ်ဆိပ်နယ်မြေ ရဲစခန်းကို ဒရုန်းဗုံးသီး လုံး၊ ခမရ () တပ်စခန်းကို ဗုံးသီး လုံး၊ ဇီဝန်း အမြှောက်တပ်ကို ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ TPDF တာဝန်ရှိသူက ဆိုပါတယ်။


၎င်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ နီးစပ်သူတွေထံက သိရပြီး အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA တပ်မဟာ () ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း () PDF တပ်ရင်း () ဒရုန်းတပ်ဖွဲ့ နဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးတပ်ဖွဲ့ - TPDF (P2 - 7805 တပ်ခွဲ ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ TPDF မှ ထုတ်ပြန်ထားပါတယ်။


သိမ်ဆိပ်နယ်မြေ ရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက် ကလည်း PDF ပူးပေါင်းတပ်ဖွဲ့ များက ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြ ပါသေးတယ်။


========================


🚩🚩 ၃။ ရေဖြူတွင် ခရီးသည်တင်ယာဉ်များထံမှ ငွေကြေးကောက်ခံနေသော ဒုရဲအုပ် ပစ်ခတ်ခံရ


ဧပြီလ ၂၇ ရက်။

Radio NUG


ဧပြီ ၂၆ ရက်နေ့ က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ခရီးသည်တင်ကားများထံမှ အတင်း အဓမ္မ ငွေတောင်းနေသောဒုရဲအုပ်တစ်ဦးကို  ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Dawei Guerrilla Revolutionary Force-DGRF သတင်းထုတ်ပြန်ချက်အရ သိရပါသည်။


ဧပြီလ ၂၆ရက် ညနေ နာရီ မိနစ် ၂၀ ခန့်တွင် ရေဖြူမြို့နယ် ()ရက်ကွက် နေရာသစ်ထမင်းဆိုင်အနီး ခရီးသည်တင်ကားများထံမှ  ငွေတောင်းနေသော ဒုရဲအုပ်ကို  သွားရောက်ရှင်းလင်းသုတ်သင်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါသည်။


အဆိုပါ တိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force-DGRF ထားဝယ်မြို့နယ်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထားဝယ်-.က.DGRF-ဥဩစစ်ကြောင်း-DDPDF.တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။


========================


🚩🚩 ၄။ ပန်းပင်နီလမ်း လူထုသပိတ်အား အကြမ်းဖက်ကားတိုက်၊ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိက ပါဝင်ခဲ့သော သတင်းပေးဒလန်ကို ပစ်ခတ်ရှင်းလင်း


ဧပြီလ ၂၇ရက်

Radio NUG

ပန်းပင်နီလမ်း လူထုသပိတ်အား အကြမ်းဖက်ကားတိုက်၊ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိက ပါဝင်ခဲ့သော အကြမ်းဖက်စစ်ခွေး ထောက်တိုင် သတင်းပေးဒလန် မောင်ဦးကို ဧပြီလ ၂၇ရက်နေ့ ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း Operation Flame (OF)မှ ထုတ်ပြန်ထားပါသည်။


 ကြည့်မြင်တိုင်မြို့နယ် တစ်နေရာတွင် လွန်ခဲ့သော ၂နှစ် ကျော် (၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့)တွင် ပန်းပင်နီလမ်း လူထုသပိတ်အား အကြမ်းဖက်ကားတိုက်၊ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိက ပါဝင်ခဲ့သော အကြမ်းဖက်စစ်ခွေး ထောက်တိုင် သတင်းပေးဒလန် မောင်ဦးအား ပြည်သူ့တရားစီရင်ရေးအဖြစ် နေ့လည် ၂နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး သေဆုံးသွားကြောင်း မြေပြင်သတင်းအရသိရပါ သည်။


စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာ လွတ်မြောက်တစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း Operation Flame (OF)မှ ထုတ်ပြန်ထားပါသည်။


အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF)မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့နှင့် ကြည့်မြင်တိုင်မြို့နယ်တွင်း အများပြည်သူအား အတင်းအဓမ္မ စစ်ကျွန်ပြု နေသော အကြမ်းဖက်စစ်တပ်နှင့် အားပေးအားမြှောက်ဝိုင်းဝန်းလုပ်ဆောင်နေသူ အုပ်ချုပ်ရေးမှုးများ၊ နောက်လိုက်နောက်ပါများအားလုံးကို  စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပြီး တိုက်ခိုက် ခြေမှုန်းသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားပါသည်။


========================


🚩🚩 ၅။ ပေါက်မြိုနယ် ရဲစခန်းမှ ရဲတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်


ဧပြီလ ၂၇ ရက်။

Radio NUG

မကွေးတိုင်း၊ ပေါက်မြိုနယ် ရဲစခန်းမှာ တာဝန်ထမ်ဆောင်နေတဲ့ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် () တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။


ပေါက်မြို့နယ် ရဲစခန်းမှ ရဲတပ်သား စည်သူဗိုလ်ဟာ BA 94 တစ်လက်၊ ကျည်အိမ် ခု၊ မမ ကျည် ၃၀ တောင့်နဲ့အတူ  ပခုက္ကူခရိုင် အမှတ် () တပ်ရင်းထံ ဆက်သွယ် အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။


၎င်းရဲတပ်သားအား  ပခုက္ကူခရိုင် အမှတ် () တပ်ရင်းက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀) ပေးအပ်ကာ လုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။


 ထို့ပြင် စစ်ကောင်စီရဲ့ လက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နေကြသူများ အနေနဲ့ တော်လှန်ရေး အဖွဲအစည်းများထံ အမြန်ဆုံး ပူးပေါင်းကြရန်နှင့် ပခုက္ကူခရိုင် အမှတ် () တပ်ရင်းမှ အမြဲ ကြိုဆိုနေပါတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီ လက်ဝေခံ SNA တပ်ဖွဲ့မှ ရဲဘော် ဦး ဟုမ္မလင်း ပကဖ ထံ အလင်းဝင်


ဧပြီလ ၂၇ ရက်။

Radio NUG


စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီ လက်ဝေခံ SNA ရှမ်းနီတပ်ဖွဲ့မှ တပ်စိတ်မှူး အဆင့်ရှိ ရဲဘော် ဦးနဲ့ အခြား ရဲဘော် ဦးတို့ဟာ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံ ချိတ်ဆက်ပြီး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ သိရပါတယ်။


 ဧပြီလ ၂၄ ရက်က အဆိုပါ SNA ရဲဘော် ဦးဟာ  HK 33 တစ်လက်၊ AK 1 တစ်လက်၊ 7.62 ကျည် (၉၀) တောင့်၊ 5.56 ကျည် (၁၈၄) တောင့် နှင့်အတူ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ထံကို ဆက်သွယ် အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ရဲဘော်များကို ဟုမ္မလင်း .က. အဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လိုအပ်တဲ့ အကူအညီအများကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။


ကျန်ရှိနေတဲ့  SNA ရဲဘော်များအနေနဲ့ ပြည်သူ့ဘက်မှ ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံချင်ပါကလည်း ဟုမ္မလင်း .က. ထံကို ဆက်သွယ်နိုင်ပါကြောင်းနဲ့ ဒေသခံ တိုင်းရင်းသား SNA ရဲဘော်များကို လှိုက်လှဲစွာဖြင့် ကြိုဆိုနေပါကြောင်း ဟုမ္မလင်း ပကဖ က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းနွေဦး၊ ခါးရှယ်နဲ့ မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment