28th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မင်းတပ် ဝမ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တားဆီး အရေးယူပေးဖို့ နိုင်ငံတကာကို NUG  တောင်းဆို

📌 ၂။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင် ရှုတ်ချပွဲပြုလုပ်


၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆီဆိုင်မြို့နယ်ထဲက အများပြည်သူသုံးတံတားကို အကြမ်းဖက်စစ်တပ်က ဖောက်ခွဲဖျက်ဆီး

🚩 ၂။ ရွှေဘိုမြို့ရှိ စခတ နဲ့ ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၃။ ထီးချိုင့်နယ် ကမ်းနီးဈေးနဲ့ဆေးပေးခန်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တဲ့အတွက် အရပ်သား ဦး ဒဏ်ရာ ရပြီး စျေးနဲ့အိမ်များ မီးလောင်ပျက်စီး

🚩 ၄။ ချောင်းဦးမြို့အထွက် မြပုလဲစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်း သေဆုံးနိုင်

🚩 ၅။ အမ်းမြို့နယ်ထဲက တောဟိန်းတောင် စစ်ကောင်စီဗျူဟာကုန်းကို AA သိမ်းပိုက်

🚩 ၆။ KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများ ဆက်ဖြစ်  


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းတပ် ဝမ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တားဆီး အရေးယူပေးဖို့ နိုင်ငံတကာကို NUG  တောင်းဆို


ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ်  အကြမ်းဖက် စစ်တပ်က ကျူးလွန်နေတာတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းတွေသုံးပြီး မြန်ဆန်ထိ ရောက်စွာ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေး NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

ဧပြီ ၂၅ ရက်ညက မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတခုလုံးပျက်စီးခဲ့ပြီး ဆေးရုံတက်ကုသတဲ့ အတွင်းလူနာ ဦးနဲ့ လူနာစောင့်တဦး စုစုပေါင်း ဦး သေဆုံးခဲ့ပြီး အခြားလူနာတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်များ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီ ဝမ္မသူးဆေးရုံဟာ ဒေသခံပြည်သူတွေအတွက် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံတခုဖြစ်သလို ချင်းပြည်နယ်တင်မဟုတ် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းဘက်မှာရှိတဲ့ မြို့နယ်တွေက လူနာတွေပါ လာရောက်ကုသမှုခံယူရာ ဆေးရုံဖြစ်တယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ချိန်ဟာ ဆေးရုံတက်လူနာတွေကို ဆေးကုပေးနေချိန်ဖြစ်ပြီး ရရှိထားတဲ့ မှတ်တမ်းတွေအရ ဆေးရုံတခုလုံးနဲ့အတူ ဆေးဝါးနဲ့ဆေးပစ္စည်းတွေ အလုံးစုံပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ ဆေးရုံဆေးခန်းများ၊ လူနာများနဲ့ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီက ထပ်မံကျူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှုတခုလည်းဖြစ်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာန က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ရပ်ရွာများ၊ ဆေးရုံဆေးခန်းများနဲ့ အပြစ်မဲ့ပြည်သူများ အပေါ်  ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ လူမဆန်တဲ့ အကြမ်းဖက်မှုများကို တသမတ်တည်း ကျူးလွန် နေတယ်လို့ဆိုပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်ကနေ ဒီနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုပေါင်း ,၂၉၃ ကြိမ်ရှိခဲ့ပြီး ဆေးရုံဆေးခန်း ၃၄၃ ခုကို ဖျက်ဆီးခဲ့တဲ့အပြင် ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၃၁ ဦးကိုလည်း ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ချင်းပြည်နယ်၏ ပြည်သူလူထု၊ ကျန်းမာရေးစောင့်ရှောက် မှုပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ခိုင်မာစည်းလုံးစွာ လက်တွဲရပ်တည်နေတယ်လို့ အသိပေးထားပါတယ်။

ဆေးရုံးဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်း စာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်တယ်လို့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနဆိုပါတယ်။

NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သေဆုံးထိခိုက်ခဲ့ရတဲ့ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမှာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ ကြံရာပါတွေကို တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ အဆက်မပြတ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းတွေသုံးပြီး မြန်ဆန် ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတို့ဘက်ကနေ စာနာရပ်တည်ပေးဖို့ အထူးလိုအပ် နေတယ်လို့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ရုံသာမက ရက်စက်နိုင်သမျှနည်းလမ်တွေသုံးပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့လုပ်ရပ်များကို ရပ်တန်းကရပ်ကြဖို့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အလေးအနက်တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင် ရှုတ်ချပွဲပြုလုပ်


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်မှာ မြန်မာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရှုတ်ချပွဲကို ဒီနေ့ ဧပြီ ၂၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်ရောက် မြန်မာတွေဆီက သိရပါတယ်။  

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရှုတ်ချပွဲကို အမေရိကန်စံတော်ချိန် ဧပြီ ၂၇ ရက် မွန်းလွဲ နာရီကနေ ညနေ နာရီအထိ (မြန်မာစံတော်ချိန် ဧပြီ ၂၈ ရက် မနက်အစောပိုင်း) မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်စစ်မှုထမ်းဥပဒေရဲ့ ယုတ်မာကောက်ကျစ်မှုများကို NYCBC အဖွဲ့ တာဝန် ရှိသူ တွေက ရှင်လင်းတင်ပြပြီး တက်ရောက်လာတဲ့ ပြည်သူလူထုနဲ့အတူ ကန့်ကွက်ရှုတ်ချခဲ့ကြခဲ့သလို တေးသံရှင် ကျော်သီဟ နဲ့ ဝင်းနိုင်စိုးတို့ကလည်း တော်လှန်ရေးသီချင်းတွေနဲ့ ဖြေဖျော်တင်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် တက်ရောက်လာသူတွေက စစ်မှုထမ်းဥပဒေရဲ့ ယုတ်မာမှုတွေကို Performance တွေနဲ့ သရုပ်ဖော်တင်ဆက်ခဲ့ ကြပါတယ်။ 

ထို့အပြင် အမေရိကန်ရောက် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုအောင်ကျော်မြင့်က မတရားသောတရားမဝင်စစ်မှုထမ်း ဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

 ဒီဆန္ဒပြပွဲကို အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်ရင်းသား ၃၀၀ နီးပါးတက်ရောက်ခဲ့ကြပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဆီဆိုင်မြို့နယ်ထဲက အများပြည်သူသုံးတံတားကို အကြမ်းဖက်စစ်တပ်က ဖောက်ခွဲဖျက်ဆီး


ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက ဝိန်းကောင်ရွာအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့  PNLAက ပြောပါတယ်။ 

မနေ့ ဧပြီ ၂၇ ရက် ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲဝင်တွေ ဝိန်းကောင်ကျေးရွာအနီးက သဘက်ချောင်းတံတားကို ရောက်ရှိလာပြီး တံတားကို မိုင်းခွဲဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဆီဆိုင်မြိုနယ်ထဲက ကျေးရွာတွေထဲမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အသိပေးထားပါတယ်။

မနေ့ ဧပြီ ၂၇ ရက်က ဆီဆိုင်မြို့နယ်ထဲက နေရာ၃ခုမှာ တိုက်ပွဲဖြစ်ခဲ့တာရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၃ ဦးထက်မနည်း သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ အရှေ့ရိုးမ ပြောက်ကျားတပ်ဖွဲ့ကတော့ ဝန်ကောင်းကျေးရွာနဲ့ တံတားကို အကြမ်းဖက် စစ်တပ်နဲ့ ၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးကြဲပြီး မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ပြောထားတာ ရှိပါတယ်။

ဆီဆိုင်မြို့ အနောက်ဘက် ဝန်းကောင်ရွာအနီးမှာရှိတဲ့ ဝိန်းကောင်တံတားကို တော်လှန်ရေးအင်အားစုတွေ အသုံးပြုနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ဧပြီ ၂၇ ရက် ၁ဝ နာရီမှာ ဖျက်ဆီးသွားတာလို့ သိရပါတယ်။


========================


🚩🚩 ၂။ ရွှေဘိုမြို့ရှိ စခတ နဲ့ ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာရှိတဲ့ စခတ နဲ့ ခမရ ၁၂ တပ်ရပ်တို့ကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး သေဆုံးသွားတယ်လို့ မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်းအဖွဲ့က ပြောပါတယ်။

ဧပြီ ၂၅ ရက် ညနေ နာရီခွဲခန့်အချိန်မှာ ရွှေဘိုမြို့နယ်ထဲက အကြမ်းဖက်စစ်ကောင်စီတပ် စခတ - တပ်ရင်းကို ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာကို ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ဦးသေဆုံးကာ များစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကျောက်မြောင်းမြို့က ခမရ ၁၂ အထိုင်တပ်ရင်းကိုလည်း ဒရုန်းနဲ့ ဗုံးသီး ချတိုက်ိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။ 

စခတ - တပ်ရင်းဟာ ရွှေဘိုမြို့က အကြီးဆုံးတပ်ရင်းဖြစ်ပြီး ခမရ ၁၂ တပ်ကလည်း ကျောက်မြောင်းမြို့ရဲ့ အကြီးဆုံးတပ် ဖြစ်တာကြောင့် ဒရုန်းတပ်ဖွဲ့တွေ တကြိမ်မှ ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းမရှိတဲ့ တပ်တွေဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို  ရွှေဘိုခရိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား) (ဒီပဲယင်း) အဖွဲ့၊ SHAR HTOO WAWနည်းပညာတပ်ဖွဲ့ Team 6 (Drop For Justice -DFJအဖွဲ့) Yaung Ni Shwebo အဖွဲ့ YE-U Freedom Comrades (YFC) အဖွဲ့၊ ဝံပုလွေ အဖွဲ့ (ရေဦး) ကြောင်လက်သည်း အဖွဲ့ (ဝက်လက်) တန်ခိုးရှင်အဖွဲ့(ဝက်လက်) ကိုးတောင်ကျားအဖွဲ့ (ဝက်လက်) နယ်စည်းမခြား ဗိုလ်ပျံလွှား (ဝက်လက်) နှင့် ရွှေဘိုခရိုင် အမှတ်()တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ ထီးချိုင့်နယ် ကမ်းနီးဈေးနဲ့ဆေးပေးခန်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တဲ့အတွက် အရပ်သား ဦး ဒဏ်ရာ ရပြီး စျေးနဲ့အိမ်များ မီးလောင်ပျက်စီး


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကမ်းနီးကျေးရွာမှာရှိတဲ့ ကမ်းနီးဈေးနဲ့ဆေးပေးခန်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ နဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦး ဗုံးစထိမှန်ခဲ့ပြီး ဦးကို အရေးပေါ်ကုသခဲ့ရတဲ့အပြင် စျေးဆိုင်တွေနဲ့အိမ်တေါ မီးလောင်ပျက်စီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ 

ဧပြီ ၂၄ ရက် မွန်းလွဲ နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကြိမ်ပျံဝဲပြီး ကြိမ် လေကြောင်းကနေ  ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းနီရွာက ကမ်းနီးဈေးဆိုင်ခန်းတွေနဲ့ဆေးပေးခန်းတွေ မီးလောင် နေတာကို ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

အခုလို အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူလူထု အနေနဲ့ မိမိတို့နေထိုင်ရာ အဆောက်အအုံအနီးမှာ ဗုံးခိုကျင်း ဒါမှမဟုတ် အရေးပေါ်လိုင်းကျင်းတွေ တူးထားကြဖို့ ထီးချိုင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က Y-8Y-12 အစရှိတဲ့ ကင်းထောက်လေယာဉ်တွေသုံးပြီး ပစ်မှတ်ရှာဖွေကာ ဂျက်ဖိုက်တာ တွေနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာတဲ့အတွက် ကင်းထောက်လေယာဉ်သံကြား ရင် ရောက်နေတဲ့နေရာမှာရပ်နေပြီး ကင်းထောက်လေယာဉ်လွန်သွားမှဆက်သွားကြဖို့လည်း ကြေညာချက်ထုတ်ပြန်ထား ပါတယ်။

ကင်းထောက်လေယာဉ်တွေဟာ လှုပ်ရှားမှုတွေကို အဓိက အာရုံခံတဲ့အတွက် လဟာပြင်လိုနေရာတွေမှာ လူစုလူဝေးနဲ့ လှုပ်ရှားမှုတွေ မလုပ်ကြဖို့၊ ဆိုင်ကယ်နဲ့ ကားတွေကို အရိပ်၊ အမိုးအကာအောက်မှာ ရပ်ထားကြဖို့လည်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။


========================


🚩🚩 ၄။ ချောင်းဦးမြို့အထွက် မြပုလဲစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်း သေဆုံးနိုင်


စစ်ကိုင်းတိုင်း ချောင်းဦးမြို့အထွက်မှာရှိတဲ့ မြပုလဲ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ People's Defence Force - South Monywa ထံကနေ သိရပါတယ်။


မြပုလဲ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဧပြီလ ၂၆ ရက် မွန်းလွဲ နာရီကျော်အချိန်က ၆၀ မမ လက်နက်ကြီး လုံး၊ ၈၀ မမ လက်နက်ကြီး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်ထဲမှာပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်း ခြေပြတ်လက်ပြတ်ဖြစ်ကာ ချောင်းဦးနဲ့ မုံရွာဘက်ကို စစ်ကားတွေနဲ့ သယ်ဆောင်သွားတယ်လို့ဆိုပါတယ်။


မြပုလဲ စစ်တပ်စစ်ဆေးရေးဂိတ်ထဲကို Jammer ကား တစီးဝင်သွားချိန်မှာ တော်လှန်ရေးရဲဘော်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တက်ဘက်က ထိခိုက်မှုများသွားတာလို့ သိရပါတယ်။ 


စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အလစ်အငိုက်မိသွားတာကြောင့် ပြန်လည်ပစ်ခတ်နိုင်စွမ်းပင်မရှိတော့ဘဲ အော်ဟစ်ညီးညူသံတွေသာ ကြားနေရတယ်လို့ People's Defence Force - South Monywa က အသိပေးထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်တဲ့ People's Defence Force - South Monywa တပ်ခွဲ မုံရွာ ခရိုင်တပ်ရင်း ၂၇ တပ်ခွဲ နဲ့ ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၅။ အမ်းမြို့နယ်ထဲက တောဟိန်းတောင် စစ်ကောင်စီဗျူဟာကုန်းကို AA သိမ်းပိုက်


ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက တောဟိန်းတောင်စစ်ကောင်စီဗျူဟာကုန်းကို ရခိုင့်တပ်တော်-AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ထွက်ပြေးနေတယ်လို့ ရခိုင်ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည် အမ်းမြို့ အနီးရှိ စစ်ကောင်စီရဲ့ တောဟိန်းတောင် ဗျူဟာကုန်းကို ရခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ခိုင်လုံတဲ့ စစ်ရေးသတင်းရင်းမြစ်တွေအရ သိရတယ်လို့ ဒေသတွင်း သတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ Western News က ဖော်ပြပါတယ်။

တောဟိန်းတောင်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ ရခိုင်တပ်တော်အနေနဲ့ လနဲ့ချီတိုက်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေက ဆိုပါတယ်။ 

မတ်လ ၂၂ ရက်နေ့ကစပြီး အဆိုပါဗျူဟာကုန်းကို ရခိုင်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧပြီ ၂၇ ရက်မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာ သိရပါတယ်။ 

တောဟိန်းတောင်မှာ အခြေချထားတဲ့ တောဟိန်းတောင်ဗျူဟာတပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကစပြီး AAက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်ညနေပိုင်းမှာ စစ်ကောင်စီက ၎င်းတို့စခန်းကို ၎င်းတို့ကိုယ်တိုင်မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့ကြတာကြောင့် စခန်းအတွင်းမီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို AA က ထုတ်ပြန်ခဲ့ဖူးပါတယ်။ 

သို့သော်လည်း ရက်အနည်းငယ်အကြာမှာ စစ်ကောင်စီကပြန်လည်တပ်စွဲခဲ့ရာကနေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။

အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်း အမ်းအခြေစိုက်ဖြစ်တဲ့အတွက် အရေးပါတဲ့ဗျူဟာကုန်းတခုဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ထောင်ချီရှိတဲ့ ဗျူဟာကုန်းတခုဖြစ်တယ်လို့ သိရပါတယ်။

ဒီဗျူဟာကုန်းကို လက်လွတ်ဆု့းရှုံးသွားတဲ့ စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်၊ ခမရ-၃၇၃၊ ခမရ -၃၇၂၊ဆောက်လုပ်ရေးအင်ဂျင်နီယာ-GE တပ်၊ထောက်ပို့တပ်တွေကနေ လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။

ဒီဗျူဟာကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ AA ရဲ့ ထိုးစစ်ကြောင်း ကစဉ့်ကလျားထွက်ပြေးတာတွေနဲ့ သေဆုံးမှု များစွာရှိ နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အခိုင်အမာပြောနေပေမယ့် ရခိုင့်တပ်တော် AA က ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်း အထိ တရားဝင်ထုတ်ပြန်တာတော့မရှိသေးပါဘူး။


========================


🚩🚩 ၆။ KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများ ဆက်ဖြစ်  


ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေထဲက အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုပစ်မှတ်ထားပြီး စစ်တပ် က လက်နက်ကြီးအပါအဝင် လေကြောင်းကနေပစ်ခတ်မှုများ ဆက်တိုက်ပြုနေတာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးမှုနဲ့ အိုးအိမ်ပျက်စီးမှုတွေ ဆက်ဖြစ်နေတယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်ထဲက ရွာတွေကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမတ-၃၁၄ တပ်နဲ့ ခမရ- တပ်စခန်း တို့ကနေ လက်နက်ကြီး လုံး ပစ်ခတ်ရာ မရမ်းကုန်းကျေးရွာ အတွင်း လက်နက်ကြီးကျည် ၂လုံး၊ ရွာအနီးမှာ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြမ်းဖက်စစ်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၈လုံး ပျက်စီးကာ ရော်ဘာခြံ တခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ထို့အတူ ဧပြီလ ၂၆ ရက်နေ့ကလည်း မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ဦးထိခိုက်ဒဏ်ရာရရှိကာ ဦးမှာလည်း အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခမရ၃၀၇ တပ်က ၁၂၀ မမ လက်နက်ကြီး လုံး လှေဒုံးကျေးရွာထဲကို ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၇ နှစ်အရွယ် အမျိုးသား ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၆ ရက် မနက် ၁၁ နာရီခွဲခန့်မှာ ဖြူးမြို့ဘက်ကို စျေးဝယ်သွားတဲ့အမျိုးသား ဦးကို ညောင်ပင်သားရဲစခန်းအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ က အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။  

KNU ဗဟိုရဲ့ ဧပြီ ၂၄ ရက်နေ့နောက်ပိုင်း အရပ်သားထိခိုက်မှုထုတ်ပြန်ချက်တွေအရ တပ်မဟာ နယ်မြေဖြစ်တဲ့ ကျောက် ကြီး (လယ်ဒို) မုန်း(မူး) တပ်မဟာ- နယ်မြေဖြစ်တဲ့ သထုံနဲ့ဖားအံမြို့နယ်တို့မှာ အရပ်သား ဦး ထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ရာ အချို့မှာ စစ်တပ်ကထောင်ထားတဲ့မိုင်းကြောင့် ဖြစ်ရတာလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment